သူ……ကြောက် လန် ့နေပြီ…..

alinsettJuly 9, 20111min15212

*လူအ…ပေမယ် ့

အိပ်မက်က  မကောင်းပါဘူး။

*အဝါရောင် စာရွက်တွေတောင်…..

ဒဏ်ရာတွေက  ဟက်တက်ကွဲ /  ကွဲနေတာ…..

*ကိုယ်..မြင်နေရသမျှ   ပန်းတွေကလည်း…..

ငုံရာကနေ    ပွင့်  မလာရဲကြဘူး…..

*ဘာ တတ်နိုင်မှာလဲ……?

ဘာများ….တတ်နိုင်မှာတဲ ့လဲ…ကွယ်….။

*ဘယ်တော့မှ ပြီဆုံးသွားမှာ မဟုတ်တဲ ့…

ဒီ …အိပ်မက်ဆိုးကြီး….ကိုပဲ…ဆက် မက်ကြဦးပေါ့။

*အား..တော့  တင်းထားကွယ်….။

အိပ်မက်ထဲမှာက……..   ….

မိုးကြိုးတွေ  တစ်စင်းပြီး တစ်စင်း…. ပစ် / ပစ်ချနေတာ…….

*ကိုယ်ကတော့….. အဲဒီ ကျိန်စာအိပ်မက်ဆိုးကြီး ထဲမှာ….

ရဲရဲ ဝံ့ဝံ့ကြီး….ကြုံးဝါး နေမိတယ်……..

******ငါ…ကြောက်တယ်…လို ့။   ။

 

*

 

 

အလင်းဆက်  .

27.6.2011.  15း02 pm

ဒီစာကို  ကဗျာ လို ပြောရင်လည်းရပါတယ်။  ကာရန်ကို စွန့်လွှတ်ထားလို ့  ကဗျာ မဟုတ်ဘူးဆိုလည်း ရပါတယ်။ ကျွန်တော် က  ဘာမှ ပြောမှာ မဟုတ်ပါဘူး။ဒါပေမယ် ့ တစ်ခုသေချာတာက   တော့ ဒီစာ ကို   ရင်ထဲက လာတဲ ့ခံစားချက် အစစ်အမှန်နဲ ့ချရေး ဖြစ်တာပါပဲ။ အနုပညာဆိုတာ ခံစားချက်ကို ထုတ်ဖော်ပြသ ခြင်းလို ့ တချို ့က ပြောကြပါတယ်။ အဲလို ယူဆရင်တော့  ဒီစာကို  အနုပညာပစ္စည်းလေးတစ်ခု…..လို ့  မှတ်ယူပေးကြပါ။

ကျွန်တော် ့နိုင်ငံ နဲ ့ပက်သက်ပြီး…ကျွန်တော် ခံစားနေရတာတွေ အများကြီးရှိတဲ ့ထဲက…… တစ်ခု ကို ရေးထားတာပါ။

ကျွန်တော် ့ထုံးစံ အတိုင်း  နိမိတ်ပုံ နဲ ့ရေးမိပါတယ်။   ဘယ်နည်းစနစ်ကို သုံး သုံး  အနုပညာမြောက် ရင်    ပန်းတိုင် ရောက်တယ် လို ့ ယူဆမိပါတယ်။

လေးစားစွာဖြင့်……

အလင်းဆက်

alinsett.art@gmail.com

12 comments

  • alinsett

    July 9, 2011 at 11:05 am

    ဒီကဗျာတွေကို ကျွန်တော် မဂ္ဂဇင်းတိုက်တွေမှာ ပို ့ထားပြီးပါပြီ။
    ကျွန်တော် ့ကဗျာ ကို ကျွန်တော် ထံ အသိမပေးပဲ… ကူးယူခြင်း၊ အသုံးပြု ခြင်းများ မလုပ်ပါရန်…
    လေးစားစွာ.. အသိပေးအပ်ပါတယ်။
    ပြသနာ တစ်ခုခု ပေါ်ပေါ့က်ရင် စာပေလောက မှာ အရှုပ်အထွေးတွေ ဖြစ်မှာ ကို ကျွန်တော် ကြောက်ပါတယ်။
    လေးစားစွာ……

    • alinsett

      July 10, 2011 at 8:37 pm

      ကျွန်တော် က မန်းလေး ထဲ ဝင်လာတာ မကြာသေးပါဘူး။ မန်းလေးအကြေင်းလည်း သိပ်မသိပဲ နဲ ့ စိုးရိမ်းစိတ်ကြီးပြျိး ရေးမိတာပါ။ တောင်းပန်ပါတယ် ။ ကျွန်တော့်လို ငချွတ်ကလေးရဲ ့စာကို ဘာမှ လုပ်လို ့မရလိ်ု ့ ဘယ်သူမှ ကူးမယူဘူးဆိုတာလည်း သိပါတယ် ။ ဒါပေမယ် ့
      စာပေလောက မှာက အဲဒီလို အဖြစ်ကလေးတွေ မကြာခဏ ဖြစ်နေတယ်ဆိုတော့ ကျွန်တော် က စိုးရိမ်ပြီး ပြောမိ်ပါတယ် ။
      ဘာပဲပြောပြော ကျွန်တော် လွန်ပါတယ် ။ မှားပါတယ် ။ စော်ကား သလို ဖြစ်သွားရင် အနူးအညွတ်…တောင်းပန်ပါတယ် ။
      ဘာမှ မဟုတ်တဲ ့ကျွန်တော် ့လို ကောင်လေးက ဒီအမှားကို ကျကျနန လုပ်သွားမိပြီးတော့ အခု တကယ် ပဲ… ကျကျနန တောင်းပန်နေပါပြီ။
      ကျေနပ်ပါ..လို ့။…
      လေးစားစွာ……
      အလင်းဆက်

  • etone

    July 9, 2011 at 11:48 am

    လုံးဝ အုတ်သုတ် မဘုတ်ဆုံ မကူး ချင်ပါကြောင်း …….. ဒူဝေဝေ (မဝေကို ခေါ်တာ မဟုတ်ပါ 😛 )

    • ဆူး

      July 9, 2011 at 8:09 pm

      ဟုတ်၏ မှန်၏.. ကူးဖို့ လုံးဝကို စိတ်ကူး မရှိဘူး။

    • pan pan

      July 11, 2011 at 11:08 am

      မကူးဘူးကွာ
      အာ…ဘာဖြစ်ဖြစ် မကူးဘူးကွာ
      မကူးဘူးဆို မကူးဘူးကွာ….

  • sayargyi

    July 9, 2011 at 2:40 pm

    ပျင်းတောင်ပျင်းသေးတယ်…ဟေ့…..ပျင်းတောင်ပျင်းသေးတယ်….
    (မကြောက်ဘူးလို့ပြောတာပါ) 🙂

  • ရွှေဘိုသား

    July 9, 2011 at 3:36 pm

    နောက်ပိုင်းမှ ဝင်လာတဲ. မန်ဘာ တွေက
    သူတို. ရေးတာတွေကို မကူး ပါနဲ.ဆိုတာကများတယ်
    ဒီဆိုဒ်ကလူတွေက ကူးပြီး တင်နေတဲ.သူတွေ မပါဘူးဆိုတာမသိဘူးလား တစ်ယောက်ပဲပါတယ်
    အဲဒါ ကျွန်တော် ရွှေဘိုသား

  • pooch

    July 9, 2011 at 5:45 pm

    မဟုတ်ပါဘူး ….မလုပ်ပါဘူး….မင်းထင်သလို မရှုပ်ပါဘူး ……..

  • ဘာခုမှကြောက်ပါပြီလဲ ။
    ကျနော်ဆိုရင် ဒီဆိုက်မှာအရင်းရေးပြီးမှ ဂျာနယ်မှာပုံနှိပ်တာ ။
    မယုံရင် သူဂျီးမေးကြည့်။

  • windtalker

    July 10, 2011 at 12:10 am

    ကျွန်တော်လည်း ဖွားဆူး လို ပါပဲ

  • Big Defender

    July 10, 2011 at 8:06 pm

    လုံးဝမကုူးပါကြောင်း
    ပိုးဆိုးပက်ဆက်မကူးပါကြောင်း

  • forever

    July 12, 2011 at 8:25 pm

    ယောင်ချာချာနဲ.
    ရွာလည်နေရင်း
    မှောင်မိုက်ညထဲ
    အသုံးမကျတဲ.ဓါတ်မီးတလက်နဲ.
    မကူးရဆိုတိုင်း ကူးမိသူ
    လမ်းလျောက်ရင်းလမ်းပျောက်သူကို
    လမ်းမှန်ရောက်အောင် အလင်းဆက် ပေးပါအုံး

Leave a Reply