အာရပ်တော်လှန်ရေး အာဆီယံရောက်ပြီ (မလေးရှားလူထုအုံကြွမှု)

BayoteJuly 11, 20111min1619

9 comments

  • good

    July 11, 2011 at 1:20 pm

    လူထု အင်အား ကတော့ အတော် များတာပဲ၊ ဘာကြောင့် ဘာအတွက် ဘယ်အချိန်က ဆိုတာလေး လဲ ပြောပေးပါ အုံး။

  • လင်းဝေကျော်

    July 11, 2011 at 2:27 pm

    အကြောင်းအရာလည်းရေးပေးပါဦး။ မူရင်းသတင်းလင့်ခ်ရှိရင်လည်း ဖော်ပြပေးပါ။

    • ကြောင်ကြီး

      July 12, 2011 at 8:45 am

      http://komoethee.blogspot.com/2011/07/blog-post_8989.html
      ဒီလောက်ပိတ်ဆို့ထားတဲ ့ကြားက မလေးတွေ ဘယ်လိုဆန္ဒပြခဲ့သလဲ ( ကို ဝင်း )

      အီဒီလာရာဇက် ။ ။ ဇူလိုင် ၁၀၊၂၀၁၁

      အာဏာပိုင်တွေရဲ့ လမ်းတွေပတ်ဆိုမှု့ ၊ မမှန်သတင်းလွှင်မှု့တွေဟာ သန့်ရှင်းပြီး တရားမျှတ တဲရွှေးကောက်ပွဲကို တောင်းဆိုနေတဲ့ လူအုပ်ကြီးကို တားဆီးနိုင်စွမ်းမရှိခဲ့ပါ။ကွာလာလမ်ပူမြို့ ပူဒုရယ
      ဘတ်စကားဂိတ်ကို အခြေခံပြီး စုရုုံးခဲ့တဲ့ လူ၅၀ဝလောက် ဟာ လူ ၁၀၀ဝလောက် အဖြစ်ကြီးထွား လာခဲ့ပြီး Petaling လမ်းမကြီးကနေ နေ့ခင်း ၁၂း၄ဝ လောက်က စပြီးချီတက်ခဲ့ကြတယ် ။ ဂျလန်ကူဒူရှီမာဒေးကား အားကစားရုံ အစုအရပ်အရောက်မှာတော့ လူထုကြီးဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သံဇကာတွေနဲ့ တားဆီး ပိတ်ဆို့မှု့တွေနဲ့စတင် ရင်ဆိုင်ကြရသည်။ ( အပြည့်စုံ ကိုဖတ်ခြင်ရင် ခေါင်းစဉ်ကို ကလစ်လိုက်ပါ )

      ဒီလောက် တမြို့လုံးနဲ့ ရထားဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ် ဆို့ထားတဲ့ အခက်အခဲတွေကြားထဲက ဘယ်လိုစည်းရုံး လုပ်ဆောင်ခဲ့ကြသလဲ ။ အဖြေကတော့ ပုလိပ်တွေ မျက်စိမှောက်လောက်အောင် အံ့ဩဘွယ်ရာ လုပ်ဆောင် နိုင်ခဲ့တဲ့ Bersih 2.0 လှုတ်ရှားမှု့ကြောင်ဘဲ အချက်အချာ နေရာတွေဖြစ်တဲ့ ဂျလန် ၊ ပဆာစီနီ ၊ မတ်ဂျစ်ဂျမက် နဲ့မဂျစ်နဒရ တို့လိုနေရာမျိုး တွေကိုပုလိပ်က ပိတ်ဆိုခဲ့ပေမဲ့ အတိုက်အခံစာ ပီတင်လမ်းမကြီးမျိုးတွေက်ို အခြေပြုပြီး ချီတက်လာခဲ့ကြတာကြောင့် မပိတ်ဆို့နိုင်ခဲ့တာလဲဖြစ်တယ်။
      ပီတလင်းလမ်းမကြီးလှုပ်ရှားမှု့-
      ဘူတာရုံဟောင်းရှိရာ မဂျစ်နဂရ အစုအရပ်မှာ ပုလိပ်တွေက လူတွေကို အုပ်လိုက်ပြု လိုက် ဖမ်းနေကြချိန်မှာ ပီတလင်းလမ်းမကြီးမှာတော့ လူစုလူဝေးတွေ အားကောင်းလာ ခဲ့တယ်။
      မနက် ၁၁ နာရီလောက်ကနေ အားကောင်းလာခဲ့တဲ့ လူစုလူဝေး တခုဟာတရုတ် တန်းဈေးကနေ ချီတက်ခဲ့တယ်။
      ၎င်းလူအုပ်ကြီး ချန်လော့ နဲ့ဂျလန်းပီတလင် အရောက်မှာတော့ မဂျစ်နာရ ၊ ပဆာစီနီနဲ့ ဒယဘူမိ အဆောက်အဦးကို ဦးတည်ချီခဲ့ကြသည်။
      ၁၅ မီနစ်အတွင်းမှာ လူအုပ်ဟာ ၄၀၀ဝ ကျော်ဖြစ်လာခဲ့ပြီး မားဒေးကားအားကစားရုံနဲ့ မီတာ ၇၅ဝ အကွာရှိ ဂျလန်းလမ်းမကြီးကို ပြည့်ကျပ်နေစေခဲ့သည်။
      အဲ့ဒီကစပြီး လူထုချီတက် ပွဲကြီးဟာ ပွဲတော်ကြီးတခုလို ပန်းတွေ ၊ အလံတွေ သီချင်းဂီ တတွေနဲ့ ဝေဝေဆာဆာ ကြီးဖြစ်လာခဲ့ပြီး ၊ သူတို့ရဲ့ ကြွေးကျော်သံဟာ “Bersihkan” ဖြစ်လာခဲ့သည်။
      လူငယ်လူမျိုးပေါင်စုံလူထု-
      ထူးခြားတာက ဆန္ဒပြသူတွေဟာ လူငယ်အသက် ၂ဝ ဝန်းကျင် ၊ ပထမအကြိမ်ဆန္ဒပြသူ တွေဖြစ်တယ်။
      မားဒေးကား သုတေသနဌာန ဒါရိုက်တာ အီဘရာဟင်ဆဖီယန် ကတော့ သူတို့ကို “Face Book” မျိုးဆက်လို့တင်စားခဲ့တယ် ။
      အခါတိုုင်းတွေ့နေကျ အတိုက်အခံတွေအစား ၊ လူသစ်တွေကိုတွေ့ရတယ်ဗျ ။ “Bersih” ဟာ face book ကနေ ထောက်ခံ ၊ ပူးပေါင်းမှု့တွေလုပ်ခဲ့တာလို့ တွက်လို့ရ တယ်” လို့သူ ၊ လူအုပ်နဲ့အတူ ချီတက်နေရာကပြောခဲ့တယ် ။
      ပုလိပ်အရာရှိတွေဟာ လူအုပ်နဲ့ချီတက်မှု့တွေကို အနံခံလို့ရခဲ့တဲ့ အခါမှာကြတော့ ပုလိပ်နဲ့ ထိပ်တိုက်တွေ့မဲ့ အားကစားရုံကြီးဆီကို ဆက်လက်မချီတက်ကြတော့ဘဲ ။ ဂျလန်ဆူလတန်နဲ့ ဂျလန် Hs လီလမ်းထောင့်မှာ ထူးဆန်းစွာရပ်တံ့လိုက်ကြတယ်။
      လူထုအင်အားကြောင့် ၄၀၀ဝ ကျော်လူထုကြီးဟာ ဂျလန်းတွန်းပီရက်မှာမေဘဏ် ရှေ့မှာအစုရပ်လုပ်ခဲ့တဲ မဂျစ်ဂျမက်က လူအုပ် ၁၀၀ဝ ကျော်နဲ့ထပ်မံ ပေါင်းစီးမိခဲ့ကြတယ်။
      အဲဒီမှာတော့ တကဲ ခေါင်းဆောင်တရောက် ပေါ်ထွက်လာခဲ့ပြီ။ သူကတော ရွေးကောင်ပွဲဒါရိုက်တာနှင့် Bersih ဦးဆောင်မှု့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာဟဌရမ်လိ ဆိုသူဖြစ်တယ်။ သူရဲ့တိုက်ပွဲဝင် မိန်ခွန်းကတော့`အဝါရောင် အင်္ကျီဝတ်ဆင် ၊ တိုက်ပွဲ ဝင်ကြစို့’ ဖြစ်တယ်။
      အသွင်မတူသော လူမျိုးစုတွေရဲ့ ညီညွတ်တဲ့တိုက်ပွဲ-
      တအောင်လောက်အကြာမှာတော ့မျက်ရေယိုဗုံးပစ်ခတ်သံတွေကို စတင်ကြားလာ ခဲ့ကြရတယ်။
      သောင်းနဲ့ချီတဲ လူအုပ်ကြီးဟာ ကူဒရကနေ မေဘဏ်ကြီးရှိရာ ကိုဦးတည်ပြီး ပြးလွှားနေ ကြပြီး မျက်နှာတွေကို ဗုံးဒဏ်သက်သာအောင် ရေတွေနဲ့ဆေးကြောနေကြရတယ်။
      မျက်ရေယိုဗုံးဒဏ်ကြောင့် လူအုပ်ဟာ ၂ ခြမ်းကွဲသွားခဲ့တယ် ။ တစုဂျလန်းပူဒု မှာပြန်စု ပြီး ပုလိပ်နှင့် ထိပ်တိုက်တွေ့ကြတယ် ။ နောက်တအုတ်စုကတော့ လူစုပြီး ကွာလာလန်ပူ စီလင်ဂါအစည်းအဝေး ခန်းမကြီးမှာ စုရုံးနေကြတယ်။
      နောက်ဆုံးတော့ ဒီအမျိုးသားခေါင်းဆောင် အဆမတ်ဆိတ် ဦးဆောင်တဲ့ Bersih 2.0 အုပ်စု အီစကာနာနဲ့ မီတာ ၁၀ဝ လောက်အလိုမှာ ပိတ်ဆိုတားမြစ်ခြင်း ခြ့လိုက်ရတယ်။ သူတို့ရဲ့တောင်းတိုချက်ကို ကော်မရှင်ကိုတင်ပြနိုင်ခွင့် ဆုံးရှံးခဲ့ရတယ်။
      သူတို့ရဲ့ မူလရည်ရွယ်ချက်ကို နှောက်ယှက်ခံခဲ့ရသော်လဲ Bersih 2.0 ဟာ လူ့အလွှာ ပေါင်းစုံ ၊ ရှေးရိုးစွဲ အယူရှိသူတွေကနေ မျိုးဆက်သစ်လူငယ်ထု အထိစည်းရုံးလှုပ်ရှား နိုင်ခဲ့တာတောသေခြာဘဲဖြစ်တယ် ။
      အရင်ဆန္ဒပြပွဲတွေနဲ့မတူ လူမျိုးပေါင်းစုံပါဝင်တဲ့ဆန္ဒပြသူတွေကို ညနေ ၄ နာရီမှာ လူထုတွေကကူညီပြီး ပုလိပ်ရန်ကင်းစွာ ချီတက်နိုင်တဲ့ ဂျလန်ဆူလတန်ကို ချီတက်ဖို့ ညွန်ပြခဲ့ကြတာတွေ အပြန်အလှန်ကျေးဇူးတင်စကား ဆိုကြတာတွေ ၊ အမျိုးသား သီချင်းကို ပြိုင်တူသီဆိုနေကြတာတွေသာ မှတ်တမ်းတင်ရမှာဖြစ်တယ် ။
      ပုလိပ်အဓမ္မမှု့များ-
      မလေးရှားဘီနီသတင်းထောက် အာမက်ဇလီရဲ့ သတင်းအရ။ လူ ၁၅၀၀ဝ ကျော်ပါဝင်တဲ့ တန်ပြန်သပိတ်ဆန္ဒပြ ပွဲခေါ်ဆောင်ခဲ့တဲ့ ပါကစ အဖွဲ့ဟာ ၂ဝ ခန့်နဲ့သာ တမံတီတီဝမ်ဆ ကန်ရှေ့မှာ လမ်းလျှောက်နိုုင်ခဲ့တယ်လို ဆိုတယ်၊ နောက်ပိုင်းမှာတော်ပါမစ်မရလို့ ပြန်ပြရ တယ်လိုလဲ့ဆိုတယ် ။
      တပြိုင်ထည်းမှာဘဲ့ ဘူကစ်လက်တန်ရှိ အူနိုလူငယ်ထုဟာ မျိုးချစ်လူငယ်လို ကိုယ်ကို ကိုယ်တင်စားတဲ့ လူငယ် ၅၀ဝ လောက်စုရုံးပြီး တန်ပြန်သပိတ်ဆန္ဒပြခဲ့ကြတယ် ။ မနေ့ကအဖမ်းခံခဲ့ရတဲ့ လူ ၁,၄၀ဝ ထက်တောင် အများကြီးနည်းပါတယ်။
      ဆန္ဒပြပွဲကို အင်းအားသုံးပြီး ၊ မီးသတ်ပို်က်တွေ ၊ ရိုက်နှက်မှု့တွေ ၊ မျက်ရေယိုဗုံးခွဲ ပြီး အကြမ်းဖက်မှု့ တွေဟာလက်မခံနိုင်စရာဖြစ်ခဲ့တယ်။
      သွေးထွက်သံယိုဖြစ်နေတဲ့ ဆန္ဒပြသူတွေကို ပုလိပ်ကခေါ်ထုတ်သွားခဲ့တာတွေ၊ လူတွေကို လမ်းပေါ်မှာဖိနှိပ် ဖိနပ်နဲနင်းပြီး အတင်းလက်ထိပ်ခတ် ကန်ကြောက်တာတွေ ဟာမလိုလားအပ်တဲအင်းအား သုံးမှု့တွေဖြစ်ခဲ့တယ်။
      ဒါတွေကို TV , Internet တွေက တဆင့်မြင်တွေကြရတဲ့ ပြည်သူတွေ အလွယ်တကူ မေးပျောက်သွားကြမယ်မဟုတ် တဲ့အစိုးရရဲပြောင်းလွဲရေး မူဝါဒတွေကိုလဲ လွယ်လွယ် နဲ့တော့ လက်ခံကြတောမယ်မဟုတ်ပါ။

      at 02:24

  • zaw min

    July 11, 2011 at 2:34 pm

    အားလုံးအေးအေးဆေးဆေးဖြစ်သွားပါပီ။ဖြစ်တာက စနေနေ့တစ်ရက်ထဲပါပဲ။ဒီနေ့လူတွေအားလုံးပုံမှန်အတိုင်းသွားလာလူပ်လျားနေပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 11, 2011 at 2:54 pm

    အာဆီယံကိုရောက်တာထက်
    မလေးရှားကိုရောက်တယ်လုပ်ပါ ကိုယ်တော်ရယ်
    မတော်နေ
    အာဆီယံမှာဒို့လည်းပါ ဆိုပြီး
    မြန်မာပြည်ကိုရောက်ပြီဆိုပြီးဖြစ်လာပါဦးမယ်
    အာရပ်ထက်ကို ထိုင်းရွေးကောက်ပွဲလို့ထင်မိတာဘဲ
    တစ်နေ့က ကိုငြိမ်းချမ်းရေးထားတဲ့အတိုင်းပါဘဲ

  • KoNyeinChan

    July 11, 2011 at 10:02 pm

    ကို Bayote က “အာရပ်တော်လှန်ရေး အာဆီယံရောက်ပြီ” လို ့လိုရာဆွဲတွေးသွားတာကိုး… မလေးရှားရဲ ့ဒီလို အုံကြွမှုဟာ ၂၀၀ရ တုန်းကလည်းဖြစ်ခဲ့ဘူးပါတယ်။ ဒီနှစ်လောက် မကြီးကြယ်လိုက်လို ့ မသိလိုက်ကြတာပါ..
    တနေ ့တုန်းကလို နေရာမှာပါဘဲ.. လက်ရှိဝန်ကြီးချုပ် Najib မတက်ခင် တစ်နှစ်အလိုမှာ Barisan Nasional ရဲ ့မသမာမှုတွေကို မကြိုက်ကြလို ့ဆန္ဒပြခဲ့ဘူးကြတာပါ.. ဒါပေမယ့် ဒီ BN က အာဏာ၊ ငွေအင်အား၊ အသိုင်းအဝိုင်းအင်အား တောင့်တင်းလွန်းလို ့ မလွန်ဆန်နိုင်ခဲ့ကြဘူး.. အခုဆိုရင် ပိုတောင်တောင့်တင်းသေး.. ပြည်သူအများစုက သိနေပေမယ့်လည်း ဘာမှသိပ်ပြောနိုင်အားမရှိကြသေးဘူး.. ဒီနှစ်ထပ်ဖြစ်တာကလည်း နောက်နှစ်ရွေးကောက်ပွဲအတွက် အခုဆိုရင် BN က ပြည်သူလူထုကို အတော်စည်းရုံးထားပြီးပြီ.. ရေဘေးဒုက္ခသည်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ကျောင်းသားလူငယ်တွေကို နိုင်ငံ့ငွေနဲ ့ ပစ္စည်းအထောက်အပံ့တွေပေးပြီး သူတို ့ပါတီက အကူအညီပေးတာမှန်းသိအောင် ပေးတဲ့အထုပ်တွေမှာ သူတို ့ပါတီစာတန်းရိုက်နှိပ်ထားပါတယ်.. တခြားပါတီတွေကိုတော့ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရလို ့ အကန် ့အသတ်လေးတွေ ထားထားတာကြောင့် နောက်လာမယ့်ရွေးကောက်ပွဲအတွက် တဖက်စောင်းနင်းဖြစ်လာမှာစိုးလို ့ တခြားပါတီက ဆန္ဒပြကြတာပါ

  • unclegyi1974

    July 11, 2011 at 10:17 pm

    ဒီလူလေးလောက်နဲ့များသနားတယ်

  • mzm

    July 15, 2011 at 12:11 pm

    နိဗာန်ဈေး တန်းစီနေတာလားဟင်

  • aungnng87

    July 15, 2011 at 2:56 pm

    အဲဒီနေ.ကများBukit Bintang မှာနေ.ခင်း၁နာရီခွဲလောက်မှာစစချင်းလူလေး၄ယောက်၅ယောက်နဲ.စအော်
    ကြတာလူတွေကတဖြေးဖြေးနဲ.လာဝိုင်းကြည့်ကြတာ။ကားအနက်တစင်းရောက်လာပြီးအင်းကျီအနီတွေဝေ
    ပေးတာ။လူတွေကဝတ်လိုက်ကြတယ်။အဲ.. နောက်တချက်လဲပြန်ကြည့်လိုက်ရောအဲဒီလူတွေလက်ထဲအလံတွေပါရောက်လာပြီးအော်ဟစ်ပြီးအကုန်လုံး
    ဆန္ဒပြသူတွေဖြစ်သွားကြရော။

Leave a Reply