မိုးထဲလေထဲ မစိုပေါင် ဘုရားကတော့…………………………….

ဒါကတော့ရွှေတိဂုံဘုရား ဓါတ်လှေကားပေါ်ကနေမြင်ရတဲ့ မြင်ကွင်းလေးပေါ့။

ဒီပုံလေးကတော့ ရွှေတိဂုံဘုရားခြေရင်းကပုံလေးပါ။

မိုးထဲလေထဲမှာ ရောက်ခဲ့ရတဲ့ဗိုလ်တစ်ထောင်ဘုရား။


အုန်းပင်တွေမြင်တော့ မဆီမဆိုင် အောင်ပုကို သတိရလိုက်တာနဲ့။

ဒါကတော့ နာမယ်ကျော်ရဲ့နာမယ်ကျော်ဘုရား အသိနဲ့သတိ။

ကဲအသံထွက်ဆိုကြည့်မယ်ဆိုရင် ဒီဘုရားရဲ့ဘွဲ့တော်ကို အလိုလိုနေရင်းဆိုမိမှာပါ။

9 comments

  • ogre

    July 11, 2011 at 8:42 am

    အကိုပေါက်
    ထန်းပင်….ဟုတ်ဘူးနဲတူတယ်နော်
    အုန်ပင်ကြီးလားမသိဘူး…
    အုန်းရေ..ညာတိုက်တယ်ဆိုပြီး ကိုအောင်ပု စိတ်ဆိုးသွားအုန်းမယ်…

  • pan pan

    July 11, 2011 at 9:07 am

    ရွှေတိဂုံဘုရား ဓါတ်လှေကားပေါ်ကမြင်ကွင်းက မြောက်ဘက်မုခ်က ရိုက်ထားတာထင်တယ်

  • weiwei

    July 11, 2011 at 9:44 am

    ဗိုလ်တစ်ထောင်ဘုရားကို သွားမဖူးဘူး … ပညတ်သွားရာ ဓါတ်သက်ပါမှာစိုးလို့ …
    အဲဒါတောင် အခု ဗိုလ်တစ်ထောင် တပ်သားမရှိတဲ့ဌာနမှာ အလုပ်လုပ်နေရတယ် … 🙁

  • etone

    July 11, 2011 at 11:55 am

    လေးပေါက်ကတော့ ခဏလေးလာလည် ပေမဲ့ နေရာ အတော်များများ ရောက်လိုက်ပါလားနော် … ။ ရောက်တဲ့နေရာတွေက ဘုရားတွေချည်းပဲ များနေလို့ ….. ရာသက်ပန် ဘုန်းကြီး ဝတ်မယ်လို့တော့ စိတ်မကူးလောက်ပါဘူးနော် … 😛 😛

  • hmee

    July 11, 2011 at 3:00 pm

    လေးပေါက်ရေ ဘုရားတွေတော့ စုံနေပြီ။ မှီ တို့နားက ကျောက်တော်ကြီး မပါသေးဘူးနော်။ မသွားဖြစ်ဘူးလား။

  • မသွားဖြစ်ခဲ့ဘူး မမှီရေ
    မိုး ကနေ့တိုင်းမပြတ်တော့ အတော်လေးကို ကသိကအောင့်နိုင်သဗျာ

  • တညင်သား

    July 11, 2011 at 6:41 pm

    အမြင့် ဒေါင့်တင်မဟုတ် ဇတ်ပါစောင်းတော့မယ်
    နာမည်ကျော် ရဲ့ နာမည်ကျော် ဘုရားဆိုတော့ ဦးကျော် လှုုခဲ့တဲ့ ဘုရားပေါ့……………..

  • ဒီပို့စ်လေးမှာအမှားနှစ်ခုပါသွားလို့ပြန်တင်ပေးလိုက်ပါတယ်။
    ုအုန်းပင်လို့ရေးရမှာကို ထန်းပင်လို့ရေးလိုက်မိတာရယ်။
    ပုံစောင်းနေတာကို ပြန်မတည့်မိတာရယ် အခုတော့ ကော်နက်ရှင်ကောင်းတုန်းပြင်ပေးလိုက်ပါတယ်။
    မှားသွားရင်ပြောပါနော် ပြင်ပေးပါမယ်။

  • alinsett

    July 12, 2011 at 11:41 am

    ဘုရားတွေ သွားပြီး ပုံလေးတွေ တင်ပေး လို ့ကျေးဇူးပါပဲ။ အခုမှပဲ ဘုရားကို မြင်ရတယ် ။ အိမ်က ဘုရားစင်ကိုတောင် လှည် ့မကြည့်ဖြစ်တာကြာပြီလေ။ မိုးမလင်းသေးခင် အလုပ်ကိုပြေး၊ မိုးစုန်းစုန်းချုပ်မှ အိမ်ကို ပြန် နဲ ့ ဘုရား တရား လည်းမေ ့နေတာကြာပြီ။ ခုဆို အိုကေပဲ။ အင်တာနက်ဆိုင်ထိုင်ရင် ဘုရားတွေ ဖူးလိုက်ရတယ် ။

Leave a Reply