လိုအပ်တဲ့ပစ္စည်းလေးကတော့
ငါးကြင်း…….. 1ကောင်
ကြက်သွန်ဖြူ ….. 3လုံးလောက်
ဂျင်း….. 1တစ်လောက်
ငရုတ်သီး (ကုလားအော်)….. အနည်းငယ်
ဆီး……. 10သားလောက်
ပဲပုတ်စေ့ငန်……… အနည်းငယ်
သံပုရာသီး ….. 1လုံး
အရင်ဆုံး..ငါးကို ဗိုက်ခွဲပြီး ကလီစာတွေထုတ်….ကြေးခွံတွေ ပြောင်အောင် သန့်ပီးတာနဲ့ ……..မခုတိထစ်ပဲ သန့်ထားပေါ့
ပြီးရင် ကြက်သွန်ဖြူနဲ့ ငရုတ်သီးလေး၊ ဂျင်းလေးကို ရောထောင်း ။
ပြီးရင် ငါးရဲ့ ဗိုက်ထဲကို ထောင်းထားတဲ့ဟာတွေကိုသွပ်၊ နှီးနဲ့ချည်ထား။
ငါးအပြင်ပိုင်းကို သံပရာသီးနဲ့ သူတ်လိမ်းထားလိုက်
ဆီပူလာရင် ငါးကိုထည့်ပြီးကြော် …… တရှဲရှဲ နဲ့ အသံတွေထွက်လာရာက အနီရောင်သန်းလာမှ တဘက်လှန်ပေး
ကျက်ခါနီးကျရင် ပဲပုတ်စေ့ငန်ကိုထည့် ပြီး သုံးဆောင်ရင် …ချဉ်ချဉ် စပ်စပ်လေးနဲ့အရသာ ရှိတဲ့ ငါးအိုကပ် ငါးဒုက္ခဟင်းလေး သုံးဆာင်နိုင်ပါပြီ
ငါးကို ကြိုးနဲ့ ချည်ရုံသာမကပဲ မီးနဲ့ပါကြော် ငရုတ်သီးတွေပါ ထည့်လို့ ငါးဒုက္ခလို့ အင်းသူအင်းသားတွေက ခေါ်ကြတာပါ
ပုံလေးနဲ့တကွ ဖော်ပြချင်တော် ညားလည်း
ဟင်း……..ကော်နတ်ရှင် ကော်နတ်ရှင်….တနေ့မင်းဝဋ်လည်မယ်……

About Yin Nyine Nway

Yin Nyine Nway has written 356 post in this Website..

I m web developer