ရှုးရှုး မှ သန့်စင်ထားသောရေသန့်များ …..

fattyJuly 11, 20111min20625

စကာင်္ပူနိုင်ငံတွင်လက်ရှိ ရေလိုအပ်နေမှု၏ ၃၀% ကို NeWater စက်ရုံမှထောက်ပံ့ပေးနေကြောင်းသိရသည်။
အဆိုပါနိုင်ငံတွင် လူဦးရေမြင့်တက်လာမှုနှင့် အတူ သောက်သုံးရေ လိုအပ်မှုမှာလည်းမြင့်တက်လာဆဲဖြစ်သည်။
ကျင်ငယ်ရေကို သန့်စင်ထားတယ်ဆိုတာကိုမသိဘဲနဲ့ လူတော်တော်များများ အသုံးပြုပြီးဖြစ်နေပါပြီဟု ဒေါက်တာ ဘားနဒ်ကပြောကြားလိုက်ပါသည်။
မြန်မာနိုင်ငံမှ လိုအပ်လျှင် export အတွက်စဉ်းစားနိုင်မည်ဖြစ်ပါသည်။ ။ …။

Ref CNA

25 comments

  • windtalker

    July 11, 2011 at 7:42 pm

    နောက်ဆို ရူးရူးပေါက်ရင် အခွန်ဆောင်ရတော့ မယ် ထင်ပ
    ဈေးကွက်ဝင်တာကို များ အခွန်ရုံးက သိသွားမယ်ဆိုရင်

  • naywoonni

    July 11, 2011 at 7:54 pm

    အင်း….။ လမ်းထောင့်တွေမှာ ပုန်းကလေးတွေချထားပြီး..။ ရှူးရှူး ပေါက်ရန်လို့ရေးထား ..။ ပြီးတော့ အိတ်စ်ပို့စ်လုပ် ..။ ပွတာပဲ…။ အဲဒါတောင် အရနဲရင် မြင်းတွေ နွားတွေရဲ့ ရှူးရှူးနဲ့ ရော …. ။နွားနို့ ရေရောသလိုသာပ..။

  • PaukPhaw

    July 11, 2011 at 9:50 pm

    ဥဖတ်.
    နောက်တာလား
    တစ်ဂယ်ကြီးလားဟင်..
    ရှူရှူးကို ရေအဖြစ်ပြန်ချက်သောက်တာ အာကာသ တက်တဲ့ လူတွေပဲ ဟုတ်ဘူးလား.
    သူများတွေအဖြစ် အဲလောက်တောင်ပဲ ဆိုးနေကြသလား..ဟင်..

  • unclegyi1974

    July 11, 2011 at 9:59 pm

    ဟုတ်သေးလုပ်သေးသပ
    စင်္ကာပူဒီလောက်မမွဲသေးဖူးမှတ်ပါတယ်

  • nature

    July 11, 2011 at 10:03 pm

    အမလေး ၊တိုးတက်လိုက်တဲ့ခေတ်ကြီး၊ ရှုရှုးကို ရေသန့်လုပ်၊ အီအီးကို အသားတုလုပ်။

  • phowagyi

    July 11, 2011 at 10:46 pm

    အင်း သိ နေ ရင် တော့ ph7 ဖြစ်လည်း မျိုကျ မယ် မထင် ပါ ဘူး။မြန်မာ နိုင်ငံမှာ ရေပေါ လို့ တော်သေးတာပေါ့

  • zaw min

    July 12, 2011 at 12:45 am

    ဦးဖက်ရေ…Export လုပ်လို့ရတဲ့အကြောင်း ဗိုလ်တေဇတို့များသိသွားလို့ကတော့နော်…မြန်မာတစ်ပြည်လုံးရှိရှိသမျှ အိမ်သာတွေအားလုံး ထူးကုမ္ပဏီပိုင်တွေဖြစ်သွားတော့မှာပဲ….

    • Yin Nyine Nway

      July 12, 2011 at 9:58 pm

      အီအီးတောင် အတုလုပ်တယ် ရူးရူးကို ရေလုပ်တယ်ဆိုတော့
      ကြံကြံဖန်ဖန် စားကြ သောက်ကြတယ်ထင်တယ်

  • winkyawaung

    July 12, 2011 at 8:24 am

    အင်း ကိုယ်မသိတာတွေ သောက်မိ၊ စားမိရင်တော့ ဘာမှ မဖြစ်ပါဘူး။ သိသွားပြီဆိုရင်တော့ အော့နှလုံးနာကုန်ကြမှာနော်..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 12, 2011 at 8:55 am

    ဒီလိုကိစ္စမျိုးက အရေးပေါ်ကိစ္စတွေတွက်
    နည်းပညာတွေတီထွင်ထားတယ်ဆိုတာကို
    ထုပ်ပြန်တာလားသိဘူးနော
    ဒီလိုလေ
    လွန်ခဲ့တဲ့ ညတွေတုန်းက အာကာသမှာ
    အာကာသယဉ်မှူးတွေဟာ ကျင်ငယ်ရေကို ပြန်သန့်စင်ပြီး
    သောက်ကြတယ်လို့ဆိုကြတယ်ဂလား
    ဆိုတော့ကာ
    ဒီနေရာမှာ ထင်မိတာလေးပါ
    တစ်ကယ့်မူရင်းဆိုလိုခြင်တာက လိုအပ်လာရင်ကျင်ငယ်ရေကိုတောင်
    သန့်စင်ပြီးသောက်လို့ရတဲ့နည်းပညာတွေ
    စက်ကိရိယာတွေရှိတယ်ဆိုတာကိုကြေငြာသလားသိဘူးနော
    ဥပမာ
    ရေငုတ်သင်္ဘောတွေတို့
    လေယဉ်တင်သင်္ဘောတွေတို့မှာ
    ပင်လယ်ရေကို သန့်စင်ပြီး သုံးစွဲကြတယ်တော့ထင်တာဘဲ ( အထင်ပါ )
    ကိုယ်ကိုယ်တိုင်ကတော့ ရွက်လှေနဲ့ဝါးဖောင်စီးတဲ့အခါ ရေကို ဂါလံပုံးလေးနဲ့
    ထည့်ပြီးဆောင်သွားရတာပ
    ဆိုတော့ကာ
    သန့်စင်ခြင်းသဘောမှာ အဓိကဖောဖောသီသီရနိုင်တဲ့
    သာမန်ရေချိုကိုဘဲ သန့်စင်ကြမယ်ထင်ပါတယ်
    ကိုယ့်ဘာသာ တွက်ကြည့်ရင် ကျင်ငယ်ရေကို သန့်စင်ပြီးသောက်မဲ့အစား
    ပင်လယ်ရေကို သန့်စင်ပြီးသောက်မယ်ဆိုရင်
    ဆား ကိုတောင်အပိုရနိုင်သီးမယ်ထင်မိပြန်ပါတယ် ( ဒါလည်းအထင်ပါ )
    …………………………….
    အင်းးးးးးးးးးးးးးး
    ကိုယ့်ရဲ့သေးကိုများ သန့်စင်ပြီးသောက်ရင်တော့
    တစ်ပက်စာလောက် နေရာရောက်မှာသေခြာတယ် 😀 😀 😀

  • pan pan

    July 12, 2011 at 9:25 am

    ဒါတွေဒါတွေ ကြားသိနေရတော့….
    အင်း….တို့နိုင်ငံကြီး အဖိုးတန်လိုက်ပါဘိ

  • moethidasoe

    July 12, 2011 at 10:45 am

    ဖက်ဖက်က ဇော်မင်း ရေးထားတဲ့ သက်သတ်လွတ် အီအီးကိစ္စ ဖတ်ပြီးတော့ ရှူရှူးကိစ္စရောက်လာပြန်ပြီ
    နှပ်ချေးများ ငပိလုပ်ဦးမှာလား .. ဒါကတော့ မြန်မာတွေ လက်သုံးစကားဖြစ်ပြီးသားနော်

  • weiwei

    July 12, 2011 at 10:56 am

    ကျင်ငယ်ရေကို သန့်စင်ပြီး ရေသန့်လုပ်တာ (ဂျပန်ကလို့ထင်တယ်) သတင်းတစ်ခုမှာ ကြည့်ဖူးပါတယ် … သောက်တောင်သောက်ပြပါသေးတယ် …

    • etone

      July 12, 2011 at 1:24 pm

      ဂျပန်ကကောင်တွေ ရူးနေပြီလား မသိဘူး … ချီးစား ပြလိုက် … သေးသောက်ပြလိုက်နဲ ့…
      ရွံစရာကြီး ။ 🙄

      • nature

        July 13, 2011 at 8:42 am

        etone ရေ၊ လူတိုင်းကိုယ့်လို မရွံတတ်ဘူး ၊ – ပေးတဲ့သူတွေကိုကြည့် ၊ -ပေးတဲ့သူတွေကတော့ မရွံပဲ နှစဟ်သက်သဘောကျတဲ့တွေ သူဖြစ်လိမ့်မယ်။

  • moethidasoe

    July 12, 2011 at 11:07 am

    စင်္ကာပူ လုပ်တာက waste water လို့ပဲ ဆိုထားတယ် .. ကျင်ငယ်လို့ မဆိုထားပါ .. ဝန်ကြီးချုပ် ကိုယ်တိုင် သောက်ပြတာကို CNA မှာ ပြခဲ့တာ ကြည့်ခဲ့ဖူးတယ် .. ဘယ်တုန်းကလဲ လို့ မမှတ်မိပါ

  • hmee

    July 12, 2011 at 1:17 pm

    ဒီမှာတော့ ပင်လယ်ရေကို သန့်တယ်ပြောတာပဲ။ ပထမ သုံးရေ အဖြစ်ပေး၊ သုံးပြီးသား စက်ရုံပြန်ရောက် ပြန်သန့် အိမ်သာသုံးရေ အဖြစ်ပြန်ပေး၊ အိမ်သာကရေတွေက တခါ စက်ရုံပြန်ရောက် ပြန်သန့်ပြီး သစ်ပင်တွေ လောင်းဖို့ ပြန်ပေးတယ် ပြောတာပဲ အတိအကျတော့ မသိပါဘူး။ မိုးရွာရင်လည်း လမ်းမက ရေတွေအားလုံး စက်ရုံကို ရောက်အောင် စနစ်တကျ လုပ်ထားတယ် ပြောတာပဲ။ ရေချိုကတော့ ဂါလီလီအိုင် တခုတည်းမို့ တတိုင်းပြည်လုံးအတွက် မလောက်လောက်ဘူး။ ဒါကြောင့် ကြားတာတွေက မှန်နိုင်တယ်လို့ ထင်တယ်။ မြစ်၊ ချောင်း မရှိလို့ (ဂျော်ဒန်မြစ်ကလွဲပြီး) ရေတော့ အတော်ရှားတယ်။ ရေကို အတော် ချွေတာတယ်။ ပိုက်ဆံကုန်မှာ စိုးလို့ မဟုတ်ဘူး။ ရေချိုကို မရှိလို့ အမျိုးသားရေး စိတ်ဓါတ်နဲ့ ချွေတာတာ။ ကားကို ရေဆေးချင်ရင်တောင် ကိုယ့်အိမ်က ရေပဲဆိုပြီး ပေါပေါလောင်းနေရင် တွေ့တဲ့သူက လာပြောတယ်။ ရေပိုက်များ ပေါက်နေရင် မပြင်မခြင်း (ဘာလာဂန်=ပြသနာ) လို့ တယောက်ပြီးတယောက် လာပြောတာခံရမယ်။ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလည်း သိလို့ ပုံမှန်ကုန်မှာကို သိလို့ လိုတာထက် ပိုသုံးရင် ကျသင့်ငွေထက် နှစ်ဆပိုကောက်တယ်။ လမ်းဘေး ပန်းပင်တွေ၊သစ်ပင်တွေကိုလည်း ပိုက်လေးတွေ သွယ်ထားတယ် အချိန်တိုင်း မပေးဘူး အပင်ရေလိုတယ် အချက်ပြမှ ကွန်ပြူတာနဲ့ ထိန်းပြီး လိုသလောက်ပဲ ပေးတယ်။ ရေကို အလဟသ လုံးဝ အဖြစ်မခံဘူး။ ကျွန်မတို့ဆီမှာတော့ မြစ်ချောင်းတွေ ပေါလွန်းလို့ ရေတန်းဖိုးရှိမှန်း ဒီရောက်မှ နဖူးတွေ့ ဒူးတွေ့ ကြုံရတယ်။ ဦးဖက်ရေ ဆောရီးနော် မဆိုင်တာတွေ လာရေးထားလို့။ ပို့စ် အဖြစ်တင်ရအောင်လည်း အတိအကျ သိတာမဟုတ်လို့ ကွန်မန့် အနေနဲ့ပဲ ရေးရတာပါ။ ရွာသားတွေ ဗဟုသုတ ရစေချင်လို့ပါ။

    • ဆူး

      July 12, 2011 at 8:24 pm

      မမှီရဲ့ ဗဟုသုတ အတွက်ကျေးဇူးတင်ပါတယ်။

    • intro

      July 15, 2011 at 1:35 pm

      ဘယ်နိုင်ငံလဲ မမှီရဲ့

      • hmee

        July 15, 2011 at 1:55 pm

        ဂါလီလီရေအိုင် ရှိပါတယ်ဆို စဉ်းစားလေ အင်ထရိုရဲ့။ သမိုင်းမှာ သင်ဖူးမှာပါ။ 🙂

  • mzm

    July 12, 2011 at 4:25 pm

    ရှူးရှူးများများစုထားကြဟေ့ မကြာခင်ဈေးကောင်းတော့မယ်

  • ogre

    July 13, 2011 at 10:59 am

    ဦးဖက်…လုပ်တာနဲ့
    အရင်ရေသန့်ဝယ်သောက်ရင် ဗူးထဲကရေကိုမကြည့်ပဲမောချလိုက်တာပဲ
    “ အခုတော့ သိပ်မင်္ကာသလိုလို…ဝယ်သောက် မျိုချရတာတောင် လည်ချောင်းထဲ
    ရှတတကြီးထင်နေတယ်“ ရေသန့်ဗူးကို သိပ်မယုံခြင်တော့ဝူး။။။။။

  • chitpyae

    July 13, 2011 at 11:39 am

    အမလေး ….. ပြောချင်တဲ့သူ ပြောချင်တာပြော ။
    ဒီရောက်နေမှ တော့ ရူးရူးကိုပဲ ပြန်ချက်တယ်ပြောလည်း သောက်ရမှာပဲ … ဟိဟိ
    လူတိုင်းသောက်နေတာပဲ ကို်ယ်ကမသောက်လို့မှ မရတာ …. 🙂
    ရူးရူးကိုပြန်သန့်စင်ထားတာက တော်သေးတယ် ။ ဟိုတစ်ခါ woodlands ဘက်မှာ ရေကန်ထဲ မှာ လူသေနေတာ အဲဒီ့ရေ ကိုသာ သောက်လိုက်ရရင် တော့ လား ….

Leave a Reply