ကြေငြာ မဟုတ်ပါ

မောင် ပေJuly 10, 20111min1185

မနေ ့က အကြည်တော် ရဲ  ့အချစ်ကထာ ဆိုလား ဘုတ်အုပ် ကို ဖတ်ရတယ် ။ ချစ်သူ ရည်းစား တွေ ရဲ  ့အကြောင်း ကို အကုန်လုံး မဟုတ်ပေမယ့် တော်တော်လေး ပြည့်ပြည့်စုံစုံ လေး ရေးထားတယ် ။ ဒါကြောင့်မို ့လဲ အကြည်တော် ဟာ မိန်းမ တော်တော်များများ ရဲ  ့ မေတ္တာ ကို ခံယူ ရတာ ( အမှန်တွေ ကို ဖော်သဖြင့် )  နေမှာ လို ့တွေးမိတယ်ဗျာ ။ စာရေးဆရာ က ယောက်ျားဆိုတော့ ယောက်ျားတွေ ဘက်ကိုတော့ နဲနဲ အလေးသာ ရေးထားသလို ပါပဲ ။ အကြည်တော် ဝတ္တုဖတ်တယ်ဆိုလို ့ပေါပေါလောလော စာတွေ ကို ဖတ်တယ် လို ့ပြောချင်လည်း ပြောကြပါစေ ဗျာ ။ အဓိက  က တော့ entertainment ဆိုတဲ့ သဘော ကို မေ့နေကြလို ့ လို ့ပဲ တွေးမိပါတယ် ။ တစ်ချို  ့က ပြောလိမ့်မယ်

` စာဖတ်ပါတယ် ဆိုမှ အဖိုးတန်စာ ပညာပေးတဲ့စာ ကိုယ့်အတွက် အကျိုးရှိမယ့် စာ မှ ဖတ်သင့်တယ် ´ လို ့ ။

ဒါက လူတော်တော်များများ လက်ခံထားတဲ့ အတွေး အခေါ ်၊ ခံယူချက်လေးပါ ။ အကျိုးရှိတယ် ၊ အကျိုးမရှိတယ် ၊  ပေါပေါလောလော ဖြစ်တယ် ၊ မဖြစ်တယ် ဆိုတာ က တစ်ကယ်တမ်း  စာကို ပြီးအောင် ဖတ်ပြီး မှ ကောက်ချက် ချ လို ့ရတဲ့ အရာမျိုး မဟုတ်ပါလား ။ ( ဥပမာ ဆိုရရင် ကျောက်စကား နဲ ့ပေါ့ ။ အထဲ မှာ ဘာပါသလဲ ဆိုတာ သေချာ အနီးကပ် လေ့လာ သေချာကြည့် ခန် ့မှန်း ဖြတ်ကြည့်ပြီး မှ အလကားကျောက်လား သိန်းချီတန်တဲ့ ကျောက်လား သိနိုင်သလို မျိုး ပေါ့ )

တစ်ကယ်တမ်း ပြန်စဉ်းစား မယ်ဆိုရင် ဘာအလုပ်ပဲ လုပ်လုပ် အချိန် ပေးရတယ် ။ ဥပမာဗျာ ဝမ်းတွင်းက မခံနိုင်လောက်အောင် အင်အင်း ပါချင်နေငြား တစ်ကယ့်တစ်ကယ် အရေးကြီးနေရာမျိုး ( ဥပမာ = အစည်းအဝေး ခန်းမ မိန် ့ခွန်းပြောနေစဉ် ၊ ဘက်စ်ကား လူကြပ်ကြပ်ထဲ ညပ်နေစဉ် ) မှာ ဆိုရင် အချိန်မပေးနိုင်ဘူးလေ ။ အတတ်နိုင်ဆုံး အောင့်အီးပြီး ၊ ပြီးမှ လှုပ်ရှားရတာမျိုး မလား ။ ထားပါ ။ ကျွန်တော် ပြောချင်တာ …. စာဖတ်တော့မယ် ဆိုပါတော့ ။ အားနေပြီ ( သို ့မဟုတ် ) အချိန်ရပြီ ပေါ့ဗျာ ။ ကိုယ်က ဘာစာ ကို ဖတ်မယ် လို ့ရည်ရွယ်ပြီး ကိုယ်ရည်ရွယ်တဲ့ စာကို ဖတ်တာပဲ ဖြစ်ဖြစ် ။ ကိုယ်ဖတ်ချင်တဲ့ စာကို ဖတ်လိုက်ရရင် ကိုယ်စိတ်ချမ်းသာ တာပဲမလား ။ ဒီတော့ အဲဒီ အဖိုးတန်လှတယ်လို ့ကိုယ်သတ်မှတ်ထားတဲ့ စာ ဟာ ကိုယ့် အလိုပြည့်အောင် ဖြည့်ပေးလိုက်တာပဲ မလား ။ ဒီတော့ သူ က လဲ entertainment ပဲ ပေါ့ ။ ကိုယ့် ဆန္ဒကို ဖြည့်ပေးတဲ့ ကိုယ့် ရဲ  ့အားလပ်ချိန်တွေ ကို ဖျော်ဖြေပေးတဲ့ entertainment မဟုတ်ဘူးလား ။ စဉ်းစားကြည့်ရအောင်နော် ။လူတိုင်းဟာ ယောက်ျားဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် ကိုယ့် ဆန္ဒ ပြည့်စေတဲ့  ကိုယ့် ကို တစ်ခုခုပေးတဲ့ အကြောင်းအရာ ကိစ္စမျိုး အားလုံး ကို တန်တယ် လို ့သတ်မှတ်ကြတာ လို ့တွေ ့တယ်ဗျာ ။ ဒီတော့က တန်တယ် မတန်ဘူး ဆိုတာ ကိုယ်တိုင် နဖူးတွေ  ့ဒူးတွေ ့ကြုံပြီးမှ ဆုံးဖြတ်ရမှာ ပေါ့နော် ။ ဒါကတော့ ကျွန်တော် တွေးမိတဲ့ အကြောင်းအရာ လေး တွေ ကို ပြန် ပြီး ရေးတင်ကြည့်တာပေါ့နော် ။

mandalay gazette သူကြီး က ပြောထားတယ် ။ မတူညီတဲ့ အတွေးအခေါ ်တွေ နဲ ့ရေးပါတဲ့ ။ ကျွန်တော် ရေးတာလေး ကို ဖတ်မိရင် စဉ်းစားစရာ လေး တစ်ခုခုတော့ ရမယ် လို ့ထင်ပါတယ် ။  အားလုံး ကို ကျေးဇူးတင်ပါတယ် ။

5 comments

  • ရွှေဘိုသား

    July 11, 2011 at 9:10 am

    စာဖတ်မှတော. များသောအားဖြင်. ဗဟုသုတ ယူတတ်မယ်ဆိုရင် ဘယ်လိုစာအုပ်မျိုးမဆိုဗဟုသုတ
    ရပါတယ်။ အကြည်တော်ရဲ. မိန်းမဋိကာ စာအုပ်မှာလည်း ကျွန်တော် အရမ်းကြိုက်ခဲ.ရပါတယ်
    ယူတတ်ရင် ဗဟုသုတက ပီမိုးနင်း ရေးတဲ. လိင်မှုကိစ္စ စာအုပ်တွေမှာတောင် ရနိုင်ပါတယ်
    အသုံးချတဲ.သူအပေါ်မှာ မူတည်ပြီး ကောင်းကျိုး ဆိုးကျိုးတွေဖြစ်ပေါ်နေတာပါ။

  • ဆူး

    July 11, 2011 at 9:16 pm

    ဝါသနာပါရင် ရွာထဲမှာ စာရေး စာဖတ် လုပ်.. တခါတလေ ရန်ပါ ဖြစ်လို့ ရလိမ့်မယ်။

  • padonmar

    July 11, 2011 at 10:02 pm

    (အကြည်တော် ဝတ္တုဖတ်တယ်ဆိုလို ့ပေါပေါလောလော စာတွေ ကို ဖတ်တယ် လို ့ပြောချင်လည်း ပြောကြပါစေ ဗျာ ။ )
    ကျွန်မတော့ မပြောပါဘူး၊အကြည်တော်ရေးတာ တွေကောင်းတာ အများကြီးပါ။
    ပထမဆုံးထွက်တဲ့ ကျောက်သင်ပုန်းတွေနဲ့မိုးထားတဲ့အိမ်ဆိုရင် မိသားစုဖတ်လို့ရတဲ့ ဟာသလေးတွေ သန့်သန်စင်စင်ရေးထားတာပါ။ ဖတ်ရင်း မပြုံးဘဲမနေနိုင်တဲ့ စာအုပ်မျိုူးပါ။

  • phowagyi

    July 11, 2011 at 11:24 pm

    ဟာသ မြောက် အောင် ရေး ဖို့ဆို သာခက် ပါ တယ်။ အကြည်တော်ရေးတဲ့ စာအုပ်တွေ ဖတ်ပြီးလည်း စိတ်ညစ်တဲ့အခါ ပြန်ဖတ်ရင် ရယ် နေရတာမို့စိတ်ညစ်တာပျောက် ရပါ တယ်။ဟာသစာပေ မို့ အထင်သေးလို့မရပါဘူး။ပေါပေါလောလောမဟုတ်ရပါဘူး။

  • windtalker

    July 12, 2011 at 11:22 pm

    ဆူးရေ နီနေတာလေး ပြန်ဖျောက်ပေးလိုက်ပြီ

Leave a Reply