တရုတ်ကြီး ဆွမ်းတော်ကပ် ပုံက

ေရႊဘိုသားJuly 10, 20111min1317

တရုတ်ကြီး ဆွမ်းတော်ကပ်နည်း

တစ်ခါက မြို.တစ်မြို.မှာ
လင်မယားနှစ်ယောက်နေထိုင်ကြသတဲ့။
ယောက်ျားကတရုတ်။ မိန်းမက မြန်မာမ။
ယောက်ျားနာမည်က အတီး။ မိန်းမနာမည်က မိကြည်။

သူတို့နှစ်ယောက်လုံး ဗုဒ္ဓဘာသာဝင်တွေပါ။
နေ့စဉ်နံနက်တိုင်း ဆွမ်းတော်ကပ်လေ့ရှိကြတယ်။ ဆွမ်းတော်အမြဲကပ်လေ့ရှိတဲ့ သူကတော့
မိကြည်ပါ။
မိကြည်ကို အတီးက ချစ်စနိုးလေးနဲ့ အကြည်လို့ဘဲ ခေါ်တယ်။

မိကြည်တစ်ယောက် ဆွမ်းတော်ကပ်ပြီဆိုရင်
ဘုရားစင်ရှေ ့မှာ ထိုင်ပြီး အကြာကြီးရွတ်ဖတ်ပြီးမှ ဘုရားကို
ဆွမ်းတော်ကပ်လေ့ရှိတယ်။

“အရဟတာဒိ နဝဂုဏေဟိ အရဟံအစရှိသော…………ဆွမ်းေ

တာ်ကို ကပ်လှူပါ၏ဘုရား။
ဤကောင်းမှုကြောင့်…. နိဗ္ဗာန်ကို ရရပါလို၏အရှင်ဘုရား”

အဲဒီဆွမ်းတော်ကပ်နည်းကို အတီးတစ်ယောက် အလွတ်မရရှာပါဘူး။ အဲဒါတွေက
မိန်းမအလုပ်လို့ဘဲ သူကထင်တယ်လေ။

တစ်နေ့မှာ မိကြည်တစ်ယောက် ကိစ္စရှိလို့ သူ့ရဲ ့မိဘအိမ်မှာ နှစ်ရက်
သုံးရက်လောက်သွားနေမယ်

ရှင်ဆွမ်းတော် ကိုနေ.တိုင်းကပ်လှူပါ လို.မှာထားခဲ.သတဲ.
တရုတ်ကြီးက မိရိုးဖလာ ဗုဒ္ဓဘာသာပေါ.
တရုတ်ကြီးကလည်း ဆွမ်းတော်ကပ်နည်းကို အလွတ်မရတော. အကြုံအိုက်နေတာပေါ.
ဒါနဲ. အေးအေးငါပဲ ဘုရားကိုကပ်လိုက်ပါ.မယ် ငါ.ကို ဘုရားရဲ. မယ်တော်နဲ.ဇနီးရဲ. နံမည်ကိုပြောခဲ.ပါပေါ. မိန်းမကပြောထားခဲ.တာပေါ.
အိမ်မှာ အတီးတစ်ယောက်ထဲဘဲ ကျန်ခဲ့တယ်။ မနက်ရောက်တော့ ထမင်းဟင်း
ကိုယ်တိုင်ချက်ပြုတ်တယ်။
ပြီးတော့ နေ့စဉ်လုပ်နေကျဖြစ်တဲ့ ဆွမ်းတော်ကပ်တဲ့အလုပ်ကို သူလုပ်ချင်တယ်။
ဒါပေမဲ့ ဆွမ်းတော်ကပ်နည်းကို သူအလွတ်မရဘူး။ အဲဒါမှ ဒုက္ခ။
အတီးတစ်ယောက် ဆွမ်းတော်ပန်းကန်ကို ပြင်ဆင်လိုက်တယ်။ ဆွမ်းနှင့်ဆွမ်းဟင်းကို
ကျကျနန ဆွမ်းတော်ပန်းကန်ထဲ တည့်လိုက်တယ်။
ပြီးတော့ ဘုရားရှေ ့သွားပြီး ဆွမ်းတော် ကပ်တယ်။
အတီးတစ်ယောက် ဘုရားရှေ ့မှာ ဘာတွေ ရွတ်ဆိုပြီး
ဆွမ်းတော်ကပ်သလဲ နားထောင်ကြည့်လိုက်ပါဦး။
“မယ်တော် မာယာ၏  ရင်သွေး
ယသော်ဓရာ၏ လင်ကလေး
ကတုံးလေးနဲ. ပြုံးပြုံးလေး
ဘုန်းပေးတော်မူပါဘုရားတဲ.”
ဒါ.ကြောင်.ကိုး
ရွာတစ်ရွာမှာ အလွန်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိကြသတဲ့
ချစ်တာမှ မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်ကြတာ။
ဒါပေမဲ့
တစ်နေ့မှာ ယောက်ျားဖြစ်တဲ့သူသေဆုံးသွားတယ်။ အလောင်းကို တောသဘာဝအတိုင်း
မြေမြှပ်သဂြို င်္ဟ်ရတယ်။
မြေကြီးက ခပ်နက်နက်တူးရတဲ့အတွက် မြေစိုင်မြေခဲတွေက စိုထိုင်းထိုင်းဖြစ်နေသတဲ့။

ဇနီးဖြစ်တဲ့သူဟာ သုဿာန်ကို
နေ့တိုင်းသွားပြီး ငိုကြွေးမြည်တမ်းနေလေ့ရှိတယ်။

“အမလေး အသေစောလို့ နှမြောလှချည်ရဲ ့။ ကျမတစ်ယောက်ထဲ ထားခဲ့တော့မှာလား”

ပါးစပ်ကလဲ လွမ်းစရာတွေပြောပြီး ငိုတယ်။
လက်ကလဲ ယောက်ျားအလောင်း မြှပ်ထားတဲ့မြေပုံကို ယပ်တောင်တစ်ချောင်းနဲ့ခတ်နေသတဲ့။
လမ်းဘေးဖြတ်လျောက်သွားတဲ့သူတစ်ယောက်က အဲဒီအမျိုးသမီးကိုမြင်ပြီး သနားသွားတယ်။

“ဒီအမျိုးသမီး ယောက်ျားကို တော်တော်ချစ်တာဘဲ။ သူမ ယောက်ျား မြေအောက်ထဲမှာ
နေရတဲ့အတွက် ပူအိုက်နေမှာစိုးလို့ ယပ်ခတ်လို့တောင်ပေးနေသေးတယ်။”

ကြည့်မနေနိုင်တော့လို့ သူမကိုဖျောင်းဖျစကားပြောလိုက်သတဲ့။

“ငါ့တူမရယ်၊ သေတဲ့သူလဲ သေပြီးပြီဘဲ။ ငိုမနေပါနဲ့တော့။ ညီမ ယပ်ခတ်ပေးနေလဲ
သူသိတော့မှာ မဟုတ်ပါဘူး။”

“ဦးလေးထင်သလိုမဟုတ်ပါဘူး။ ကျမက ကျမယောက်ျား
မသေခင်မှာထားခဲ့တဲ့အတိုင်းလုပ်နေတာပါ။”

“ဘာတွေ မှာထားခဲ့လို့လဲ”

အဲဒီအမျိုးသမီး ပြန်ပြောလိုက်တဲ့စကားကြောင့် အဲဒီလူခင်မျာမှာ
ပါးစပ်ဟောင်းလောင်းနဲ့ ပြောစရာစကားမရှိဖြစ်သွားတယ်။
အဲဒီအမျိုးသမီး ဘာပြန်ပြောလိုက်သလဲဆိုတော့–

“နောက်ယောက်ျားယူချင်ရင် သူ့ကိုဖို့ထားတဲ့မြေပုံခြောက်သွားမှ
ယူပါလို့မှာထားခဲ့တယ်။ ဒါကြောင့်သူ့မြေပုံမြန်မြန်ခြောက်သွားအောင်
ယပ်ခတ်ပေးနေတာပါ” တဲ့။

ရွာမှာနေ ကိုးတန်းတက်တုန်းက ကျူရှင်ဆရာပြောပြတဲ. ဟာသလေးတွေပါ
 ဆရာက ဘယ်ကကြားခဲ.သလဲတော.ကျွန်တော်လည်း မသိဘူး
ရယ်ရလို. တင်ပေးလိုက်တာပါ

7 comments

  • chityaaung

    July 10, 2011 at 5:15 pm

    ရွှေဘိုသားရေ… အဲဒိလိုမနောက်နဲ့လေ… ။ ဒါလူမျိုးရေး ကိစ္စ…။ ကိုယ့်တိုင်းရင်းသားချင်း ချစ်လို့စတာဆိုတာတော့ တစ်မျိုးပေါ့

  • ဆူး

    July 10, 2011 at 8:29 pm

    ရွှေဘိုသား.. ဆွမ်းကို ဘယ်လို ကပ်လဲ.. ဘုန်းကြီး ကျောင်းက ဆွမ်းပွဲကျ နေ့တိုင်း စားနေတာဆို…

  • naywoonni

    July 10, 2011 at 10:47 pm

    ဘာလဲ..။ ငါတို့ ရွှေဘိုသားကို ဆွမ်းပွဲကျ နေ့တိုင်းစားတယ်ဆိုတာက လူလယ်ခေါင် အထုတ်ဖြေပြတာလား ? ဟင်းးးးးးးးး

  • nature

    July 10, 2011 at 11:21 pm

    ကျနော်ဖတ်ဖူးတဲ့ ဟာသကတော့ တရုပ်ကြီးဆွမ်းကပ်တာ… အရှင်ဘုရား ၊ စားပါသောက်ပါ၊ အားမနာပါနဲ့၊ ကျန်တာကို သူ့မိန်းမ ပြန်လာမှ ပြောပါလိမ့်မယ်တဲ့..။
    ဒုတိယ အလားတူဟာသလေးကတော့ လူရွှင်တော်ရွှေဖလားမှာကြားဖူးပါတယ်။

  • windtalker

    July 11, 2011 at 12:28 am

    ကိုရွှေ က တော့ ဟာသတွေ တင်ဆက်လိုက်ပြီမို ့ဖတ်ပြီးသကာလ ဟာသ သဘောနဲ ့ရယ်မိသွားပါကြောင်း

  • ရွှေဘိုသား

    July 11, 2011 at 8:22 am

    ဟာသ အမြင်နဲ.ပဲ ဖတ်စေချင်ပါတယ်ခဗျာ
    ကျွန်တော် မစဉ်းစားပဲ ပို.စ်တင်မိတဲ.အတွက် အားလုံးကို တောင်းပန်ပါတယ်

  • kokothandar

    July 11, 2011 at 10:34 am

    မြေပုံကိုအမြန်ခြောက်အောင်ဝင်ကူပေးရတော့တာပေါ့အချိန်မနှောင်းသေးပါါဘူး

Leave a Reply