မင်္ဂလာဆောင် အသွင်းကြေးကို မပေးဆပ်နိုင်၍ ဘင်္ဂလီ အမျိုးသမီး ၂၂ ဦး ဧပြီ တလတည်းတွင် သတ်ဖြတ်ခံရ

parparaziMay 5, 20101min856

ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် အိမ်ထောင်ပြုစဉ် အမျိုးသမီးများဘက်က ပေးဆောင်ရမည့် အသွင်း ကြေးငွေများကို လင်ယောင်္ကျား ဖြစ်သူများထံ အကျေအလည် မပေးဆပ်နိုင်သဖြင့် ဧပြီလ တလအတွင်း အမျိုးသမီး ၂၂ ဦးကို ယောင်္ကျားဖြစ်သူများက သတ်ဖြတ်ပစ်ခဲ့ကြောင်း ဘင်္ဂလာဒေချ့် လူ့အခွင့်အရေး အဖွဲ့တခုက ပြောသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော Bangladesh Society for the Enforcement of Human Right က ယမန်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် အဆိုပါ အမျိုးသမီး ၂၂ ဦးမှာ လင်ယောင်္ကျားများကို အသွင်ကြေးငွေ အကျေအလည် မပေးနိုင်သဖြင့် ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ဖေါ်ပြသည်။ ကျန် အမျိုးသမီး ၆ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရရှိသွားကြောင်း အစီရင်ခံစာက ဆိုသည်။

ဧပြီ တလတည်း အတွင်း တခြားအိမ်တွင်း အကြမ်းဖက်မူများ အပါအဝင် အသွင်းကြေး မပေးနိုင်၍ ဘင်္ဂလာဒေချ့်တွင် အသတ်ခံရသူ စုစုပေါင်း အမျိုးသမီး ၂၅ ဦးထိ ရှိခဲ့ပြီး ၁၉ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖေါ်ပြသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံ၏ ရိုးရာ ဓလေ့ ထုံးစံအရ အိမ်ထောင်ပြုရာတွင် အမျိုးသားများကို အမျိုးသမီးများက တင်တောင်းရပြီး ထိုသို့ တင်တောင်းစဉ် မင်္ဂလာ ခန်းဝင် ပစ္စည်းများ အပါအဝင် တအိုးတအိမ်ထောင်ဖြင့် လုပ်ကိုင် စားသောက်ရန်အတွက် သိန်းနှင့် ချီသော ငွေကြးများကိုလည်း အမျိုးသမီး မိဘများဘက်က အမျိုးသားဘက်သို့ ပေးဆောင်ရသည်။

အိမ်ထောင်ပြုပြီး အမျိုးသမီးများဘက်က ပေးဆောင်ရမည့် အသွင်းကြေးငွေများကို ပေးဆောင်ရန် ပျက်ကွက်သဖြင့် လင်ယောင်္ကျားများက အမျိုးသမီးများကို မကြာခဏ သတ်ဖြတ်မူများ ရှိသည်။

နိရဉ္စရာမှ ဘင်္ဂလီ အမျိုးသမီး တဦးအား အိမ်ထောင်ပြုပုံ စနစ်အား မေးကြည့်ရာ သူမက ယခုကဲ့သို့ ပြောသည်။

“အမျိုးသမီး တယောက် အိမ်ထောင်ပြုတော့မယ် ဆိုရင် ကိုယ်လက်ထပ်မယ့် ယောက်ျားကို ဆင်းရဲချမ်းသာ၊ ပညာတတ် မတတ်အပေါ်မှာ မူတည်ပြီး ငွေကြေး အမြောက်အမြားနဲ့ တင်တောင်း ရပါတယ်။ ချမ်းသာပီး ပညာတတ်ဆိုရင် အဲဒီ ယောက်ျားကို အနည်းဆုံး တာကာငွေ သိန်းဆယ်နဲ့ ချီပီး ပေးရပါတယ်။ ဆင်းရဲတဲ့ အသိုင်းအဝိုင်းမှာ ကျတော့ အနည်းဆုံး တာကာ ၃ သောင်းကနေ ရ သောင်း အထက်ပေးကြရပါတယ်။ ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးတွေ အဘက်ဘက်က အနှိမ်ခံနေရသလို ဖြစ်နေပါတယ်” ဟု ပြောသည်။

သို့သော်လည်း ယခုခေတ် လူငယ်များ အနေဖြင့် အိမ်ထောင်ပြုလျှင် အမျိုးသမီးများဘက်က ငွေကြေး အမြောက်အများဖြင့် ယောင်္ကျားဘက်ကို တင်တောင်းရသည့် စနစ်ကို ဆန့်ကျင် လာကြသော်လည်း ရှေ့ရိုးစွဲ ဝါဒီများနှင့် ငွေကြေးတပ်မက်သူများက ယခုထက်တိုင် အသုံး ပြုနေကြသည်ဟု သူမက ပြောသည်။

တချို့ဆင်းရဲသော မိဘများ အနေဖြင့် သမီးမိန်းခလေး မွေးလာလျှင် အိမ်ထောင်ပြုသောအခါ ဒေဝါရီခေါ် ယောင်္ကျားဖြစ်သူအား အသွင်ငွေ အမြောက်အများ ပေးဆောင်ရမည်ကို သိသဖြင့် သတ်ဖြတ်ပစ်မူများပင် ရှိကြောင်း သိရသည်။

အဆိုပါ စနစ်ကို ဘင်္ဂလာဒေချ့် အစိုးရနှင့် လူ့အခွင့်အရေး အဖွဲ့များမှ ပြင်းပြင်းထန်ထန် ဆန့်ကျင် တိုက်ဖျက်နေသော်လည်း ဘင်္ဂလီ လူအဖွဲ့အစည်းကြားတွင် ထိုစနစ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေသဖြင့် ယခုအချိန်ထိ တိုက်ဖျက်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

Source : Narinjara

6 comments

  • chitkay

    May 5, 2010 at 8:53 am

    မြန်မာနိုင်ငံကလိုမျိုး မိခင်နှင့် ကလေး စောင့်ရှောက်ရေးဆိုတဲ့ အသင်းမျိုးဖွဲ့ပြီး ဒါမျိုးတွေ ပပျောက်သွားအောင် နှိမ်နင်းသင့်တယ်။

  • snoopy88

    May 5, 2010 at 10:23 am

    တော်ပါသေးတယ် မြန်မာမိန်းကလေးဖြစ်ရလို့။ သူတို့တွေမှာအချစ်မရှိကြဘူးလို့ထင်တယ်…။ကြောက်ဖို့ကောင်းလိုက်တာနော်။ Parparazi ဒီစာကိုဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ် သူတိုက ဟိန္ဒူတွေထင်တယ်နော် ပုံကိုကြည့်ရတာ.။

  • intro

    May 5, 2010 at 10:33 am

    မကျေနပ်ရင် အစကတည်းက မယူနဲ့ပေါ့…. အခု ယူပြီးမှ ဒီလို လုပ်တာ တော်တော့ကို လူမဆန်တာပဲ…. အာဏာပိုင်တွေအနေနဲ့ ဒီလိုအလားတူကိစ္စရပ်တွေ မဖြစ်အောင် ထိန်းသိမ်း သင့်ပါတယ်…

  • kopauk mandalay

    May 5, 2010 at 11:35 am

    ကမ္ဘာမှာ ကျနော်တို.မြန်မာအမျုးိသမီးတွေဟာ လူ.အခွင်.အရေးဆိုတာကို ရှေးကတည်းက အပြည်.အဝရပြီးသားပါ။
    (၁) မိခင်ဆိုတဲ.နေရာ ကိုပေးလို.အားလုံးက အလေးစားခံရတယ်။
    (2)အိမ်ထောင်ရှင်မဆိုတာရာထူးကိုပေးလို. အိမ်တအိမ်လုံးမိသားစုတစ်စုလုံးကိုစီမံခန်.ခွဲနိုင်တဲ.အာဏာရှိတယ်။
    (3)အိမ်ထောင်ကျပြီးရင်လဲ ကိုယ်.ရဲ.မူလနာမည်ကိုပဲဆက်သုံးရတယ် ယောကျာ်းနာမည်လိုက်ပြောင်းစရာမလိုဘူး။
    (၄)လက်ထပ်ချင်တဲ.ယောက်ျားကနေပြီးအရောင်းအဝယ်သဘောမဆောင်တဲ. နှစ်ဦးနှစ်ဖက်ကျေနပ်တဲ.ပမာဏကို မင်္ဂလာကြေးအဖြစ်ပေးရတယ်။
    (5)မွေးလာတဲ.သားသမီးများကိုနာမည်ပေးရင် အမေ.နာမယ်ပါအောင်ထည်.ပြီးပေးချင်ရင်ပေးလို.ရတယ်။
    (6)မိမိယောက်ျားပိုင်ဆိုင်သော ဥစ္စာဓနငွေကြေးကို ဇနီးမယားက ထက်ဝက်ကိုအလိုအလျောက်ပိုင်ဆိုင်ခွင်.ရှိတယ်။
    ကဲကျနော်တို.မြန်မာအမျိးသမီးများရထားတဲ.လူ.အခွင်.အရေးကတော. လူ.အခွင်.အရေးဆိုပြီး တအော်ထဲအော်နေတဲ.အနောက်နိုင်ငံက မမများတောင်မရနိုင်တာတွေကို
    ရထားပါတယ်
    ဒါဟာမြန်မာတစ်မျုးိသားလုံးအတွက် ဂုဏ်ယူစရာပါခင်ဗျာ။

  • ကိုတင့်တယ်

    May 6, 2010 at 8:57 am

    ကိုပေါက်ရေ
    ထောက်ခံတယ်ဗျို.

  • မင်းတုန်း

    May 6, 2010 at 5:26 pm

    မြန်မာနိုင်ငံကလိုမျိုး မိခင်နှင့် ကလေး စောင့်ရှောက်ရေးဆိုတဲ့ အသင်းမျိုး Bangladesh မှာ ဖွဲ့ရင် အခု သူတို့ ဖြစ်နေတာထက် နှစ်ဆ ထက်တိုးသွားအုံးမယ်… မိန်းမနဲ့ ကလေးဆိုရင် နေရာ မရတဲ့ နိုင်ငံ မို့လို့ပါ.. (အကုန်လုံးတော့ မဟုတ်ပါ) အဲ့ဒီနိုင်ငံက အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူတာတောင်မှာ… တောရွာပိုင်းတွေမှာ အဖြစ်များနေတုန်းပဲ…
    ဒါကြောင့်မို့ မြန်မာမလေးများ ဖြစ်ရတာကို မြန်မာ မိန်းကလေးများ ဂုဏ်ယူလိုက်စမ်းပါ… မြန်မာမိန်းကလေးတွေကို.. အမျိုးသားတွေက တင်းတောင်းရတာ..
    အနော်လဲ Bangladesh ပြောင်းမှပဲ… မိန်းမဘက် က ပိုက်ဆံတင်တောင်းမှာ ဆိုတော့… (ဟိဟိ)

Leave a Reply