မေသန်းနုရဲ့ သရုပ်ဆောင်ပညာသဘောထားအမြင်

DaveDecember 31, 20091min1856

သရုပ်ဆောင်ပညာဆိုတာ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်အောင် သရုပ်ဆောင်တတ်တဲ့ အနုပညာဖြစ်ပါတယ်။ နာမည်ကျော်ကြားတဲ့သရုပ်ဆောင်တွေဟာ သရုပ်ဆောင် ပညာကျွမ်းကျင်ပိုင်နိုင်လို့သာ ပရိသတ်အကြားမှာ ရေပန်းစားလာကြတာပါ။
အဲဒီသရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီး ဝါရင့်အနုပညာ ရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ မေသန်းနုရဲ့ ယူဆချက်တွေက တော့ –
“သရုပ်ဆောင်တဲ့အခါမှာ အဓိကကတော့ ဒရမ်မာပေါ့နော်။ ဒရမ်မာကားကပိုပြီး အနု စိတ်တာပေါ့နော်။ ရင်ထဲမှာ ရှိ တာကို မျက်နှာမှာပြရတာဆို တော့လေ။ ဒရမ်မာကပိုပြီး ဖီလင် ထည့်ရတာပေါ့။ မဆင့်အတွက် ကတော့ ဒရမ်မာက ပိုခက်ပါ တယ်။ ဒရမ်မာရဲ့သဘောက စိတ်ထဲက အရာတွေကို စကားမပြောလည်းဘဲ မျက်နှာမှာပေါ်အောင် ဖော်ကျူးရတာ မျက်နှာပေါ်က အမူအရာပေါ်မှ ပရိ သတ်နားလည်မှာလေ။ ဟာသကျတော့ မဆင့်တို့က လက်ဟန်၊ခြေဟန်နဲ့ မဲ့ရွဲ့ပြလိုက်တာနဲ့ ပရိသတ်က သဘောပေါက်တယ်။ ပိုပိုသာသာလေးလုပ်ပြရတာ ပေါ့။ ဒရမ်မာကျတော့ သိပ်အိုဗာလုပ်လို့မရဘူး။
ဘာပဲပြောပြော သရုပ်ဆောင်တစ်ယောက်အတွက် မျက်နှာ Expression က အခက် ဆုံးလို့ ထင်ပါတယ်”လို့ ဖြေကြားခဲ့တဲ့ မေသန်းနုဟာ သူ့ရဲ့မှတ် တိုင်တစ်ခုဖြစ်တဲ့ သင်္ကြန်မိုး ဇာတ်ကားကို ဒီနေ့ထိတိုင် မမေ့ နိုင်သေးသလို သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးဇာတ်ကားလေးကို ရုပ်မြင်သံကြားဌာနတွေက ထုတ်လွှင့်ပြသပေးနေတာဟာလည်း သူ့ရဲ့အထိမ်းအမှတ်လေးကို အားလုံးမမေ့စေတဲ့အတွက် ကုသိုလ်ကံတစ်ခုလို့ ယူဆထားတယ်လို့လည်း ဆိုပါတယ်။
လက်ရှိလှုပ်ရှားမှုအနေနဲ့ ဒါရိုက်တာဝင်းထွန်းထွန်းရိုက်ကူး ပြီး ရဲအောင်၊ မင်းမော်ကွန်း၊ မို့မို့ မြင့်အောင်တို့နဲ့အတူ ဗီဒီယို ဇာတ်ကားရိုက်ကူးနေပါတယ်။

လရောင်အေး

6 comments

  • tunaung

    August 7, 2010 at 11:43 pm

    သင်္ကြန်မိုး ရုပ်ရှင်ကားကိုတော့ သင်္ကြန်ရောက်တိုင်းကြည့်ဖြစ်တယ် ကြိုက်လွန်းလို့

  • mawmyayoo

    August 8, 2010 at 2:01 am

    သင်္ကြန်တိုင်းပြရင်တော ့ကောင်းတာပေါ ့

  • Yin Nyine Nway

    August 8, 2010 at 4:30 am

    ဟုတ်တယ်…

  • doekalay

    October 6, 2010 at 6:50 am

    သင်္ကြန်မိုးကားကိုသင်္ကြန်မတိုင်ခင်ပြတာဆိုတော ့ကြိုပြီးရင်ခုန်ရတာပေါ ့။

  • doekalay

    October 6, 2010 at 7:01 am

    မဆင် ့ ့အနုပညာကိုလည်းလေးစားပါတယ်။တက်သစ်စလူငယ်တွေကိုလည်းတွဲခေါ်တာတွေလည်းတွေ ့ရတယ်နော်။မဆင် ့ရဲ ့သရုပ်ဆောင်တာတွေကိုလည်းကြိုက်ပါတယ်။

  • snow white

    July 4, 2012 at 8:07 pm

    သင်္ကြန်မိုးကတော့ သင်္ကြန်ရောက်ပြီဆိုတာ နဲ့ပြကိုပြတယ် မြန်မာ့အသံကပြတယ် ကြည့်လု့ိကောင်းပါတယ် အန်တီမေသန်းနုငယ်ဘဝလေးကိုပြန်ပြန်ကြည့်ခွင့်ရနေတာပေါ့။။။

Leave a Reply