ရွှေမန္တလေး၊ အထက်မြန်မာ ဂျာနယ်ထုတ်ဝေသူ ကဒီလိုဆိုပါလား

pitiJuly 11, 20111min14414
မန္တလေးအခြေစိုက် ထုတ်ဝေနေတဲ့ ဂျာနယ်လေးစောင်က ကြံ့ဖွံ့ကပိုင်တယ်။ ကြံ့ဖွံ့ပိုင် ရွှေမန္တလေးဂျာနယ်နဲ့ အထက်မြန်မာဂျာနယ်ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်သလို စာပေလူမူကူညီရေးအစီအစဉ်မှာ ဘဏ္ဍရေးမှူး တာဝန်ယူထားတဲ့ ဦးမျိုးမင်းမင်းက ဂျာနယ်ထုတ်ဝေမှုအရှုံးပေါ်နေတာကို ဖာထေးဖို့ စာပေလူမှုရေး ရန်ပုံငွေတွေကို ဘဏ်မသွင်းပဲ ထုတ်ယူသုံးစွဲထားရာက ဒီကနေ့မနက်ကကျင်းပတဲ့ အထူးအစည်း အဝေးမှာ ဗူးပေါ်သလို ပေါ်ပါတော့တယ်။

အစည်းအဝေးမှာ နာယက ဆရာဦးညီစေမင်းရဲ့ ဩဝါဒစကားမှာပဲ “ ကျွန်တော့်စာမူခတွေထဲက စာပေလူမှုရေးအစီအစဉ်ကို ငွေကျပ် တစ်သိန်းခွဲ လှူခဲ့တယ်။ စာရင်းရှင်းတမ်းမှာ မပါဘူးဖြစ်နေတယ်။ “ ဆိုပြီး ထည့်ပြောခဲ့ပါတယ်။
ဒီလိုပဲ အလှူပေါင်းများစွာဟာ စာရင်းမှာမပါဘဲ ငွေကျပ်သိန်းပေါင်းများစွာဟာ ပျောက်ဆုံးလျက်ရှိတယ်။ လက်ဝယ်ရှိနေတဲ့ အလှူငွေ တွေကိုလည်း ဘဏ်မှာ သိမ်းထားတာမရှိပဲ ကိုယ်ပိုင်အဖြစ် သုံးစွဲထားတာကို အားလုံးက သိကြတယ်။ ဒါကြောင့် ငါးနှစ်ထက်မနည်း စာရင်းမရှင်းလင်းတာကို ထောက်ပြခဲ့ပြီး အထူးအစည်းအဝေးခေါ်ယူရာမှာ စာရင်းအကြောင်း တစ်လုံးတစ်ပါဒမှ မပြောပဲ နှုတ်ပိတ်ဖို့အတွက် အမှုဆောင်သစ်ကို ပြန်လည်ဖွဲ့စည်းကြောင်း ကြေငြာပြီး အာဏာသိမ်းကာ တက်ရောက်လာတဲ့ စာပေသမားတွေကို စော်ကားခဲ့တယ်။
စာရင်းမရှင်းလင်းရအောင် ဥက္ကဌနေရာကို ရွှေမန္တလေးဂျာနယ်ရဲ့အယ်ဒီတာချုပ် သိုက်ထွန်းသက်ကို ကြိုတင်မဲတွေနဲ့ တင်မြှောက်တယ်။ ဒုဥက္ကဌကို ဆူးဌက်၊ ညီပုလေး၊ ကျော်ရင်မြင့် တို့ကိုတင်တယ်။ အတွင်းရေးမှူးက ရွှေနောင်ရိုး၊ ထက်ငြိမ်းဝေ၊ အမှုဆောင်တွေက မင်းထက်ငြိမ်းချမ်း၊ နောင်(ရူပ)၊ ဇွဲဆုအောင် (ရွှေမန္တလေး)၊ မောင်သင်းပန်၊ သာဇော်၊ ဘဏ္ဍရေးမှူးကို မျိုးမင်းမင်း တက်ရောက်လာသူ တွေရဲ့ ဆန္ဒကို လုံးဝမတောင်းဘဲ အတင်းကိုနေရာယူထားကြတာ ။
စာရင်းရှင်းတမ်း အမှန်ကို မထုတ်တဲ့အပြင် ကိုယ်ပိုင်သုံးစွဲထားတာကိုသိသိနဲ့ မျိုးမင်းမင်းကို ဘဏ္ဍရေးမှူးနေရာ ပြန်ပေးတယ်။ စာရင်းစစ်ဆိုတာမရှိဘူး။ မျိုးမင်းမင်းက ဂျာနယ်အရှုံးပေါ်နေရုံသာမကပဲ အကြီးအကျယ် ချဲထိုးတယ်။ ချဲဒိုင်ခံတယ်။ ချဲကြောင့်ပဲ ပိုင်ဆိုင်ထားတဲ့အိမ်ကိုတောင် ပေါင်ထားရသူပါ။ စာပေနဲ့ပတ် သက်ပြီး သတင်းတိုကလွှဲပြီး ဘာမှရေးဖူးသူလည်းမဟုတ်။ ကြံ့ဖွံ့နောက်ခံနဲ့ ဂျာနယ်ထုတ်ဝေသူသာ ဖြစ်တယ်။
ကြံဖွံ့နောက်ခံရှိလေတော့ ရမ်းချင်တိုင်းရမ်းတယ်။ မန္တလေးစာနယ်ဇင်းသမားတွေကို ငွေနဲ့ အနိုင်ယူထားတယ်။ စာပေမှာနာမည်ရနေတဲ့ သိုက်ထွန်းသက်လို၊ နတ်မောက်ထွန်းရှိန်လိုလူမျိုးတွေကို အယ်ဒီတာချုပ်နေရာထားပြီး ငွေနဲ့ပေါင်းကာ သူ့လက်အောက်မှာ သူပြောသမျှလုပ်နေကြရသူပါ။ ကြံဖွံ့ပိုင်ဂျာနယ်ကို ထုတ်ဝေနေတဲ့ နန်းမြင့်ဂျာနယ် အယ်ဒီတာချုပ် ဆွေနိုင်စစ်နဲ့ မန်းတောင်ရိပ်ဂျာနယ် အယ်ဒီတာချုပ် သာဇော်တို့ကလည်း ပုလင်းတူဗူးစို့ နောင်တော်ရဲ့အရေးကို ကာကွယ်ဖို့ အကြံကြီး ကြံနေကြတယ်။
ရန်ပုံငွေက သိန်း ၁၀ဝ ကျော်ရှိနေပေမယ့် ဒီနေ့အထူးအစည်းအဝေးမှာ ဝေတဲ့ စာရင်း ကသိန်း ၅ဝ ကျော်ပဲရှိပါတယ်။ စာရင်းထဲမပါတဲ့ အလှူရှင်တွေက အများအပြားပါ။ အစည်းအဝေးမှာ ဩဝါဒပေးတဲ့ နာယက ဆရာညီစေမင်းရဲ့ အလှူငွေ တစ်သိန်းခွဲကိုတောင် စာရင်းထဲမထည့်ပဲ မျိုးမင်းမင်းက သုံးစွဲခဲ့တာပါ။ ရွှေမန္တလေးဂျာနယ်အုပ်စုဟာ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာအားလုံးက ဖိတ်စာတွေကို လက်ဝါးကြီးအုပ်၊ ပွဲတွေကို တစ်တိုက်ထဲက လူလေးငါးယောက်တက် လက်ဆောင်တွေယူ၊ သတင်းပါလာရင် ဂျာနယ်သွားပေး ပိုက်ဆံတောင်းနေကြသူတွေပါ။ အလွန်အန်မတန်မှာ ရှက်စရာကောင်းလှပါတယ်ဗျာ။ ဒါကို အရှက်မရှိဘဲ ဥက္ကဌနေရာယူ၊ ဘဏ္ဍရေးမှူး နေရာက မဖယ်ချင်ဘူး။ အတင်းကို နေရာပြန်ယူတယ်။ အခါပေးတာက နိုင်ငံတကာကို လှည့်ပြီး ငွေတောင်းနေတဲ့ ကျော်ရင်မြင့်၊ နိုင်ငံရေးသမား မင်းထက်ငြိမ်းချမ်းပါ။
ကြောက်စရာကောင်းလှပါတယ်။ မန္တလေးစာပေအနုပညာရှင် လူမူကူညီရေးအစီအစဉ်က ဆေးရုံဆေးခန်း တက်ရောက်ကုသနေတဲ့ စာပေ သမားနဲ့ ကွယ်လွန်သွားတဲ့စာပေသမားများကို ၂၀၀၆ ခုနှစ်ကစပြီး ကူညီပေးနေတာပါ။
အင်တာနက်ပေါ်ကသက်သေ (စာရင်းထဲမှာမပါတာ) http://www.snapshot-news.com/

14 comments

  • PaukPhaw

    July 11, 2011 at 3:51 pm

    ငွေတွေကို ကိုယ်ကျိုးအတွက် ဘုံးတာတော့ မကောင်းဘူးလေ..
    မကောင်းမှန်းသိလျက်နဲ ့ ဘာကြောင့် မကန် ့ကွက်ကြသတုန်း..
    ကျန်တဲ့စာရေးစရာတွေကလဲ နေရာမပေးပဲ ဘာကြောင့် နေရာတက်ယူနေကြသတုံး..
    ဒင်းတို ့တွေစာအုပ်ထဲမှာတစ်မျိုး..အပြင်မှာ သခိုးတွေလား..အရှက်မရှိကြလို ့လား.
    ခုလို အင်တာနက်မှာ တင်ပြတာကလဲ ဘာသဘောလဲ..
    စေတနာနဲ ့လား အဝေမတည့်လို ့လား….
    ဘာတွေတုန်း….
    ဘသူ ့မှ မယုံတာပဲ အေးတယ်..
    ဒါဘဲ..

    😀

  • moethidasoe

    July 11, 2011 at 4:00 pm

    တင်တဲ့ post က မှန်တယ် ဆိုရင် အကျိုးရှိပါတယ် ..

    နောက်ဆက်တွဲကို မျှော်နေမယ် .. (ဆက်မရေးရင်တော့ ပီတိကို တရားစွဲမယ်)

  • xman

    July 11, 2011 at 6:13 pm

    လျှပ်တပြက် က ဆိုတော့ နဲနဲစောင့်နားထောင်ပြီးမှပဲ ယုံပါတော့မယ်။

  • windtalker

    July 11, 2011 at 7:59 pm

    ယုံလိုက်ပါ ကိုxman ၊ လျှပ်တစ်ပြက် နဲ ့ရွှေမန်းတလေး တို ့ရဲ ့ညောင်မြစ်အပြန်အလှန်တူး မယ့် ဇါတ်ကြီးလည်း လာဦးမှာပါ ။

  • ဒီပြဿနာက ဖြစ်တာအတော်ကြာပြီ။
    အခုမှ ရွာထဲကိုရောက်လာတာပါ။
    ရှင်းကြပြုကြနဲ့လုပ်ကြသေးတယ်။
    အသေးစိတ်ကတော့ ကျနော်လဲ မသိဘူးဗျ။

  • padonmar

    July 11, 2011 at 8:42 pm

    ကျွန်မတို့လေးစားရတဲ့ စာရေးဆရာနာမည်တွေပါပါနေတော့ ဖတ်ရတာ စိတ်မကောင်းဘူး။
    စာတွေလေးစားရရင် လူလည်းလေးစားစရာလို့ ထင်မိတာဘဲ။

  • Yan Shin

    July 11, 2011 at 9:09 pm

    D အသင်းက လူတွေဦးဆောင်နေမှတော့ ဒါမျိုးတွေပဲပေါ့။
    လေးစားရတဲ့ စာရေးဆရာနာမည်တွေပါပါနေတော့ ဖတ်ရတာ စိတ်မကောင်းဘူး။
    စာတွေလေးစားရရင် လူလည်းလေးစားစရာလို့ ထင်မိတာဘဲ။

  • unclegyi1974

    July 11, 2011 at 10:07 pm

    စာရင်းမှရှင်းတာများအဆန်းလုပ်လို့ဟေ့ဟေ့
    မြစ်ငယ်ကနေရွှေမန်းသူစီးဈေးချိုရောက်တာပ

  • moethidasoe

    July 12, 2011 at 11:13 am

    လျှပ်တပြက်က အစိုးရရဲ့လူကို ဘယ်တော့မှ မထိဘူး ..
    သူနဲ့ မတည့်တဲ့လူ ပါမှ ထိတာ .. လူပါး

    ရန်ရှင်းကို ပြောပြချင်တယ် .. စာကို ဖတ်လို့ ကြိုက်ရင် လူကို မကြည့်နဲ့တဲ့ .. တခါတလေ စာနဲ့လူ သိပ် ကိုက်ကြတာ မဟုတ်ဘူး ..
    တချို့က ဆိုတယ် .. စာက သူ မလုပ်နိုင်ခဲ့တဲ့ဟာကို .. မလုပ်ဖြစ်ခဲ့တဲ့ ဟာကို .. လုပ်သယောင် ရေးတာ တဲ့ (စာဦးမှာကတည်းက တချိ့ လို့ ရေးထားပြီးပြီနော် .. ဘယ်လောက် ရာနှုန်းလဲ မသိဘူး)
    တချို့ကလဲ လုပ်ချင်လျက်နဲ့ မလုပ်ရတာကို မချင့်မရဲနဲ့ ရေးတာ တဲ့ ..
    စာရယ် လူ ရယ် ခွဲလိုက်နော်

  • pan pan

    July 12, 2011 at 11:37 am

    ဘယ်သူ့ကိုယုံရမလဲ
    ချဲ့ကားထားတာလား
    အမြင်ကတ်လို့လား
    တကယ့်အတိအကျလား
    မကျေနပ်လို့လား
    ……လား………..လား

  • piti

    July 12, 2011 at 12:58 pm

    ကျနော်လည်း သေချာတော့မသိပါဘူးဗျာ…
    သူတို့ ဆင်စိမ်းစားသောက်ဆိုင်မှာဆိုလား အိုရီယမ်တယ်ဟောက်စ် မှာ ဆိုလား အစည်းအဝေးလုပ်ရင်း မကြေမနပ်ဖြစ်ကြတယ်လို့တော့ ကြားမိသလိုပါပဲ…
    အဲဒါကြောင့် မြန်မာကီဝီလိခ် မှာ ဒါလေးကိုတွေ့လို့ ယူတင်လိုက်မိတာပါ…
    သိတဲ့သူတွေ အသေးစိတ် ပြောပြရင်တော့ ကျေးဇူးနော်….
    နောက်တစ်ခု…က
    တစ်ခါတုန်းကလည်း မြို့သစ်ဘက်က မီးလောင်တဲ့သတင်းမှာ ရွှေမန္တလေးဂျာနယ်က စတင်လောင်တဲ့နေရာ မှားယွင်းဖော်ပြမိလို့ မဆိုင်တဲ့ ဆိုင်ကယ်ပြင်ဆိုင်ကတစ်ယောက် ၆ လလောက် အဖမ်းခံခဲ့ရဖူးသေးတယ်ဆိုပါတယ်။ နောက်မှ မှားယွင်းသွားလို့ ပြန်လွှတ်ပေးလိုက်တဲ့အတွက် နစ်နာတဲ့ အနေနဲ့ တရားစွဲတော့ ဆရာသိုက်ထွန်းသက်က လျှပ်တပြက်က ဦးမြက်ခိုင်ကို ခြေသလုံးဖတ်တောင်းပန်ပြီး အကူအညီတောင်းလို့ နစ်နာတဲ့သူခမျာ တရားစွဲလျော်ကြေးတောင်းလို့မရတော့တဲ့အကြောင်းလေးလဲ ကြားမိသေးသလိုပါပဲဗျာ…
    ဒါလေးလည်း သိတဲ့သူတွေ နည်းနည်းလောက် ပြောပြကြပါအုံးဗျာ

  • mzm

    July 12, 2011 at 4:29 pm

    အခုထိဒီအကျင့်တွေက ရှင်သန်ဆဲပါလားနော် သုနခေါစိတ်ကိုပြောတာ

  • pasi

    November 23, 2011 at 9:10 pm

    ပုလင်းပေးမှ သတင်းရေးဆိုတဲ့ ကာတွန်းလေးလိုပေါ့ဗျာ စတ္ထုထမာန်တိုင်ယိုင်တိုင်တိုင်ဖြစ်နေရင်တော့ .. အင်း ဦးကျော်ဆန်းတို့လက်ခမောင်းခတ်မှာပ

Leave a Reply