အဖအမည်…။။။။

အဖအမည်…။။။။

ဒီစည်းကမ်းကြီးကိုဘယ်သူ သတ်မှတ်လိုက်တာလဲတော့မသိဘူးဗျ သိတဲ့လူများပြောကြပါအုံး
ကျွန်တော်တို့ တစ်ခြားတိုင်းပြည်တွေတော့မသိဘူးဗျာ
ကျွန်တော်တို့မြန်မာပြည်မှာတော့ ……………..
လူတစ်ယောက်ဟာ ကိုယ်ရဲ့ ကိုယ်ပိုင်အမည်နာမတစ်ခုထဲနဲ့တော့ လုံးဝ မရပ်တည်နိုင်ဘူးဗျ
ကိုဘာသာ ဘယ်လောက် ချမ်းသာချမ်းသာ အာဏာဘယ်လောက်ရှိရှိ အဲဒီ ကိုယ်ပိုင်နာမည် တစ်ခုထဲနဲ့တော့
ဘာမှလုပ်လို့မရနိုင်ဘူး….လေ.. ပြီးတော့ ယောက်ျား/မိန်းမ အတူတူပဲဗျ။။။
အခုတော့ဗျာ ။။။။။ဟိုး….မွေးလာပြီဆိုကတည်းကနေ သေပြီး မီးသင်္ဂြ ိုလ် ခံရမယ့်အချိန်ထိ အမေးအဖြေလုပ်နေရတုန်း
ဒီဟာကြီးကို လိုက်ပြီးဖြည်စွက်နေရတုန်းဗျ လူ့လောကကြီးကို့ လူတစ်ယောက်ရောက်လာတာနဲ့ အဲဒီလူကိုခေါ်ဝေါ်
ရမယ် ပညတ် နာမ နဲ့အတူ ဒီဟာကြီးပါ တစ်တွဲထဲထည့်ပြောနေရတယ်
ဥပမာ.။။မောင်ဖြူ ….မောင်ဖြူဆိုတာနဲ့ မပြည်စုံဘူး ဗျ အဲဒီ အဖအမည် ဆိုတာကြီးကနောက်ကကပ်ပါလာရောဗျို့။။။
အူဝဲဆိုပြီးမွေးဖွားလာတာနဲ့ …..အဖေနာမည်ပြောပါ မွေးစာရင်းလုပ်ရအောင်က…..စလာပြီ
ကိုယ့်နာမည်တောင်ဘာမှန်းမသိသေးပေမယ့် ကျွန်တော်တို့ကို
အဖအမည် ပြောတတ်အောင် စတင်မိတ်ဆက် ပေးလိုက်တာပဲ။။။
အရွယ်လေး ရောက်လာလို့ကျောင်းအပ်တော့ရော ဒီအဖေနာမည်ကြီးပဲအရင်စပေးရတာပဲ ။။
မှတ်ပုံတင်လေးမျာလုပ်မိရင်တော့ ပိုဆိုးဗျို အဖေ့ရဲနာမည်တင်မကတော့ဘူး သိကြတဲ့အတိုင်းပဲလေ။။
ကိုယ်ဘာသာ ပြစ်မှုကျူးလွန်ရင်တောင် ကိုယ့်အဖေနာမည်ကို ထည့်ပြောနေရတုံးဗျ။။အချုပ်ထဲမှာ…ထောင်ထဲမှာ။။ပေါ့ဗျာ
အဲဒီတော့ ကိုယ်ကောင်းတာလုပ်ရင်တော့ကိစ္စ မရှိဘူးဗျို့ မကောင်းတာများလုပ်မိလို့ကတော့ ကိုယ်အဖေပါရောပြီးနာမည် ပျက်တော့တာပဲ
နောက်ပြီး……..အစိုးရရုံးကိစ္စ/ဝန်ထမ်းကိစ္စ/ဆေးရုံ/ဆေးခန်း ..ကုန်ကုန်ပြောရရင် ကိုယ်ဘာသာ ထောက်ခံစာလေး ရပ်ကွက်ရုံးမှာယူတာတောင်
တစ်ခြားမှာသူဖာသာနေတဲ့ ဒီအဖေနာမည်ကြီးထည့်ပြောနေရတုံးဗျ…. လူတစ်ယောက်လုံးရှေ့ရောက်နေတာတောင် တစ်ခါမှမမြင်ဘူးကြတဲ့
ကိုယ့်အဖေ နာမည်ကို ဘာလိုသိချင်နေကြတာလဲ……အင်း။။။။။။။။။။။။။။။။။။
။။။။။။။။ ကိစ္စတော်တော်များများမှာ မပါမပြီးပဲဗျ။။။။။
ကျုပ်တို့ သေပါပြီဆိုတော့ရောဗျာ…..သေပါပြီးရုပ်ဝတ္ထုကြီးပဲကျန်ခဲ့ပြီ…ဆိုတာတောင် ဒါကြီးကမလွတ်သေးဘူးလေ။။
ဒီနာမည်နဲ့ ..ဒီလူကြီးတစ်ယောက်လုံးမရှိတော့တာတောင် … ဒီလူရဲ့အဖေနာမည်ကိုမေးနေကြတုန်းပဲဗျ
သေပြီဆိုတာနဲ့……..သေးစာရင်းထုတ်ရတော့မယ် သေစာရင်းမှာရော အဖေနာမည်
သင်္ချိုင်းပါမစ် မှာရော ..သေပြီးပါပြီ အဖေနာမည်မပြောနဲ့ ကိုယ်နာမည်တောင် မပြောနိုင်တော့တဲ့ခန္တာကိုယ်ကြီးကို မီးရှို့ဘို့တောင်
ဒီအဖေ့နာမည်ကြီးလိုက်မေးနေတုန်းဗျ။။။။။။
အင်း ……အဖအမည် ။။။။ အဖအမည် ။။။။။တော်တော်တော့ သဘာဝမကျလိုက်ပုံများဗျာ………………

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

13 comments

  • ကြောင်ကြီး

    July 9, 2011 at 11:29 am

    နိုင်ငံဂျားမှာတော့ last name သည် မျိုးရိုးနာမည်ဖြစ်လို့ နာမည်အပြည့်အစုံသိတာနဲ့ ဘယ်သူ့သားသမီး ဆိုတာ သိနိုင်တယ်။ မြန်မာလူမျိုးတွေမှာ အဲဒီအလေ့အကျင့်မရှိတာ့ အဖအမည်ပြောမှ မှတ်တမ်းမှတ်ရာ အတွက် ပြည့်စုံနိုင်မှာမိုလို့ ထင်တယ်။ ဥပမာ- ဘီလူးဆိုပါတော့ အာဠာဝကလား၊ ဒဿဂီရိလား သိဖို့လိုသေးတယ်လေ….

  • moethidasoe

    July 9, 2011 at 3:36 pm

    ရယ်စရာအနေနဲ့ ရေးပါရစေ
    တကယ် အစစ်အမှန် ရေးသင့်တာက အမေနာမည် .. (အမေက ကိုယ်တိုင် မွေးထုတ်လိုက်တာမို့လို့ အမေနာမည်က ပို စစ်မယ်)

    အဖေနာမည် ဆိုတာ မှန် မမှန် အမေပဲ သိလိမ့်မယ် ..
    ဒါကြောင့်မို့လို့ သူငယ်ချင်းတွေ စကားစမြီ ပြောကြတဲ့အခါ
    သမီးမိန်းကလေး မွေးထားရင် .. မြေး အစစ်ရတယ် ..
    သားမွေးထားလို့ အိမ်ထောင်ကျရင် ..ရလာတဲ့မြေးက အစစ် ဟုတ်မှ ဟုတ်ရဲ့လားတဲ့

    • nature

      July 10, 2011 at 8:23 pm

      ကြံကြံဖန်ဖန် ပြောတတ်ပါပေတယ်။ ဒီးလို အတွေးမျိုး တခါမှ မစဉ်းစာမိဘူး။ စကားတောင်စား ဝင်စားသလားမသိ။

  • ရွှေဘိုသား

    July 9, 2011 at 3:56 pm

    မမ မိုးသီတာစိုး ပြောတာဟုတ်တယ်နော်
    သားသားကတော. အမေမြေးအစစ် မရမှာစိုးလို. လူပျိုကြီးပဲလုပ်တော.မယ်
    မကျေနပ်သူများရှိပါက ကန်.ကွက် နိုင်ပါကြောင်း

    ရွှေဘိုသား

  • intro

    July 9, 2011 at 7:53 pm

    နာမည်တူရှိမှာစိုးလို့နဲ့ တူပါတယ်…. လူနာမည်က တူချင်တူနိုင်တယ်လေ… ဒါပေမယ့်၊ နာမည်နဲ့ အဖေနာမည်နဲ့က တစ်ထပ်တည်းကျတာ တော်တော်ရှားတယ်လေ… ဒါကြောင့် နဲ့ တူပါတယ်…

  • windtalker

    July 10, 2011 at 12:07 am

    ကောင်းလိုက်တဲ့ အရေးအသား အတွေးအခေါ ်လေး ဗျာ ။ ကြိုက်တယ် ဗျာကို အော့ ရေ

  • kai

    July 10, 2011 at 3:58 am

    ဒီလို မတူတဲ့အတွေးကို ကြိုက်တယ်..။
    မြန်မာပြည်မှာ.. မိဘအမည်ရေးရတာက.. အဖေဘယ်သူလည်း.. ဘာကောင်လည်း.. သိချင်တာက စတယ်ထင်တာပါပဲ.။
    ကြားထဲက မိဘအလုပ်အကိုင်ဆိုတာက ပါတတ်သေးတယ်..။
    တိတိကျကျပြောမယ်ဆိုရင်တော့.. လူလူချင်းတန်းတူမထားတဲ့… စံနစ်အခြေခံကစတယ် ထင်မိပါတယ်..။

    ယူအက်စ်မှာ.. မိဘအမည်ရေးရတာ.. မရှိဘူး..။
    အစိုးရအလုပ်တွေမှာတောင် မရှိဘူး..။ လူတဦးချင်းစီရဲ့ ဖြစ်တည်မှု.. လွတ်လပ်စွာရပ်တည်နိုင်မှု တန်ဖိုးထားကြတယ်..။
    တန်ဖိုးလည်း ထားသင့်တယ်..။ ငါဘယ်ကောင့်သား /သမီးကွဆိုတာမျိုးနဲ့.. စိန်နားကပ်အရောင်ကြောင့် ပါးပြောင်တာမျိုး အလိုမရှိအပ်ဖူး..။

    • ogre

      July 10, 2011 at 8:06 am

      သူကြီး
      မြန်မာပြည်မှာတော့ စိန်နားကပ်တွေများလွန်နေတယ်ဗျ
      စိန်နားကပ်ရောင်နဲ့ လူပါးဝနေတဲ့လူတွေလဲ အများသားလား။။။

      • pan pan

        July 11, 2011 at 11:21 am

        ငယ်ငယ်တုန်းက ၄ ၅ ၆တန်းလောက်ကပေ့ါ
        သူသူ ကိုယ်ကိုယ်
        ငါ့အဖေက ဘယ်မှာလုပ်တာ
        င့ါအဖေကတော့ ဘယ်သူဆိုပြီး ကလေးချင်းကြွားကြတာပေ့ါ
        အကျင့်လေးတွေက ကလေးတည်းက စ,နေတာ
        ကြီးတဲ့ထိ ပါမသွားဖို့လိုတယ်

    • char too lan

      July 10, 2011 at 5:25 pm

      တိတိကျကျပြောမယ်ဆိုရင်တော့.. လူလူချင်းတန်းတူမထားတဲ့… စံနစ်အခြေခံကစတယ် ထင်မိပါတယ်..။
      ဘာကိုပြောချင်နေပြန်ပီလဲ မသိ!! @_@

  • chityaaung

    July 10, 2011 at 5:29 pm

    စိန်နားကပ်ရောင်နဲ့ ပဲလူပါးဝလို့ ရမှာပေါ့..။ ကိုယ်တစ်ယောက်ထဲက ဘာအရောင်အဆင်းမှမထွက်နိုင်တာ..။

  • unclegyi1974

    July 10, 2011 at 9:23 pm

    အမည်တူတွေမှားမှာစိုးလို့အဖအမည်နဲ့ကွဲပြားအောင်
    သေချာအောင်လုပ်တာဖြစ်မှာပါ

  • naywoonni

    July 10, 2011 at 10:20 pm

    နာမယ်တူတာ ဆိုလို့ရွာတစ်ရွာမှာ ကြုံဖူးတာလေးပါ..။ စောစောကလိုဖခင်နံမယ်မေးတော့လည်း တူနေတယ်..။ နှစ်ယောက်စလုံးနာမယ်က ဦကျောက်ခဲတဲ့..။ ဖခင်နာမယ်က ဦးခင်မောင်တဲ့..။ နှစ်ယောက်စလုံးအတူတူပဲ..။ နောက်မှမေးကြည့် တော့ ဖခင်နှစ်ယောက် သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် စရင်းနောက်ရင်းနဲ့ နာမယ်တူတဲ့ မိန်းမ ကိုတောင်ရအောင်ရှာယူထားတာဆိုပဲ..။ မွေးလာတဲ့ ကလေးတွေကိုလည်း နာမယ်တူအောင်လုပ်ရအောင်ဆိုပြီး ညှိထားတာတဲ့..။ ခုတော့ မြေးနာမယ်တွေတောင် အတူတူပဲတဲ့..။ ကဲဘယ်လိုလုပ်မလဲ..။ ကွဲပြားအောင် နာမယ်နောက်က တစ်နှစ် ထည့်ပေးဖို့လုပ်တော့ သူကတစ် ငါကတစ်နဲ့ တော်တော်နဲ့ ခွဲမရဘူး..။ နေဝန်းနီတောင် မသောက်ရဘဲမူးခဲ့ရဖူးတယ်..။

Leave a Reply