အချစ်ဆိုတာ

အချစ်ဆိုတာ**SAS


အချစ်ဆိုတာ
လက်ခုပ်ထဲက သဲပွင့်လေးတွေနဲ့
အလား သဏ္ဍာန်တူပါတယ်။

အချစ်ကို တမင် ခိုင်မြဲချင်လွန်းလို့
ဖိနှိပ်ဆုပ်ကိုင်ထားလေလေ
ဆုံးရှူံးလွယ်လေလေ ဖြစ်ရပါလိမ့်မယ်။

မတင်းမကျပ်လွန်းဘဲ
ဟန်ချက်ညီညီနဲ့
သဘောထားကြီးကြီးနဲ့
သေသေခြာခြာ

ယုယုယယ ဆုပ်ကိုင်ထားပါမှ

လက်ခုပ်ထဲက သဲတွေလို
သဏန်မပျက်ဘဲ
ကိုယ်နဲ့အတူ ယှဉ်တွဲရှိနေမှာပါ။

မဟုတ်ရင်တော့
လက်ကြားထဲက ယိုစီးကျသွားတဲ့ သဲပွင့်လေး
တွေလိုဘဲ ပြန်လည်မရရှိ နိုင်တော့ဘဲ
အချစ်ကို တသက်စာ
လက်လွှတ် ဆုံးရှုံးရပါလိမ့်မယ်

ချစ်ခင်လေးစားသော

ရွှေအိမ်စည်

ကဗျာကိုနှစ်သက်ကူးမည်ဆိုလျှင်..ကဗျာရေးသူအမည်ထိကူးပြီးယူနိုင်သည်။ ။

9 comments

  • pooch

    July 11, 2011 at 8:39 pm

    အချစ်ဆိုတာ…… မှန်တချပ်လိုပဲ ကျိုးပဲ့လွယ်တယ် ….. ကျကွဲသွားရင် အစိတ်စိတ်အမွှာမွာ နဲ့ ….
    ဘယ်လိုမှ ပြန်ဆက်လို့ မရတော့ ဘူး ……..

  • စုံ စုံ

    July 12, 2011 at 10:33 am

    အချစ်ရဲ့တဖက်ခြမ်းမှာအမုန်းဆိုတာရှိတယ်
    အချစ်တွေကုန်သွားရင်အမုန်းတွေလာနိုင်တယ်
    အမုန်းတွေမလာချင်ရင်ချစ်နေတုန်းမှာ
    သံယောဇဉ်တွေထုထည်ကြီးအောင်ကြိုးစားရမှာပေါ့

  • alinsett

    July 12, 2011 at 11:27 am

    အချစ် ဆိုတာ ရူးသွပ်သူတွေရဲ ့ကိုးကွယ်ရာ..တဲ ့။
    ချစ်မိသူ ဆိုတာ တော့ စစ်အရုံးဆုံး လူ ပဲတဲ ့။ ချစ်မိပြီ ဆိုကတည်းက အဲဒီ နှလုံးသား ဟာ
    တယုတယ နဲ ့သေမိန် ့ကျ သွားရော တဲ ့။ ဘယ်လို လုပ် အချစ်ကိုူ တွေ ့ချင်ပါတော့မလဲ။
    လူငယ် ဆယ်ကျော်သက်ဘဝ မှာ.. အချစ်နဲ ့မတွေ ့သေးတာက ကောင်းမယ် ထင်တယ် ။
    ရင် ့ကျက် တဲ ့အရွယ် ကျမှ တွေ ့ ပို ပြီး . ကောင်းမယ် ထင်ပါတယ် ။ မမှာ းသင့်တာ မမှားတော့ဘူးပေါ့လေ။

  • Anzartone

    July 12, 2011 at 11:41 am

    အချစ်ဆိုတာ မွေးရာပါ ရင်တွင်းတရား ဖြစ်ပေမယ့် တစ်ခါတစ်လေမှာ သူ မပါဘဲနဲ့ အသက်ရှင် နေထိုင်သင့်ပါတယ် 🙂

  • forever

    July 12, 2011 at 7:53 pm

    အချစ် ဆိုတာ ဘာလဲဘယ်လိုမျိုး လဲဆိုတာ
    ခုထိကိုမသိသေးဘူး နောင်ကျွန်တော်သေတဲ.အထိလဲ သိမှာမဟုတ်တော.ပါဘူး
    သိတာတခုတော.ရှိတယ် ဆင်းရဲချမ်းသာ ကျိုးကျိုးကန်းကန်း
    လူတိုင်း မှာ အချစ် ရှိနေတာပါဘဲ

  • king

    July 13, 2011 at 9:22 am

    အ ချစ် ဆို တာ ” အ ” လို့ ချစ်တာပါတဲ့
    ငါ က ဘယ် တော့မှ လူကောင်း ဖြစ်မှာပါလိမ့် ….. 😛

  • manawphyulay

    September 12, 2011 at 11:05 am

    အချစ်ဆိုတာ….
    L…. lake of Sorrow (ဝမ်းနည်းပူဆွေးရေအိုင်)
    O…. Ocean of Tears (မျက်ရည်သမုဒ္ဒရာ)
    V…. Valley of Death (မရဏတောင်ကြား)
    E… End of Live (ဘဝနိဂုံး) ပါတဲ့……
    မနောဖြူလေး ခံစားရေးဖွဲ့သည်။

Leave a Reply