ချစ်စမ်းမောင် ယူအက်စ်ရောက်ရှိနေ
IC မှ အစွမ်းဆုံး ဂစ်တာသမားဖြစ်သူ ချစ်စမ်းမောင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေကြောင်း သိရှိရသည်။
ဇနီးဖြစ်သူနှင့်အတူ ဘုရားရှင်အတွက်မစ်ရှင် ကိစ္စများလုပ်ကိုင်ဆောင်ရွက်ရန် ရောက်ရှိနေသော ချစ်စမ်းမောင်သည် ယခင်က IC (Iron Cross)တီးဝိုင်းနှင့်အတူ ၂ခေါက်လာရောက်ခဲ့ဖူးသည်။
ယခုရောက်ရှိနေစဉ်အတွင်း စက်တင်ဘာ ၅-၆ ရက်နေ့များတွင် အဟန်းဘရာမြို့ နယ်-California ရှိ မြန်မာတို့၏ ခရစ်ယန်ချပ်ခ်ျသို့ သွားရောက်ကာဘာသာရေးကိစ္စများ ပြောကြားခြင်း ယခင်က IC ၏အဆိုတော်တဦးဖြစ်သူ ထွဏ်းထွဏ်းနှင့် တွဲဖက်ပြီး သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဖေါ်ပြပါပုံမှာ စက်တင်ဘာ ၆ ရက်နေ့က အဆိုပါချပ်ခ်ျတွင် ရိုက်ကူးထားသော ပုံဖြစ်သည်။
ဓါတ်ပုံကို ကိုတင့်လွင်ဥိးမှ ပေးပို့ပါသည်။
တစ်ခုတော့ပြောချင်ပါတယ်
ကိုချစ်စမ်းမောင်ကို ကျွန်တော်တို့လည်းကြိုက်ပါတယ်
ဒါပေမယ့် အစွမ်းဆုံး ဆိုတဲ့ ၀ိသေသတပ်ဖို့ဆိုရင်တော့ နည်းနည်း ရဲတင်းရာကျပါလိမ့်မယ်။
သူကိုယ်တိုင်ဝန်မခံထားသလို Band ဆိုတာတစ်ယောက်တည်းအားနဲ့တီးလို့ရတာမှ မဟုတ်တာပဲဗျာ။
Was this answer helpful?
LikeDislikeဆရာချစ်ရဲ့ ဂီတာ solo တွေကို mgmaung798 ဆိုတဲ့ mail ထဲကိုပို့ ပေးလို့ ရမလား……။အများကပြောပြောနေတဲ့ပဲပင်ပေါက် note အခြေခံလောက်သင်ချင်ပါတယ်……။ကျွန်တော်
ဂီတာ ဆိုလိုတွေကို အမြန်ဆုံတီးနိုင်ပါတယ် .။ဒါပေမယ့် note တော့မကြည့်တက်ပါဘူး…။
အရမ်းဝါသနာပါတဲ့ ဂီတာနုတ်တွေကိုသင်ချင်ပါတယ်….။
အမေကအမြဲပြောတယ် အဖေနဲ့ ဆရာချစ်က သူငယ်ချင်းတွေတဲ့….။ဟုတ်လားကသိဘူး…။
လက်ရှိမှာဆရာချစ်က ကျွန်တော့ဆရာပါပဲ….။ဆရာချစ်တီးတာတွေကြည့်ပြီး တီးကွက်တွေအ
များကြီးတက်ခဲ့တာပါ…။သူငယ်ချင်းတွေကပြောတယ်….ကျွန်တော့ကို ဆရာချစ်တီးသလောက်
တီးနိုင်တယ်တဲ့….။ဒါပေမယ့် note မကြည့်တက်တဲ့အတွက်အားငယ်မိပါတယ်…..။အခွင့်အရေးရှိရင်
လေ့လာခွင့်ပြုပါဆရာချစ်……
လေးစားလျက် ဟာလေလုယာ
Was this answer helpful?
LikeDislikeဆာချစ်….
Was this answer helpful?
LikeDislike၂၀၀၉က ပို့ စ်က update ပြန်လုပ်တာပေါ့နော် ကိုခိုင်
Was this answer helpful?
LikeDislikeသွားနိုင်လို့ သွားတာ ကြိုးစားရိုးသား ပဲခူးသခွား။
Was this answer helpful?
LikeDislike