ကျွန်ုပ် နှင့် Google (၄) ကိုယ်ခွဲ

ဂ်စ္စူJuly 11, 20111min1066

အင်း..
ဘာရယ်ဟုတ်ပါဘူး..
ကွဲကြောင်ပြဲကြောင်နဲ ့ ဂူဂယ်လ် ဆီသွားတာ.. အမှတ်တမဲ့ Typing မှားရိုက်ရင်းနဲ ့..
ဂူဂယ်ရဲ့ လှျို ့ဝှက်ထားတဲ့ ၎င်း ရဲ့ ညီနောင် (၃) ဦးကို တွေ ့ခဲ့ရပါတယ်..
သူတို ့တွေကတော့ မောင်ဂူဂယ်လ်နဲ ့ ချွတ်စွတ်တူတဲ့
မောင် ဂိုဂိုလီ (gogole)
မောင် ဂူးလ်ဂီ (goolge) နဲ ့
မောင် ဂူးဂျယ်လ်(googel) တို ့ပဲ ဖြစ်ကြပါတယ်

မောင် ဂူဂယ်လ် (Google) နဲ ့ဆိုရင် (၄) မွှာပူး ညီကိုတွေတော်ကြပါတယ်
ဘာကြောင်လဲဆိုတော့
www.google.com နေရာမှာ www.gogole.com ဆိုရင်လဲ မောင်ဂူဂယ် နဲ ့ပဲ တွေ ့ရပါတယ်
www.goolge.com ,www.googel.com ဆိုရင်လဲ သကောင့်သား ဂူဂယ်နဲ ့ပဲ တွေ ့ရလို ့ပဲ ဖြစ်ပါတယ်..ထို ့ကြောင့် ၎င်းတို ့ဟာ အမွှာပူး ညီနောင်တွေဟု ကျွန်ုပ် မှတ်ချက်ပြုလိုက်ပါတယ်..။

ဒါတောင် နောက်ထပ် ဘီယာ ၂ ဗူး ၃ ဗူး လောက် ထပ်ဆွဲလိုက်ရင် ကျန်သေးတဲ့ ဂူဂယ်ရဲ့ညီနောင်တွေကို ထပ်တွေ ့ရဦးမလားလို ့လဲ ကျွန်ုပ် သံသယ ရှိနေလျက်ပါပဲ..။

ကျွန်ုပ် အင်တာနက်သုံးလာသည့် သက်တမ်းတစ်လျှောက် ဂူဂယ်လ် တွင် ညီကိုတွေ ရှိသေးမှန်း ယခုမှပင် သိရသည့် အတွက် အထူးပဲ ဝမ်းနဲမိပါတယ်..
လှျို ့ဝှက်ထိန်ချန်ထားသော Google အား စိတ်ဆိုးလျက်

PP@MG

😛

6 comments

  • kai

    July 11, 2011 at 5:14 am

    ညီနောင်တွေပဲထားပါတော့…
    အဲဒါတွေက ဒိုမိန်းနိမ်းတွေသာရယ်ပါ…။ ဘယ်ကိုသွားသွား.. ဂိုဂယ်ဝက်ဆိုက်ပြန်ရောက်အောင်လုပ်ထားတဲ့ အဓိပါယ်က… အဲဒီအမည်တွေကို မသမာသူတွေက တခြားမှာသုံးမှာစိုးတာမို ့.. ဖြစ်နိုင်ချေတွေကို တွက်ပြီး.. (ကုန်ကျငွေကတနှစ်မှ ၅ဒေါ်လာလောက်မို ့)..အကုန်သိမ်းကြုံးဝယ်ပြီး.. DNSမှာ မူရင်းကိုDomain Forward လုပ်ထားတာပါပဲ..။

    အဲ.. ပြောရရင်တော့.. မတူနဲ့ဆားဗစ်နဲ့ပေးတာ..ဒီတလောအသစ်၂ခုရှိတယ်.. ဂိုဂယ်-ဂွတ်ဂယ်နဲ့..ဂိုဂယ်+ ပါ..။
    http://www.google.com/mobile/goggles/#text
    https://plus.google.com/up/start/?sw=1
    စမ်းကြည့်ပေါ့..။

  • ရွှေဘိုသား

    July 11, 2011 at 9:47 am

    ကိုပေါက်ပေါ်က သိတာစောပါတယ်ဗျာ
    ကျွန်တော်က အခုမှ ခဗျရေးတဲ. စာဖတ်ပြီးမှ သိရတာဗျ
    နာတယ်ဗျာ အခုမှသိရလို.

  • PaukPhaw

    July 11, 2011 at 10:10 am

    သဂျီးပြောမှ သိတယ်..ဗျ
    ကျေးဇူး.. Tha gyi 😀

    လောလောဆယ် Google + က
    We’ve temporarily exceeded our capacity. Please try again soon. ဖြစ်နေတယ်

    ဂိုဂယ်-ဂွတ်ဂယ် ကတော့
    Android ,iPhone ဝယ်နိုင်မှ စမ်းရမယ်..ဟီး..ဟီး..

  • windtalker

    July 11, 2011 at 1:41 pm

    ကျေးဇူးတင်ပါတယ် ကိုပေါက်ဖော်

  • ဆူး

    July 11, 2011 at 9:30 pm

    အင်ကြီးတွေလားလို့ အစစ်တွေပေါ့.. နာမည် မမှန်ရင် သိပ်မဖွင့်ရဲဘူး ပိုးထိ မှာ စိုးလို့..

  • fighternk

    July 19, 2011 at 2:01 pm

    ဗဟုသုတ လေးတော့ရသွားပါတယ်။

Leave a Reply