ဒီသတင်းကို မလေးရှားနိုင်ငံတွင်ထုတ်လုပ်ဖြန့်ချီသော ၀ံသာနုသတင်းဂျာနယ် အတွဲ-၁၊အနှတ်-၁၄(ဇူလိုင်-၉-၂၀၁၁)နေ့စွဲပါ။သတငးဂျာနယ်မှရရှိပါသည်။တာဝန်ခံထံမှလည်း သတင်းဖြန့်ဝေရန်အတွက်ခွင့်ပြုချက်ရယူပီးဖြစ်ပါသည်။

သတင်းအပြည်အစုံမှာ။    ။ကမ္ဘာ စားနပ်ရိက္ခာရှားပါးမူဟာ အရေးတကြီးဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ်ဖြစ်နေပါတယ်…သို့သော်လည်း ပါမောက္ခ အီကီဒါ ကတော့ ၎င်းရြ့နောက်ဆုံးပေါ် တီထွင်ကြံဆမူဖြစ်သည့် လူ့မစင်မှနေပရိုတိန်းဓါတ်ပါသည့်အသားတုတစ်မျိုး တီထွင်ထုတ်လုပ်နိုင်မူဟာ ထိုအခက်အခဲပြဿနာကို အရေးပါသည့် နေရာမှ ကူညီဖြေရှင်းပေးနိုင်ယ်လို့ ယူဆနေပါတယ်….

အိုကာယာမာ ဓါတ်ခွဲစမ်းသပ်ခန်းမှ ဂျပန်နိုင်ငံသား သုတေသနပညာရှင်က ၎င်း၏တိုင်းပြည်တွင် မိလ္လာပြဿနာများမနိုင်မနင်းဖြစ်နေခဲ့သဖြင့် တိုကျို မိလ္လာဌာနနေဖြင့် ထိုအခက်အခဲကို အကျိုးရှိစွာဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေဖို့ ၎င်းအား ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်….ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ ကြောင်တောင်တောင်နိုင်လှမူဟာ လူသိများတာကြောင့်ယခုလို ရွံရှာဖွယ်မစင်မှ အစားအသောက်အဖြစ်ထုတ်လုပ်မည်ဟု စိတ်ကူးကြံဆ တီထွင်ချက်ဟာ သိပ်တောါမထူးဆန်းလှပါဘူး…၎င်းရဲ့ သုတေသနပြုမူကာလတွင်းမှာ ပညာရှင် အီကီဒါ ဟာ မိလ္လာအညစ်အကြေးအဖတ်များတွင် ပရိုတင်းဓါတ်များ အမြောက်အများပါဝင်နေသည်ကို တွေရှိရလို့ ထိုတန်ဖိုးရှိ ပရိုတိန်းများအား စစ်ယူပီး အသားတုတစ်တစ်မျိုးအဖြစ်သို့ ပြောင်းလဲထုတ်လုပ်ဖို့ တီထွင်ဖန်တီးတာဖြစ်ပါတယ်…

လူ့မစင်များ အဓိကပါဝင်သည့် မိလ္လာအညစ်အကြေးများတွင် ဘက်တီးရီးယားများအပြည့်ရှိနေတာကြောင့် ပရိုတိန်းဓါတ်များရာနှုန်းပြည့်ပါဝင်နေတာဖြစ်ပါတယ်….ပြုပြင်ထုတ်လုပ်မူ ဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံးကုန်မှာမို့ ထိုဘက်တီးရီးယားများဟာ အန္တရယ်မရှိတော့မှာလည်းဖြစ်ပါတယ်….

အစဦးဆုံးစမ်းသပလေ့လာချက်အရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ်ပရိုတိန်းကြောင့် အမဲသားနှင့်အတူတူပင် အရသာရှိနေပီး အီကီဒါက ပိုနီးစပ်သွားစေရန် အနီရောင် အစားအစာစပ်ဆေးကိုပင် ထပ်မံထည့်သွင်းဖြည့်စွပ်လိုက်ပါသေးတယ်….ထိုလူ့မစင်တဖြစ်လဲအသားတုတွင် ပါဝင်သည့် အဟာရဓါတ်များကား ပရိုတိန်း ၆၃ ရာခိုင်နှုန်း၊ကာဘိုဟိုက်ဒ၇ိတ် ၂၅ရာခိုင်နှုန်း၊လီပဒ် ၃ရာခိုင်နှုန်းနှင့် သဘာဝဓါတ် ၉ရာခိုင်နှုန်းပါဝင်သောကြောင့် ထိုအသားအစားထိုးပစ္စည်းဟာ မဆိုးဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်။

သို့သော်လည်း ဤအသားတုဟာ မိလ္လာအညစ်အကြေးမှသန့်စင်ထုတ်ယူစီမံတာဖြစ်ပီး လူ့မစင်မှ ပရိုတိန်းဓါတ်များပါဝင်တယ်ဆိုတာ သိလျှင်ဖြင့်စားသုံးသူ အနည်းငယ်သာရှိလိမ်မည်ဟု ပါမောက္ခ အီကီဒါ က၀န်ခံပြောဆိုခဲ့ပါတယ်….ဒါပေမယ့်အစားစာရှားပါးပြတ်လပ်မူ အပြင်းအထန်ဖြစ်ပွါးလာခဲရင်တော့ လူတွေဟာ ထိုသားတုကိုအလုအယက်တောင်းဆိုကြမှာဖြစ်ပါတယ်…ယခုလောလောဆယ်အားဖြင့် အီကီဒါဟာ၎င်းရဲ့ တီထွင်မူကို လူအများတ်နိုင်သည့်ဈေးနှုံးဖြင့် အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်…လက်ရှိနေအထားမှာတော့ မစင်အသား ဟာသာမန်အသားထက် ၁၀ ဆမျှပိုမိုဈေးကြီးနေပေမယ့် သုတေသနပြုမူအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မူကုန်ကျစရိတ်ထဲမှာဖယ်နိုင့်သည့်တစ်ပြိုင်နက်ထိုအသားတုဈေးနှုံးဟာ သဘာဝအသားဈေးနှုံးနှင့်ယှဉ်ပြိုင်(လျော့နည်း)နိုင်ပါလိမ့်မည်ဟု ဂျပန်သိပ္ပံပညာရှင်များက မျှော်လင့်နေပါတယ်။

ငယ်စဉ်က စာသင်ခဲ့ဘူးတာက ကာဗွန်သံသရာလည်ပုံကနေ လူလည်းသွယ်ဝှိက်သောနည်းနဲ့ မစင်စားတာပဲ။အခု ဂျပန်ကလုပ်ချလိုက်ပီ ဒဲ့ပဲ  ။လူဖြစ်တာတော်တော် ဂုဏ်ယူဖို့တောင်ကောင်းနေပီ လူလည်းလွှတ်ပစ်စရာဘာမှမရှိတော့ဘူး။အားလုံး ရီဆိုက်ကယ် ပြန်လုပ်လို့ရနေပီ။။။။။။။

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..