မိန်းမတို့အကြောင်းသိချင်ရင် …..

fattyJuly 11, 20111min26113

မြားနတ်မောင်မဂ္ဂဇင်းတွင် လစဉ်ရေးသားခဲ့သော ဆရာမြသန်းတင့်၏ မိန်းမတို့အကြောင်း စာအုပ်ကို တတိယအကြိမ်
ပြန်လည်ထုတ်ဝေနေပြီဖြစ်ပါသည်။ Simone de Beauvoir ၏ The second Sex ကို ဘာသာပြန်ဆိုထားခြင်ဖြစ်ပါသည်။
မိန်းမများ၏အတွင်းစိတ်နှင့်ပတ်သက်ပြီး ဒီလောက်အတွင်းကျအောင်ရေးထားတဲ့စာအုပ်မျိုး ကျနော်မတွေ့ဘူးသေးဘူး….
ဟု ဆိုထားသည်။မိန်းမတိုှု၏ လှို့ဝှက်ချက်မှန်သမျှကို ဖွင့်ပြထားသကဲ့သို့ဖြစ်ချေသည်ဟု ဆို၏ ။

စိတ်ကူးတိမ်တိုက်တွေကိုစီးကု အိပ်မက်တိုင်းပြည်သို့ သွားနေသော အပျိုဖေါ်ဝင်စမိန်းကလေးများစိတ် …..
လောကအကြောင်းကို နားလည်စပြုလာသော အပျိုစင်တို့၏စိတ် …….
အချစ်စိတ်တို့ဖြင့် ရွှန်းလဲ့ ဝင်းပနေသော ချစ်သူစိတ် ……
လွတ်လွတ်လပ်လပ်နေချင်သောမိန်းမတို့၏စိတ် ……..
အစ်ကိုများမောင်များ၏ အနိုင်ကျင့်ခံနေရသော မိန်းကလေးငယ်မျး၏ စိတ် …….
ယောကျာင်္းလျှာ … ပြည့်တန်ဆာမ …အိမ်ထောင်ရှင်မ …မြေးတို့၏ အဘွား …….
စသည် ..စသည် ဖြင့် မွေးလာသည်မှ ပျိုဖြ မစ်နုနယ် .. ဆံဖြူသွားကြိုး အရွယ်အထိ မိန်းမတို့၏ စိတ်ကို စေ့စေ့စပ်စပ် ရေးပြထားသည်ဟု ဆိုပါသည်။

( ကျနော်တို့ခေတ်က မိန်းကလေးများ အလှပြင်ခြင်းမှာ သူ့ကိုယ်သူလှချင်ရျ်လော .. သူများအကြည့်ခံချင်ရျ်လော … ဆိုသည့် အငြင်းအခုံတခုပေါ်
ခဲ့ဘူးသေးသည်။ ထိုအကြောင်းကိုလေ့လာရန် ကျနော်၏ တူမလေးနှစ်ဦးမွေးလာ ချိန်တွင် အချိန်နှင့်အမျှ အတူနေခဲ့ရရျ်စောင့်ကြည့်ခဲ့ဘူးပါသည်။
နှစ်နှစ် သု့းနှစ်အရွယ် ကစပြီး မှန်ကြည့်ကာ အလှပြင်ကြသည်ကိုတွေ့ရသဖြင့် သူများအကြည့်ခံချင်ရျ်တော့မဖြစ်တန်ရာ ..။ ကိုယ့်ကိုယ်ကိုယ်
လှချင်သည့် မိန်းကလေးတို့၏ ပင်ကိုယ်ဗီဇ ဟုသာမှတ်ချက်ချမိပါသည်။ … အမေ ၈ရ နှစ်ရှိပြီ တွဲခေါ်မှသွားနိုင်တော့သည်။ သို့သော် …
ရီဗလွန်လိမ်းရမှ ကြေနပ်သည်။ ခရင်ပါတ်ဖ် မျိုးစုံအသုံးပြုတုံးဖြစ်ပါသည်။ )

( စာအုပ်ပြန်လည်ထုတ်မည့်သတင်းကို ဝိကလီးအီလဲဗင်းဂျာနယ်မှယူပါသည်။)

13 comments

  • xman

    July 11, 2011 at 6:07 pm

    ကိုယ့်ကိုယ်ကို လှစေချင်တာ ကျားရော မ – ပါ အတူတူပါပဲ။
    ငယ်ငယ်က လုံးဝအိမ်တွင်းပုန်းနီးပါး မိန်းကလေးတယောက် ကျကျနန အလှပြင်ပြီး အိမ်ထဲမှာပဲ အမြဲနေတာ တွေ့ဘူးပါတယ်။

    စာအုပ်ပြန်ထုတ်တဲ့အကြောင်း လက်တို့တာ ကျေးဇူးပါပဲ။

  • windtalker

    July 11, 2011 at 7:43 pm

    မိန်းမတွေ ရဲ ့ စိတ်ထက် ကိုယ့်ချစ်သူ ရဲ ့စိတ်ကို ပဲ အရင်သိချင်မိတယ်ဗျာ ကိုဖက်ရာ

    • maythakhin

      July 12, 2011 at 9:11 pm

      ကိုယ့်ချစ်သူရဲ့ အမေ (သို့) အဖေရဲ့ စိတ်ကိုကြည့်လိုက်လေ။ အနည်းဆုံးတော့ (50%) သိရလိမ့်မယ်။ 😀

  • ကြောင်ကြီး

    July 12, 2011 at 9:50 am

    စာဖတ်ကြည့်ရုံနဲ့ သိနိုင်ပါ့မလားဗျာ။ ဒါထက် ဦးဖက် တူမတွေက အခုဆို အရွယ်ရောက်ရောပေါ့နော်။ လူလွတ်တွေပဲရှိသေးတယ် မှတ်တယ်။ အားကိုးပါတယ် ဦးဦးဖက်။
    တူတော်မောင်လောင်းလျာ ကြောင်ကြီး 😳

  • weiwei

    July 12, 2011 at 10:42 am

    အဲဒီစာအုပ် ဖတ်ဖူးပါတယ် …
    ဒါပေမယ့် မစုံသေးဘူးလို့ ထင်ပါတယ် … 🙂

    • pan pan

      July 12, 2011 at 11:45 am

      အစုံပါဖို့တော့ မဖြစ်နိုင်ဘူးထင်ပါတယ်ရှင်
      တစ်ယောက်ကို တစ်မျိုးတောင် မကတာပဲ
      လူအမျိုးမျိုး စိတ်အထွေထွေပေါ့
      အခြေခံကျပြီး ဘုံပါတာလောက်ပဲ ရှိမယ်ထင်တယ်

  • alinsett

    July 12, 2011 at 11:22 am

    သိပ်ကောင်းတဲ ့စာအုပ်ပါ။ ဘာပဲ ပြောပြောနောက် တစ် ခါ ထပ်ထုတ်ရင် ပိုကောင်းတာ ပေါ ့ ။ နောင်လာနောင်သားတွေ ဖတ်ဖို ့လေ…။ ဒါမှ မိန်းမတွေရဲ ့စိတ်ကို ပို သိ ပြီး….
    ဆောင်ရ ..ရှောင်ရမှာ..။ ကျွန်တော် ကတော့ ဖတ်ပြီးပြီ။ ဒါတောင်မှ မိန်းမတွေကို နားမလည်နိုင်သေးပါဘူး။

  • etone

    July 12, 2011 at 11:48 am

    ယောကျာ်းကြီး ကမိန်းမ အကြောင်းရေးတာ ထုတ်ဝေမယ်ဆိုတော့ … ဒီလူ မိန်းမကြမ်းကြေနေတာပဲ ဖြစ်ရမယ် ဟုတ်တယ်ဟုတ် 🙄

    • ကြောင်လေး

      March 17, 2012 at 9:43 pm

      လိုနေသေးတဲ့နေရာကို မဝေရယ်၊ ပန်ပန်ရယ်၊ အိတုန်ရယ် ထပ်ဖြည်ပြီး ရေးပေးလိုက်ရင် ပိုပြီး ပြည့်စုံသွားမယ်ထင်တယ်။

  • manawphyulay

    July 12, 2011 at 2:25 pm

    အကုန်ဖတ်ရမယ်အောင်းမေ့လို့ ခုတော့ ဘာမှလည်း ဖတ်ရဘူး။ စာအုပ်ပဲဖတ်ရတော့မှာပေါ့နော်။

  • moethidasoe

    July 12, 2011 at 2:33 pm

    အဲဒါနဲ့ နည်းနည်း ဆန့်ကျင်ဖက် ရေးထားတဲ့ ဇဝန ရဲ့ ကျွန်တော့်လင် ဆိုတဲ့ စာအုပ် (ပြန်ထုတ်တာ) ယခု ဖတ်နေတယ် ..

  • ရွှေဘိုသား

    July 12, 2011 at 8:12 pm

    ကို ဖတ်တီး တူမလေး ဘယ်အရွယ်ရောက်နေပြီလဲဗျ
    တစ်မျိုးမထင်နဲ.နော် မတွေ.တာကြာလို. မေးကြည်.တာပါ

  • April Star

    March 17, 2012 at 9:01 pm

    mane ka lay mhan yin tot hla chin kya tar par pal.
    ae dar ka lae ko ka hla nay mha nay ya tar sate chan thar loh par.
    boy tway ko swal saung pho hla chin tar myo tot ma hote par bu.

Leave a Reply