မတူတဲ့ဒေါင့် မတူတဲ့အမြင်……….နဲ့

ဗုဒ္ဓဘာသာဝင်မှန်သမျှ မန်းလေးရောက်ရင် မဟာမုနိရုပ်ရှင်တော်(မဟာမြတ်မုနိဘုရားကြီး)
ရန်ကုန်ရောက်ဆယ်ဆိုရင် လေးဆူး ဓါတ်ပုံမြတ်ရွှေတိဂုံကို မှ မဖူးဖြစ်ရင် အဲဒီမြို့ကိုမရောက်ဘူးလို့အပြောခံရတတ်ပါတယ်.
ရောက်အောင်လဲသွားကြပါတယ်။
အဲတော့ ကျနော်ကိုပေါက်လဲ ရန်ကုန်ကို ရောက်တဲ့အခိုက်
ကျနော်ရောက်သွားတဲ့(30-6-2011)နေ့ နေ့လည်ခင်းလေးပေါ့။
ရွှေတောင်ပေါ်ကို နေရောင်အခမှာမြင်ရတဲ့ပသာဒလေးပါ။
ရင်ပြင်တော်ပေါ်မှာရှိနေတုန်း ရုတ်တရက်မိုးအုံ့လာချိန်မှာ မှတ်တမ်းတင်ထားလိုက်တော့ မြင်ကွင်းလေးပါ။
မူန်ရီမိူင်းနေတဲ့ကောင်းကင်ကိုနောက်ခံထားပြီး မြင်ရတဲ့လွမ်းမောစရာမြင်ကွင်းလေးပါ။
ဒီပုံလေးကတော့ အင်မတန်မှခန့်ညားတဲ့ တိုင်လုံးကြီးတွေကြားထဲကနေ ပြီး ဓါတ်ပုံဆရာတွေရိုက်သလို စမ်းရိုက်ကြည့်မိတာပါ။
မိုးတိမ်ကမှောင်မဲနေပေမယ့် စေတီတော်ကတော့ရွှေရောင်နဲ့ဝင်းလဲ့လို့သပ္ပါယ်လှပါတယ်။
ဘုရားတစ်ဖက်မှာ ရှိတယ် ထန်းပင်လေးနဲ့အရံစေတီ မိုးတိမ်ရဲ့အရောင်က အားလုံးကို လွှမ်းခြုံပေးထားသလို ………….
ကျနော်နှစ်သက်တဲ့ပုံလေးတွေမို့ အများဖူးမျှော်စရာ ပူဇော်ရင်းတင်ပေးတာပါ။
ဒါလေးကတော့ အရံစေတီတော်…
ကဲအားလုံးနှစ်သက်မယ်လို့ထင်ပါတယ်။
ရန်ကုန်ရောက်တုံးရောက်ခိုက်မိတ်ဆွေများအတွက် အမှတ်တရလက်ဆောင်ပေးတယ်လို့ သဘောထားရင်ကျေနပ်ပါပြီ။

15 comments

  • ဆူး

    July 10, 2011 at 8:02 pm

    မိုးအုံ့နေတော့ ကာလာ က ထင်သလောက် မတက်ဘူးနော်..

  • pooch

    July 10, 2011 at 8:33 pm

    တိမ်ညို ကြားက ရွှေတိဂုံ ကို ဖူးရတာ လည်း တမျိုး သပ္ပါယ်တယ် နော် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 10, 2011 at 9:40 pm

    မြတ်စွာဘုရားရှင်တော်အားရည်စူး၍
    တည်ထားကိုးကွယ်ခြင်းဖြစ်သည့် သပ္ပါယ်သော စေတီအား
    အဟံ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည်
    ကတွာ ရှိခိုးပါ၏
    …………
    မုတ်အဝင်ထန်းပင်ကြီးကတော့ ကြည့်ရတာ
    လွန်လေပြီးသော အတိတ်ကာလ ငါးနှစ်ခန့်ကတည်းက
    ထန်းရေ ကိုင်လို့ရမဲ့ပုံရှိတော့ကာ
    တစ်နှစ်မှာ လေးလ ထန်းကိုင်တဲ့ရာသီလို့တွက်
    လေးလအမြှောက် ရက်သုံးဆယ် = တစ်ရာ့နှစ်ဆယ်ရက်
    တစ်ရာ့နှစ်ဆယ်ရက် အမြှောက် ငါးနှစ် = ခြောက်ရာရက်
    တစ်ရက်မှာ ဆယ့်ရှစ်ပုလင်းထွက်
    ဆယ့်ရှစ်ပုလင်းအမြှောက် ရက်ခြောက်ရာ = ဂစ်ဂစ်ဂစ်
    မပေးပေးပေး ငါ့ရွှေခွက်ပေး
    ဂါလံ တစ်ထောင့်ရှစ်ရာကြီးများတောင် အလဟသ ဖြစ်သွားပါပေါ့လားးးးးးးးးးးးးးးးး
    ( ဇာတ်ပွဲ၏နောက်ပိုင်းမင်းသားလွန်းခြင်းဖြင့် ) ………ဟမ်..မယ်လေးးးးးးးးးးးးထ.ထ.ထ.ထ.ထ.ထန်းရည်

    • ကြောင်ကြီး

      July 11, 2011 at 12:52 am

      ငရဲတိုင်းမှာ ထန်းသမားရှိ
      ကိုအောင်ပုအတွက်
      ရင်လေးဘိ…။

      ဦးပေါက်ရေ… ဘုရားကြီးကို ဖူးရလို့ကျေးဇူပါ။ အနီးကပ်ရိုက်ချက်တွေက ကောင်းလွန်းလို့ ကြည်ညိုသဒ္ဓါ ပွားရပါတယ်။

  • naywoonni

    July 10, 2011 at 10:59 pm

    ထန်းရည် သမားက မူးရင်အိပ်နေတာမဟုတ်ဘူး……….။

  • kai

    July 11, 2011 at 6:33 am

    မီဒီယာသမားမို ့.. မတူတဲ့ဒေါင့်ထဲက ဓါတ်ပုံထဲမှာတင်.. မတူပဲဖြစ်နေတာလေးမြင်မိတယ်..။
    အရံစေတီရဲ့ ထီးတော်က စောင်းနေတယ်နော…။ 🙂

  • chitpyae

    July 11, 2011 at 7:53 am

    ရွှေတိဂုံ ဘုရားကိုမြင်ရင် အိမ်ပြန်ချင်တယ် … ငိုချင်တယ် ။
    ဘုရားဖုူးလိုက်ရတဲ့အတွက် ဦးပေါက်ကိုကျေးဇူးတင်ပါတယ် ….
    ဒါပေမဲ့ ရန်ကုန်ကိုလွမ်းတယ် …. 🙁

  • ရွှေဘိုသား

    July 11, 2011 at 10:18 am

    မမချစ်ပြည်.က ရန်ကုန်ကိုလွမ်းတယ်ဆိုတော. အခုရွှေဘိုများရောက်နေတာလားဗျာ
    အမေတို.ကိုပြောလိုက်ပါအုံး နေကောင်းတယ်လို. ကျွန်တော်လည်းဖုန်းဆက်လိုက်ပါ.မယ်
    အစ်မေတို.မှာစရာရှိရင် မချစ်ပြည်.ကိုမှာလိုက် ကျွန်တော်နဲ.အရမ်းရင်းနှီးတာလို.မှာထားပါတယ်
    အိမ်ကိုဝင်ဖြစ်အောင်ဝင်လိုက်ပါနော် မချစ်ပြည်.
    အစ်မတွက်သနပ်ခါးတုံးပါ တောင်းလိုက်

    ရန်ကုန်မှာ နေတဲ.ရွာသားတွေက ရွှေတိဂုံဘုရားပုံမတင်ပဲ
    တစ်ခါတစ်လေ အလည်လာသွားတဲ. ရွှေမန်းသားလေးက တင်သွားတာက
    စာပေ စာရေးဆရာတွေ ထွန်းကားတဲ. ရွှေမန်းမြို.ရဲ.ရိုးရာကိုဆက်လက်ထိန်းသိမ်းသွားတာပေါ.နော်
    လေးစာပါတယ် အန်ကယ်ပေါက်

  • Yan Shin

    July 11, 2011 at 3:05 pm

    ကိုပေါက်ရေ ကျေးဇူးပါ။
    မြန်မာ ကျက်သရေထဲမှာ ရွေတိဂုံက ထိပ်ကပါ။
    ဗုဒ္ဒဘာသာဝင်တွေ ဂုဏ်ယူစရာ အသဲနှလုံးဆိုလည်းမှားပါဘူး။

    ကိုအောင်ဇေယျကြီးရေ
    ခင်ဗျားတို့အိမ်ကို မချစ်ပြည့်နဲ့ ကျွန်တော်သွားခဲ့ပါတယ်။
    ခင်ဗျားညီမလေးနဲ့တွေ့လို့
    မချစ်ပြည့်အတွက်ပါမက
    ကျွန်တော့်အတွက်ပါ သွေးပြီး(ဟီးဟီး….(sorry)လိမ်းပြီး သနပ်ခါး) ပေးလိုက်လို့
    ယူခဲ့ရသေး………….

  • hmee

    July 11, 2011 at 3:15 pm

    လေးပေါက်ရေ မြောက်ဖက်မုဒ်က စာအုပ်တန်းရော မွှေခဲ့သေးလား။ မှီ့ဖားသားကြီးကတော့ ရန်ကုန်အလည်လာတိုင်း မသွားမဖြစ်ကတော့ ရွှေတိဂုံနဲ့ မြောက်ဖက်စောင်းတန်း စာအုပ်ဆိုင်တွေပဲ။ လိုချင်တဲ့စာအုပ် ရတာတောင် ရေတဗူးသောက်ပြီး တနေကုန်တဆိုင်ဝင် တဆိုင်ထွက် စာမြည်းလိုက်ဖတ်နေလို့ ရှက်တောင်ရှက်တယ်။ 🙂

  • padonmar

    July 11, 2011 at 8:36 pm

    hmee ပြောတဲ့ မြောက်ဖက်စောင်းတန်းစာအုပ်ဆိုင်တွေက ဝင်မိရင် လိုချင်စရာတွေချည်းဘဲ။မဖတ်နိုင်ရင် ခေါင်းအုံးအိပ်လို့ရတယ်လေ။
    ကိုပေါက်ရေ။ desktop တင်ဖို့ယူသွားတယ်နော်။

  • ရန်ကုန်သားတွေက လည်း ရွှေတိဂုံပုံကို တင်ကြပါတယ်ဗျာ။
    ကျနော်ရိုက်ထားတဲ့ပုံ ကို နှစ်သက်တယ်ဆိုလို့ ဝမ်းသာပါတယ်။
    ကျနော်က ပုံတစ်ပုံကိုစောင့်ရိုက်ဘို့ အခွင့်အရေးမရပါဘူး။
    အပြေးအလွှား သွားတုန်းလာတုန်းလေး အမိအရရိုက်ရလို့ပါ။
    နောက်ရန်ကုန်ကပုံတွေတင်ပြီးရင် မန်းလေးမဟာမြတ်မုနိပုံတော်တွေ
    ပူပူနွေးနွေးမှတ်တမ်းတင်ထားတာလေးတွေ တင်ပေးပါအုံးမယ်။

Leave a Reply