အင်းသားရိုးရာ ငါးဒုက္ခ (သို့) ငါးကိုးကပ် ချက်နည်းလေး

Yin Nyine NwayJuly 8, 20111min1388

လိုအပ်တဲ့ပစ္စည်းလေးကတော့
ငါးကြင်း…….. 1ကောင်
ကြက်သွန်ဖြူ ….. 3လုံးလောက်
ဂျင်း….. 1တစ်လောက်
ငရုတ်သီး (ကုလားအော်)….. အနည်းငယ်
ဆီး……. 10သားလောက်
ပဲပုတ်စေ့ငန်……… အနည်းငယ်
သံပုရာသီး ….. 1လုံး
အရင်ဆုံး..ငါးကို ဗိုက်ခွဲပြီး ကလီစာတွေထုတ်….ကြေးခွံတွေ ပြောင်အောင် သန့်ပီးတာနဲ့ ……..မခုတိထစ်ပဲ သန့်ထားပေါ့
ပြီးရင် ကြက်သွန်ဖြူနဲ့ ငရုတ်သီးလေး၊ ဂျင်းလေးကို ရောထောင်း ။
ပြီးရင် ငါးရဲ့ ဗိုက်ထဲကို ထောင်းထားတဲ့ဟာတွေကိုသွပ်၊ နှီးနဲ့ချည်ထား။
ငါးအပြင်ပိုင်းကို သံပရာသီးနဲ့ သူတ်လိမ်းထားလိုက်
ဆီပူလာရင် ငါးကိုထည့်ပြီးကြော် …… တရှဲရှဲ နဲ့ အသံတွေထွက်လာရာက အနီရောင်သန်းလာမှ တဘက်လှန်ပေး
ကျက်ခါနီးကျရင် ပဲပုတ်စေ့ငန်ကိုထည့် ပြီး သုံးဆောင်ရင် …ချဉ်ချဉ် စပ်စပ်လေးနဲ့အရသာ ရှိတဲ့ ငါးအိုကပ် ငါးဒုက္ခဟင်းလေး သုံးဆာင်နိုင်ပါပြီ
ငါးကို ကြိုးနဲ့ ချည်ရုံသာမကပဲ မီးနဲ့ပါကြော် ငရုတ်သီးတွေပါ ထည့်လို့ ငါးဒုက္ခလို့ အင်းသူအင်းသားတွေက ခေါ်ကြတာပါ
ပုံလေးနဲ့တကွ ဖော်ပြချင်တော် ညားလည်း
ဟင်း……..ကော်နတ်ရှင် ကော်နတ်ရှင်….တနေ့မင်းဝဋ်လည်မယ်……

8 comments

  • ဆူး

    July 8, 2011 at 11:12 pm

    ဟင်းက စားကောင်းမဲ့ ပုံပဲ.. ဒါပေမဲ့ ငါးကြော်တဲ့ ဆီထဲ ဒီတိုင်း ပဲပုပ်စေ့ငန် ထည့်ရင် ဆီတွေ အများကြီး နစ်နေမလားလို့… ငါးကို ဆီထဲက မဆယ်တာလား ဆီနည်းနည်း နဲ့ ချက်တာလား။

    • Yin Nyine Nway

      July 9, 2011 at 1:36 pm

      တော်တန်သင့်လေးပေါ့ ဆူးရဲ့….အများကြီးတော့ မဟုတ်ပေမဲ့ နဲရင်လည်း အိုးကပ်တယ်လေ

  • kai

    July 8, 2011 at 11:20 pm

    ငါးကြင်းကို … အင်္ဂလိပ်လိုရယ်.. ကုလားလိုရယ်..ဗီယက်နမ်လိုရယ်.. ယိုးဒယားလိုရယ်…သိသူတွေက ရေးပေးပါလား..။
    နိုင်ဂံခြားနေသူတွေလည်း ချက်စားလို့ရတာပေါ့..။ 🙂

    • bigcat

      July 9, 2011 at 6:57 am

      ငင်းကြားလို့ မေးရင် ရနိုင်ပါတယ် သဂျီးမင်း။

    • pan pan

      July 11, 2011 at 11:28 am

      ဂျပန်လိုကတော့ チョウザメ , ちょうざめ【蝶鮫】တဲ့
      ချောဇမဲ

  • maungmoenyo

    July 9, 2011 at 7:17 am

    အင်းလေးဒေသမှာသာ တွေ့ရတဲ့ ငါးတမျိုးကတော့ ငါးဖိန်းလို့ခေါ်ပြီးအရိုးထူသလောက် စားရတာအရသာရှိပါတယ်။ အဲ့ဒီငါးကို နှီးနဲ့ ချီထုပ်ပြီး၊ “ငါးရာဇဝတ်သား’ ဟင်းချက်စားရတာ တယ်အရသာရှိဘဲ။
    အင်းလယ်ကို ခေပယ်ကောက်ပြီး (ချေနဲ့တက်ကိုလှော်ပြီး) ကျွန်းမြောတခုကိုကပ်ချီ လှေထဲ ကနေကောင်းကင်ကြီးကိုမော့ကြည့်ရင်းအတွေးနယ်ပယ်ခဲ့ရတဲ့ အရသာလေး တသက်မမေ့ပေါင်ဗျာ…။

    • Yin Nyine Nway

      July 9, 2011 at 1:41 pm

      ဟုတ် အဲဒါကိုပဲပြောတာ ကိုမောင်မိုညို….. ငါးဖိန်းက ရှာရခတ်သွားပြီဆိုတော့
      လွယ်အောင်….ငါးကြင်းနဲ့ လုပ်လိုက်တာ
      ဘာငါးမဆိုရပါတယ်

Leave a Reply