စားကြမလားဟေ့ ဂျပန်အသားတုတဲ့နော်

ဒီသတင်းကို မလေးရှားနိုင်ငံတွင်ထုတ်လုပ်ဖြန့်ချီသော ဝံသာနုသတင်းဂျာနယ် အတွဲ-၁၊အနှတ်-၁၄(ဇူလိုင်-၉-၂၀၁၁)နေ့စွဲပါ။သတငးဂျာနယ်မှရရှိပါသည်။တာဝန်ခံထံမှလည်း သတင်းဖြန့်ဝေရန်အတွက်ခွင့်ပြုချက်ရယူပီးဖြစ်ပါသည်။

သတင်းအပြည်အစုံမှာ။    ။ကမ္ဘာ စားနပ်ရိက္ခာရှားပါးမူဟာ အရေးတကြီးဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ်ဖြစ်နေပါတယ်…သို့သော်လည်း ပါမောက္ခ အီကီဒါ ကတော့ ၎င်းရြ့နောက်ဆုံးပေါ် တီထွင်ကြံဆမူဖြစ်သည့် လူ့မစင်မှနေပရိုတိန်းဓါတ်ပါသည့်အသားတုတစ်မျိုး တီထွင်ထုတ်လုပ်နိုင်မူဟာ ထိုအခက်အခဲပြဿနာကို အရေးပါသည့် နေရာမှ ကူညီဖြေရှင်းပေးနိုင်ယ်လို့ ယူဆနေပါတယ်….

အိုကာယာမာ ဓါတ်ခွဲစမ်းသပ်ခန်းမှ ဂျပန်နိုင်ငံသား သုတေသနပညာရှင်က ၎င်း၏တိုင်းပြည်တွင် မိလ္လာပြဿနာများမနိုင်မနင်းဖြစ်နေခဲ့သဖြင့် တိုကျို မိလ္လာဌာနနေဖြင့် ထိုအခက်အခဲကို အကျိုးရှိစွာဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေဖို့ ၎င်းအား ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်….ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ ကြောင်တောင်တောင်နိုင်လှမူဟာ လူသိများတာကြောင့်ယခုလို ရွံရှာဖွယ်မစင်မှ အစားအသောက်အဖြစ်ထုတ်လုပ်မည်ဟု စိတ်ကူးကြံဆ တီထွင်ချက်ဟာ သိပ်တောါမထူးဆန်းလှပါဘူး…၎င်းရဲ့ သုတေသနပြုမူကာလတွင်းမှာ ပညာရှင် အီကီဒါ ဟာ မိလ္လာအညစ်အကြေးအဖတ်များတွင် ပရိုတင်းဓါတ်များ အမြောက်အများပါဝင်နေသည်ကို တွေရှိရလို့ ထိုတန်ဖိုးရှိ ပရိုတိန်းများအား စစ်ယူပီး အသားတုတစ်တစ်မျိုးအဖြစ်သို့ ပြောင်းလဲထုတ်လုပ်ဖို့ တီထွင်ဖန်တီးတာဖြစ်ပါတယ်…

လူ့မစင်များ အဓိကပါဝင်သည့် မိလ္လာအညစ်အကြေးများတွင် ဘက်တီးရီးယားများအပြည့်ရှိနေတာကြောင့် ပရိုတိန်းဓါတ်များရာနှုန်းပြည့်ပါဝင်နေတာဖြစ်ပါတယ်….ပြုပြင်ထုတ်လုပ်မူ ဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံးကုန်မှာမို့ ထိုဘက်တီးရီးယားများဟာ အန္တရယ်မရှိတော့မှာလည်းဖြစ်ပါတယ်….

အစဦးဆုံးစမ်းသပလေ့လာချက်အရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ်ပရိုတိန်းကြောင့် အမဲသားနှင့်အတူတူပင် အရသာရှိနေပီး အီကီဒါက ပိုနီးစပ်သွားစေရန် အနီရောင် အစားအစာစပ်ဆေးကိုပင် ထပ်မံထည့်သွင်းဖြည့်စွပ်လိုက်ပါသေးတယ်….ထိုလူ့မစင်တဖြစ်လဲအသားတုတွင် ပါဝင်သည့် အဟာရဓါတ်များကား ပရိုတိန်း ၆၃ ရာခိုင်နှုန်း၊ကာဘိုဟိုက်ဒရိတ် ၂၅ရာခိုင်နှုန်း၊လီပဒ် ၃ရာခိုင်နှုန်းနှင့် သဘာဝဓါတ် ၉ရာခိုင်နှုန်းပါဝင်သောကြောင့် ထိုအသားအစားထိုးပစ္စည်းဟာ မဆိုးဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်။

သို့သော်လည်း ဤအသားတုဟာ မိလ္လာအညစ်အကြေးမှသန့်စင်ထုတ်ယူစီမံတာဖြစ်ပီး လူ့မစင်မှ ပရိုတိန်းဓါတ်များပါဝင်တယ်ဆိုတာ သိလျှင်ဖြင့်စားသုံးသူ အနည်းငယ်သာရှိလိမ်မည်ဟု ပါမောက္ခ အီကီဒါ ကဝန်ခံပြောဆိုခဲ့ပါတယ်….ဒါပေမယ့်အစားစာရှားပါးပြတ်လပ်မူ အပြင်းအထန်ဖြစ်ပွါးလာခဲရင်တော့ လူတွေဟာ ထိုသားတုကိုအလုအယက်တောင်းဆိုကြမှာဖြစ်ပါတယ်…ယခုလောလောဆယ်အားဖြင့် အီကီဒါဟာ၎င်းရဲ့ တီထွင်မူကို လူအများတ်နိုင်သည့်ဈေးနှုံးဖြင့် အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်…လက်ရှိနေအထားမှာတော့ မစင်အသား ဟာသာမန်အသားထက် ၁ဝ ဆမျှပိုမိုဈေးကြီးနေပေမယ့် သုတေသနပြုမူအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မူကုန်ကျစရိတ်ထဲမှာဖယ်နိုင့်သည့်တစ်ပြိုင်နက်ထိုအသားတုဈေးနှုံးဟာ သဘာဝအသားဈေးနှုံးနှင့်ယှဉ်ပြိုင်(လျော့နည်း)နိုင်ပါလိမ့်မည်ဟု ဂျပန်သိပ္ပံပညာရှင်များက မျှော်လင့်နေပါတယ်။

ငယ်စဉ်က စာသင်ခဲ့ဘူးတာက ကာဗွန်သံသရာလည်ပုံကနေ လူလည်းသွယ်ဝှိက်သောနည်းနဲ့ မစင်စားတာပဲ။အခု ဂျပန်ကလုပ်ချလိုက်ပီ ဒဲ့ပဲ  ။လူဖြစ်တာတော်တော် ဂုဏ်ယူဖို့တောင်ကောင်းနေပီ လူလည်းလွှတ်ပစ်စရာဘာမှမရှိတော့ဘူး။အားလုံး ရီဆိုက်ကယ် ပြန်လုပ်လို့ရနေပီ။။။။။။။

13 comments

  • PaukPhaw

    July 11, 2011 at 3:58 pm

    စားဘူး..စားဘူး..စားဘူး..
    ရွံ ့ဒယ်….ရွံ ့ဒယ်….ရွံ ့ဒယ်….
    ဘာမှစားစရာ မရှိရင် သက်သတ်လွတ်စားမယ်
    ဥပုဿ် စောင့်မယ်…

    ခေတ်သစ် ဟောင်ကောင်တော့အဖြစ်မခံနိုင်ဘူး

    ဒါဘဲ.ဒါဘဲ..
    😛

  • kai

    July 11, 2011 at 4:07 pm

    အဲဒါ..အသားတုဆိုတော့.. သက်သတ်လွတ်တယ်မဟုတ်လား…။ အသက်မှ မသတ်ထားတာ..
    သက်သတ်လွတ်သမားတွေတော့ အဆင်ပြေမယ်ထင်တယ်…။ 🙂

  • moethidasoe

    July 11, 2011 at 4:31 pm

    ပေါက်ဖော်ကြီး အခုမှ ရွံနေတာ .. ငယ်ငယ်တုန်းက မပြုပြင်ထားတာတောင်မှ စားခဲ့တယ် မဟုတ်လား (နောက်တာ)

    စင်္ကာပူမှာ စ လုပ်ခဲ့တာ အမှတ်ရသေးတယ် .. သူတို့က သောက်ရရှားတယ် မဟုတ်လား .. မလေးက ဝယ်ရတယ်လေ .. ဒါကြောင့် အသုံးပြုပြီး ရေတွေကို ပြုပြင် လိုက်ရင် သောက်ရေအဖြစ် ထုတ်ပြီး ထုတ်ဝေတဲ့ အထိမ်းအမှတ်နဲ့ ဝန်ကြီးချုပ်က သောက်ပြတာကို တိုက်ရိုက် သတင်းပြခဲ့ဖူးတယ် ..

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က discovery ကြည့်တုန်းကလဲ ကျင်ငယ်ရေကို ကျန်းမာရေးအတွက် ကိုယ်ခံအားအတွက် ကောင်းတယ် ဆိုပြီး သောက်တဲ့အလေ့အကျင့် ထွန်းကားနေတယ် ဆိုတာ ပြသွားသေးတယ် .. (ဘာမှ မပြုပြင်ဘူးနော် .. အခု စွန့် အခု သောက် လုပ်ပြတာ)

    အခုဟာက ပြန်လည်ပြုပြင်ထားတာပဲ .. ဘာ ရွံစရာ ရှိသလဲလို့ မေးရင် ဘာမှ မသိခဲ့ရင် စားကောင်း စားကြမယ် .. သိရင်တော့ .. ဝေါ့

    ကျောင်းတက်တုန်းက သာယာဝတီဘက် ကွင်းဆင်းရတော့ အဆာပြေဆိုပြီး အသားကြော်တွေ ပန်းကန်နဲ့ ထည့်ကျွေးတယ် .. စားလိုက်ကြတာ ကောင်းတယ် ကောင်းတယ် နဲ့ အားလုံး စားပြီးမှ အဲဒါ မြေကြွက်လို့ ပြောတော့ ရွံတတ်တဲ့ လူတော့ ဝေါ့ ဖြစ်တာပေါ့ ..

  • good

    July 11, 2011 at 5:03 pm

    ကြုံကြိုက်တုံး လေး ငယ်ငယ် က အိမ်နီးနား ချင်း ဦးလေးအ ရွယ် လူ ပျို ကြီး ခဏခဏ ပြော ပြလေ့ ရှိ တဲ့ ချီးဆီ အကြောင်းလေး ပြောချင်ပါတယ်။ အချိန်လဲ နဲနဲ ရ လို့ ပေါ့။
    အမှန်တကယ်လား ၊ ရယ်စရာ ပြောတာလား တော့ မသိဘူး ဆိုတာကို ကြိုတင် ဝန်ခံ တယ်နော်။
    ရှေးက ဘုရင် တွေ က ဆန်ဆိုရင် လက်ပွတ်ဆန်၊ ဆီဆိုရင် ချီးဆီ ကို ပဲ စားတယ် တဲ့။
    လက်ပွတ်ဆန် ဆို တာက စပါး ကို ကြိတ်၊ ဆုံ စတာတွေ နဲ့ မထောင်း မဖွတ်ပဲ စပါး ကို လက်နဲ့ ဖြူတဲ့ အထိ ပွတ်လို့ ရလာ တဲ့ ဆန်တဲ့ ။
    ချီးဆီ ဆိုတာ ကတော့ ပိုးပေါက် မပါ အခေါင်း ကျယ် တဲ့ ဝါး { ဝါးဘိုး (ပိုး)} အဆစ် နှစ်ဘက်ပိတ် ကို အိမ်သာ မစင် ထဲ မှာ နှစ်ပေါက် ပစ်ချထား တယ် ။ အချိန်တန် မှ ဆယ်ယူပြီး အဲ ဒီ ဝါးဆစ်ဘူး ထဲ က ရလာ တဲ့ ဆီ ကို ချီးဆီ လို့ ပြောပါတယ်။

  • pooch

    July 11, 2011 at 8:27 pm

    ဘယ်လိုပဲ အငတ်ဘေး ကြုံကြုံ အနော်ကတော့ နိုးပဲ……@~@

  • banana shu

    July 11, 2011 at 8:57 pm

    ကြုံရင်တော့မြည်းကြည့်ပေါ့

  • ဆူး

    July 11, 2011 at 9:28 pm

    ဒီဂျပန်တွေ သိပ်ဆိုးပါလား.. ငတ်ပြတ်နေတဲ့ လူတွေကို အီးတွေ ပြုပြင်ပြီး ညာကျွှေးအုန်းမယ်တဲ့..

  • Yin Nyine Nway

    July 11, 2011 at 9:48 pm

    ဒီလောက် ငတ်နေကြလားဟာ….စားစရာရှားလို့
    recycle ပြန်လုပ်တဲ့သဘောလား
    အဲဒီလောက် လိုလို့လားဟင်

  • nature

    July 11, 2011 at 10:00 pm

    ထုတ်တဲ့သူကရော မြည်းကြည့်ပြီးပြီလားမသိ။ ထွင်တဲ့သူကိုစိတ်ကျန်းမာရေးဆေးရုံပို့ရင်ကောင်းမယ်။

  • etone

    July 12, 2011 at 8:58 am

    ရွံစရာကြီး ဖီ…. ဖတ်ရင်းတောင် ရွံလာတယ် 😥

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 12, 2011 at 9:04 am

    အဲ့သည်သတင်းနဲ့နောက်ဆက်တွဲသတင်းကတော့
    ပညာရှင်များဟာ
    လူတွေရဲ့အကြောင်းအမျိုးမျိုးကြောင့်ထွက်ရှိလာတဲ့
    သုတ်ရည်တွေကို ခန္ဓာကိုယ် စွမ်းအားမြှင့်
    စူပါ့စူပါမီဂါအင်နာဂျီ ဆိုတဲ့
    အားတိုးဆေးတွေဖေါ်စပ်လိုက်တာ အောင်မြင်သွားပြီလို့ဆိုပါတယ်
    အောက်ကလင့်မှာ အသေးစိပ်ရှုပါ
    http://www.michaeljonnyaungpuဗရုပ်သုက္ခ.com

  • စုံ စုံ

    July 12, 2011 at 10:54 am

    စိတ်ညစ်စရာကြီး
    ပေါက်ပေါက်ရှာရှာ
    ဘာမှစားစရာမရှိရင်တောင်အငတ်ဘဲခံလိုက်တော့မယ်
    ဒါပေမယ့်တခုချီးကျူးတာက
    ဒီဂျပန်ပညာရှင်တွေကလူတိုင်းရွံတဲ့
    ဒီဟာတွေကိုဘယ်လိုကိုင်တွယ်သုတေသနလုပ်လဲဆိုတာတော့
    စိတ်ဝင်စားသား

  • pan pan

    July 12, 2011 at 10:59 am

    စိတ်ကြီးတဲ့လူ တစ်တုံးပဲပါတတ်တယ်ဆိုတဲ့လူတွေနဲ့တွေ့ရင် စီမံကိန်းအောင်မြင်မှာမဟုတ်ဘူး 😛

Leave a Reply