လွန်ခဲ့သော ၁၅နှစ် ခန့်က မြန်မာပြည်က ခရီးသည်တင် ကားတွေဟာ BM Hino Car တွေကိုသာ သုံးခဲ့ကြပါတယ်။ ဒီကားတွေဟာ ခရီးဝေးသွားရင် အိပ်ရတာ အဆင်မပြေပါ။ အင်မတန် ခရီးပန်းပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ကား ရှိတဲ့သူတွေဟာ ကိုယ့်ကားနဲ့ကိုယ် ခရီးသွာကြပါတယ်။

အခုတော့ တခေတ် ပြောင်းလာပါပြီ။ ခရီးသည်တင် ကားတွေဟာ Aircon Bus တွေကိုသာ သုံးလာကြပါတယ်။ Aircon Bus တွေဟာ ခရီးဝေးသွားရင် အိပ်ရတာ အဆင်ပြေတဲ့အတွက် ခရီးသွားရတာ ပိုပြီး သက်တောင့်သက်သာ ရှိလာပါတယ်။ ကိုယ်ပိုင်ကားနဲ့ ခရီးသွားသလို ယာဉ်မောင်း ၁ယောက်လည်း မလိုတော့ပါ။  ဒါကြောင့် ဒီ နောက်ပိုင်းမှာ ခရီးသွားရင် Aircon Bus တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတာကို တွေ့နေရပါတယ်။

ကျနော်လည်း စီးလုံးငှား Aircon bus နဲ့ ခရီးသွားတုန်းက အတွေ့အကြုံလေးတခုကို ပြောပြချင်ပါတယ်။ ကြာတော့ကြာပါပြီ။ အဲဒီတခေါက်က Aircon Bus စ စီးဘူးတာပါ။ Aircon Bus စီးဘူးတဲ့ အတွေ့အကြုံရှိတဲ့ မိတ်ဆွေတယောက်က Aircon အရမ်းအေးလို့ စောင်ယူသွာဖို့ ပြောပါတယ်။ ကျနော်က မလိုအပ်ဘူးလို့ထင်ပေမဲ့ လိုလိုမယ်မယ် ယူခဲ့ပါတယ်။ ကားစထွက်တဲ့အခါမှာတော့ သူ့စကားမှန်တယ်ဆိုတာ သိလိုက်ရပါတယ်။ ရက်ရက်စက်ကိုအေးပါတယ်။ မျက်နှာသုတ်ပုဝါကို ခေါင်းပေါ်တင်ပြီး စောင်ကိုပါခေါင်းဖူးခြုံ ထားမှသက်သာပါတယ်။ Aircon ကအေးလွန်းလို့ Aircon လေပေါက်ကို  မှန်ဘက် လှည့် ထားလိုက်တဲ့အခါ  Aircon လေဟာ မှန်ကနေ တဆင့်  ခြေထောက်ကို လေကြောင်းက ရောက်လာလို့ ခြေထောက် အေးပြန်ပါတယ်။ အအေးဒဏ်ကို မခံနိုင်တဲ့ ခရီးသည်တယောက်က အအေး လျှော့ပေးဘို့ ပြောတော့ လျှောလို့မရဘူးလို့ ယာဉ်မောင်းက ပြောပါတယ်။ ကား အသစ်မို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော် မကြေနပ်ပါဘူ။ Aircon ကို လူတိုင်းလိုလို တွေ့ဖူးနေကြတာပဲ။ အလျှော့အတင်း လုပ်လို့မရတဲ့ Aircon ကို တွေ့ဖူးပါသလား။ ဒီလိုနဲ့ပဲ အသွားခရီး မှာ တလမ်းလုံး အအေးဒဏ်ကို ခရီးသည်တွေ တော်တော်လေး ခံစားခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ လိုရာခရီးရောက်ခဲ့ပါတယ်။

အပြန်ခရီးမှာတော့ အသွားတုန်း အအေးဒဏ်ကို တော်တော်လေး ခံခဲ့ရတဲ့ ခရီးသည်တွေဟာ အအေးဒဏ်ကို ကာကွယ်ဘို့ လုံလောက်တဲ့အကာအကွယ် အပြည့်ယူလာကြပါတယ်။ ထူးခြားတာကတော့ အပြန်ခရီးမှာ အအေးဒဏ်ဟာ နေသာရုံလေး အနေတော်လေးဖြစ်နေတာကို တွေ့ရပါတယ်။ အသွားတုန်းက အေးလွန်းလို့ လျှောခိုင်းတာ လျှော့မရပဲ အပြန်ကျမှ ဘာဖြစ်လို့ အနေတော် ဖြစ်နေရတာပါလဲ။

ကျနော့်အမြင်ကတော့ ယာဉ်မောင်းတွေဟာ ခရီးသည်တွေ အရမ်းအေးပြီး မခံနိုင်ရင် Aircon ပိတ်ဖို့ပြောမှာကို မျှော်လင့်နေပုံ ရပါတယ်။ ခရီးသည်တွေရဲ့ တောင်းဆိုချက်အရ  Aircon ပိတ်ပြီးမောင်းရင် သူလည်းအပြစ်မဖြစ်တော့ပဲ ဆီပို(Diesel)ရပြီး ပိုတွက်ခြေကိုက်နိုင်ပါတယ်။ ဒါကြောင့် Aircon ကားများဟာ အရမ်းအေးနေရတယ်လို့ထင်မိပါတယ်။

 

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)