ယနေ ့ Kuala Lumpur ဖြစ်စဉ်

    ဒီကနေ ့ဒီ KL မြို ့ထဲမှာ လက်ရှိအစိုးရရဲ ့လက်ဆောင်ချက်အတော်များများ (ကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ဝန်ထမ်းလစာမတိုးခြင်း၊ လက်ရှိအစိုးရရဲ ့အမျိုးသားပါတီ~Barisan Nasional ရဲ ့နောက်တစ်နှစ်ရွေးကောက်ပွဲအတွက် တဖက်သတ် မဲဆွယ်မှု၊ နိုင်ငံ့ဘဏ္ဍာငွေကို မဲဆွယ်တဲ့ဘက်တွေမှာအသုံးပြုတာတွေ)ကို မကြိုက်ကြလို ့  မလေးလို”BERSIH” (မြန်မာလို~သန် ့ရှင်းခြင်း) ဆန္ဒပြပွဲအကြီးအကျယ်ဖြစ်သွားခဲ့ပါတယ်

  ဆန္ဒပြသူတွေဘက်က Bersih စာတန်းပါ အကျီင်္ အဝါရောင်ကိုဝတ်ဆင်ပြီး Kota Raya( KL မြို ့လယ်) ဝန်းကျင်မှာ အင်အားသောင်းကျော် ခန် ့အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်

  သူတို ့ရဲ ့လုပ်ရပ်ကို မထောက်ခံတဲ့အင်အားထောင်ကျော်လောက်ရှိတဲ့ အဖွဲ ့ကလည်း Bukit Bintang ဝန်းကျင်မှာ Patriot စာတန်းပါ အကျီ်င်္ အနီရောင်တွေ ဝတ်ဆင်ပြီး “Save Malaysia” လို ့အော်ဟစ်ကြပါတယ်

  Swiss Garden Hotel အနီးနားမှာ အော်ဟစ်နေတဲ့ အနီရောင်ဝတ်အဖွဲ ့ထဲကတစ်ယောက်ဟာ ဓါးရှည်ကိုင်ဆောင်ထားတဲ့အတွက်ကြောင့် ရဲတွေက သူ ့ခြေထောက်ကို သေနတ်နဲ ့ပစ်ခဲ့ပါတယ်

  အဝါရောင်ဝတ်ဆင်တဲ့သူတွေကလည်း ဒီနေ ့၉.၇.၂၀၁၁ နေ ့လယ် ၂ နာရီ မှာဆန္ဒပြမယ်ဆိုတာကို အတိအလင်း ကြေညာထားတဲ့အတွက်ကြောင့် မလေးအစိုးရအနေနဲ ့ ၈.၇.၂၀၁၁ ညနေပိုင်းကတည်းက KL မြို ့ထဲလာတဲ့လမ်းတွေ ပိတ်ထားခြင်း၊ တစ်ညလုံး ဟယ်လီကော်ပတာ ကင်းလှည့်စစ်ဆေးခြင်း တွေကိုလုပ်နေကြပါတယ်

  သတင်းစာနဲ ့မီဒီယာတွေမှာတော့ အဝါရောင် အနီရောင်အကျီ်င်္တွေမဝတ်ကြဖို ့အစိုးရက အစောပိုင်းကတည်းက တားမြစ်ထားပါတယ်…

  ဒီနေ ့ မနက်အစောပိုင်းကတည်းက KL မြို ့ပေါ်မှာ LRTရထားလည်းမပြေးဆွဲ၊ Bus လည်းမရှိသလို ကိုယ်ပိုင်ကားငယ်တွေရော လမ်းသွားလမ်းလာတွေရော လက်ချိုးရေလို ့ရလောက်အောင် တိတ်ဆိတ်လွန်းလှပါတယ် မွန်းတည့်ချိန်လောက်လည်းရောက်ရော လူတွေ ဟိုနေရာ ဒီနေရာကနေ စစုပြီး အော်ဟစ်နေကြပါပြီ

  မလေးရှားမိုးကလည်း အချိန်တိုက်ဆိုင်စွာ ရွာသွန်းပေးပါတယ်

  ဒီဆန္ဒပြပွဲမှာ ဘေးပတ်ဝန်းကျင်က ပစ္စည်းတွေကိုဖျက်ဆီးခြင်း မတွေ ့ခဲ့ရပါဘူး

  ရဲတွေအနေနဲ ့လည်း အကျီင်္ အဝါရောင်ရော အနီရောင်ဝတ်ဆင်သူတွေကိုပါဖမ်းဆီးခြင်းလုပ်ပါတယ်

  လူထုကြားထဲ မီးသတ်ပိုက်နဲ ့ရေထိုး လူခွဲခြင်း၊ မျက်ရည်ယိုဗုံးခွဲခြင်းတို ့ကိုပြုလုပ်တဲ့အတွက်ကြောင့် အနီရောင်အဖွဲ ့က ညနေ ၅နာရီခွဲလောက်မှာ လူစုကွဲသွားပါတယ်

  အဝါရောင်အဖွဲ ့လည်း ညနေ ၆နာရီခွဲလောက်မှာ လူစုကွဲခဲ့ပါတယ်

  ညပိုင်း ရ နာရီဝန်းကျင်လောက်ကစပြီး KL မြိ်ု့ဟာ တိတ်ဆိတ်ငြိမ်သက်စွာရှိနေပါတော့တယ်

8 comments

  • PaukPhaw

    July 9, 2011 at 8:45 pm

    အသေးစိတ်ရှင်းပြပေးတာကျေးဇူးပါဗျ
    လူ ၃၀ဝ လောက်လဲ ဖမ်းသွားတယ်လို ့သိရပါသေးတယ်.

  • kai

    July 10, 2011 at 4:13 am

    သူတို့က..ဘယ်ကဘယ်လိုဖြစ်ပြီး.. ထိုင်းလို..အနီတွေ..အဝါတွေဖြစ်ကုန်ကြတာလည်း…။
    ဘယ်လိုပဲဖြစ်ဖြစ်.. Arab Spring (Arabic: الثورات العربية‎; literally the Arabic Rebellions or the Arab Revolutions) က..အရှေ ့တောင်အာရှ ကူးလာတယ်ပြောရမှာပဲ..။

    အာရပ်နိုင်ငံတွေမှာ.. သူပုန်ထတော့.. အဲဒီနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့.. နိုင်ငံခြားသားတွေ အင်မတန်ဒုက္ခရောက်ခဲ့တာမို ့… မလေးရှားအလှည့်လည် းမရောက်လာဘူး ပြောမရတာမို ့..

    မလေးရှားနေ မြန်မာတွေ.. အထူးတလည် ကြိုပြင်ဆင်ထားသင့့်တယ်..။

  • ကြောင်ကြီး

    July 10, 2011 at 9:43 am

    မလေးရှားပြီးရင် မြန်မာပေါ့ဗျာ။ ကြာသာပတေးနံခြင်းတူတာ၊ လေးတာနဲ့ပေါ့တာ၊ ရှားတာနဲ့မာတာ၊ ကတ်ကင်းကျနေတယ်ဗျို့။ ရွာထဲမှာခိုကပ်နေတဲ့ စစ်ကျွန်တွေ မင်းတို့အိုင်ပီလိပ်စာလိုက်ပြီး တယောက်ချင်းစီကို လူထုခုံရုံးတင်ပစ်မယ်…………

  • zaw min

    July 10, 2011 at 3:04 pm

    မလေးအစိုးရက ဒီလ (၁)ရက်နေ့ကစပီးတော့ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို Legalization အစီအစဉ်ပြုလုပ်ပေးဖို့ရှိနေပါတယ်။အဲဒီ အစီအစဉ်ကိုမကြိုက်နှစ်သက်တဲ့သူတွေကလည်းရှိနေတယ်။ကိုခိုင်ပြောသလို အာရပ်ကမ္ဘာကနေကူးဆက်လာတာလည်းဖြစ်နိုင်ပါတယ်။ဒီမှာရှိနေတဲ့ အတိုက်အခံပါတီတွေကလည်း ထိုင်းတို့အီဂျစ်တို့ကို အတုခိုးသလို မလေးအစိုးရကလည်း မြန်မာအစိုးရရဲ့အတုကိုခိုးပါတယ်။လက်ရှိအာဏာရပါတီဖြစ်တဲ့ B.N အစိုးရကလည်းတစ်ပါတီစနစ်ရပ်တည်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။ကိုငြိမ်ချမ်းရေကျေးဇူးပါ၊K.L မှာရှိနေတယ်ဆိုရင် 016-3810840 ကိုဆက်သွယ်နိုင်ပါတယ်။

  • pan pan

    July 11, 2011 at 10:11 am

    ကိုယ်ဘာဖြစ်ချင်တယ်
    ဘာလိုချင်တယ် ဆိုတဲ့ ဆန္ဒကို လူရှေ့မှာ ထုတ်ပြရင် ဖမ်းခံထိတယ်နော်

  • mzm

    July 11, 2011 at 1:26 pm

    လိုချင်တာကိုတောင်းလို့မပေးရင် ချသာချကြဗျာကိုရွှေတွေတော့မပါစေနဲ့နော်

Leave a Reply