မွန်းကျပ်တဲ့မြို့ပြရဲ့အပြင်ဖက်ကိုထွက်ကြည့်တဲ့အခါ………………..

တညင်ဘက်ကို မိတ်ဆွေများက ပို့ပေးလို့အရောက် နှစ်ထပ်ကျောင်းဆောင်တစ်ခုပေါ်ကနေ အဝေးကိုလှမ်းကြည့်လိုက်တဲ့အခါ

လမ်းမပေါ်ကနေ ဟိုးအဝေးကိုမျှော်ကြည့်လို်က်တော့ နာမယ်ကျော် ကျိုက်ခေါက်စေတီတော် ……………
ဟိုးအဝေးကြီးကို လှမ်းကြည့်တဲ့အခါ မြင်ရတဲ့ မြင်ကွင်းကျယ်ကြီးက တပြန့်တပြော……………….
မိုးတွေကရွာလိုက် ခဏလေးတိတ်လိုက်နဲ့ ကောင်းကင်တစ်ခုလုံးအုံ့မိူင်းရီမှောင်လို့နေပါတယ်။
မိုးလေး ခဏတိတ်တုံး အပြင်မှာမြင်ရတဲ့ မြင်ကွင်းက………….တကယ့်ကိုလွမ်းစရာ………….

အနီးမြင်ကွင်းမှာတော့ မိုးစက်တွေကို အဝသောက်ထားလို့ စိမ်းညို့မှောင်နေတဲ့သစ်တောအုပ်။
ကိုယ့်ရှေ့မှာတော့ မိူင်းရီရီ မူံဝေဝေ တိမ်လိပ်တွေနဲ့ မပီပြင်တဲ့ အဝေးမြင်ကွင်း……….

တကယ့်ကို စိမ်းမြနေတဲ့သစ်ပင်တွေကို လွန်မြောက်ပြီးကြည့်လိုက်တဲ့အခါမှာတော့ မပီမသ မြစ်ပြင် ကို မြင်ရပါတယ်။
အပေါ်စီးကနေလှမ်းကြည့်ရင် ကွန်ကရစ်နဲ့လုပ်ထားတဲ့လမ်းကလေး …….
သူ့အဆုံးမှာတာ့ အစားစားနေတဲ့နွားကလေးတွေနဲ့မြက်ခင်းစိမ်းစိမ်း…
သူ့ထက်ပိုဝေးတဲ့နေရာမှာတော့ မြစိမ်းရောင်တောအုပ်ကလေး
နားထဲမှာချိုးကူသံလေးတောင်ကြားမိသလိုလိုပါဘဲ။
အရှေ့ဘက်ကို နည်းနည်းလေးရွေ့ကြည့်လိုက်တော့ သစ်ပင်တွေကြားမှာတွေ့ရတဲ့စေတီ အစိမ်းထဲက အဝါ ဆန့်ကျင်စွာလှပလို့နေပါတော့တယ်.
သဘာဝအတိုင်းရှိနေတဲ့အနားသတ်ထားသလိုဖြစ်နေတဲ့ သစ်ပင်ရဲ့ အလွန်မှာတော့ ရွှေတောင်ကြီးတစ်ခုလိုခန့်ထည်လှတဲ့စေတီကို ဖူးမြင်ရပါတယ်.
ကျိုက်ခေါက်စေတီတော်ပါ။
ကြည့်နေရင်းကနေ အုံ့မိူင်းလာတဲ့ကောင်းကင်။
တစ်ခါတရံမှာ နေ့စဉ် ကျင်လည်ဖြတ်သန်းနေရတဲ့ ဆူညံရှုပ်ထွေးနေတဲ့ နေရာကနေ တိတ်ဆိတ်အေးဆေး တဲ့ နေရာလေးကို
ယာယီထွက်ပြေးကြည့်လိုက်ပါ။
အေးငြိမ်းတဲ့အရသာကို တွေ့သွားမှာကတော့ အသေအချာပါ။
စမ်းကြည့်စေချင်ပါတယ်။

16 comments

  • weiwei

    July 12, 2011 at 9:31 am

    အပင်တွေ စိမ်းစိမ်းစိုစိုမြင်ရတာ မျက်စိအေးတယ် …
    သန်လျင်မှာ သဘာဝအလှအပတွေ အများကြီးရှိတယ် … ကျွန်မအားတဲ့တစ်ရက်မှာ သေချာဓါတ်ပုံသွားရိုက်ပြီး ပြပါအုန်းမယ် …

  • pan pan

    July 12, 2011 at 10:03 am

    စိမ်းလန်းလိုက်တာ
    မျက်စိအေးသွားတာပဲ
    ဒါနဲ့….လေးပေါက်က သဘာဝပတ်ဝန်းကျင်ကို အရမ်းခံစားတတ်တာပဲနော်

  • alinsett

    July 12, 2011 at 11:11 am

    အဲဒီလို သဘာဝ ပတ်ဝန်းကျင်လေးတွေကို တင်ပေးတာ ကျေးဇူးတင် ပါတယ် ။
    ကျွန်တော် တို ့နိုင်ငံမှာ ကျွန်တော် အချစ်ဆုံး အရာတွေ ထဲ မှာ အဲဒီလို စိမ်းစိုနေတဲ ့တောအုပ် ကလေးတွေ ရယ်……. ပြီးတော့ မြန်မာတွေရဲ ့ စေတီ လေးတွေ ရယ် ပါတယ် ။
    အဲဒီ လို စိမ်းလန်းနေတာလေး ပျောက်ပျက်သွားမှာကို လည်း စိုးနေတာပေါ့ဗျာ….။
    နောက် ထပ်လည်း တခြား မြင်ကွင်းလေးတွေ တင်ပြ ပါဦး …ကိုပေါက်ရေ…..
    ခင်မင်စွာ….

  • etone

    July 12, 2011 at 11:45 am

    တော်တော်တော့ ကြည့်ရတာ အေးချမ်းတယ် … မဆီမဆိုင် အတွေးတစ်ခု ဝင်မိတယ် လေးပေါက်ရဲ့ … ။
    တောတွေ တောင်တွေ နဲ့ အိမ်သာရော ရှိလားဟင် … ။ ဘာရယ်မဟုတ်ပါဘူး … etone က တောထဲ တောင်ထဲ သွားလျှင် ခဏခဏ ပြသနာ တတ်လွန်းလို့ … မေးကြည့်တာပါ ။

    • weiwei

      July 12, 2011 at 11:57 am

      အီးတုံး ဘယ်တုံးက တောတိုးဖူးလဲ 😛

    • ဆူး

      July 12, 2011 at 9:25 pm

      တုံးလေး စိတ်မပူနဲ့.. တော ဆိုမှ တော့ ပေါက်တော ဆိုတာ နေရာတိုင်းမှာ ရှိတယ်။

  • hmee

    July 12, 2011 at 12:48 pm

    လေးပေါက် ကျိုက်ခေါက်စေတီ အနောက်ဖက်မှာ နတ်ရှင်နောင်အုတ်ဂူ ရှိတယ်နော်။ (မှတ်မိသလောက်ကတော့ ရှိတယ်ထင်တယ် နဲနဲ ဝါးတားတား ဖြစ်နေတယ်။)

  • manawphyulay

    July 12, 2011 at 2:01 pm

    လေးပေါက်ရေ… ရေလယ်ကျောက်တန်းက ပုံလေးတွေကော မြင်ချင်ပါတယ်ရှင်….. ထပ်တင်ပေးပါဦး။
    တစ်ဆက်ထဲ အပူကပ်လိုက်ဦးမယ် မမဝေရေ သန်လျင်ကို လာလည်ရင် အဲနေရာတွေ လိုက်ပို့ရမယ်နော်။

  • အမှန်တိုင်းပြောရရင် ဒီနေရာတွေကိုအရင်က ကျနော်တကယ်မသိခဲ့ပါဘူးဗျာ။
    ကျနော်ကို လိုက်ပို့ပေးတဲ့မိတ်ဆွေ ရှိလို့လဲ ကျနော်က ပြန်လည်မျှဝေပေးနိုင်တာပါ။
    ကျနော်ကို ကျေးဇူးတင်တယ်ဆိုတာတွေကို ကျနော်တစ်ဝက် နေရာပြလို့ လိုက်ပို့ပေးသူက တဝက်
    ခွဲဝေလို့ယူမှ တရားမျှတမယ်လို့ထင်ပါတယ်။
    ကဲ ကျနော်တို့ရဲ့ လမ်းပြသူက ကျေးဇူးတဝက်ယူလိုက်နော်။

  • pooch

    July 12, 2011 at 5:30 pm

    ညှို့ ညှို့ မှိုင်းမှိုင်း ကောင်းကင်ရယ် ……
    အုံ့အုံ့ ဆိုင်းဆိုင်း သစ်ပင်တွေရယ်…..
    မိုးရွာ ပြီးခါစ မြင်ကွင်းဆိုတော့ …. ကြည့်တာနဲ့တောင် မြေသင်းနံ့လေး ရနေသလိုပဲ…..

  • တညင်သား

    July 12, 2011 at 6:47 pm

    မမ မနောဖြူလေးသွားချင်ရင်လိုက်ပို့ ပေးပါ့မယ်… မမဝေက သိပ်အားတာ မဟုတ်ဘူး…ခဏတော့ စောင့်ပါအုံး..:)
    (ပြောသာပြောရတယ် သူက သန်လျှင်ကိုခဏခဏလာဘူးတယ်မဟုတ်လား)……… နတ်သျှင်နောင်ဂူက ကျိုက်ခေါက်စေတီ မြောက်ဖတ် စောင်းတန်းဘေးမှာ ..ရှိပါတယ် မမ မှီ….

  • naywoonni

    July 12, 2011 at 8:59 pm

    တူကျတော့ ရှောက်တွားနေတယ် တို့များကျ ထားခဲ့တယ်..။ မသကာ နေပြည်တော် ဝင်ပြီး တောသားလေးတစ်ယောက် ကိုခေါ်ပါဦးလား ကျေကိုမကျေနပ်ဘူး..။

    • ဆူး

      July 12, 2011 at 9:29 pm

      တောသား ကို လာရှာမှ ပုန်းမနေနဲ့နော်..

  • padonmar

    July 12, 2011 at 9:09 pm

    ဟုတ်တယ်။အလုပ်နဲ့သွားနေကျ မဟုတ်တဲ့ နေရာတွေကို တစ်ခါတလေ သွားဖြစ်ရင် refreshment တကယ်ဘဲရပါတယ်။
    ကိုပေါက်ပြောသလို မွန်းကျပ်တဲ့မြို့ပြက နေ ခဏပြေးထွက်တာပေါ့။
    ပြီးတော့လည်း ထူးအိမ်သင်လို အိမ်ပြန်ချင်တယ်ဖြစ်ရတာပါဘဲ။

  • intro

    July 14, 2011 at 12:22 pm

    လေးပေါက်က မန္တလေးတင်မက၊ ရန်ကုန်ဘက်ပါ ခြေဆန့်နေပါလား… 🙂

Leave a Reply