အလှူကိစ္စ တခုနဲ့ နယ်ဘက်ကို ခရီးထွက်သွားတော့ အမျိုးတွေကလည်း ရှိပြန်တော့ ဧည်သည် သွားလုပ်ပြီး စကားလေး ရှေးဟောင်းနှောင်းဖြစ် မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ အကြောင်း စုံနေအောင် စမြုံပြန်နေကြတာပေါ့။ အဲဒီ အိမ်ရဲ့ ဘေးကပ်ရပ်က သင်္ကန်းရောင်းတဲ့ ဆိုင်တဆိုင် ဖြစ်နေတဲ့ အပြင် ထိုဆိုင်နဲ့ နှစ်အိမ် တစ်အိမ်လို ဖြစ်နေကြပါတယ်။ နယ်မှာ နေတဲ့ လူတွေ တော်တော် များများ က ထိုကဲ့သို့ ဖော်ရွေပြီး အချင်းချင်း ရိုင်းပင်း ကူညီတတ်ကြတယ်။ ဒီလိုနဲ့ စကားထိုင်ပြောပြီးနေတုန်း စကားဆူဆူညံညံ ကြားတော့ ထပြီး သွားကြည့်လိုက်ကြတယ်။
ဟဲ့… ဟဲ့.. ဘာဖြစ်တာလဲ.. အပြေးသွားကြည့်တော့..

ဘေးနားက သင်္ကန်းရောင်းတဲ့ ဆိုင်မှာ ဘုန်းကြီး တပါး အသက် ၄၅ ၅၀ ၀န်းကျင် ရှိမယ် ထင်တယ် ပွဲကြမ်းနေတာ မြင်မိပါတယ်။
ပုံစံကတော့ ခပ်ရိုးရိုးပါပဲ အလွန်တရာ ဒေါသထွက်လာပြီး ပြောနေတာလို့ သုံးသပ်မိပါတယ်။
နောက်တော့ ဘာများ ဖြစ်တာလဲ ဆိုပြီး နားထောင်နေရင်း တခု သိလိုက်တာ တခုက ဘုန်းကြီးကို သင်္ကန်း ညာရောင်းတယ် ထင်ပြီး လာဆူ တာ ဖြစ်ပါတယ်။ သင်္ကန်းကို ညာရောင်းတယ် ဘာညာ စသဖြင့် ဆူ တဲ့ အခါ ဆိုင်သမားက တည်တည်တံ့တံ့ ကောင်းကောင်း ရောင်းနေတာ ဘာဖြစ်လို့ ဒီလို ပြောရတာလဲ အကြောင်းမရှိပဲ ဒီလို ပြောရကောင်းလား ဆိုပြီး စိတ်တွေ ဆိုးပြန်ပါရောကွယ်.. ဘုန်းကြီးက လက်ထဲမှာ ပါလာတဲ့ အထုတ်တခုကို ဖွင့်ပြီးတော့ ရော့ ဒီမှာ ကြည့်.. ဒါ မင်းတို့ဆီက ၀ယ်ထားတဲ့ သင်္ကန်း မဟုတ်လား…
ဆိုင်သမားက.. သေချာ ကြည့်လိုက်ပြီး.. ဟုတ်ပါတယ် ဒါ ကျနော်တို့ ဆိုင်က ဒီအမျိုးအစား ရောင်းပါတယ် ဘာဖြစ်လို့လဲ.. မဟုတ်တာ မတရားတာတော့ မစွပ်စွဲပါနဲ့ ခင်ဗျာ..
ဘုန်းကြီးက.. အေး.. ဒါမင်းတို့ ဆိုင်က ၀ယ်ထားတာ မှန်တယ် ဆိုလို့ ငါက ဒီလို ပြောရတာ။ တနေ့က ငါ့ ဒကာ တယောက်က အလှူမှာ သင်္ကန်းကပ်ချင်လို့ မင်းတို့ ဆိုင်က သင်္ကန်းဝယ်ပြီး အလှူရက် မရောက်သေးလို့ ငါ့ကျောင်းမှာ လာထားတာ.. ဒကာက မင်းတို့ ဆိုင်က ဈေးအကြီးဆုံး အကောင်းဆုံး သင်္ကန်း ဆိုပြီး သေချာ ၀ယ်လာရဲ့သားနဲ့ အခုတော့ မင်းတို့ ဒီလို လိမ်ရလား.. ငါကို အတု ထည့်ပေးရလား..
ဆိုင်ရှင်က.. တနေ့က လူတယောက် လာဝယ်သွားတဲ့ သင်္ကန်းလား သူက မေးတယ် ဒီဆိုင်မှာ ဈေးအကြီးဆုံးနဲ့ အကောင်းဆုံး သင်္ကန်း ဘာရှိလဲ ဆိုပြီး အကောင်းဆုံးဟာ ၀ယ်သွားတာပါ။ ဘာလို့ အတုလို့ ပြောတာလဲ ပစ္စည်းနဲ့ နာမည်လည်း မမှားဘူး အတုဆိုတာ ဘာကို ပြောတာလဲ..
ဘုန်းကြီးက.. အတုဆိုတာ သေချာလို့ ပြောတာပါ. ငါ့ကျောင်းကို ရန်ကုန်က လာတဲ့ ဦးဇင်းလေးက သင်္ကန်းကို ကြည့်ပြီး အတုကြီး လို့ သေချာ ပြောသွားတယ် ရန်ကုန်မှာဆို ဒီလို သင်္ကန်းမျိုး ဘယ်ဘုန်းကြီးမှ အရေးမလုပ်ပဲ ချောင်ထိုးထားတာ… ဘာပဲ ဖြစ်ဖြစ်.. ဒါ အတုပဲ.. နင်တို့ ဆိုင်က မတော်မတရား သူများ ပိုက်ဆံ ညာယူတယ်။
ဆိုင်ရှင် က တော်တော် စိတ်တိုနေပါပြီ… စိတ်ဆိုးဆိုးနဲ့.. ဦးဇင်း အတုလို့ ဒီလောက် ပြောနေမှတော့ အတုလို့ ပြောတဲ့ ဦးဇင်း ကို ခေါ်လာခဲ့ပါ သူနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးချင်ပါတယ် ဘာကို အတုလို့ ပြောတာလဲ ဆိုတာ သိချင်ပါတယ်။ ဦးဇင်းကျောင်းက ဘယ်မှာလဲ။
ဘုန်းကြီးက..  ကျုပ်ကျောင်းက စမ်းမြိုင်လေးရွာကပါ။ အခုဒီကလို လာဖို့ လှေကို ချောင်းရိုး အတိုင်း ၃နာရီလောက် စီးလာရတာ..အဲဒီ ဦးဇင်းက တည အိပ်ပြီး ပြန်သွားပြီ အခုလည်း မရှိတော့ဘူး။
ကျုပ်ကို မသွားခင် သေချာ ပြောသွားတယ် သင်္ကန်း အတုကြီး ဖြစ်နေတဲ့ အကြောင်း.. ရန်ကုန်က လာတဲ့ ဦးဇင်း ဒါမျိုး ပြောတာ မှားစရာ မရှိဘူး။
ဆိုင်ရှင်က တဆိုင်လုံးမှာ ရှိသမျှ သင်္ကန်းများ ထုပ်ပြီး နာမည်တူ ပစ္စည်းတူ များကိုလည်း ပြလိုက်သည်။ ထိုဦးဇင်းနည်းနည်း အံသြသွားပြီး လေသံပျော့သွားသည်။
ထို့နောက် ဆိုင်ရှင်က ဦးဇင်း ဒီသင်္ကန်းကို အတုလို့ ဒီတိုင်းစွပ်စွဲနေမယ် ဆိုရင်တော့ ဦးဇင်းနဲ့ အတူ ဒီမြို့က နာမည်ကြီး ဘုန်းကြီးကျောင်း ၁၀ကျောင်းကို တပည့်တော်နဲ့ အတူသွားပြီး ဒီသင်္ကန်း ကောင်းလား မကောင်းဘူးလား ချောင်ထိုးခံရတဲ့ သင်္ကန်းလား ပစ္စည်းနဲ့ နာမည် မှန်သလား လိုက်မေးပေးမယ် တကယ်လို့ တကျောင်းက မဟုတ်ဘူး ဖြေခဲ့ရင် ၁၀သိန်း ပြန်လျှော်ပေးမယ် တကယ်လို့ ကျောင်းတိုင်းက မှန်ပါတယ် အစစ် အမှန်လို့ ပြောခဲ့ရင် တပည့်တော်တို့ တရားစွဲမယ်ဆို တရားစွဲလို့ ရနေပြီနော် ဦးဇင်း ဘယ်လို ဖြေရှင်းမလဲ။ ထို အချိန်မှာ ဒေါသထွက်ပြီး လာပြောတဲ့ ဘုန်းကြီးလည်း နည်းနည်း တွေဝေ သွားတယ်။ ထို့နောက် ဦးဇင်းက တောသားဗျ.. ဒါမျိုး ပစ္စည်း မြင်တောင် မြင်ဖူးတာ မဟုတ်ဘူး.. ကျုပ်ကို အလှူမှာ ကပ်မဲ့ သင်္ကန်း ရန်ကုန်က လာတဲ့ ဦးဇင်းကို ထုတ်ပြတာ သူက အတုကြီး ဆိုတော့ ဈေးကြီးပေးပြီး သေချာ ၀ယ်လာတဲ့ သင်္ကန်းက အတုကြီး ချောင်ထိုးခံရတဲ့ အသားဖြစ်နေတယ် ပြောတော့ တော်တော် စိတ်မကောင်း ဖြစ်သွားလို့ပါ။ ဒကာတို့ ဆိုင်က မှန်တယ် ဆိုရင်တော့ မပြောလိုတော့ပါဘူး။ ကိုင်း ဒါဆိုလည်း ဦးဇင်း သွားမယ် ဗျ.. ဆိုပြီး ပြောပြီး ဆိုင်ထဲမှ ထွက်ခွာ သွားလေသည်။
ထို ဘုန်းကြီး ဆိုင်က ထွက်သွားမှ ပြန်တွေးမိလိုက်တာ တခုရှိပါတယ်.. ဒါကတော့ ပစ္စည်းလေးပါး ရှားပါး လွန်းတဲ့ အတွက် အကောင်းမှန်း အညံ့မှန်း အတုမှန်း မသိဖြစ်နေတာလို့ပဲ တွေးမိပါတယ်။

About ဆူး

has written 398 post in this Website..