“ကဗျာဟုသတ်မှတ်ပေးပါ”

ကမ္ဘာပျက်တောင် မပျက်ဘူးဆိုတဲ့

Titanic သင်္ဘောမြုပ်တုန်းက

သင်တို့ရော ဘာတွေပြောထားပြီးပြီလဲ?

ဘီသိုဗင်ရဲ့ ပါရမီမရနိုင်တောင်

ငါလုပ်ချင်တာ လုပ်ခဲ့ဦးမယ် . . .

အနာဂတ်အတွက် ၀တ္ထု

ရရှိထားပြီးပြီလား?

ကဝေတစ်ကောင်ရဲ့တယောထိုးသံ

သြဘာပေးသူမရှိလည်း

အနာဂတ်ကဝေကတော့

တယောသံ ဆော့ကစားနေပြီ

ညဥ့်နက် တယောသံ

ကောင်း ၊ မကောင်း

ခံစားပေးပါ ။ ။

ဤဟာကိုကဗျာဟုသတ်မှတ်သည်။

ပုံ

ကဝေ

 

 

“အပြာရောင် . . . နောင်တ”

ပြီးချင်တာတွေ ပြီးခဲ့ကြ

နောင်မှတတော့ နောင်တရ

ဒါပေမယ့် . . .

ကိုယ့်အတွက်တော့ အပြာရောင်နောင်တ

 

မျက်ဝန်းပြာလေးကို ချစ်မိတာ

မှားလား?

မင်းအလှမှာ

မှေးစက်နားခက်

ရင်ထဲထိ

အားငယ်မိတယ် ။

 

ရည်းစားရှိသွားတာ သိချိန်ကြ

ဖွင့်မပြောမိတဲ့ အမှားကြီးက

ကိုယ့် . . . စိတ် ရုပ်သေးရုပ်

ကြိုးဖြတ်ချ

ဒိုင်ယာရီစာအုပ်လေးလည်း ချော့ကလက်လို

ကုန်ဆုံးသွားပေါ့ . . . ။

 

ပျော်မြူးတစ်ပါးရင်ခွင်

အလွမ်းရင်ထဲ

အပြာရောင် . . . နောင်တနဲ့ဘဲ

နေရစ်တော့မယ်  ။ ။

 

“ပုံပြင်”

သူပဲလေ . . .

ရင်ထဲတိုးဝင် ၊ အားကိုးကြည့်ကြောင့်

ခါးစည်းခံရင်း ၊ ထွက်လာတဲ့အားအင်

 

ပြီးခဲ့ပြီ . . .

ဓါတ်ကြိမ် နဲ့ ရိုက်ခံရသူလို

ဓါတ်ကြိမ် ကို နာကြည်းပေမဲ့

အမာရွတ်တွေမေ့ပျောက်မရဘူးလေ . . .

 

ပုံပြောသူ ပုံပြင်ကိုမေ့သွားလည်း

ကိုယ်က တစ်သက်မေ့မရပါ

ပြီးဆုံးသွားပေါ့ . . .

တွေ့လိုက်ရဲ့ တစ်ပါးရင်ခွင်

အနမ်းဝေရင်းခိုဝင်နေခဲ့တယ် ။

လက်ခံပါပြီလေ . . .

ပုံပြောသူ ပုံပြင်ကို

မေ့သွားတတ်တာ သဘာဝပဲပေါ့ ။ ။

 

“အတွေး

မြင်ခွင့်မရတဲ့     မျက်နှာလေး

ပုံဖော်ရင်း        ငါထိုင်ငေး ။

နမ်းခွင့်မရှိတဲ့    နှုတ်ခမ်းလေး

အိပ်မက်ထဲသို့   ယူဆောင်ပေး ။

 

ကြင်ခွင့်မရှိတဲ့   ဘ၀လေး

စိတ်ကူးထဲမှာ    ငါထိုင်တွေး

စိတ်ကူးရင်းသာ ပျော်တယ်လေး

သူအဖြေပေးမယ့်         ဒီနေ့လေး ။ ။

About maung hninkharr

has written 24 post in this Website..