ကလေးများ၏ဉာဏ်ရည်နှင့် ဂိမ်းကစားခြင်း

DaveDecember 31, 20091min1332

ဂိမ်းကစားခြင်းအမျိုးမျိုးသည် လူတို့ကို စဉ်းစားတတ်သည့်ဉာဏ် ရည်သွက်လက်စေသဖြင့် အားပေးသင့်သော အလေ့အကျင့်တစ်ခု ဖြစ်သည်ဟု စိတ်ပညာရှင်များက တိုက်တွန်းခဲ့ကြသည်။ လျှပ်စစ်ပစ္စည်း များနှင့် တွဲဖက်၍ ကစားရသော ဂိမ်းများပေါ်ထွက်လာသောအခါ လူတို့သည် တီဗီဂိမ်း၊ ကွန်ပျူတာဂိမ်း၊ နက်ဝက်ဂိမ်းများကို အားလပ် ချိန်များတွင် ကစားလာခဲ့ကြသည်။ ဂိမ်းကစားသောအလေ့အကျင့် သည် စိတ်ကိုစွဲလမ်းစေတတ်သဖြင့် ဂိမ်းအမျိုးမျိုးပေါ်ထွက်လာသည့် အလျောက် ဂိမ်းကစားသူအရေအတွက်သည်လည်း တစ်နေ့တစ်ခြား တိုးပွားလာခဲ့သည်။ လူကြီးများသာ ဂိမ်းကစားခဲ့ရာမှ ကလေးများလည်း ပါဝင်လာခဲ့သည်။ ဂိမ်းရေးဆွဲသူများက ကလေးများနှင့် ကိုက်ညီသော ဂိမ်းများကို ရေးဆွဲဖန်တီးပြီး နည်းပညာဈေးကွက်တွင် ထုတ်လုပ် ရောင်းချကြသည်။
ကွန်ပျူတာဂိမ်းကစားခြင်းသည် နည်းပညာထွန်းကားသည့်ယနေ့ ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုပုံစံတစ်ခုအဖြစ် စွဲမြဲလျက်ရှိ သည်ကို တွေ့ရသည်။ ကလေးများဂိမ်းကစားလျှင် ၎င်းင်းတို့၏အမူ အကျင့်နှင့် စိတ်နေစိတ်ထား မည်သို့မည်ပုံ ပြောင်းလဲသွားသည်ကို စိတ်ပညာရှင်များက လေ့လာခဲ့ကြသည်။ ပထမပိုင်းတွင် ကွန်ပျူတာ ဂိမ်းကစားခြင်းသည် ကလေးများ၏ ကျန်းမာရေးကို ထိခိုက်စေသည်။ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကိုလည်း ကျဆင်းစေသည်ဟု သုတေသန ပြု တွေ့ရှိခဲ့ကြသည်။ ယခုနောက်ပိုင်းတွင် တွေ့ရှိချက်အသစ်များ ထွက် ပေါ်လာပြီး ဂိမ်းကစားခြင်းသည် ကလေးများအတွက် ဉာဏ်ရည်တက် စေသည်ဟု ဆိုကြပြန်သည်။ မည်သို့ပင်ဖြစ်စေ ကွန်ပျူတာဂိမ်းကစား ရာတွင် ကလေးငယ်များသည် ၎င်းင်းတို့၏လက်နှစ်ဖက်နှင့် မျက်လုံးနှစ် လုံးကို အများဆုံးအသုံးပြုကြရသည်။ ထို့နောက် ဦးနှောက်ကိုသုံးရ သည်။ လိုသည်ထက်ပို၍ အချိန်ကြာမြင့်စွာ ကစားခြင်းသည် ကလေး များအတွက် အာရုံကြောဆိုင်ရာထိခိုက်မှုများ ရှိလာနိုင်သဖြင့် အထိုက် အလျောက် ပြောဆိုဟန့်တားမှုပြုလုပ်သင့်သည်ဟု အမေရိကန်ဆေး ပညာရှင်များ ထောက်ပြကြသည်။

2 comments

  • မန်း ရိပ်

    August 17, 2010 at 2:10 pm

    ညဏ်ရည်တော့ ထက်မြက်တာမှန်ပါတယ်
    အချိန်အတိုင်း အတာနဲ့ဆိုရင်တော့ ကောင်းပါတယ်။
    ဒါပင်မယ့် အချိန်ပြည့်ဆိုရင်တော့ ဆုံးရှုံးမှုတွေများတယ်ဗျာ။

  • doekalay

    October 6, 2010 at 6:40 am

    ခုမြန်မာပြည်က ကလေးတော်တော်များများက ဂိမ်းကစားတာတွေများတယ်။အချိန်ပြည် ့ဆိုရင်တော ့မကောင်းဘူးလေ။

Leave a Reply