အင်း..
ဘာရယ်ဟုတ်ပါဘူး..
ကွဲကြောင်ပြဲကြောင်နဲ့  ဂူဂယ်လ် ဆီသွားတာ.. အမှတ်တမဲ့ Typing မှားရိုက်ရင်းနဲ့ ..
ဂူဂယ်ရဲ့ လျှို့ ဝှက်ထားတဲ့ ၄င်း ရဲ့ ညီနောင် (၃) ဦးကို တွေ့ ခဲ့ရပါတယ်..
သူတို့ တွေကတော့ မောင်ဂူဂယ်လ်နဲ့  ချွတ်စွတ်တူတဲ့
မောင် ဂိုဂိုလီ (gogole)
မောင် ဂူးလ်ဂီ (goolge) နဲ့ 
မောင် ဂူးဂျယ်လ်(googel) တို့ ပဲ ဖြစ်ကြပါတယ်

မောင် ဂူဂယ်လ် (Google) နဲ့ ဆိုရင် (၄) မွှာပူး ညီကိုတွေတော်ကြပါတယ်
ဘာကြောင်လဲဆိုတော့
www.google.com နေရာမှာ www.gogole.com ဆိုရင်လဲ မောင်ဂူဂယ် နဲ့ ပဲ တွေ့ ရပါတယ်
www.goolge.com ,www.googel.com ဆိုရင်လဲ သကောင့်သား ဂူဂယ်နဲ့ ပဲ တွေ့ ရလို့ ပဲ ဖြစ်ပါတယ်..ထို့ ကြောင့် ၄င်းတို့ ဟာ အမွှာပူး ညီနောင်တွေဟု ကျွန်ုပ် မှတ်ချက်ပြုလိုက်ပါတယ်..။

ဒါတောင် နောက်ထပ် ဘီယာ ၂ ဗူး ၃ ဗူး လောက် ထပ်ဆွဲလိုက်ရင် ကျန်သေးတဲ့ ဂူဂယ်ရဲ့ညီနောင်တွေကို ထပ်တွေ့ ရဦးမလားလို့ လဲ ကျွန်ုပ် သံသယ ရှိနေလျက်ပါပဲ..။

ကျွန်ုပ် အင်တာနက်သုံးလာသည့် သက်တမ်းတစ်လျှောက် ဂူဂယ်လ် တွင် ညီကိုတွေ ရှိသေးမှန်း ယခုမှပင် သိရသည့် အတွက် အထူးပဲ ၀မ်းနဲမိပါတယ်..
လျှို့ ဝှက်ထိန်ချန်ထားသော Google အား စိတ်ဆိုးလျက်

PP@MG

:P

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး