ထိုင်းနိုင်ငံမှ သင်္ခန်းစာ

kaiJuly 10, 20111min20017

အောက်ကစာတွေကို ..ရာဟူး မေးလ်ဂရုကနေ တိုက်ရိုက်ကူးယူပါတယ်.။ စာရေးသူထံခွင့်မတောင်းထားပါဘူး.။ တောင်းလည်း ပေးမှာပဲ ယုံကြည်ပါတယ်..။

ဒီမှာတင်ပေးရတဲ့အကြောင်းက.. ရွာသားတွေကို ဖတ်စေချင်လို့ပါပဲ..၊
လောလောလတ်လတ်.. ထိုင်းရဲ့အမျိုးသမီးဝန်ကြီးချုပ်နဲ့ အဆက်အစပ်ကလေးတွေ သိစေချင်လို့ပါ.။

စာရေးသူရဲ့ အယူအဆတွေထည့်ထားတာတွေ့ရပါလိမ့်မယ်.။ မှန်မမှန်.. ကောင်းမကောင်း.. စာဖတ်သူတွေက ဆုံးဖြတ်ပါ.။
အချက်အလက်တွေကိုးကားရေးထားတာလည်း တွေ့ရပါမယ်..။
အချက်အလက်တွေကတော့ မှန်တယ်ထင်ပါကြောင်း..။

========================================

ထိုင်းနိုင်ငံမှ သင်္ခန်းစာ

 

ဂျူလိုင်လ ၅ ရက် ၂၀၁၁

 

ဂျူလိုင် ၃ ရက် ကပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ ဟာ ဗမာနိုင်ငံ အတိုက်ခံတွေရော အစိုးရ နဲ့ စစ်တပ်အတွက် ပါ သင်္ခန်းစာယူစရာတွေရှိပါတယ်။ ထိုင်းစစ်တပ်ဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်လောက် အောင် အာဏါ သိမ်းပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့တယ် (၁၈ ကြိမ်+) ။ သို့သော် ထိုင်းစစ်တပ် ရဲ့  နိုင်ငံရေး အာဏါကို ချုပ်ကိုင်မှု ဟာ လူမိုက် မဆန်ဖူး။ ကိုယ်ထင်မပြဖူး။ ပါးစပ်ကပြုံးပြီး နောက်က နိုင်ငံရေးသမားတွေကို သေနပ်နဲ့ ထောက် ထားတာ။  ဗမာစစ်တပ် ကတော့ ယူနီဗေါင်း တကားကားနဲ့ နှစ်ပေါင်းများစွာ လက်ညှိုးညွှန်လာတာ အ လွန် ကို အရုပ် ဆိုးလှပါတယ်။ ဒါကြောင့် ထိုင်းစစ်တပ် သုံးတဲ့နည်းကို (Soft Power) လို့တချို့  ကခေါ်ကြပြီး ၊ ဗမာနည်း ကိုတော့ (Hard Power) လို့ အမည်တတ်ကြပါတယ်။

 

ထိုင်းစစ်တပ်မှာ အားသာချက် (၂) ခုရှိတယ်။ တခုက ထိုင်းမှာ ဘုရင်ကြီးရဲ့  အရှိန်ဟာ အလွန်ကြီးမား တယ်။ ထိုင်းဘုရင်ဟာ သူ့ပြည်သူတွေ အပေါ်မှာ စေတနာ ရှိတာကတော့ ငြင်းလို့မရ။ ထင်ပေါ်တယ်။ ဒါကြောင့် ထိုင်းပြည်သူ အများဟာဘုရင်ကြီးကို ချစ်ခင်လေးစားကြတယ်။ ထိုင်းစစ်တပ်ဟာ ဘုရင်ကြီး ကို အကာအကွယ်ယူပြီး ရပ်ပြလိုက်တော့ အပိုင်းတစ တရားဝင်မှု ရသွားတယ်။ နောက် အရေးကြီးတဲ့ အချက်က ထိုင်းစစ်တပ်ဟာ သူတို့ စီးပွားရေး နားမလည်တာကို လက်ခံသဘောပေါက်တယ်။ ဒါ ကြောင့် စီးပွားရေး ကန္တကို အရပ်သား လက်ထဲမှာပဲ လွှတ်ပေးထားတယ်။

 

အစိုးရအဆက်ဆက် ချာဘာလစ် တို့လို စစ်ဗိုလ် ထွက် လူဝတ်လဲ နိုင်ငံရေးသမားတွေကပဲ အုပ်စီးထားတယ်။ သတ်ဆင် လက်ထက်ရောက်မှ စီးပွာရေး လက်ပြောင်း နိုင်ငံရေးသမား တွေ တက်လာတာ။ ထိုင်းနိုင်ငံဟာ စီးပွားရေးအရ တိုးတက် သင့်သလောက် တိုးတက်ခဲ့တယ်။ ဒါပေမဲ့ ပြဿနာက စစ်ဗိုလ် ဆိုတာ လူထုကို အရေးပေးရမယ် ဆိုတာကို နားမလည်။ အမိန့်ပေးဖို့နဲ့ ရဖို့ တခုထဲနဲ့ လောဘ ထွက်ခဲ့ကြတယ်။ ဒါကြောင့် ဘန်ကောက် အီးလစ် ဆိုတာ ပေါ်လာပြီး အခွင့်အရေး မှန်သမျှ ဘန်ကောက်ကိုပဲ ပုံအောကြတော့ ဘန်ကောက် ကကြီးသတဲ့ကြီးလာပြီး နောက်ဆုံး မြို့  မက တိုင်းပြည် သဖွယ် သီးခြားလာဖြစ်တယ်။ တိုးတက်မှု ကမညီမျှ ။ တောမှာ လူတွေက ဆင်းရဲ ၊ ဘန် ကောက် က အခွင့်ထူးခံတွေ ဟာ ချမ်းသာသထက်ချမ်းသာလာတာ မြင်မကောင်းဖူး။ ဘန်ကောက် နဲ့ တောနေ လူတန်းစား ချမ်းသာမှု ကသိပ် ကွာခြားလာတယ်။ စစ်သား အများအားဖြင့် ဟာ ရှေ့ သို့သာ ကြည့်တတ် ကြတာ။ နောက်ကိုပြန်မကြည့်တတ်။ (သတိ) မရှိကြ။ ထိုင်းနိုင်ငံရဲ့  စီးပွားရေးဟာ လည်း တကယ်တော့ crony capitalism ပါပဲ။

 

သတ်ဆင် တက်လာတော့ သတ်ဆင်က နိုင်ငံရေးသမား။ ဆင်းရဲသားတွေကို ပြန်စည်းရုံးလိုက်တယ်။ ထိုင်းနိုင်ငံမှာ ဗမာနိုင်ငံနဲ့ ကွာတာက လက်ဝဲကျောင်းသားတွေကို နှိမ်နင်းပြီးတော့ နိုင်ငံခြားကို ပညာ တော်သင် အဖြစ်လွှတ်ပြီး နယ်နှင်ဒဏ်ပေးလိုက်တာ။ ဒီအထဲက လူတော်တွေက ပါရဂူဘွဲ့တွေရပြီး ပြန်လာကြတယ်။ သတ်ဆင်က ဒီလူတွေကို စည်းရုံးပြီး ဆင်းရဲသားတွေအတွက် ပရိုဂမ်တွေ ထုတ်   ဖေါ် တာ။ ဒါကြောင့် universal health လို့ခေါ်တဲ့ ထိုင်းနိုင်ငံသားတိုင်း ဘတ် ၃ဝ နဲ့ ဆေးအလကား ကု ပေးတယ်။ ရပ်ကွက် တခု ပစ္စည်း တခုထုတ် တာ၊ Micro-financing လို့ခေါ်တဲ့ ဆင်းရဲသားတွေကို ငွေချေးတာတွေ လုပ်လာတော့ ဘန်ကောက်အီလစ် တွေရဲ့ ခေတ်အဆက်ဆက် လျစ်လျူရှု ခံခဲ့ရတဲ့ ဆင်းရဲသားတွေက ဟတ်ထိ အသဲခိုက် ကုန်ကြတာပေါ့။ ထိုင်း နိုင်ငံဟာ ဒီမိုကရေစီ ဖွံ့ ဖြိုးတဲ့ နိုင်ငံ မဟုတ်သေးဖူး။ ဒါကြောင့် နိုင်ငံရေးမှာ လဒ်စားတာဟာ အဆန်းမဟုတ်ဖူး။ ဂျူလိုင် လ (၃) ရက် မတိုင် ခင် က တီဗီအင်တာဗျူး တခုမှာ မဲပေးသူတဦးက ပြောသွားတာ သဘာဝကျတယ်။ နိုင်ငံရေးသမား တိုင်း (လဒ်)စားကြတာပဲတဲ့။ ဒါပေမဲ့ သတ်ဆင်က ထို့ (ဆင်းရဲသား) တွေကို ပြန်ပေးခဲ့တယ်တဲ့။ ဒါဟာ နိုင်ငံရေးစိတ်ဝင်စားသူတိုင်း (နှလုံးသွင်း) မှတ်သားထားသင့်တဲ့ အချက်ပဲဖြစ်တယ်။ လူအများ ဖြစ်တဲ့ ဆင်းရဲသား တွေကို လျစ်လျူ မရှု ကြပါနဲ့။

 

သတ်ဆင် ဂျာမန် မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောသွားတာဟာလည်း သဘာဝကျတယ်။ မှတ်သား သင့်တယ်။ ပထမ က လူတွေကို မဲဝယ်တယ်ဆိုရင် ငွေယူပြီး မဲထဲ့ရင် ထဲ့လိုရာကိုထဲ့နိုင်တာပဲတဲ့။ ဒုတိယ အချက်က စိတ်မ ပါပဲ အသက်သေနိုင်တဲ့ အန္ထရယ် ရှိတဲ့ လူထုစည်းဝေးပွဲကို အတင်းလာခိုုင်းလို့ မရပါဖူးတဲ့။ ဒီမှာ စာရေး သူ သတိပြုမိတဲ့ နိုင်ငံရေးမှာ အရေးကြီးတဲ့ အချက်လေး ကိုအလေးထား တင်ပြချင်တယ်။ ရှပ်နီလှုပ်ရှား မှု ဟာ ပင်ရင်းက သတ်ဆင်ဖြုတ်ချခံရတဲ့ မကျေနပ်မှု အပေါ် အခြေ ခံပေါက်ဖွားလာပေမဲ့ အစိုးရက ဒလကြမ်း ဖိနှိပ်လာတဲ့ အခါ ပိုမိုကြီးထွားလာကာ နောက်ဆုံး ဆင်းရဲ သား လူထုက လူညီရင် ငါတို့ (အသံ) VOICE ရလာပါလားဆိုတာ ကို သိမြင်လာတဲ့ အခါ (ပိုအားရှိ) (ပိုစိတ်ဓါတ်) ထက်သန် လာကြတယ်။ ဒါကြောင့် ရှပ်နီတွေဟာ သတ်ဆင်နဲ့ (စ) ခဲ့ပေမဲ့ (လူတဦး) အကျိုးထက် (လူအများ) အကျိုး ကို သယ်ပိုး နိုင်တယ်ဆိုတာကို လက်တွေ့ ထိတွေ့ နားလည်လာ ကြတယ်။ mass ပါလာရင် (အင်အား) force ဖြစ် လာတယ် critical mass လို့ခေါ်တဲ့ ချိန်ခွင်လျှာ ပြောင်းနိုင်တဲ့ အရေအတွက် ရောက်လာရင် (အစိုးရ) တွေ ပြုတ်ကျ ကြတာပဲ။

 

(အစ) လို့ခေါ်တဲ့ လူတွေ လမ်းပေါ်ထွက်စေမဲ့ အကြောင်းအရင်း လိုသလို လူတွေလမ်းပေါ်ရောက်လာ တဲ့ အခါ လူတွေ ဘာဆက်လုပ်ရမယ် ဆိုတာသိဖို့နဲ့ ဆက် လှုပ်ရှားနိုင်ဖို့အတွက်ကြတော့ ဖွဲ့စီးမှု (Organization) နဲ့ logistic လို့ခေါ်တဲ့  နောက်တန်းထောက်ပံ့ မှုတွေလိုလာတယ်။ ဒီလိုအပ်ချက် တွေကို (ပံ့ပိုး) နိုင်ဖို့ (ခေါင်းဆောင်မှု) နဲ့ (ငွေ) လိုလာတယ်။ ဒါတွေရှိမှ (လူထု) လို့ပြောလို့ရတဲ့ ထောက်ခံသူတွေ ဟာ (အား) ရှိ လာမယ် ဒို့ဘာအတွက် လူစုကြတာလဲ ? ဒို့ဘာအတွက် အသက်  အန္တရာယ် ကိုမမှုပဲ သေနတ်ပြောင်းဝ ကို ရဲရဲ ရင်ဆိုင်ရသလဲ ဆိုတာကို သိလာမယ်။ ထိုင်းရဲ့ အားသာ ချက်က သူတို့ ခေါင်းဆောင်က အဝေးကနေ ဒီဗီပေါ်က လူထုကို စကားပြောလို့ရတယ်။ သတ်ဆင်က ဘီလျံနယ် ငွေရှင်။ လိုသ လောက် ငွေ ကိုပုံအောတော့တာပဲ။ ရှပ်နီတွေဟာ အဆင့်ဆင့် ဖွဲ့စည်းမှု ရှိ တယ်။ အဆင့်ဆင့် ခေါင်းဆောင် တွေရှိတယ်။ logistic အတွက် (စံနစ်) ရှိတယ်။ မြို့ လယ်မှာ ထိုင် ဆန္ဒပြ နေသူတွေ အတွက် သောက်ရေ ၊ စားစရာ ၊ အိမ်သာ ၊ လိုလိုသမျှ အရာတွေကို ဖြည့်စီး ပေးထား လိုက်တာ အို အားကျစရာကြီး။ အသေခံချမဲ့ ရှပ်မဲတွေနဲ့ လက်နက်တွေလည်းရှိတယ်။ လက်ရှိရာထူးနဲ့ ဗိုလ်ချုပ် တယောက်ဟာ ဗြောင်ရှပ်နီတွေဖက် က ရပ်ရဲတာမို့ စစ်တပ်က လက်ဖြောင့်တပ်သား sniper သုံးပြီး ပစ်သတ်လိုက် ရတယ်။

 

အဓိက က ပြောချင်တာက (လူစု) ရုံတွင်မက (ဒီလူစု) (အင်အား) ဖြစ်ဖို့ (ဖွဲ့စည်းမှု) နဲ့  (စံနစ်ရှိမှု – system) တွေ အားလုံး စုံစုံညီညီ ရှိမှ (လူစု) ကြီးဟာ (အင်အား) ဖြစ်လာတာပါ။

 

(မှတ်ချက်။ ဗမာနိုင်ငံ က အုံကြွမှုတွေ အားလုံးဟာ ရုတ်တရက် (မခံချင်စိတ်) ကြောင့် (ဝုံး) ဆို ထ ပေါက်ကွဲ ကြပြီး ဆက်လက် ရေရှည် လုပ်ရှားနိုင် ဖို့ (ရှပ်နီ) တွေလို (ဖွဲ့စည်းမှု) မရှိကြဖူး။ ထောက်ပံ့မှု Logistic ကမရှိ ၊ အုံကြွမှု ဖြစ်မှ ပေါ်ပေါက်လာရတဲ့ ခေါင်းဆောင်မှု ဆိုတာက (အတွေ့အကြုံ) မရှိကြ။ နောက်ဆုံး (အဖြိုခွဲ) ခံရတာနဲ့ပဲ နိဂုံးချုပ်ရတာပဲ။)

 

နောက်ဆုံး စစ်တပ်က လူထု လူအုပ်ကို ဝိုင်းပြီး အကြမ်းဖက် ပစ်သတ် နှိမ်နင်းတော့ လူတွေ သေကုန်ကြတယ်။ အသတ်ခံရတာများ မခံချင်စရာ။ စာရေးသူတို့ ညီအကို ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ၇၄ ကျောင်းသားအရေးအခင်း ၊ ၇၅ ၊ မှိုင်း၊ ဇူလိုင် (၇)ရက် ၊ နောက်ဆုံး ၈၈၈၈ နဲ့ ရွှေဝါရောင် တို့ မှာ ပစ်ခပ်နှိမ်နင်း ခံရတာတွေ သေကြေကြ တာတွေကိုပြန် မြင်ရင်း စိတ်လှုပ်ရှားခဲ့ရတယ်။  လူထု လည်းအခွဲခံရ လူတွေလည်း သေကုန်ကြတော့ သတ်ဆင်ရမ်းတယ် သတ်ဆင် တကိုယ်ကောင်း ဆံတယ် စသည်ဖြင့် ဝေဖန် မှုတွေ ပဲ့တင်ထပ် လာ တယ်။ ဒီမိုကရက်ပါတီ ကိုအားပေးတဲ့ သူတွေက သတ်ဆင်တော့ ပြီးသွားပြီ ၊ အာပီစစ် နိုင်သွားပြီ ဆိုပြီး လက်ခါး မောင်း ထခပ်နေကြလေရဲ့ ။

 

သတ်ဆင်က နိုင်ငံရေးဖျံ။ အသာလေး နောက်ဆုတ်သွားပြီး နောက်တကွက် အတွက် ဆင်ကြံ ကြံနေ တာ။ မခံချင် ဖြစ်နေတဲ့ ဆင်းရဲသား လူအများစု ခံစားစိတ်ကို မီးခဲပြာဖုံး အသာလေးနှပ်ထားပြီး အခွင့်အ ရေး ကို ပြန်စောင့်တာ။၂၀၀၆ သတ်ဆင်လက်ထဲက စစ်တပ်က အာဏါသိမ်းပြီးကတည်းက ကျင်းပခဲ့ တဲ့ ရွေးကောက်ပွဲမှန် သမျှ သတ်ဆင်တို့က နိုင်တာပဲ။ ဒါကြောင့် ရှပ်နီတွေ ဆန္ဒ ပြကြတော့ ရွေး ကောက်ပွဲ ကျင်းပပေးဆိုတဲ့တောင်းဆိုချက်ပါတာပေါ့။ ဆန္ဒပြလို့ မနိုင်ရင် ရွေးကောက်ပွဲ မှာအနိုင်ယူ မယ်ပေါ့ ။

 

သတ်ဆင်ရဲ့ အားသာချက်က သတ်ဆင်ကပုလိပ်။ ဒါကြောင့် အောက်သက်ကြေတယ်။ street smart. ဒါ့အပြင် အမေရိကန်နိုင်ငံ တက်စစ်ပြည်နယ်က ပါရဂူ PhD ဘွဲ့လည်းရလာတော့ ပညာတတ်။ နောက်မှ အစိုးရ ကွန်ပြူတာ ပရော်ချက်တွေဝင် လုရင်းပိုက်ဆံရှိလာပြီး ဆက်သွယ်ရေး Communications ကုမ္ပဏီနဲ့ ဘီလျံနယ်ဖြစ်လာပြီး မှနိုင်ငံရေးအာဏါကို ဝင်ဆွဲတာ။ အောက်သက်လည်း ကြေ တယ်၊ ပညာလည်းတတ်တယ်၊ ငွေလည်းရှာတတ်တယ်၊ နိုင်ငံရေး အာဏါလည်းရအောင် ယူနိုင်တယ်၊ ဆင်းရဲ သားတွေကိုလည်း တကယ် ကြည့်ရှုခဲ့တာ။ တကယ့်   နိုင်ငံရေးဖျံ အစစ်။ ပေါ့သေးသေး သွားတွက်၍ မရ။ ဗျူဟာ strategy ကိုလည်းကောင်းကောင်း နားလည်တယ်။

 

နိုင်ငံရေးမှာ ပညာတတ် သက်သက်ကလာရင် Idealistic စိတ်ကူးယဉ် ဆံသွားတတ်တယ်။ ဥပမာ အာပီစစ် ဟာလူတော်လူကောင်း တယောက်ပါပဲ။ ဒါပေမဲ့ သူက အင်္ဂလန်မှာ မွေး၊ အင်္ဂလန်မှာ ကြီးရတဲ့ မြို့  ကြီးသားစစ်စစ်။ ရွှေလင်ဘန်းနဲ့ အချင်းဆေးခဲ့ရသူ။ ဗမာပြည်မှာလို လူတိုင်းကို လူတန်း စားမှန် သွားအောင်၊ လူ့ဘဝအကြောင်းကို လက်တွေ့ သင်တန်းပေးမဲ့ ဦးနေဝင်းလို အာဏါရှင်မျိုးနဲ့ အင်းစိန် ထောင်ဆိုတာ မရှိ။ ဒီတော့ အာပီစစ်ခမြာ အပြောသာရှိသည် လက်တွေ့ ဆင်းရဲသားတွေ အကျိုးကို မဆောင်ရွက်နိုင်။ တဖက် ကလည်း ဘန်ကောက်အီလစ် တွေနဲ့ စစ်တပ် က ခါးကိုဓါးနဲ့ ထောက် ထားတယ်။ street smart ဂျလယ်ဘီ မှ တန်ရုံကျမှာ။ အားပြိုင်နေကြတဲ့ အုပ်စု factions တွေအ  ကြောင်း ကောင်းကောင်းသိရမယ်။ အာဏါအကြောင်းကောင်းကောင်းသိရမယ်။ တိုးတက် ပြီးသား ဒီမိုကရေစီ နိုင်ငံ က pluralist democracies တွေကိုအတုခိုးချင်လို့မရ။ Idealistic စိတ်ကူးယဉ် နေ လို့မရ။

 

ဘန်ကောက်အီလစ်နဲ့ စစ်တပ်ဟာ ရှပ်နီတွေ နဲ့သတ်ဆင်တို့ကို ညစ်တာ ကြည့်လို့မကောင်း။ အဆိုးဆုံး က လိုတဲ့ ဥပဒေ ရေးပြီး တရားရေးနဲ့ တရားသူကြီးတွေနဲ့ ကိုင်တာပဲ။ ဒါ အရေးကြီးတဲ့ တရားရေးကို ဖျက် စီး တာပဲ။ ပထမ သတ်ဆင်ပါတီက ထိပ်ပိုင်းခေါင်းဆောင် ၁၀၁ ယောက်ကို နိုင်ငံရေး (၅) နှစ် မလုပ်ရ တဲ့။ နောက်နိုင်တဲ့ ပါတီ ကအမတ် တွေကိုလည်း မဲညစ်တယ်ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင် က ပယ် တာာ တွေက မနဲ။

 

ထိုင်းစစ်တပ်နဲ့ ဗမာစစ်တပ် ကလည်း စစ်သားအချင်းချင်း အတိုင်းအတာတခုအထိ အဆက် အသွယ် ရှိကြတယ်။ ဒါကြောင့် အာပီစစ် အစိုးရ ဟာ ဗမာအတိုက်အခံ တွေကို အီးနံ့ပေးရုံကလွဲလို့ ဘာမှ မလုပ် ပေး ခဲ့ဖူး။ သူ့နိုင်ငံအကျိုး  ကိုမကျော်နိုင်။ နိုင်ငံတိုင်း နိုင်ငံတိုင်း ဟာ ကိုယ့်နိုင်ငံ အကျိုးကိုပဲ အရင် ကြည့်ကြ ရမှာပဲ။ NLD ကို ရွေးကောက်ပွဲ ဥပဒေ နဲ့ ကိုင်ပြီး ရွေးကောက် မဝင်နိုင်အောင် နအဖ ကကိုင်သွားတာ ဟာ ထိုင်း စစ်တပ်ကို အတုခိုးတာပဲ။ အကယ်တော့ အာပီစစ် ဟာလည်း အလှပြခံရတဲ့ အလှမယ်လေး တဦးပါပဲ။ အောက်စ်ဖေ့ါက် ကအောင်တော့ ပိုကြည့် ကောင်းတာပေါ့။

 

ဒီလောက် သတ်ဆင်တို့ အညစ်ခံနေရတာတောင် သတ်ဆင်တို့က မင်းတို့ညစ်တယ်။ ဒို့ ရွေးကောက်ပွဲ မဝင်ဖူးလို့ မငြင်း။ ရွေးကောက်ပွဲ တရားမဝင် အောင် မဝင်ကြနဲ့လို့ လိုက်တရားမဟောကြ ။ ရွေး ကောက် ပွဲဝင်သူတွေဟာ အလိုတော် ကြီးတွေဖြစ်တယ် ဆိုပြီး လိုက် ရန်မရှာ။ အပြစ်မတင်ကြ။ ထိုင်း တွေ ကံကောင်းတာက ထိုင်းမှာ (မဆလ) စိတ်ဓါတ်နဲ့ (ရန်-ငါ-စည်း) ဆိုတာ က မဖုံးလွှမ်းထား။ တနှစ် နီးပါးလောက် အောက်ခြေနဲ့ ကိုယ်လူတွေကို ကိုယ် နို်င်အောင် ကြိပ်စည်းရုံးထားတယ်။ တဖက်ကကြည့် ရင် ရှပ်နီတွေ ရှုံးသွားလို့ ငြိမ်သွားတဲ့ ပုံစံ နေပြခဲ့ကြတယ်။

 

ဟော …. ရွေးကောက်ပွဲ ကြေငြာ တော့မှ သတ်ဆင် က သူ့ညီမ ကို ပွဲထုတ်လာတယ်။ စားဖားနိုင်ငံရေး လောကမှာ မျက်နှာသစ် က ခေတ်စကားနဲ့ပြောရရင် (လန်း) တာပေါ့။ နောက် သူမ က အရွယ်ကောင်း ၄ဝ ကျော်ရုံလေး။ အမေရိကားက ဘွဲ့လွန်ရတားသူ။ အောင်မြင်တဲ့ စီးပွာရေးသမား။ မျက်စိလည်းယဉ် တယ်။ ပိုအဆင်ချော သွားတာက သတ်ဆင့် ညီမက လူတွေနဲ့ နှုတ်ဆက် ရောနှောရတာ သူ့အတွက် သဘာဝ သဘော ဆောင်တယ်။ လူထုကို ဆွဲဆောင်မှုရှိတယ်။ လူထုကလည်း လက်ခံတယ်။ charisma ရှိတယ်။ အာပီစစ်က လူထု နဲ့ထိတွေ့တဲ့အခါ သဘာဝ သဘော မဆောင်ဖုူး အထာမကျတာ သိသာ တယ်။ charisma မရှိ။ ဆီ နဲ့ ရေ လို အီတင် (Eaton) ကျောင်းသား ရေပေါ်စီ က ဆင်းရဲသား ကြားမှာ အထိုင် မကျ ဘောလော ကြီးပေါ်နေတယ်။

 

ပိုလှတဲ့ ဗျူဟာ အကွက်က သတ်ဆင့်ညီမ ရင်လပ်က ပထမဦးဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်။ ဒီလို အားနွဲ့တဲ့ အမျိုးသမီးကို စစ်ဗိုလ်ချုပ် ကြီးတွေက မတရား အနိုင်ကျင့်လို့ က ဝိုင်းအော်လိုက်ကြ မဲ့ဖြစ် ခြင်း။ ညီမကလည်း နုံအအ မဟုတ်။ အရည်အချင်း ရှိတာ နဲနဲပြ နိုင်ရင် အရှေ့နဲ့အနောက် ယိမ်းလှလှ က ပြလို့ ရချည်ရဲ့  ။ ပူထိုင်း ပါတီက နိုင်တာနဲ့ ချက်ချင်းကျန်တဲ့ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီးပြီ။ ငါတို့မှာ အုပ် ချုပ် ဖို့ မဲရှိတယ်ဆိုတာ ကို စစ်တပ်ကိုပြလိုက်တာ။ နောက် သတ်ဆင်ကိုပြန်ခေါ်ဖို့ လွပ်ငြိမ်း ချမ်းသာ ခွင့် ပြုမှာ သတ်ဆင်ပြန်လာမှာကို ကြောက်နေတဲ့သူတွေကို စိတ်ငြိမ်ဆေးကျွေးတဲ့ အနေနဲ့ သတ်ဆင်ကို တိုင်းပြည်ကို ကိုယ်စားပြုမဲ့ Trade ကိုယ်စလှယ် အဖြစ် ခန့်မယ်လို့ မျက်စပြစ်လိုက်တယ်။ သတ်ဆင် ကလည်း (ငါ) ရှိတယ် ဆိုတာကို ဟန်ဆောင်မနေဖူး။ Thatsin Thinks, Pheu Thai acts ဆိုပြီးဗြောင် ကြေငြာထားတယ်။

 

သတ်ဆင် က Proxy သုံးပြီး အုပ်ချုပ်မှာပဲ။

 

အခုပဲ ၂၀၀၆ အာဏါသိမ်းခဲ့တဲ့ လူတွေက သတ်ဆင်တို့နဲ့ ညှိနေရပြီ။ ဘာကြောင့်လဲ? လုူအများစု ရဲ့  ဆန္ဒ ကို ခဏခဏ အာဏါသုံးပြီး ဖျက်ရင် ကြည့်မကောင်း။

 

သတ်ဆင်တွင် မက တိန်လျောက်ပိန် ဟာလည်း ငါးခြင်းဆီနဲ့ ငါးခြင်းပြန် ကျော်သွားတာပဲ။ အရင်းရှင် အမေရိကန် ကို အရင်းရှင် နည်းနဲ့ပဲ အနိုင်ယူသွားတာ။ အတုယူစရာ တွေပါ။

 

အစိုးရ မဖွဲ့ ရသေးဖူး ဆင်းရဲသားတွေအတွက် minmum wage တိုးပေးတော့မယ်။ ကျန် ပရိုဂန် တွေလည်း တန်းစီထားပြီးပြီ။ ဒါ ဆင်းရဲသားတွေကို (မျှော်လင့်ချက်) ပေးတာ။ ကျေးဇူးစပ်တာ။

 

နိုင်ငံရေး ဆိုတာ (အကွက်) ရှိရမယ်။ (ဗျူဟာ) ရှိရမယ်။ (လျှင်) ရမယ်။ (ဆုံးဖြတ်) ရဲရမယ်။ (ရင်ဆိုင်) ရဲရမယ်။ (အင်အား) ရှိရမယ်။ (ထောက်ခံမှု) ရှိရမယ်။ နိုင်ငံရေး ဆိုတာ လမ်းဖြောင်ထည့်ထည့် မဟုတ် ဖူး။

 

ကျနော်တို့ ဗမာတွေကတော့ ခေါင်းဆောင် က အကြမ်းမဖက် စေ့စပ်ရေး သမား။ Evolution သမား။

လက်ဝဲ အစွဲက ရန်-ငါ-စည်း ၊ ဖြုတ်-ထုတ်-သတ်။ Revolution သမားတွေ။ ဆရာကြီးတွေက လက်ဝဲ သူငယ်နာ မစင်ကြသေး။ အဖွဲ့အစည်း ၊ ဖွဲ့စီးမှု ၊ logistic ၊ အုပ်ချုပ်ရေး ဆိုတာတွေ ကိုစိတ်ဝင်စား ကြပုံ မပေါ် ။ နားလည်ပုံ မရ။ လက်ဝဲ အရည်းကြီး တွေသင်ကြားချက် အတိုင်း လက်မောင်းတန်းပြီး ရဲရဲနီ ခြင်တာကကျော်ပြီး (မြင်) နိုင်ပုံ မရသေး။  အနှစ် (၂၀) ကျော် လူထုခေါင်ဆောင်း ဘေးမှာ မရှိရင် ဘာမှ မလုပ်တတ်ကြတော့။ အားလုံးကို မဆိုလိုပါ။ သို့သော် လက်ဝဲ အရည်းကြီးတွေ စကား နားယဉ် နေသူ တွေ က အများသား။

 

တချိန် က ကျနော်တို့ ဗမာနိုင်ငံ က ထိုင်းတွေ ရဲ့  အရှေ့  မှာ

ခုတော့ ကျနော် တို့ က နောက်မှာ ။

 

အသေအခြာ စဉ်းစားကြည့်ရင် ထိုင်းတွေစီက အတုယူ စရာတွေအများကြီး

 

အစိုးရ က ရှေ့  ရောက် ကျိကျိတက် ချမ်းသာ နေကြပြီး

လူအများစုက နောက်မှာ ကျန်ခဲ့ပြီး ဆင်းရမွဲတေ ပြီး ဆင်းရဲဝဋ်က မထွက်နိုင်ရင်

ဗမာရှပ်နီ တွေပေါ်လာမှပဲ။

 

(၂၁) ရာစု နှစ်မှာ လက်ဝဲမှ နီမှ ဆင်းရဲသား တွေဖက် က (ရပ်) တာ မဟုတ်တော့

မျိုးချစ် စိတ်ရှိသူ တွေလည်း (အများ) အကျိုးကို ကြည့်ကြတာပဲ။

တိုင်းပြည်နဲ့ လူမျိုးကို (ချစ်) ရင် (လူအများ) (အကျိုး) ကိုကြည့်  ရမယ်

(လူအများ) ဟာ (ဆင်းရဲသား) တွေဖြစ်တာကြောင့် (ဆင်းရဲသား) တွေ (အကျိုး) ကိုကြည့်ရမယ်

ဒါ new nationalism to replace communism ပဲ ။ ရိုးရိုးလေး ရှင်းရှင်းလေး

ဒါ ဗိုလ်ချုပ် အောင်ဆန်း လမ်းစဉ်ပဲ။

(လူတန်းစား) မညှိ ၊ (utopia) မရှိ ၊ (ဘုံနိဗ္ဗန်) မလို

နိုင်ငံသားတိုင်း ဗမာ တိုင်းရင်းသားမခွဲ အားလုံးဟာ ဒို့နိုင်ငံသား ဒို့ချစ်ရမယ်။

 

ဝါဒ ကျမ်းတွေ မလို တိုင်းပြည် နဲ့ လူမျိုး ကို ချစ်ဖို့ပဲ လိုသည်။

တိုင်းပြည် ကို ချစ်ရင် လိုက်ခဲ့ကြ

ဒို့ ခေါင်းဆောင် ကို ဝိုင်းပန့်ပိုးကြ

ပန့်ပိုး နိုင်အောင် capacity နဲ့ (အသိ) ရှိအောင် ကြိုးစားထားကြ

တတ်နိုင်တဲ့ ဖက် က တိုင်းပြည် တိုးတက်အောင် ကြိုးစားကြ

 

ရေမြင့်မှ .. ကြာတင့်တာပါ။

ပဒုမ္မာကြာ ကြီး တကိုယ်တည်း ဖွက်ထဲ နစ် နေတာ ကြည့်မကောင်းပါ။

လူတိုင်း တတ်နိုင်သလေက် ရေဖြည့်ရမဲ့ အစား လူအများက ဘာမှမလှုပ် လက်အုပ်ချီပြီး ထိုင်ကန်တော့  နေကြရင် ဘယ်မှာလာ ရေပြည့်တော့မှာလဲ။မာတယ်ကွ ထောင့်ထား ဆိုတဲ့ နှစ်ပြားတပဲ swiss cheese ဦးဏှောက်နဲ့ ဖါးအော်သံ တွေပဲ ညံနေကြ တယ်လေ။

 

နောက်ဆုံးတော့ ထိုင်းတွေက (အင်အား) ကို (Capitalize) လုပ်နိုင်တယ်။ လုပ်တတ်တယ်။

ကိုယ်ရွှေ ဗမာတွေက (အင်အား) ကို (Capitalize) မလုပ် နိုင်ကြ။

 

ဘာကြောင့် … ဆိုတာကို..စဉ်းစားဖို့ ..ကောင်းပြီထင်တယ်။

 

လေစားလေရော် ၊ လေထဲတိုက်အိမ်ဆောက် ၊ မာတယ်ကွ အော်ကြရင်း

လေတော်လှန်ရေး နဲ့ တိုင်းပြည် တိုးတက်လာမှာမဟုတ်

တပ်နီ လူငယ် တွေကို အားကျ နေမဲ့ အစား ရှပ်နီ တွေကို တချက်လေ့လာကြည့်ကြပါ။

 

အနီချင်း တူပေမဲ့ စိတ်ဓါတ် နဲ့ (ရလဒ်) ကွာတယ်နော်။

 

အစိုးရ ဆိုတာကလည်း အများအတွက် အကျိုး မဆောင်နိုင်ရင် တွန်းလှန်မှု နဲ့ရင်ဆိုင်ရစမြဲ။

 

အားလုံး မျိုးချစ် စိတ်နဲ့ တိုင်းပြည် တိုးတက် အောင် ဆောင်ရွက် နိုင်ကြပါစေ။

 

ဘိုဘိုကျော်ငြိမ်း

ချင်းမိုင်

17 comments

  • manawphyulay

    July 10, 2011 at 3:15 pm

    ဖတ်ပြီးတော့ ဘယ်လို ကောက်ချက်ရမလဲ စဉ်းစားမိတယ်။ ဉာဏ်က လိုက်မမီသလိုဖြစ်နေတယ်…. အင်းပေါ့လေ… သူ့နေရာနဲ့သူပေါ့……. သင်ခန်းစာယူဖို့ဆိုတာကလည်း ဒီသင်ခန်းစာကို ဘယ်သူ့သွားရှင်းပြရမှန်းမသိ….. ဒီတော့ သင်ခန်းစာပဲ ဖတ်မှတ်သိမ်းဆည်းသွားပါတော့တယ်….

  • zaw min

    July 10, 2011 at 4:06 pm

    ကျေးဇူးပါပဲကိုခိုင်…ဦးဘိုဘိုကျော်ငြိမ်းရဲ့ ရေးသားချက်နဲ့ သဘောထားက ရှင်းလင်းပီးနက်ရိူင်းလှပါတယ်။။။အဲဒီတော့ နိုင်ငံသားတိုင်း လေတော်လှန်ရေးတွေကို ရပ်သင့်နေပါပီ၊ငါတို့ မပါဘူးဆိုပီးဘေးထွတ်ထိုင်နေလို့ကတော့ အရူံးထဲအရူံးပဲဖြစ်နေမှာပါပဲ။

    • pan pan

      July 11, 2011 at 9:25 am

      လေတော်လှန်ရေးဆိုတာ ဘေးထိုင် ဘုပြောနေတဲ့လူတွေလား…..???

  • Big Defender

    July 10, 2011 at 9:10 pm

    ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 10, 2011 at 9:18 pm

    ထုံးစံအတိုင်း NLD က ရွေးကောက်ပွဲမဝင်တာ မှားတယ်
    ရွေးကောက်ပွဲကို ထောက်ခံတယ် ဆိုပြီးတော့
    ဒီအကြောင်းကို အထူးတင်ပြခြင်တာလား သဂျီးမင်း
    ………………………………………………………
    ( ဒီလောက် သတ်ဆင်တို့ အညစ်ခံနေရတာတောင် သတ်ဆင်တို့က မင်းတို့ညစ်တယ်။ ဒို့ ရွေးကောက်ပွဲ မဝင်ဖူးလို့ မငြင်း။ ရွေးကောက်ပွဲ တရားမဝင် အောင် မဝင်ကြနဲ့လို့ လိုက်တရားမဟောကြ ။ ရွေး ကောက် ပွဲဝင်သူတွေဟာ အလိုတော် ကြီးတွေဖြစ်တယ် ဆိုပြီး လိုက် ရန်မရှာ။ အပြစ်မတင်ကြ။ ထိုင်း တွေ ကံကောင်းတာက ထိုင်းမှာ (မဆလ) စိတ်ဓါတ်နဲ့ (ရန်-ငါ-စည်း) ဆိုတာ က မဖုံးလွှမ်းထား။ တနှစ် နီးပါးလောက် အောက်ခြေနဲ့ ကိုယ်လူတွေကို ကိုယ် နို်င်အောင် ကြိပ်စည်းရုံးထားတယ်။ တဖက်ကကြည့် ရင် ရှပ်နီတွေ ရှုံးသွားလို့ ငြိမ်သွားတဲ့ ပုံစံ နေပြခဲ့ကြတယ်။ )
    ………………………………
    သတင်းတွေအရ
    ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲရလဒ်တွေဟာ
    အစိုးရက တရားဝင်မကြေငြာခင်မှာဘဲ
    ပြည်သူတွေထည်းကို ရောက်ရှိနေပြီဆိုတဲ့
    အတိုင်းတာတစ်ခုထိရှိတဲ့ သတင်းလွပ်လပ်ခွင့်
    အဖွဲ့အစည်းအစုံက စောင့်ကြည့်လို့ရတဲ့ရွေးကောက်ပွဲ
    ဖြစ်တယ်ဆိုတာ ခွေးတောင်းသိတယ်ဆိုတဲ့
    သိပ်အရေးမကြီးတဲ့အကြောင်းကလေးကို စာရေးဆရာကြီးက ရေးဘို့များကျန်နေတာလား
    သဂျီးမင်းကများ အစ်ဒစ် လုပ်လိုက်သလားဆိုတာ
    အမိန့်ရှိတော်မူပါ သဂျားမင်းခည 🙁 🙁 🙁

  • shwe ni

    July 10, 2011 at 9:34 pm

    ဘိုဘိုကျောက်ငြိမ်း ရေးတာလား ၊ အင်း ………..

  • Ko Ko Aung

    July 10, 2011 at 11:52 pm

    ဖတ်လို့ကောင်းပါတယ်။
    ဒီအယူအဆမျိုး လူကြိုက်များဘို့တော့ အချိန်လိုဦးမယ်ထင်ပါတယ်။
    အဲဒါရဲ့ အကြောင်းရင်းတွေထဲက တချို့ကတော့
    မြန်မာပြည်မှာ စစ်တပ်က အလွန်လူမုန်းများအောင် နေထိုင်ကျင့်ကြံခဲ့တာကြောင့်ရယ် ၊
    အလွန်အချိန်ကြာညောင်းအောင် စီးပိုး ဖိနှိပ်အုပ်ချုပ်ခဲ့တာကြောင့်ရယ် လို့ ပြောချင်ပါတယ်။
    ဒီတော့ လူများစုအဖို့မှာ စစ်တပ်ကို တင်းတင်းမာမာ ဗြောင် ဆန့်ကျင်ဖို့ပဲ လိုလားကြတာများပါတယ်။
    ပြီးတော့ ဦးနေဝင်းနဲ့ မဆလ က နိုင်ငံရေးသမားတွေကို အကုန်ရှင်းလိုက်လို့ ကျွန်တော်တို့ခေတ်မှာ ဦးဘိုဘိုကျော်ငြိမ်းပြောတဲ့ လက်ဝဲဆရာကြီးများမှအပ အခြား ဘယ်ဆရာကြီးများမှလဲ ရွေးစရာမရှိခဲ့ပါဘူး။
    ထပ်လဲ မပေါ်ပေါက်ပါဘူး။ လူတိုင်းလဲ တတ်တိုင်း သိတိုင်း ဝင်ပြောလို့ ရနိုင်တာမျိုးမဟုတ်ပါဘူး။
    ဆိုရိုးစကားတခုရှိပါတယ်။ ပုဂ္ဂိုလ် ခင်မှ တရား မင် …တဲ့။
    တရား မင် လောက်တဲ့ ပုဂ္ဂိုလ် တဦးဦး ပေါ်ပေါက်ဘို့ ကျွန်တော်မျှော်လင့်မိပါတယ်။

  • windtalker

    July 11, 2011 at 12:25 am

    သူကြီးရေးတဲ့ ပို ့စ်ကို ဖတ်ပြီး ကိုယ်မသိတဲ့ အကြောင်းအရာတွေ ကို သိလိုက်ရပါတယ် ။ အရမ်းကျေးဇူးတင်ပါတယ် ။
    သူကြီးဟာ mandalay gazette ကို အုပ်ချုပ်နေသူ ပါ
    ကျွန်တော် က တော့ စာလုံးပေါင်း မကျွမ်းသူ စာရေးဆင်းရဲသူ တစ်ယောက်ပါ
    ခါတိုင်း စာလုံးပေါင်း စစ်ဆေးရန် ဆိုတဲ့ လင့်ခ် လေး ပါပေမယ့် မတွေ ့ရတာ တော်တော်ကြာပါပြီ ။
    ဒီအတွက်လည်း ပို ့စ်တင်ရင် ကိုယ်ထင်သလို မှန်း ရိုက် တင်နေရပါတယ်
    စာလုံးပေါင်း တွေ မှားနေမှန်းလည်း သိပါတယ် သို ့သော် အမှန်ကို စစ်စရာ ဆိုက်ဒ် မရှိတော့ ပါသဖြင့်
    ကျွန်တော့်လို စာလုံးပေါင်း စစ်လိုသူ စာလုံးပေါင်းဆင်းရဲသူများ အတွက်
    စာလုံးပေါင်း စစ်စရာလေး ကူညီ ပေးပါဦးလို ့ တောင်းဆိုလိုက်ပါရစေ ခင်ဗျာ ။

  • ကြောင်ကြီး

    July 11, 2011 at 12:37 am

    ရေးသူနာမည် မကြည့်ဘဲ စာဖတ်ရင်းနဲ့ ဘယ်သူ့အာဘော်ဆိုတာ သိလိုက်တယ်။ ဆရာဘိုဘိုကျော်ငြိမ်းက လက်ဝဲဝါဒ အတော်မုန်းပုံရတယ်၊ ခံစားချက်ကြောင့် တဖက်စွန်းရောက်နေပြီထင်တယ် (စိတ်မဆိုးနဲ့နော်၊ ဆရာလိုပဲ ကျနော် ပြန်ဝေဖန်တာပါ)။ လက်ဝဲကွန်မြူနစ် ဆိုးတာလူတိုင်းသိတယ်၊ ဒါပေမဲ့ ဆရာပြောသလို အခြေအနေမှန်ကို မျက်ကွယ်မပြုကြေးဆို ဘာလို့ သူတို့ကို တိုက်ခိုက်နေရတာလဲ။ သူတို့ခေတ် မရှိတော့ပါဘူး။ သူတို့ဆရာ တရုတ်ကြီးကြောင့် အနာဂတ်မှာ ဒီမိုကရေစီရတောင် တရုတ်အမှီပြု လက်ဝဲဝါဒီတွေ နာလန်ထူနိုင်မှာ မဟုတ်တော့ပါဘူး။ ဥရောပစတိုင် ဆိုရှယ်ဒီမိုကရက်များ အစားဝင်လာနိုင်ပါတယ်။ ဒီတော့ သိပ်မကြောက်ပါနဲ့၊ သိပ်မခြောက်ပါနဲ့။ တခုတော့ရှိတယ်၊ ကိုယ်ညံ့လွန်းရင်တော့ ခံပေါ့လေ။ လူထုနဲ့ မကင်းကွာအောင် ကြိုးစားပေါ့။

    စာပါအကြောင်းအရာဖက် ပြန်လှည့်ရင် ဗဟုသုတတိုးပွားစေတဲ့ စာဖြစ်လို့ အထူးကျေးဇူးတင်ပါတယ်။ ဆရာ့လိုလူမျိုးကရေးတော့ ပိုကောင်းပါတယ်။ ဆင်သွားတော့ လမ်းဖြစ်တာပေါ့နော်။ ကိုယ်ကြိုက်တာ ဖယ်ပြီး သဘောမတူတာကို ပြောရရင် ထိုင်းနိုင်ငံစစ်တပ်က လိမ္မာပါးနပ်တယ်လို့ ဆရာကိုယ်တိုင် ဝန်ခံထားပါတယ်။ မြန်မာစစ်တပ်ကရော အတူတူပဲလား။ ထိုင်းစစ်တပ်က မြန်မာစစ်တပ်လိုပဲ အာဏာတခုထဲအတွက် အရာရာအားလုံးကို စတေးပစ်မယ်ဆိုရင် ရှပ်နီတွေ ခေါင်းထောင်နိုင်ပါ့မလား။ မထင်ပါဘူး၊ အတိုက်အခံပြုသူမှန်သမျှ တိုင်းပြည်နဲ့အတူ ရေစုံမျောရမှာပါ။ မြန်မာနိုင်ငံမှာ ထိုင်းတွေရသလောက် လွတ်လပ်ခွင့်ရဲ့ တဝက်လောက်ပဲရကြည့် မြန်မာ့နိုင်ငံရေး ပြေလည်ဖို့ လမ်းစဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ဗိုလ်တွေမှာ နိုင်ငံရေးအရ စွန့်စားရဲတဲ့ သတ္တိမရှိဘူး၊ စွမ်းရည် မရှိဘူး၊ ဒီတော့ သေချာပေါက်နိုင်မဲ့ လမ်းကိုရွေးပါတယ်။ ဒါကို ဖြစ်လေမလားဆိုပြီး ဆင့်အဝှာမျှော်သလို မျှော်ပြတဲ့သူများကြတော့ရာ လက်ရှိဘာရပါသလဲ။ သိက္ခာရှိရှိ ဝန်ခံတတ်ဖို့ လိုပါတယ်။ အခုတော့ ကိုယ်မှားခဲ့တာကို ပြင်ဖို့မကြိုးစားဘဲ၊ မထူးဇာတ်ခင်းနေတာတွေ့ရတော့ စိတ်အတော်ပျက်မိတယ်။

    နောက်တချက် အတိုက်အခံမှာ စနစ်တကျဖွဲ့စည်းမှု ပြင်ဆင်မှု မရှိဘူးဆိုတာ ငြင်းမရတဲ့အချက်ပါ။ အားလုံးလဲတတ်နိုင်သလောက် လုပ်ကြပါတယ်။ လုပ်ရင်းကွဲတာတော့ လူမျိုးအကျင့်စရိုက် သို့မဟုတ် ကံကြမ္မာလို့ ပြောပါရစေ။ အဲဒီတွေ့ရှိချက်အပေါ်အခြေခံပြီး ကိုယ်နဲ့ကိုက်မဲ့လမ်းကြောင်းနဲ့ စည်းရုံး ပြင်ဆင်တာ လက်တွေ့အကျဆုံးဖြစ်ပါမယ်။ ဆရာကိုယ်တိုင် စာတွေ့လက်တွေ့ အတွေ့အကြုံများစွာရှိထားတာမို့ ပြည်ပအင်အားစုတွေ၊ မျိုးဆက်သစ်များကိုပဲ ရှေးဦးစွာ ဦးဆောင်ပြပေးပါ။ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ဖြစ်ရင် ပိုကောင်းပါတယ်။ သူလိုခေါင်းဆောင်မျိုး ဆယ်ယောက်ရှိရင် အတိုင်းထက်အလွန်ပါ။
    အန်အယ်ဒီကို ဝေဖန်သူအများစုက ပြီးခဲ့တဲ့အချက်အလက်တွေကို နောက်ကြောင်းပြန်ကောက်၊ ဖြစ်သွားမှ အဲဒါကြောင့်ဒီလိုဖြစ်တာဆိုတဲ့ အကယ်ဒမစ်ဆန်ဆန် ကောက်ချက်ချမှုများပါတယ်။ အချက်အလက်ကို သုံးသပ်တာထက် ပိုပြီး အထင်အမြင်ယူဆချက်ကို ထည့်သွင်းတာမျိုးဖြစ်သွားရင်တော့ ရုန်းကန်နေတဲ့ ကာလမှာ တာဝန်မဲ့ရာကျပါတယ်။ ကိုယ့်ကိုယ်ကို ပညာရှင်အဖြစ် နေရာယူပြီး ဓမ္မဓိဌာန်ကျကျ ပြောတာပါဆိုရင် နှစ်ဖက်စလုံးကို သုံးသပ်ဝေဖန်ပြပါ။ တဖက်ကို အသုံးမကျလို့ ပြောရဲရင် ပြောတတ်ရင် အခြားဖက်ကိုပြန်ကြည့် သုံးသပ်ပြပါ။ အန်အယ်ဒီ မှားသွားလို့ ဒီမိုကရေစီ လမ်းကြောင်းပိတ်သွားတာဆိုရင် ရွေးဂေါက်ပွဲဝင် လျက်ဆားနိုင်ငံရေးသမားတွေကြောင့် ဘာတိုးတက်မှု ရခဲ့ပါသလဲ၊ အစိုးမရသစ် သက်တမ်း ရက်၁၀ဝ ပြည့်တော့မယ်။ တိုးတက်မှုကြီးကြီးမားမား တခုခုပြောပြပေးပါ။ ဒါမှ နှစ်ဖက်အမြင်သဘောထားကို ယှဉ်ကြည့်လို့ရပါမယ်။ နို့မို့ရင် စစ်အစိုးရလို လမ်းဖေါက်တံတားဆောက်တာတွေပဲပြပြီး သူများနိုင်ငံဘယ်လောက်တိုးတက်တယ်၊ ဘယ်ကဏ္ဍတွေမှာ ပိုမိုနိမ့်ကျသွားတယ်၊ မှားယွင်းပျက်စီးနေတယ်ဆိုတာ မျက်ကွယ်ပြုထားသလို ဖြစ်ပါမယ်။

    နောက်ဆုံးအနေနဲ့ ဒေါ်စုက Asia affair committee chairman ဒီမိုကရက် လွှတ်တော်အမတ်ဟောင်း (နာမည်မေ့နေတယ်) ကိုပြောတာ မှတ်မိတယ်။ သူ့ကို idealism ကျလွန်းတယ်ဆိုတဲ့ ဝေဖန်မှုများကို “ကျမတို့က တကယ်လက်တွေ့ လုပ်နေသူတွေပါ” ဆိုတဲ့စကားတုံ့ပြန်ချက်ပါ။

    ဆရာရေးတဲ့စာတွေကို သဘောမတူတာတွေရှိပေမဲ့လည်း ကြိုက်နှစ်သက်လို့ မလွတ်တမ်း ဖတ်ပါတယ်။

  • kai

    July 11, 2011 at 2:08 am

    သူတို့တွေဘယ်လို စာပြန်ကြလည်း..။?
    အဲဒီလိုခေါင်းစဉ်ပေးပြီး.. မေးလ်ဂရုမှာ ဆိုင်ရာသူတွေစာပြန်ကြတာကိုပါ..ကူးတင်ပေးလိုက်ပါတယ်..။
    ဆိုင်ရာသူများရဲ့အာဘော်သာဖြစ်ပြီး ကျုပ်က သတင်းကိုသယ်ဆောင်ပြန်ရေးပေးသူပါ..။
    စာပိုင်ရှင်တွေကို ခွင့်ပြုချက်မတောင်းထားပါ(သော်လည်း) နို်င်ငံ့အရေးလုပ်နေသူများဖြစ်တာမို ့ မီဒီယာက ဒီလိုလုပ်ပေးတာ ခွင့်ပြုမယ်လို့ထင်ပါကြောင်း..။
    ===================================

    Sat, Jul 9, 2011 at 8:20 PM
    အမြင်တွေက တစ်ထပ်တည်း မကျနိုင်ပါဘူး။ ကိုဘိုဘိုကျော်ငြိမ်းစာမှာ သဘောကျစရာတွေ အများကြီး ဖတ်ရသလို ပြသနာကို မြင်ပုံ ချဉ်းကပ်ပုံ ကွာတာတွေလည်း သဘာဝကျစွာ ရှိပါတယ်။

    အရေးကြီးမယ်ထင်တာလောက်ကို ရွေးဆွေးနွေးချင်ပါတယ်။

    ကိုဘိုဘိုကျော်ငြိမ်းက “ကျနော်တို့ ဗမာတွေကတော့ ခေါင်းဆောင်က အကြမ်းမဖက် စေ့စပ်ရေး သမား။ Evolution သမား။ လက်ဝဲ အစွဲက ရန်-ငါ-စည်း ၊ ဖြုတ်-ထုတ်-သတ်။ Revolution သမားတွေ။” ဆိုပါတယ်။

    အကြမ်းမဖက်လမ်းစဉ် ကိုင်စွဲရခြင်းကို ဒေါ်စုက ခိုင်လုံသော အကြောင်းပြချက်တွေနှင့် မကြာခဏ ဆွေးနွေးပြခဲ့ပါတယ်။ လိုအပ်ရင် လုပ်ရဲတာကို သူရဲဘောကြောင်သူအဖြစ်ထက် ပိုလိုလားတယ်လို့လည်း မကြာသေးခင်က ရှင်းရှင်းလင်းလင်း ဆိုခဲ့ပြီးဖြစ်ပါတယ်။ မိမိလိုသလို အဓိပ္ပါယ်ဖွင့်နိုင်ကြပါတယ်။

    မည်သို့ပင်ဆိုစေ ဒေါ်စုကို စေ့စပ်ရေးသမားလို့ အမည်တပ်တာကိုတော့ သဘောမတူပါဘူး။ စေ့စပ်ရေးသမားဆိုတဲ့ ဗမာစကားလုံးက အဓိပ္ပါယ် အလွန်ရှင်းပါတယ်။ စစ်တပ်က စေ့စပ်ရေးသမားတွေကို မဝေးတော့သော အတိတ်က ကေအင်ယူနှင့် ဆွေးနွေးရာမှာ အသုံးပြုခဲ့သလို အခုကေအိုင်အေ ကိစ္စမှာလည်း အသုံးပြုနေပါတယ်။ စေ့စပ်ရေးသမားရဲ့ အလုပ်နှင့် နိုင်ငံ့ခေါင်းဆောင်၊ ပါတီခေါင်းဆောင်အလုပ်က အင်မတန်မှ ကွာခြားလှပါတယ်။ ဒေါ်စုကို အနည်းဆုံးအားဖြင့် အင်အားအကောင်းဆုံး အတိုက်အခံနိုင်ငံရေးခေါင်းဆောင်လို့ အမည်မတပ်ဘဲ စေ့စပ်ရေးသမားလို့ အမည်တပ်ရင် mischaracterization ဖြစ်သွားမယ်ထင်ပါတယ်။ ဒိုင်ယာလော့ကို တောင်းဆိုတာနဲ့ စေ့စပ်ရေးသမား ဖြစ်သွားလို့ မရပါဘူး။ ဒိုင်ယာလော့ဖြစ်အောင် ကြိုးစားနေတဲ့ ယူအင်ကိုတော့ စေ့စပ်ရေးသမားလို့ ခေါ်နိုင်ပါတယ်။

    နောက်တစ်ခုက Revolutionပါ။ တော်လှန်ရေးဆိုတိုင်း အကြမ်းဖက်ခြင်း မဟုတ်ပါဘူး။ ဒါကတော့ ကိုဘိုဘိုကျော်ငြိမ်းလည်း သိပြီးသားပါ။ တခါတလေ ကျနော်တို့လည်း ပြောရင်း လျှာချော်သွားသလို ရေးရင်း ကလောင်ချော်သွားတတ်တာမို့ နားလည်ပေးနိုင်ပါတယ်။

    အောင်တင်
    =========================================
    Sun, Jul 10, 2011 at 12:24 AM
    ဘိုဘို ပြောပြချက် တွေးခေါ်ချက်က မှန်သလောက်မှန်သလို ကိုအောင်တင် ပြောတာလည်း တချို့မှန်ပါတယ်။
    တကယ်တော့ သူ့အမြင် သူ့ ရှုတောင့်က အပြုသဘော ပါတိုင်း မှန်ပါတယ်။
    ထိုင်းနိုင်ငံရေးနှင့် မြန်မာ နိုင်ငံရေးက ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေက ကွဲပြားပါတယ် ဒီမိုကရေစီ အနေအထားကလည်း တခြားစီပါ။
    ထိုင်းနိုင်ငံမှာက ခရစ်သက္ကရာဇ် ၁၉၃၂-ခု နှစ် ဒုတိယ ကမ္ဘာစစ်မဖြစ်မှီ သာသနာသက္ကရာဇ် ၂၄၇၅-ခု နှစ်မှာ ရတန ကိုးစင်-ခေါ်
    ကြက္ကရီ ဘုရင် နံ့ပါတ် (၇) မြောက် ဖရ ပုတ်ကောက် မင်းတရားအား ထိုင်းတပ်မတော် ဗိုလ်ချုပ်ကြီး -ဖရားဟွန်ဖယုဟစေနာ။ ရေတပ်ဗိုလ်ချု့ပ်ကြီးချွန်းဖွန်း-ပေါ ဖိဘွန်စုံခရမ်း။ အရပ်သား နိုင်းပရဒီ ဖနွန်ရုံး (ထိုင်းပထမ ဝန်ကြီးချုပ်) စုပေါင်းပြီး
    မြေရှင် ပဒေသရာဇ်စံနစ်အား အာဏာသိမ်းပြီး တိုင်းပြုပြည်ပြု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်ကို ဒီမိုကရေစီ လွှတ်တော်အဖြစ်
    ပြုပြင်ပြောင်းလဲ ခဲ့ပါတယ်။ ဘုရင်အုပ်ချုပ်ရေးစံနစ်မှ ဒီမိုကရေစီ စံနစ်ကို ပြောင်းခဲ့ပါတယ်။ ထိုင်းစစ်တပ်က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တယ်။
    မြန်မာ့နိိုင်ငံက ဗမာစစ်တပ်က ၁၉၆၂-ခုနှစ် လွတ်လပ်ရေးရပြီး -၁၄-နှစ်အတွင်း ဒီမိုကရေစီနိုင်ငံကို ဖျက်ပြစ်ပြီး စစ်အာဏာ ရှင်စံနစ်ကို
    ဖန်တည်းခဲ့ တယ် -အပြောကတော့ ဆိုရှယ်လစ် စံနစ် နှင့် တိုင်းပြည်ကို အုပ်ချုပ်ဖို့ဖြစ်တယ်။
    လာပုံလာနည်း လုပ်ပုံ လုပ်နည်းတွေ မတူကြဖူးနော်။ ဒါပေမဲ့ စစ်အာဏာရှင်ကတော့ လက်နက်နဲ့ အာဏာ လုတာခြင်းတော့ အတူတူပါဘဲ။
    နိုင်ငံရေးသဘောနှင့် တော်လှန်ရေးသဘော။
    အမျိုးသား အယူအဆကတော့ ကွာခြားကြပါတယ်။ ထိုင်းမှာက ယဉ်ကျေးမှု ဓလေ့ထုံးစံကတော့ တိုင်းပြည်နှင့် အမျိုးသား၏ အထွဋ်အထိပ်
    ထားတာက -အမျိုးသားရေး-ဘာသာရေး-နှင့် ဘုရင်မင်းမြတ်ပါ။ စစ်တပ်ကော ပြည်သူလူထုကပါ။ အထက်ပါ သုံးရပ်ကို ဦးထိပ်ပန်ဆင်ကြပါတယ်
    မြန်မာနိုင်ငံမှာကတော့ ယခင်က ဆိုလျှင် အမျိိုး-ဘာသာ-သာသနာ ဖြစ်ပါတယ်။ သဒ္ဒါတရားနှင့် လေးစားကြည်ညိုတာခြင်း ကွာခြားလှပါတယ်။ ထိုင်းတွေက လူမျိုးစု အားလုံး ထိုင်းမြေပေါ်မွေးပြီး ထိုင်းမြေပေါ်မှ တိုင်းရင်းသားအားလုံး ထိုင်းလူမျိုးလို့သာ သုံ့းပါတယ်။
    ထိုင်းဆိုလျှင် ကမ္ဘာ အနှံ့အပြားရောက်ပြီး ဆင်းရဲဒုက္ခရောက်ကြရင်။ ရင်ချင်းစိ။ ကြောချင်းကပ်ကါ။ စုပေါင်းကူညီ ဝိုင်းဝန်းကြည့်ရှုကြတယ်။
    မြန်မာနိုင်ငံမှာကတော့ ပဒေသရာဇ်ခေတ်က စပြီး အခုထဲ အထိ စုပေါင်းညီညွတ်မှု မရှိဘဲ။ သူတလူငါတမင်း တိုင်းပြည်နှင့် လူမျိုးကို
    ချစ်ရမဲ့ -ညီညွတ်ရေး လက္ခဏာ ယခင်လည်းမရှိဘူး အခုလည်းမရှိဘူးဘဲ။ တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့ အစိုးရဟာလည်း တတိုင်းပြည်နှင့် တမျိုးသား
    ဖြစ်အောင်မရည်ရွယ်ကြဘဲ။ အာဏာရယူရေးသာ အဓိက ဖြစ်နေကြတာပါဘဲ။
    ဘိုဘိုအမြင်က ထိုင်းလူမျိုးတွေနှင့် အချားနိုင်ငံတွေမှာလို တစုထဲ တတည်းထဲ စုပေါင်းတော်လှန်ကြဖို့ ရည်ရွယ်တယ်။
    နှစ်ပေါင်းများစွာ လွန်ခဲ့လေပြီး- မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားလူမျိုးတွေ။ ဒီအခြေအနေကု ိမဖန်တည်းနိုင်တော့ဘူး။
    စစ်အာဏာရှ၊င် တွေလက်အောက်မှ ာ အနှစ်-လေးဆယ် ငါးဆယ်နီးပါး ။လူတွေ ချွတ်ခြုံကျ -မွဲကုန်ကြပြီး- စစ်အာဏာရှင်များရဲ့
    တပည့်။ ရွေတော်မျိုးတော်ရဲ့ လက်မှာသာ ငွေကြေးနှင့် စီးပါွါးရေး တွေ ဝ ကွက်အပ်လိုက်ပြီး ပြည်သူတရပ်လုံး စားရမဲ့ သောက်ရမဲ့
    သေ မဲ့ နေ့ကိုသာ ရင်ဆိုင်နေရပြီး တိုင်းပြည်မှ သန်းပေါင်းများစွာ ထွက်ပြီး ပြင်ပနိုင်ငံရောက်နေကြပြီးဖြစ်တယ်။
    အလုပ်လုပ်နိုင် အင်အားရှိတဲ့ ယောက်ျား မိန်းမ များစွာ ပြည်တွင်းမှာ မရှိကြတော့ပါ။ ထိုင်းနိုင်ငံ ရှပ်နီတို့လို့ လမ်းမထွက်ပြီးဆန္ဒ ပြ ရန်
    အင်အားတွေ မရှိကြတော့ဘူး။ မြန်မာနိုင်ငံထဲ မှာ ရှိတဲ့ လူငယ် ကျောင်းသူ ကျောင်းသားများနဲ့ အရပ်သားများ ဆန္ဒ ပြန့် နိုင်ဦးတော့
    ၃-ရက်ခန့် လမ်းပေါ်မှာ နေနိုင်အောင် ဘယ်သူတွေက ကျွေးမွေး အားပေးနိုင်ဦးမှာလည်း။ ရဟန်းသံဃာ တွေ ပြည်သူတွေ
    ဆန္ဒပြ အသေခံကြတယ်ထား အတိုက်အခံများနှင့် အစိုးရ အစားထိုးမဲ့ သူတွေရဲ့ ညီညွတ်မှု ယိုင်းပင်းမှုကလည်းဘယ်လို သွားကြမလဲ။
    ဒါတွေလည်း အခုလို ရေးပြနေရတာ သိပ်ပြိးမကောင်းလှပါဘူး ။ ရန်သူအားရ ဖြစ်သွားမယ်။ ကျုပ် တို့ ဘာ ဆက်လုပ်ကြမှာလဲ။
    အပြောနဲ့ကေားပြီးမှာလား ။ အကြံအဉာဏ်ရှိနေသလို စုပေါင်းလုပ်ကိုင် မှု အတွက်သာ ကြိုးပန်းဖို့လိုတယ် ဘယ်သူတွေ သဒ္ဒါတရား
    အပြည့်နဲ့ စွန့်လွှတ်ခြင်းအပြည့်နဲ့ -စုပေါင်းပေးနိုင်မလဲ။ အဲဒါသာ အဓိကဖြစ်နေတယ်။
    ခတ္တိယ သီလ (ဘန်ကောက်)
    =====================================

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 11, 2011 at 9:03 am

    ပြောရမယ်ဆိုရင်တော့ အများကြီးဘဲ
    အများကြီးဆိုပေမယ့်လည်း နည်းနည်းလေးပါ
    ဒီနေရာမှာအားလုံးသိတဲ့အကြောင်းလေးတစ်ခုရှိပါတယ်
    ဒါပေမယ့် ဂရုစိုက်သူနည်းတယ်ဗျ
    သက်ဆင်က
    အခြေခံလူတန်းစားတွေကို ကိုင်လိုက်တယ်လို့ပြောမလား
    ဒါ ကီးဘဲ
    ယနေ့မြန်မာနိုင်ငံရေးလောကကြီးမှာ
    သတင်းအကြောင်းအရာတွေကို
    အဲ့သည်အခြေခံလူတန်းစားတွေလက်ထဲရောက်အောင်
    ဘယ်သူမှ ဟုတ်တိပတ်တိမဆောင်ရွက်နိုင်ကြသေးဘူးလို့
    ထင်တာဘဲ ( အထင်ပါ )
    ဘာဖြစ်လို့လဲဆိုတော့
    မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားတွေဟာ ( ကျုပ်ကိုယ်တိုင်လည်းအခြေခံလူတန်းစားပါဘဲ )
    ခေါင်းဆောင်တစ်ယောက်ပေါ်မှာ မြော်လင့်ချက်ဘဲရှိတယ်
    လိုက်ပြီးတော့ လုပ်ဆောင်ကြဘို့ကြတော့ လုံးဝမရှိသလောက်နီးပါးဘဲလို့ပြောရင်ရမလား
    တစ်ကယ်တမ်းဖြစ်လာကြရင် အလိုလိုရှောင်သွားကြတာချည်းဘဲ
    ဥပမာဗျာ
    ခု
    ကျုပ်တို့ပြောဆိုနေကြတဲ့အကြောင်းတွေကို
    ခင်ဗျားတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို ( အထူးသဖြင့်အခြေခံလူတန်းစားတွေကို )
    ပြောဆိုဆွေးနွေးကြည့်ဘူးလား
    အဲ့သည်လူတွေ ဘယ်လောက်နားလည်မယ်လို့ခင်ဗျားတို့ထင်သလဲ
    ဒီနေရာမှာသိတတ်ရမှာက
    ခင်ဗျားတို့ကျုပ်တို့ ဒီလိုနေရာတွေကနေ
    သိနေပြောနေယုံနဲ့
    အဲ့သည်လူတွေမသိရင် မပူးပေါင်းကြရင်
    ဘာမှ မထူးဘူးဆိုတာကို ကျုပ်ပြောရင်လက္ခံနိုင်မလား
    ဒါက တစ်ကယ့် အခြေခံသဘောလေးဘဲနော
    အလွန်ရိုးရှင်းတဲ့အကြောင်းလေးဘဲ
    ကိုယ်က ဦးဆောင်ရဲသည့်တိုင် နောက်လိုက်မရှိဘဲ
    ဘာမှမဖြစ်လာနိုင်ဘူးဆိုတာကို အထူးလက္ခံနိုင်မလား
    ဒီနေရာမှာ ကျုပ်တော်တော်သောက်မြင်ကပ်တဲ့သကားတစ်ခုရှိတယ်
    ဒါကလည်း သူတို့အတိုက်ခံလုပ်ပြီး ကလိတာပါဘဲ
    အဖွားကြီးက လူထုယုံကြည်မှုရတာတောင် ဘာမှမဖြစ်လာဘူးဆိုတဲ့စကားဘဲ
    ဟုတ်သလိုလိုဘဲ မခံစားတတ်ရင်တော်တော်ခံစားရမယ့်စကားဘဲ
    ဒါပေမယ့် ဒီစကားကတော့
    ထမီခေါင်းပေါင်းနဲ့ကောင်တွေရဲ့ အောက်တန်းကျကျစကားပါ
    ဆိုခြင်တာက
    ဒီအဖွားကြီးက လူထုကိုခေါင်းဆောင်တာတော့ဟုတ်တာပေါ့ဗျ
    ဒါပေမယ့်လူထုက အားကိုးတဲ့အဆင့်မှာဘဲရှိသေးတာကိုး
    ( လူထုထဲမှာကျုပ်လည်းပါတယ် ခင်ဗျားတို့လည်းပါတယ် )
    ဒီတော့ကာ
    ဒီတော့ကာ
    ထုံစံအတိုင်းပြောရရင်တော့ အောလပုံဘဲဗျို့
    ( ဒီနေရာလေးမှာ ကျရာတာဝန်ထမ်းဆောင်ကြမယ်ဆိုရင်တော့
    အလိုတော်ရိတွေကို ကျုပ်တို့ ဘယ်လို ရှင်းပြကြမလည်း
    ဒီနေရာမှာဖြစ်နေတာက ကျုပ်တို့ကသာပြောနေတာ
    အလိုတော်ရိတို့ စစ်တပ်တို့ဘာညာ
    အဲ့သည်လူတွေကရော သူတို့ကိုယ်သူတို့ ဘယ်လိုဒုက္ခသံသရာတွေမှာ
    ရှိနေတယ်ဆိုတာ ကျုပ်တို့ဘယ်လိုရှင်းပြနိုင်ကြမလဲ
    စသည်
    စသည်
    စသည် ပေါ့ဗျာ

  • chitpyae

    July 11, 2011 at 9:33 am

    နိုင်ငံရေး အကြောင်းကို ဘာမှ မသိသေးပါဘူး ။ ဘာမှလည်း သိပ်နားမလည်သေးဘူး ။
    ဒါပေမဲ့ အခု လိုမျိုး လူကြီးတွေ ဆွေးနွေးတာတွေ ဖတ်ရပြန်တော့လည်း အသိအမြင်လေး နည်းနည်း ကြွယ် လာသလို ခံစားရတဲ့အတွက် ကျေးဇူး တင်ပါတယ် … 🙂

  • Niko

    July 11, 2011 at 1:09 pm

    Asian countries has been transformed into slavery of western philosophy .
    China should unite all these small kingdom like they did in 2400 year ago, and, build an another great wall between east and west. One Country, one culture, and one language.

    • ကြောင်ကြီး

      July 12, 2011 at 8:50 am

      အဲလိုလုပ်တော့ ကုလားကြီးက ထိုင်ကြည့်နေမတဲ့လား……လုပ်ရမှာ တရုတ်ကြီးကို မြန်မာပြည်အောက်သွင်းပြီး နောက်ထပ် ပြည်နယ်နဲ့တိုင်း ၁၄ခုထပ်ဖွဲ့ရမှာ…

  • padonmar

    July 11, 2011 at 11:15 pm

    ဂန္ဒီကြီးလည်း အကြမ်းမဖက်ရေးသမားပါ။
    အကြမ်းမဖက်တာမှားတယ်လို့တော့မထင်ပါ။
    ညီညွတ်မှုနည်းတာတော့ အမှန်ဘဲ။

  • winkyawaung

    July 12, 2011 at 9:10 am

    ထိုင်းနိုင်ငံဆီက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ တိုးတက်အောင် ဆောင်ရွက်ကြတာကို မြန်မာနိုင်ငံနဲ့သင့်လျှော်တာ ယူရမှာပေါ့။ မြန်မာပြည်နဲ့ မတူတာတွေကလည်း ရှိနေပါတယ်။

  • forever

    July 12, 2011 at 2:33 pm

    ဒီမိုကရေစီ အခင်းအကျင်းမတူတဲ.နိင်ငံ ၂ခု ရဲ.ရွေးကောက်ပွဲ
    ကိုနှိင်းယှဉ် လို.မရနိင်ပါဘူး
    တယောက်တမျိုးကိုယ်.အယူအဆကိုဆွေးနွေးသွားကြတာကောင်းပါတယ်
    ကျွန်တော်.အထင်ကိုပြောရရင်တော.
    ကိုသန်းရွှေတို.ကသူတို.ကစားနေတဲ.ကျားဝိုင်းကို
    ဘေးကကြည်.ပြီးပြောတဲ.သူတွေကိုအာရုံနောက်လို.
    နောက်ကျားဝိုင်းတခုကိုဖန်တီးပေးလိုက်တာလို. ထင်တာဘဲခင်ဗျားတို.ကျားဝိုင်း
    အသစ်ကိုမဲပြီးဝေဖန်နေတုန်း သူတို.ကပွဲပြီးအောင်ကစားသွားလိမ်.မယ်

Leave a Reply