တစ်နေ. ကျွန်တော်သူငယ်ချင်း ည 9 နာရီလောက်ကြီး ကျွန်တော်နေတဲ. ဘုန်းကြီးကျောင်းရောက်လာတာ ကျွန်တော်လည်း ဟိတ်ကောင် မင်းမင်း ဒီအချိန်ကြီးကျမှ

ဘာလုပ်ဖို.လဲကွဆိုတော. ငါဒီနေ.မင်းတို.ကျောင်းအိပ်မယ် သားကြီး ငါအိမ်နဲ.ရန်ဖြစ်လာလို.တဲ. အခါတိုင်းလည်း ဒီကောင်တွေက ဒီလိုပဲ အကြောင်းရှိရင် ကျောင်းကို

အမြဲလာလာအိပ်နေကျဆိုတော.လေ မအိပ်ခိုင်းလည်း အိပ်မဲ.သူငယ်ချင်းတွေဆိုတော. အိပ်ပေါ.ကွာ ခါတိုင်းလည်းလာလာအိပ်နေတာပဲပေါ.

ဒါနဲ.ကျွန်တော်လည်း စပ်စုတာပေါ. ညအိပ်ခါနီးတော. မင်းကဘာဖြစ်လို.အိမ်နဲ. ရန်ဖြစ်လာတာလဲပေါ. ဒီကောင်က ငါ.အစ်ကို ကိုငါလက်သီးနဲ.ထိုးလိုက်တာကွ ဒါနဲ.

တစ်အိမ်လုံးနဲ. ပြဿနာတက်လာတာတဲ. ဒါနဲ.ကျွန်တော်လည်းဆက်ပြီး စပ်စုတာပေါ. မင်းကလည်း ကိုယ်.အစ်ကိုပဲကွာ

ဘာ.လို.ကိုယ်ထိလက်ရောက်လုပ်တာလဲသူငယ်ချင်းရာဆိုတော. အစ်ကိုကွာ ဒီနေ.ညနေ ကားသိမ်းပြန်လာတော.ကွာ ပိုက်ဆံက အုံနာခတောင် မရဘူးအိမ်ကတောင်

စိုက်ရသေးတယ် ပြဿနာကအဲဒီက စတာပဲကွာဆိုတော. ကျွန်တော်လည်းဘာမသိညာမသိပေါ. မင်းကလည်း ကားသမားပါဆိုမှ တခါတလေလည်း

ဒီလိုဖြစ်တတ်ပါတယ်ပေါ. သူကပြန်ပြောတယ် မင်းပြောသလို ကားသိပ်မလိုက်ရလို.မဟုတ်ဘူးကွ ကားလိုက်ရတာကို ပိုက်ဆံရအောင်မတောင်းနိုင်လို.တဲ.

ဒါနဲ.ဘယ်လိုဖြစ်လို.လဲ ကားစီးပြီး ပိုက်ဆံမပေးပဲထွက်ပြေးလို.လားပေါ. မဟုတ်ဘူးတဲ. သူပြောပြတာက

ငါ.အစ်ကို ဒီနေ.ကားဆွဲတယ်ကွာ နေ.လည် 12 နာရီလောက်မှာ ငါ.အစ်ကိုရဲ.ကားကို တေဇ တပည်.တွေက ငှားတယ်ကွာ ပြီးတော. ပစ္စည်းတွေတင်

သူတို. ၀ယ်လာတာတွေ တင်နဲ.လုပ်တယ်တဲ. ပြီးတော.သူတို. လျှောက် သွားသမျှလိုက်ပို.ခိုင်းတယ် ညနေဘက်ရောက်တော. သူတို.နေတဲ.ဆီ ပြန်ပို.ပေးတယ်ကွာ

ကားပေါ်ကဆင်းသွားလို. ပိုက်ဆံမပေး၇သေးဘူးဆိုပြီး အစ်ကိုကတောင်းတော. သေချင်လို.လား ဘာမှတ်နေလို.

လူကိုကားခလာတောင်းနေတာလည်းဆိုပြီး ပြောတာတဲ. မိသားစုနဲ. တကွဲတပြားဖြစ်ချင်လို.လား ဘာညာနဲ. မာန်လိုက်တာပေါ. သူတို.က မူးလည်းမူးနေတာ

အဖွဲ.ကလည်း 4 ယောက်ဆိုတော. သူငယ်ချင်းအစ်ကိုကလည်း ဘာမှမပြောပဲ စိတ်ပျက်စွာနဲ.ပဲ အိမ်ပြန်လာခဲ.တော.တာပေါ. အိမ်ရောက်တော. အကျိုးအကြောင်း

ပြောပြတော. ညီဖြစ်တဲ. ကျွန်တော်.သူငယ်ချင်းက လူငယ်ဆိုတော. အစ်ကိုဖြစ်သူကို အထင်လွဲတာပေါ. မင်းဒီလောက်ကြောက်သလား အဲဒီကောင်တွေက

ဘာကောင်တွေမို. ပိုက်ဆံမတောင်းရဲတာလည်းဆိုပြီး စိတ်လိုက်မာန်ပါ လက်သီးနဲ.ထိုးလာတာတဲ. သူကလည်း လူငယ်သဘာဝ စိတ်ဆတ် တာပေါ.

အစ်ကိုကတော. တကယ်လည်း သူတို.ကို မတုရဲဘူးလေ သိတဲ.အတိုင်း သူတို.တစ်တွေက ဒီနိုင်ငံမှာ လိုတရ ဖြစ်နေတာဆိုတော.လည်းဒီတိုင်းပဲပြန်လာခဲ.တာပေါ.

ဖားတုလို. ခရုကလိုက်ခုံလည်း အိုင်ပျက်တာပဲရှိမှာလေဗျာ သူတို.ကို တုပြီးရန်ဖြစ် ပြန်ပြောလည်း ကိုယ်.မိသားစုနဲ. တကိုးတကွဲဖြစ်မှာပဲဆိုပြီး သူငယ်ချင်းအစ်ကိုကလည်း

အိမ်ထောင်ရှင်ပီပီေ၇ှ.ရေးတွေ တွေးပြီး ဒီတိုင်းပဲပြန်လာတာပါတဲ.

အိပ်မပျော်တာနဲ. ဟိုတွေးဒီတွေး လိုက်တွေးနေမိတာ ဒီလိုအနိုင်ကျင်.ခံရတဲ. သူတွေက ကျွန်တော်တို. နိုင်ငံမှာ ဒုနဲ.ဒေး ပါပဲလေဗျာ

မင်းသမီး တစ်ယောက်တောင် သူတို.အဖွဲ.ကို အဖေလိုကိုးကွယ်တဲ. ကောင်က မတရားအနိုင်ပိုင်းသွားတာခံလိုက်ရသေးတာပဲမလား

ငွေများတရားနိုင်တဲ. နိုင်ငံဆိုတော.လည်း ဘာမှမတတ်နိုင် အင်တာဗျူးတစ်ခုမှာ ဖတ်လိုက်ရပါသေးတယ် အဲဒီမင်းသမီးက ပြောထားတာ

မိန်းကလေးတွေ ယောင်္ကျာလေးတွေကို လွယ်လွယ်နဲ.တစ်ဘ၀လုံး ပုံမအပ်ပါနဲ.တဲ. သူ.ဘ၀နဲ.ရင်းပြီး သင်ခန်းစာပေးသွားတာလေ

ညအိပ်တော. ဘုရားရှိခိုးရင်း ဆုတောင်းမိပါတယ် အရပ်ဆယ်မျက်နှာရှိ  သတ္တ၀ါ အားလုံး အချင်းချင်း ဘေးရန်ပြုချင်းမှ ကင်းဝေးကြပါစေ

လူအချင်းချင်း အနိုင်ကျင်.ခံရခြင်းမှ ကင်းဝေးကြပါစေလို. ဆုတောင်းပြီး အိပ်ယာဝင်ရတာပေါ.

မနက်မိုးလင်းတော. အလုပ်ကို ဒုတိယ စစ်ကျန် ဗိုက်ပူ ကားလေးကို နောက်ကတွယ်စီးပြီး အလုပ်ကိုသွား

အလုပ်ရောက်တော. စာစောင်တစ်ခုထဲမှာ ဖတ်ရတာက မောင်ဖိုးလပြည်.ကသူ.အဖိုးဆီကရတဲ. မွေးနေ.လက်ဆောင်  helicopter  ကိုသူငယ်ချင်းတွေကို

အလှည်.ကျတင်ပြီး ပျံသန်းကြည်.တာတဲ. ငါတို.ပြည်သူတွေများကျတော. အခုထိ ဒုတိယစစ်ကျန် ဗိုက်ပူကားတွေ စီးနေရတာပါလားလို.လည်း စာဖတ်ရင်း ပြုံးမိပါရဲ.

 

ဖြစ်ပျက်တာလေးက ကြာပါပြီ အခုမှ ရေးဖြစ်တာပါ

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ