ဘ ဝ အ မော-အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် (အပိုင်း ၂)

True AnswerJuly 11, 20112min844

ဘ ဝ အ မော-အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် ကို သိနားလည်ဖို့အတွက်
မှန်ကန်တဲ့ နားလည်မှု သဘောထား အမြဲရှိဖို့လိုအပ်ပါသည်။

ထိုသဘောထားဖြစ်ပေါ်စေရေး သတိတရ နှလုံးသွင်း လက်ခံ ယုံကြည်ရမည့် အဆုံးအမ spiritual motto များဖြစ်ပါသည်။

ဒဏ်

– ဒဏ်ခံနိုင်ဖို့အတွက် ဒဏ်ခံဖို့လိုတယ်။

– ခံရပါများလေလေ ခံနိုင်ရည်ပြည့်ဝလာလေလေ။

အတွေ့အကြုံ

– အတွေ့အကြုံတွေနဲ့ ရင်းနှီးပြီး ရင့်ကျက်ရမှာ … မတွေ့မကြုံရဲရင် ဘယ်လိုရင့်ကျက်မှာလဲ။

– လောကဓံဆိုတာ တွေ့ကြုံဖို့သက်သက်၊

– အတွေ့အကြုံတွေကို တွေ့ကြုံရုံသက်သက်
တွေ့ကြုံရမယ်၊ အတည်မယူရဘူး။

အမှန်တရားဆိုတာ တရားအမှန်

– အလုပ်မှန်(အမှန်လုပ်)တာ အစစ်ဖြစ်ဖို့ လိုတယ်။

– တကယ်ဟုတ်တာကို အဟုတ်လုပ်ခြင်းအားဖြင့်
မဟုတ်တာကို အဟုတ်မလုပ်ဖြစ်စေတော့ဖို့ပါပဲ။

– အလိုမြဲ အမြဲလို၊ အလိုကင်း အမြဲပို။

– အလိုကြီးဖို့ အရေးကြီးရမှာမဟုတ်ဘဲ အလိုကင်းဖို့ အရေးကြီးရမယ်။

– ဘာဖြစ်ဖို့ညာဖြစ်ဖို့ထက် ဖြစ်သင့်တဲ့အတိုင်းဖြစ်ဖို့ အဓိကထား။

– ဘာလုပ်ဖို့ ညာလုပ်ဖို့ထက် လုပ်သင့်တဲ့ အတိုင်း လုပ်နိုင်ဖို့ကို အဓိကထား။

– နာမည်ခံဗုဒ္ဓဘာသာဖြစ်ဖို့ကတော့ ဘုရား၊ တရား၊ သံဃာကို ယုံကြည်ရုံပါပဲ။
ဗုဒ္ဓဘာသာဝင်အစစ် ဖြစ်ဖို့ကတော့ ဘုရားရှင်ကျင့်ပြသွားတဲ့အတိုင်း ကျင့်နိုင်ဖို့လိုတယ်။

– ဘုရားရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်သတ္တိ အမွေကို ဆက်ခံနိုင်ဖို့ ကြိုးစားတာ တရားအလုပ်။

– ကိုယ်နားလည်တဲ့ ဘုရား၊ တရား၊ သံဃာမှာ လမ်းမဆုံးဘဲ ဘုရားနားလည်စေချင်တဲ့ ဘုရား၊ တရား၊သံဃာအစစ်ကို နားလည်ဖို့ကြိုးစားရမယ်။

– ပညတ်ကို သုံးရုံသက်သက်သုံးပြီး ပရမတ်ကို နားလည်ဖို့ ကြိုးစားရမယ်။

– လောကကို သုံးရုံသက်သက်သုံးပြီး လောက က လွန်မြောက်ဖို့ ကြိုးစားရမယ်။

– လောကီထုံးတမ်းစဉ်လာတွေက မပြည့်စုံ၊ အမှန်မဟုတ်လို့ ထုံးတမ်းစဉ်လာက လွန်မြောက်အောင်
ကြိုးစားရမယ်။

တူရာချင်း မယှဉ်ရဘူး။

– အမှောင်ကို …….အလင်းနဲ့၊

– အပူကို …….အအေးနဲ့၊

– အမှားကို …….အမှန်နဲ့၊

– မတရားကို …..တရားနဲ့၊

– သတ်မှတ်ထားတဲ့ အမှန်တရားကို ….. အမှန်တရားအစစ်နဲ့ အနိုင်ယူရမယ်။

အတည်ယူလက်ခံပြီး မဖြေရှင်းရဘူး။

– ပဟေဠိကို အတည်ယူပြီး အဖြေမညှိရဘူး။

– ပြဿနာကို စိတ်ထဲက အဟုတ်ထင် အတည်ယူ လက်ခံပြီး မဖြေရှင်းရဘူး။

– ရောဂါကို (စိတ်ထဲက အဟုတ်ထင် အတည်ယူ လက်ခံပြီး) မကုသရဘူး။

– ကိုယ်နားလည်တဲ့ တရားအလုပ်ကို အတည်ယူ ဆုပ်ကိုင်ပြီး မကျင့်ရဘူး။

တရားနဲ့ဖြေရှင်းခြင်း

– ဘာမဆို တရားနဲ့ရှင်းမှ တကယ်ရှင်းတယ်။

အကြောင်း အကျိုး

– မှားသလောက် ပြန်ပြင်ရမယ်။

– ရှုပ်သလောက် ပြန်ရှင်းရမယ်။

– ခင်းတဲ့လမ်း ပြန်လျှောက်ရမယ်။

– ပြုလုပ်တဲ့အတိုင်း ပြန်ကြုံရမယ်။


– မပြည့်စုံလို့ ပြည့်စုံချင်နေတာ၊
ပြည့်စုံချင်နေလို့ မပြည့်စုံတာ။

– အနီးဆုံးရင် အဝေးစတယ်၊

– အဝေးဆုံးရင် အနီးစတယ်။

– အမှောင်ကြီးသလောက် အလင်းကြီးမယ်။

– ရည်မှန်းချက်ကြီးသလောက် အခက်အခဲကြီးမယ်။

– အခက်အခဲကြီးသလောက် အောင်ပွဲကြီးမယ်။

– အခက်အခဲဆိုတာ အဆင်ပြေခြင်းရဲ့ အစပဲ။

ဆက်လက်ဖော်ပြပါမည်။

We Will See & Get As We think & believe

(ဆရာတော် ဦးဥတ္တမသာရ ၏ မှန်ကန်တဲ့ နားလည်မှု သဘောထားအတွက်) ၁-၂၀၁၁ အနတ္တအဆုံးအမများ – ကိုးကားဖော်ပြပါသည်။

ကောင်းကင် အမိုး၊ မြေကြီး အခင်း၊ လေထု အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။

4 comments

  • weiwei

    July 12, 2011 at 11:03 am

    သဘာဝရိပ်သာကိုရောက်တုန်းက အဲဒီစာလေးတွေကို A3 စာရွက်နဲ့ ဝေပေးတာ ရခဲ့တယ် … စာလေးတွေ ကောင်းလို့ လုပ်ဖော်ကိုင်ဖက်တွေကို မိတ္တူကူးပြီး ပြန်ဝေးပေးလိုက်သေးတယ် …

  • ကြောင်ကြီး

    July 12, 2011 at 11:09 am

    ဆရာတော့် တရားတွေကို မဟာယာနဖက် ယိုင်တယ်လို့တချိ့ ထင်သူထင်ကြတယ်။ ဘုရားထားခဲ့တဲ့ နည်အစစ်ဖြစ်ကြောင်း ဆောင်းပါးများရေးပေးပါအုံး။ အားပေးလျက်ပါ…

  • True Answer

    July 12, 2011 at 12:40 pm

    ဟုတ်ကဲ့ပါ မဝေ။ စာလေးတွေကို သဘောကျတဲ့ အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်ခင်ဗျာ။

  • True Answer

    July 13, 2011 at 9:03 am

    ဟုတ်ကဲ့ ကိုကြောင်ကြီး ၊ကျွန်တော်ကြိုးစားပါ့မယ်။ တကယ့် ထေရဝါဒ အစစ်က “ ထေရဝါဒမှ ထေရဝါဒလို့ ´´ မဆုပ်ကိုင်တာပါပဲ။ အမှန်တရားမှာ ဘာမှ..ညာမှ ဆိုတဲ့ အဟုတ်ထင် ငြိတွယ်မှုတွေ မပါဝင်တာလို့ နားလည်မိပါတယ်။

Leave a Reply