အနီရောင်ဒူးရင်းသီး…

lu ta loneMay 5, 20101min1215


ဒူးရင်းကို ပုံမှန်အားဖြင့် အဝါရောင် အသားနဲ့သာ တွေ့ကြရ ပေမယ့်
မလေးရှားနိုင်ငံ အရှေ့ပိုင်းဆာဘာ့ပြည် နယ်မှာ အနီရောင် အသား နှင့်
ဒူးရင်းသီးမျိုးစိတ်သစ် ၈၆ လုံးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တောရိုင်းဒူးရင်းသီးလို့ အသိများကြတဲ့ အနီရောင် အသား နှင့် ဒူးရင်းသီးဟာ
ဆာဘာ့ပြည်နယ် တောထဲမှာအလေ့ကျ ပေါက်နေ တာဖြစ်ပါတယ်။ အမြွှာကြီးကြီး ၊
ခရင်မ်အရသာ အပြည့်ပါတဲ့ ပုံမှန် စိုက်ပျိုးထုတ်လုပ်နေတဲ့ ဒူးရင်းသီးတွေ
ထက်စာရင် အနီရောင် အသားပါတဲ့ ဒူးရင်းသီးဟာ အမြွှာလည်းသေး၊ ခြောက်သွေ့တဲ့
ပုံစံမျိုး ရှိတယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာ ဒူးရင်းသီးတွေ
ဈေးနှုန်း ဟာ ၂ ရင်းဂစ်ကနေ ၃ရင်းဂစ် ( အမေရိကန် ဒေါ်လာ ဝ.၅ရ မှ ဝ.၈၆ )
အထိရှိပါတယ်။ ဆာဘာ့ပြည်နယ် ခရီးသွား၊ ယဉ်ကျေးမှု နှင့်သဘာဝ ပတ်ဝန်းကျင်
ဆိုင်ရာ ဝန်ကြီး မာစီဒီမန်ဂျမ် ကတော့ လူသိနည်းတဲ့ အခုလို
ဒူးရင်းသီးမျိုးကို စိုက်ပျိုးရောင်းချတဲ့သူ မရှိဘူးလို့ဆိုကြောင်း
အနီရောင် အသားနှင့် ဒူးရင်း သီးများ အနံ့ ပိုပြင်းပြီး ပျစ်နှစ်မှုရှိသည်
ဆိုကြောင်း New Straits Times နေ့စဉ် သတင်းစာ ကဖော်ပြခဲ့တယ်။ တချို့
လည်းတောရိုင်းဒူးရင်းသီးမှာ မုန်လာဥ ကဲ့သို့ သာ အရသာ ရှိသည်ဟု ဆိုကြောင်း
ဖော်ပြ ထားပါတယ်။

From: Chocolate City

5 comments

  • chitkay

    May 5, 2010 at 8:49 am

    ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။

  • snoopy88

    May 5, 2010 at 10:26 am

    စားလို့ကောင်းလားမသိဘူး(ဟီး)။ကြိုက်တော့မကြိုက်ဘူး။

  • kopauk mandalay

    May 5, 2010 at 11:00 am

    လူတွေအဆန်းထွင်တော. မူလရှိရင်းစွဲ ရှိသင်.တယ်လို.သတ်မှတ်ထားတဲ. ဂုဏ်သတ္တိတွေ ပျက်ကုန်တာပေါ.။
    အခုတော.ယောက်ျားစိတ်နဲ. မိန်းမ မိန်းမစိတ်နဲ.ယောက်ျားတွေဖြစ်ကုန်မှာမြင်သေးတယ်။

  • winne

    July 28, 2010 at 8:35 am

    ထူးပေ ဆန်းပေ့… ဒူးရင်းသီးတော့ စားပြီးရင် ပြည့်လို့ မစားချင်ပါဘူး စားပြီးရင်လည်း အပူက ကန်သေးတယ် စားရတာတော့ ကြိုက်တယ် ဆိုးကျိုးများလို့ မစားတော့တာ ကြာပေါ့

  • maykyalzinthant

    July 29, 2010 at 7:33 am

    စားဖူးချင်တယ်သေတော့မသေလောက်ပါဘူးနော်

Leave a Reply