ဘင်္ဂလားဒေ့ရှ်မှာ မိုးကြိုးပစ်ပြီး လူ၁ရနှစ်ဦးအနည်းဆုံးသေဆုံး

littlekaungMay 5, 20101min560

ကျန်ခဲ့တဲ့တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရာသီဥဆိုရွားပြီး မိုးသီးထန်စွာရွာသွန်းကာ မိုးကြိုးများပစ်မှု့ကြောင့် အနည်းဆုံး လူ ၁ရ ဦးသေဆုံးတယ်လို့ ရဲ တပ်ဖွဲ့ကဆိုပါတယ်။ ဒါကာမြို့နဲ့ ၇၅ မိုင်အကွာအဝေးမှာရှိတဲ့ အရှေ့မြောက်ဖက် Habiganj ဒေသမှတော့ ၆ ယောက်သေဆုံးခဲ့ပြီး၊ တောင်ပိုုင်းဒေသမှာတော့ ၄ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။ သေဆုံးသူအများစုဟာ လယ်သမားများဖြစ်ပြီး လယ်ကွင်းထဲဆင်း လယ်ရိပ်သိမ်းချိန်မှာ မိုးကြိုးပစ်လို့သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရဲ့တပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ Shiblu Majumder က AFP သတင်းဌာကိုပြောပြခဲ့ပါတယ်။ မြောက်ဖက်ပိုင်းမှာတော့ အိမ်အနီးနားမှာရှိတဲ့ လယ်ကွင်းထဲမှာ နွားကျောင်းနေတဲ့ ညီအစ်ကိုနှစ်ယောက်ဟာလည်း မိုးကြိုးပစ်ခံရလို့သေဆုံးခဲ့တယ်လို့ နယ်မြေရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်တဲ့ Fazlul Karim က အတည်ပြုပြောကြားခဲ့ပါတယ်။ Chandpur ဒေသမှာလဲ နှစ်ဦးသေဆုံးခဲ့ပြီး၊ အခြားသောဒေသတွေမှာလဲ ၃ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ref;forward mail