ကောင်:ကြသေးရဲ့လားအရပ်ကတို့

kokothandarAugust 11, 20111min20511

ဇုံကားတွေထုတ်ခွင့်ပြုပြီး အမည်ပေါက်ကိုဝယ်ခွန်ဆောင်ခိုင်းပြီး လိုငိစငိချပေးတယ် တကယ်တော့ ဒီကားတွေရဲ့ရှစ်ဆယ်ငါးရာနှုန်းစက်ပစ္စည်းတွေဟာနိုငိငံခြားကဟာတွေပါ။နောက်နှစ်လိုင်စင်ဝငိတော့RTဆိုပြီးက.ည.နကလူတွေဝိုင်ညှစ်ကြတာ Townace pickup တစ်စီးကိုရှစ်သိန်းခွဲလောက်ကူန်တယ်

က.ည.န ယာဉ်စစ်အဖွဲ့ကလူတွေတစ်ယောက်စီ

မှာသိန်းပေါင်းသောင်းချီချမ်းသာနေပြီဆိုဘဲ ခုတော့ကြားရပြန်ပြီ RTထုမပေးဘဲလိုငိစင်တောင်ပေးမဝင်ဆိုပြန်ပြီဲ ကားကောင်းမစီးနိုင်လို့ဇုံကားလေးဝယ်မိတာ ဝယ်ခွန်ကပေးပြီးနောက်တနှစ်ကျတော့လိုင်စငိအဝင်မခံ ဒါဆိုရင်အစကဘာလို့လိုင်စင်ထုတ်ပေးတာလဲတရားမှုနဲ့ စာနာမှုလေးတော့ထားကြပါအုံး တစ်ယောက်လာတစ်မျိုးမူတွေပြင်နဲပြည်သူတွေကတော့ခံရတဲ့ဘက်ကချည့်ပါဘဲ

11 comments

  • Mee2

    August 12, 2011 at 12:43 am

    ဘယ်ကကားမှဝယ်မစီးနိုင်လို ့တော်ပါသေးတယ်။အင်း ခပ်မြင့်မြင့်ဘဲစီးချင်ပါတယ်။မြန်မာပြည်မှာက သူများနိုင်ငံမှာလွှင့်ပစ်တဲ့ကားဈေးကောင်းပေးဝယ်နေရတော့လဲ ဘယ်ခါများကောင်းကောင်းစီးရပေါ့မလဲ

  • moethidasoe

    August 12, 2011 at 6:35 am

    အကောင်းဆုံးက တက္ကစီကို စီး
    ကြိုက်တဲ့ကား လက်တားစီးလို့ ရတယ်
    သွားချင်တဲ့နေရာရောက်ရင် ကားအခိုးခံရမှာ မပူရဘူး
    ထည်လဲ စီးလို့ရတယ် (ဝယ်မစီးနိုင်လို့ ပြောတာနော်)

  • intro

    August 12, 2011 at 9:53 am

    Ferrari တစ်စီးလောက် ဝယ်စီးမလား စဉ်းစားတာ… (တကယ်က မဝယ်နိုင်လို့ ) ဒီကလမ်းတွေကြောင့် မဝယ်ဖြစ်တော့ပါဘူး… 😛

  • pan pan

    August 12, 2011 at 10:16 am

    လောလောဆယ် အကုန်အကျအနည်းဆုံး ဘတ်စ်ကားပဲစီးနေတယ်
    ခုနောက်ပိုင်း စက်မှုဇုန်ကထုတ်တဲ့ ကားလေးတော့ လိုချင်သား
    အပြင်ပေါက်ဈေးက မတန်တဆမို့ (မဝယ်နိုင်ဘူး)
    ဘတ်စ်ကားစီးတယ်
    တခါတလေ တက္ကစီနဲ့ပေ့ါ
    ကိုယ်တိုင်လည်းမမောင်းရတော့ဘူး အေးရော….

  • Mee2

    August 12, 2011 at 12:53 pm

    ဟုတ်ပနော်။ကားဝယ်စီးမလားလို ့ပါ လမ်းကဖျက်နေလို ့ဟိ ဟိ။ဘက်စ်ကားတိုးစီးရတာဘဲစိတ်ချမ်းသာတယ်။ဘယ်သွား ၂၀ဝ ဘဲ။အေးဆေး။တက္ကစီ စီးတဲ့မိန်းကလေးတွေအတွက် စိတ်မညစ်ရတော့ဘူး။ညစ်ညမ်းကားတွေဖွင့်ပြတဲ့ ကားသမားနှာဘူးတွေ နာဖို ့သာပြင်တော့။အေးဆေးစီးရမလားလို ့ငှားစီးမယ် ကြံတယ်။သူ တို ့ကတမှောင့်

  • စုန်းထီး

    August 12, 2011 at 1:01 pm

    တစ်ခုတော့ ရှိတယ် …
    ကားကောင်းရမယ် ဈေးလည်း မဆိုးရဘူး
    ဒါပေမယ့်
    ဖော်လံဖားလုပ်ရင်လုပ် မလုပ်ချင်ရင် လူထုအတွက်ဆို သံကုန်ဟစ် ပြီးရင် မအော်အောင် လာဘ်ထိုးရင် ငြိမ်ယူလိုက် … ကားပါမစ် ဘာပါမစ် ညာပါမစ် ဒါတွေ အကုန်ရမယ် …
    အဲဒါတွေ မလုပ်ချင်ရင်တော့ ဘုရားတရားတလို့ လိုင်းကားသာတိုးစီးပေတော့

  • ဆူး

    August 12, 2011 at 3:59 pm

    ဒီနှစ် ဇုံထုတ်ကားတွေ အရမ်းရစ် ဆိုပဲ.. သူငယ်ချင်းလည်း ဘာမှ မဟုတ်ပဲ အချိန်တွေကုန်ပြီး တာမွေမှာ ဟိုဟာ ဖြုတ်တပ် ဒီဟာ ဖြုတ်တပ် လုပ်ပြီး ပြန်သွားဝင်ရတယ်တဲ့.. ပိုက်ဆံလည်း တော်တော် ထွက်သွားတယ်တဲ့။

  • naywoonni

    August 12, 2011 at 8:16 pm

    ကောင်းပါတယ်….။ ကိုယ်မှ ကိုယ်ပိုင်ဝယ်မစီးနိုင်တာ…။ စီးနိုင်ရင်တော့ မကောင်းဘူးပြောမှာပေါ့နော်…… ဟုတ်ဖူးလား…….။ 😛 😛 😛

  • unclegyi1974

    August 12, 2011 at 9:56 pm

    တတ်လည်းတတ်နိုင်ကြပါတယ်
    မောင်တို့ယောကျာ်းတွေရယ်….

  • thit min

    August 13, 2011 at 7:30 pm

    Uncle gyi1974, Are you male or female? Your comment makes me confuse me.(Honestly)

Leave a Reply