အမျိုးသမီးများသတိပြုဆင်ခြင်စရာ

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက် ကိုယ်ဝန်သွားဖျက်တာ ကလေးက မကျလို ့တဲ့ ထိုင်းလက်သည်အိမ်ကနေပြန်လာပြီး မဲဆောက်က မြန်မာလက်သည်နဲ ့ သွားပြန်ဖျက်ဖို ့ ကားစီးတာ အဲ့ဒီကားပေါ်မှာပဲ ဆုံးသွားတယ်။ သူထိုင်နေတဲ့ထိုင်ခုံက ဒရိုင်ဘာနောက်က ခုံလေးမှာ ။ကားပေါ်စတက်တော့ မျက်နှာသွေးမရှိသလိုဖြူဖျော့ နေလို ့ဒရိုင်ဘာက ညီမ နေမကောင်းဘူးလားလို ့မေးတယ်တဲ့ အမျိုးသမီးက ဟုတ်တယ် ကိုယ်ဝန်သွားဖျက်တာ မကျလို ့မဲဆောက်ကမြန်မာလက်သည်မှာသွားပြန်ဖျက်မယ်လို ့ပြောပြီး စောင်ကို ခေါင်းမြီးခြုံအိပ်လိုက်တာ ကားရပ်သွားတာတောင် လုံးဝပြန်မနိုးလာတော့ဘူးတဲ့။ ကားပေါ်မှာ လူသေတယ်လို ့သတင်းကြားရောတစ်ကားလုံးလန် ့ဖြန် ့ပြီးထွက်ပြေးကြတာပေါ့။ အဲ့ဒါ ရဲတွေရောက်လာလို ့အလောင်းကိုသယ်တာ အလောင်းကို လုံးဝ သယ်ထုတ်လို ့မရဘူး၊အလောင်းက တအားလေးတာတဲ့။ ယောကျာ်းအားနဲ ့လေးငါးယောက်လောက်ဝိုင်းပြီးမတာတောင် လုံးဝ မလို ့မရဘူးတဲ့ ၊အဲ့ဒါနဲ ့ရဲတွေက ထိုင်းဘုန်းကြီး ၂ပါးပင့်လာပြီး ဘုန်းကြီးတွေက ပရိတ်ရွတ်၊ပရိတ်ရေဖြန်းတော့မှ အလောင်းသယ်လို ့ရသွားတာ။အဲ့ဒီသတင်းကြည့်ပြီး အလောင်းသယ်ထုတ်သွားတာကိုမြင်တော့ ကြက်သီးတွေတောင် ထသွားတယ်။တော်တော်လဲ သံဝေဂရတယ်။

 

တစ် နေ ့က အသိအစ်မတစ်ယောက် အိမ်သွားလည်ရင်း နဲ ့အစ်မပြောပြတဲ့သတင်းလေးပါ။ ချမ်းချမ်းတို ့မြို ့က ကောင်လေးတစ်ယောက် အလုပ်လုပ်ရင်း စက်ရုံကိုအသစ်ပြောင်းလာတဲ့ ကောင်မလေးနဲ ့ရီးစားသက်တမ်း ရ ရက်အတွင်းမှာ ယူလိုက်ပါတယ်။မင်္ဂလာလဲ မြန်မာလိုသေချာဆောင်လိုက်ပါတယ်။မင်္ဂလာဆောင်ပြီး ၈ ရက်မြောက်နေ ့မှာ ကွဲသွားပါတယ်။အကြောင်းရင်းက ကောင်မလေး အလုပ်လုပ်နေရင်း မူးလဲလို ့စက်ရုံထဲက ဆေးပေးခန်းမှာ သွားစစ်တော့ ကိုယ်ဝန်သုံးလ ရှိနေလို ့တဲ့။ ကောင်မလေးနဲ ့ကောင်လေး ရီးစားသက်တမ်းက ရ ရက် လက်ထပ်ပြီးတာက ၈ ရက် စုစုပေါင်းတွေ ့ရတဲ့ရက်က တစ်လတောင်မပြည့်သေးဘူး ၁၅ ရက်ပဲရှိသေးတယ်။ အခု ဗိုက်ထဲက ကလေးက ၃ လတောင်ဆိုတော့ ဒီကိုယ်ဝန်ဟာ သူနဲ ့ရတာမဟုတ်လို ့ကောင်လေးက လှည်းကျိုးထမ်းတဲ့ နွားတော့ အဖြစ်မခံဘူးဆိုပြီး ကောင်မလေးနဲ ့ချက်ချင်း ကွာလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုယ့်ဇနီးဖြစ်နေပြီမို ့ မကွဲသင့်ဘူး ပြီးတော့ ကောင်မလေးက ကိုယ်ဝန်နဲ ့အားကိုစရာလဲ မရှိတော့ ညီမချင်းစာနာပြီး ပြန်ပေါင်းဖို ့ ပတ်ဝန်းကျင်က ဖြောင်းဖျပါတယ်။ ကောင်လေးက ဘာပြန်ပြောလဲဆိုတော့ သူနဲ ့မရခင် မုဆိုးမ တစ်ခုလပ် ကလေး၃ယောက်အမေ ဖြစ်ခဲ့ရင်တောင် လက်ခံလို ့ရသေးတယ် ။ အခုက ဘယ်သူယ်ဝါနဲ ့ရမှန်းမသိတဲ့ ဗိုက်ကို အပျိုလို ့လိမ်ပြီး သူ ့ကို တမင်နဖားကြိုးထိုးခိုင်းတာတော့ လုံးဝခွင့်မလွှတ်ဘူး။အရင်က ချစ်သူရှိခဲ့ဖူးလား၊ အိမ်ထောင်ရှိခဲ့ဖူးလားလို ့မေးတုန်းက မရှိဘူးလို ့လိမ်ပြောခဲ့တာကို ခွင့်မလွှတ်တာတဲ့။ ကောင်မလေးက နာရီစက်ရုံကို ပြောင်းလာတာလဲ တစ်လတောင်မပြည့်သေးဘူး။ကလေးအဖေအစစ်က ဘယ်ကလဲ။ဘယ်သူနဲ ့ရခဲ့လဲ လို ့မေးတော့လဲ လုံးဝမဖြေဘူး။ ကောင်မလေးက အဲ့ဒီကိုယ်ဝန်ကို မွေးမယ်ဆိုရင် ဆွေမျိုးမိဘမောင်နှမ မရှိ ပိုက်ဆံမရှိဘဲ မွေးလို ့ဘယ်လိုမှမဖြစ်ဘူး။ မြန်မာနိုင်ငံပြန်ရင်လဲ ကလေးအဖေက ဘယ်သူပါလို ့မိဘကိုပြောပြဖို ့ကလေးအဖေမရှိဘူး။ မလိုချင်လို ့ သွားဖျက်ချဖို ့ ချမ်းချမ်းအသိအစ်မကိုပြောတော့ အစ်မကလဲ သူ ့မှာ ငါးလသားကလေးနဲ ့ ကလေးချင်းကိုယ်ချင်းစာပြီး လိုက်မပို ့ရက်ဘူး တဲ့။ ကောင်မလေးကလဲ ဒီကလေးကို မဖျက်ရရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်လို ့လဲ ခဏခဏ ပြောနေတယ်တဲ့။ ပတ်ဝန်းကျင် ကလဲ ကိုယ့်အပူနဲ ့ကိုယ်ဆိုတော့ သူ ့ပြဿနာ ကို သနားရုံကလွဲပြီး ဘာမှကူညီနိုင်မှာမဟုတ်ဘူး။ကောင်မလေးက ၂၄ နှစ်ပဲရှိသေးတယ်။ အမှားတစ်ခုအတွက် ကိုယ်နောက်ထပ် တွေ ့ကြုံရမယ့် သောကတွေ ဒုက္ခတွေက အများကြီးရှိသေးတယ်နော်။ လောကမှာ လူတွေ တွေ ့ကြုံနေရတဲ့ ဒုက္ခတော်တော်များများက သူ ့ဘာသာသူရောက်လာတာ နည်းတယ်။ကိုယ့်ဘာသာ အတွေးမှား၊ အလုပ်မှား၊ ခံယူချက်တွေ လွဲမှားလို ့ ဒုက္ခရောက်တာများပါတယ်။

 

ယောကျာ်းလေးဖြစ်ရတဲ့ဘဝနဲ ့မိန်းကလေးဖြစ်ရတဲ့ဘဝ ယှဉ်လိုက်ရင် ယောကျာ်းလေးတွေ ရဲ ့ဘဝထက် မိန်းမသားဘဝဟာ အစစအရာရာ နိမ့်ကျပါတယ်။ ဒါမေယ့် မိခင်ဘဝရောက်သွားရင်တော့ သားသမီးတို ့ရဲ ့ကြည်ညိုရာ၊အားထားရာ၊ မြတ်နိုးကိုးကွယ်စရာ ဂုဏ်နဲ ့ပြည့်စုံသွားပြီမို ့ ဘုရားနဲ ့တစ်ဂိုဏ်းထဲထားပြီး ပူဇော်ကြည်ညိုခံနိုင်ပြီမို ့ (အမေ)ဆိုတဲ့ မြင့်မြတ်တဲ့ ဂုဏ်နဲ ့ပြည့်စုံသွားပါပြီ။ပုခက်လွှဲတဲ့ မိခင်ရဲ့လက်ဟာ ကမ္ဘာကြီးတောင် လွှမ်းမိုးနိုင်တယ်တဲ့ ။မိန်းမသားတွေရဲ ့နှလုံးသားဟာ သနားကြင်နာတတ်တဲ့စိတ်ရှိတဲ့နှလုံးသားတဲ့။အခုခေတ်မှာလေ အဲ့ဒီ ပုခက်လွှဲတဲ့လက်က လူတွေသတ်နေကြတာ၊ကြင်နာတတ်တဲ့နှလုံးသားကပဲကြောက်စရာကောင်းလောက်အောင်ရက်စက်နေကြတာတွေ ့နေရပါတယ်။

 

မြတ်စွာဘုရားရှင်က.. “မည်သည့် ကုသိုလ် နဲ ့အကုသိုလ် ပြုလုပ်သည်ဖြစ်စေ ဇောစေတနာ (၇) ချက် စော၏ ။ ပထမဇောက ယခုဘဝတွင်ပင် ကောင်းကျိုးမကောင်းကျိုးပေး၏။ “ဒိဋ္ဌိဓမ္မဝေဒနိယကံ” ဟုခေါ်သည်၊အကျိုးပေးချိန်မှာ မပေးရလျှင် ပျက်သွားသည်လည်းရှိ၏။ ထိုသို ့အကျိုးပေးခွင့်မရဘဲ ပျက်သွားသောကံ ကို “အဟောသိကံ”ဟု ခေါ်သည်။ နောက်ဆုံးသတ္တမဇော က ဒုတိယ ဘဝမှာ အကျိုးပေး၏။ အလယ်ဇော ငါးချက်က တတိယဘဝမှာ အကျိုးပေးသည်။” ဘုရားရှင်ဟောထားသလို..ကံကံရဲ ့အကျိုးအရ… အခုကိုယ်ဝန်ဖျက်ချလိုက်တဲ့မြန်မာအမျိုးသမီးဟာ သူပြုတဲ့အကုသိုလ်ကံ ပထမဇောက ဒီဘဝမှာပဲချက်ခြင်းအကျိုးပေးခွင့်ရသွားလို ့ ပြီးတော့သူ ့မှာ အရင်ဘဝက ပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကံ ကြီးကြီးမားမားမရှိခဲ့လို ့ဒီဘဝမှာ ပြုခဲ့တဲ့ အကုသိုလ် ချက်ခြင်းအကျိုးပေးတာခံရတာပဲ။

 

မြတ်စွာဘုရားရှင်လက်ထက် တာဝတိ ံသာနတ်ပြည်မှာ သုဗြဟ္မာ နတ်သားနဲ ့နတ်သမီးတစ်ထောင်တို ့ပန်းဥယျာဉ်မှာ ပန်းခူးနေတုန်း နတ်သမီး ငါးရာဟာ ချက်ချင်းပဲ စုတိစိတ်ကျ သေလွန်ပြီး အဝီစိငရဲ ကိုကျသွားပါသည်။ နတ်စည်းစိမ်ခံစား ရတာတောင်ဘာလို ့ငရဲကျရတာလဲဆိုတော့ အဆိုပါနတ်သမီး ငါးရာတို ့ဟာ လူ ့ဘဝတုန်းက အဝီစိငရဲကျမည့် အကုသိုလ်ကို ပြုခဲ့ကြပါတယ်။လူ ့ဘဝက ပြုခဲ့သော အဝီစိငရဲ ကျမည့် အကုသိုလ်ဟာ ပထမဇောအနေဖြင့်လည်း ပထမလူဖြစ်တဲ့ဘဝမှာ အကျိုးပေးခွင့်မရ၊လူ ့ဘဝမှ သေလွန်သောအခါ သူတို ့ပြုခဲ့သော တခြားကောင်းမှု ကုသိုလ်ကံများက အရင်ဝင်ပြီးနတ်ပြည်ပို ့လိုက်သောကြောင့် သတ္တမဇော အနေဖြင် ့ဒုတိယဘဝ မှာလည်း အကျိုးပေးခွင့်မရ၊နတ်သမီးဘဝမှ စုတေသောအခါမှ အလယ်ဇောစေတနာငါးချက်က အခွင့်ရပြီဖြစ်လို ့အဝီဇိငရဲချက်ခြင်းသို ့ပို ့လိုက်တာပါ။*****

ဒါ့ကြောင့် ဘယ်လိုအကုသိုလ်ပဲလုပ်လုပ် ဒီဘဝမှာအကျိုးပေးခွင့်မရရင်တောင် နောက်ဘဝဘဝတွေမှာ သွားပြီးအကုသိုလ်အကျိုးကိုပြန်ခံစားရပါတယ်။ ကိုယ်ပြုတဲ့ ကံပဲ့တင်သံ ကိုယ့်ထံပြန်လာမည်တဲ့၊ကောင်းတာပဲလုပ်လုပ် မကောင်းတာပဲလုပ်လုပ် တစ်ချိန်ချိန် ကို်ယ့်ဆီပြန်ရောက်မှာပဲမို ့ သန္ဓေဖျက်ချခြင်းရဲ ့လက်တွေ ့မြင်တွေ ့ခဲ့ရတဲ့ မကောင်းကျိုးကို တင်ပြပေးပါ့မယ်၊ဝေဖန်တင်ပြချက်ကိုသေချာဖတ်ပြီး မိမိနှစ်သက်ရာ လမ်းကိုလျှောက်လိုက်ပါ၊ မိမိနှစ်သက်တဲ့ ဘဝကို ရွေးလိုက်ပါ။တစ်နေ ့ဝဋ်ပြန်လည်လို ့ဆင်းရဲဒုက္ခရောက်တော့မှ နောင်တ တရားတွေနဲ ့ပူလောင်ခဲ့ရင်လည်း ခံနိုင်ရည်ရှိအောင် ကြိုးစားပါ၊လုပ်ရဲရင် ခံရရမယ်ဆိုတဲ ့သတိ္တလေးလဲ မွေးထားဖို ့လိုပါလိမ့်မယ်။

 

ဒီဘဝမှာ ကိုယ်ဝန်ဖျက်ချပေမယ့်တစ်ချို ့မသေပဲကျန်းမာရေးကောင်းပြီး စီးပွားတက်နေတဲ့သူတွေရှိပါတယ်။လောလောဆယ်တော့ အကုသိုလ်ကံကျိုးပေးခွင့်မရသေးလို အတိတ်ဘဝ ပြုထားတဲ့ကုသိုလ်ကံအရှိန်လေးကောင်းတုန်းမို ့ခဏတာကံကောင်းနေတာပါ၊ကုသိုလ်ကံအရှိန်ကုန်လို ့အကုသိုလ်ဝင်လာရင်တော့ ရှောင်လို ့ပြေးလို ့လွတ်မှာမဟုတ်တော့ဘူး၊ အခုပြောပြမှာ က ထိုင်းအမျိုးသမီးတွေပါ။ ထိုင်းလူမျိုးတွေကလဲ ကံ ကံရဲ ့အကျိုးကိုယုံပါတယ်။ ကိုယ်ဝန်ဖျက်ချရင် ငရဲကျမယ် အကုသိုလ်ဖြစ်မယ်ဆိုတာ လဲသိကြပါတယ်။ ဒါပေမယ့် တော်တော်များများက ကိုယ်ဝန်ဖျက်တာကို ထမင်းစားရေသောက်သလိုပဲသဘောထားကြတယ်။အကြောင်းပြချက်က ကလေးတစ်ယောက်ကိုကျွေးမွေးပြုစုဖို ့အဆင်သင့်မဖြစ်သေးလို ့ဖျက်ချတာတဲ့။ ထိုင်းနိုင်ငံမှာ လက်မထပ်ပဲအတူတူနေကြတာများတော့ ကိုယ်ဝန်ဖျက်ချတဲ့သူတွေ တော်တော်များတယ်။မြန်မာနိုင်ငံမှာဆိုရင် အပျိုပဲဖြစ်ဖြစ် အိမ်ထောင်သည်ပဲဖြစ်ဖြစ် ကိုယ်ဝန်ဖျက်ချရင် ပတ်ဝန်းကျင်က ကဲ့ရဲ ့တာ ရှုံ ့ချတာများပါတယ်။ သူတို ့နိုင်ငံမှာက သူသူငါငါဖြစ်နေကျဆိုတော့မဆန်းတော့ဘူးလေ။ဒါပေမယ့် …ဆန်းတာက အဲ့ဒီကိုယ်ဝန်ဖျက်ချလိုက်တဲ့ အမျိုးသမီးတော်တော်များများ မှာထူးဆန်းတဲ့ အဖြစ်အပျက်တွေ ကြုံကြရတယ်။အဲ့ဒီအဖြစ်အပျက်တွေကို Cable TV က Miracle Channel (http://facebook.com/ miraclethai ) က လွှင့်တဲ့ ကံ ကံ ရဲ ့အကျိုး အစီအစဉ်လေးမှာ ကာယကံရှင်ကိုယ်တိုင် ရင်ဖွင့်ထားတဲ့တစ်ကယ့်အဖြစ်အပျက်လေးပါ။ တစ်ယောက်နဲ ့တစ်ယောက် ကြုံတွေ ့ခဲ့ရတဲ့အဖြစ်အပျက်တွေကမတူပါဘူး။ချမ်းချမ်းကြည့်ခဲ့ရသလောက် ပြန်ပြောပြပါ့မယ်။

(၁) အသက် ၃၅နှစ်ကျော် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက် သူ ့မှာ စီးပွါးရေးလဲ အဆင်ပြေတယ်၊သူ ့ခင်ပွန်းကလဲ သူ ့ကိုတအားချစ်ပြီးဂရုစိုက်တယ်။ဒါပေမယ့် သားသမီး မရဘူး။ကိုယ်ပိုင်အိမ်ယာနဲ ့စီပွါးရေးနဲ ့အဆင်ပြေနေပြီ ဆိုတော့ သားသမီးရတနာ အရမ်းလိုချင်တာပေါ့။သားသမီးရအောင်လဲ အမျိုးမျိုးသွားဆုတောင်းတော့..တစ်နေ ့သူမကိုယ်ဝန်ရှိလာပါတယ်။ အမျိုးသမီးကိုယ်တိုင်က ကျန်းမာရေးကောင်းပေမယ့် ကိုယ်ဝန် ၆လ ကျော်မှာ ..သူမ အိမ်မက်ဆိုးမက်ပါတယ်။အိမ်မက်ထဲမှာ ၆နှစ်သားအရွယ် ယောက်ျားလေး က သူ ့ကို စိမ်းစိမ်းကားကားနဲ ့ကြည့်ပြီး၊“သားကိုသတ်ခဲ့တာ လုံးဝ မကျေနပ်ဘူးတဲ့၊သားနာကျင်ခဲ့ရသလို ပြန်လည်နာကျင်စေရမယ်တဲ့” ။အဲ့ဒါနဲ ့လန် ့နိုးသွားတော့ အလိုလိုနေရင်းဗိုက်ထဲက တအားနာလာလို ့သွေးတွေတအားဆင်းပြီး ပထမ ကိုယ်ဝန်ပျက်ကျသွားခဲ့တယ်။နောက် လေးငါးလအကြာမှာ သူမ ကိုယ်ဝန်ထပ်ရတယ်။အဲ့ဒီကိုယ်ဝန် ကိုပထမတစ်ခါလို ပျက်ကျမှာစိုးလို ့နေ ့နေ ့ညည ဂရုစိုက်ခဲ့ပေမယ့် ကိုယ်ဝန် ၆လကျော်တော့ အိမ်မက်ပြန်မက်တယ်။ အရင်မက်ခဲ့ဖူးတဲ့ ကလေးလေးပဲ သူမ ခြေထောက်ကို လာဆွဲပြီးစိမ်းစိမ်းကားကားပြန်ကြည့်တယ်၊သူမ လန် ့နိုးတော့ ဗိုက်ထဲက တအားနာပြီး တစ်ကယ်ပဲသွေးတွေဆင်းပြီး ဒုတိယအကြိမ် ကိုယ်ဝန်ပြန်ပျက်သွားတယ်။ ဒုတိယအကြိမ်ပျက်ကျပြီးတဲ့အခါမှာတော့ ဆရာဝန်က နောက်ထပ်သားသမီးရဖို ့မသေချာတော့ဘူးတဲ့။ သားသမီးအရမ်းလိုချင်တဲ့ သူ ့ယောက်ျားက ဝမ်းနည်းစွာနဲ ့ငိုပြီးဘာပြောလဲဆိုတော့ ငါတို ့အရင်ဘဝက ပြုခဲ့ဖူးတဲ့ ဝဋ်ကြွေးရှိလို ့သားသမီးမရတာ နေမှာပေါ့တဲ့။

အဲ့ဒီအချိန်မှာ အမျိုးသမီးက ဘာကိုသတိရသွားလဲဆိုတော့ သူမ အသက် ၂ဝ အရွယ် အပျိုတုန်းက ကလေးဖျက်ချခဲ့ဘူးတာသတိရသွားတယ်။အခုလက်ရှိပေါင်းနေတာက ဒုတိယယောက်ျားပါ။ ပထမယောကျာ်းနဲ ့ချစ်သူဘဝမှာ သူမ ကိုယ်ဝန်ရခဲ့ဖူးပါတယ်။အဲ့ဒီအချိန်တုန်းက ငယ်လဲငယ်သေးတယ် လှတုန်းပတုန်းအရွယ်ဆိုတော့ ကလေးမလိုချင်ဘူး၊ကလေးရှိရင် ရှုတ်တယ် ဆိုပြီး ဖျက်ချပစ်ဖို ့ သူမချစ်သူကောင်လေးနဲ ့တိုင်ပင်တော့ ကောင်လေးက တားပါတယ်။ဒီကလေးကို သူတာဝန်ယူမယ် မဖျက်ပဲမွေးပါ လို ့ပြောခဲ့ပေမယ့် မိဘတွေနဲ ့ပတ်ဝန်းကျင်က သိသွားမှာစိုးလို ့ သူမကိုယ်တိုင် တိတ်တ်ိတ်လေး ဖျက်ချပစ်ခဲ့တယ်။ ဘယ်လိုဖျက်ချပစ်လဲဆိုတော့ သူမဗိုက်ကိုလက်နဲ ့ထုရိုက်ပြီး “နင်ဟာ ဂြိုဟ်ကောင်လေးနင့်ကိုမလိုချင်ဘူး၊ငါက လှတုန်း ပတုန်း ငယ်တုန်းပဲ ငါ့ကိုဒုက္ခပေးမယ့်ဂြိုဟ် ကောင်လေး ငါ့ကိုအရှက်ခွဲမယ့် ကလေး သွားထွက်သွား ငါနဲ ့လာမနေနဲ ့နင်ကိုလည်းမချစ်ဘူး မွေးလဲမမွေးချင်ဘူး လို ့ပါးစပ်ကလဲ တတွတ်တွတ်ပြောပြီင်္း လက်ကလဲ ကိုယ့်ဗိုက်ကိုအနာခံပြီး တအားထုရိုက်တာ၊” ကိုယ်ဝန်က လနုတုန်းမို ့ နောက်နေ ့မှာ တစ်ကယ်ပဲပျက်ကျသွားခဲ့တယ်။

သူမချစ်သူကောင်လေးကို ဖုန်းဆက်ပြီးဆရာဝန်သွားပြတာ တစ်ကယ်ပဲ ကိုယ်ဝန်ပျက်သွားပြီလို ့ပြောတော့ သူမတအားဝမ်းသာသွားခဲ့တယ်၊ဘာလို ့လဲဆိုတော့ မိဘတွေနဲ ့ပတ်ဝန်းကျင်ကလဲ မသိတော့ဘူးလေ၊နောက်လေးငါးလနေတော့ သူမ ချစ်သူကောင်လေးနဲ ့လက်ထပ်လိုက်ပါတယ်။ လက်ထပ်ပြီး သိပ်မကြာခင်မှာ ကောင်လေးက အချိုးပြောင်းလာပါတယ်။အလုပ်လဲ သိပ်မလုပ်ချင်တော့ဘူး၊သောက်စားမူးရူးပြီး မိန်းမအငယ်တွေလဲယူလာတော့ သူမ ပထမယောက်ျားနဲ ့ကွာလိုက်ပါတယ်၊နောက်တော့ အလုပ်လုပ်နေရင်း အခုလက်ရှိပေါင်းနေတဲ့ ဒုတိယလူနဲ ့တွေ ့လို ့ လူကောင်းတစ်ယောက်မို ့သူမပြန်ယူလိုက်တဲ့အခါမှာ ယောကျာ်းက မသောက်မစား မိန်းမ မပွေ ပေမယ့် အခုတော့ သူမကိုယ်တိုင်က သားသမီး မရပြန်ဘူး။ ဒါပေမယ့်တစ်နေ ့မှာ သားသမီးမရနိုင်တော့တဲ့ သူမကို စိတ်ပျက်ပြီး ယောကျာ်းကအသစ်ထပ်ရှာသွားရင်လဲ သူမ တားနိုင်မှာမဟုတ်ပြန်ဘူးနော်။ဝဋ်ဆိုတာ နောက်ဘဝ မကူးပဲ လက်တွေ ့ဘဝမှာပဲ အကျိုးပေးတတ်ပါတယ်။

 

(၂) နောက်အဖြစ်အပျက်တစ်ခုက Channel 7 ဗုဒ္ဓဟူးနေ ့ တိုင်းည၁၁နာရီ မှာပြတဲ့ ဝိညာဉ်နဲ ့ပက်သက်တဲ့ ဖြစ်ရပ်မှန်ပါ။အမျိုးသမီး က အသက် ၄ဝ ကျော်ရှိပြီ။ သူမ မှာ အသက် ၂ဝ ကျော် သားတစ်ယောက်ရှိပါတယ်။သူမခင်ပွန်းကလဲ လူကောင်းတစ်ယောက်ပါ။ဒါပေမယ့် မကောင်းတာက သူမသားလေး နေရင်းထိုင်ရင်း သရဲဝင်စီးသလို ပါးစပ်က “ငါ့နေရာဝင်လုတယ် မကျေနပ်ဘူး ”လို ့ပြောချင်ရာတွေပြောပြီး အရူးလို ကြောင်တောင်တောင်နဲ ့ဖြစ်လာပါတယ်။ညညဆိုလဲမအိပ်ပဲ ငုတ်တုတ်ထိုင်နေတတ်တယ်၊အဲ့ဒါနဲ ့နားလည်တဲ့သူတွေက သရဲစီးတာတဲ့ ဘုန်းကြီးကျောင်းသွားခိုင်းပြီး ပရိတ်ရေဖြန်း ပရိတ်ရွတ်တော့မှ ပြန်ကောင်းလာတယ်။သူမသားလဲကောင်းသွားရော အမျိုးသမီးကိုယ်တိုင် ပြန်ဖောက်လာပြန်ရော သူမသားဖြစ်သလို ပြောချင်ရာတွေပြောပြီး အရူးလိုကြောင်တောင်တောင်နဲ ့ဖြစ်လာတော့ ယောကျာ်းဖြစ်တဲ့သူတော်တော် စိတ်ဆင်းရဲရတယ်။ သားကတစ်မျိုး မယားကတစ်မျိုးနဲ ့ဝင်စီးတဲ့သရဲကိုလည်း ဒေါသထွက်ထွက်နဲ ့ဒီလောက်တောင်ဒုက္ခပေးတဲ့သရဲ သတိ္တရှိရင်ထွက်ခဲ့ကွာ ငါနဲ ့လာရှင်း ။ ငါ့သားနဲ ့မယားကိုတော့ ဆက်ပြီးဒုက္ခမပေးပါနဲ ့လို ့ပြောပါတယ်။

ဒါပေမယ့် လုံးဝ မသက်သာဘူး။ အဲ့ဒါနဲ ့Miracle Channel မှာ နာမည်ကြီးနေတဲ့ အကြားအမြင်ဆရာနဲ ့ သူတို ့ကြုံတွေ ့နေရတဲ့ အခက်အခဲကို Channel 7 မှာ မိသားစုသုံးယောက်လုံးလာပြီး မေးတဲ့အခါ ဆရာက ဘာပြောလဲဆိုတော့ အခုလာတာ သုံးယောက်မဟုတ်ဘူးတဲ့ လေးယောက် မိန်းကလေးတစ်ယောက်ပါသေးတယ်။အဲ့ဒီမိန်းကလေးက အမျိုးသမီးနဲ ့ဆရာရဲ ့ကြားက ထိုင်ခုံ အလွတ်မှာထိုင်နေတယ်တဲ့။ အဲ့ဒီစားပွဲဝိုင်းထဲမှာ ခုနတုန်းက မိသားစုသုံးယောက် အကြားအမြင် ဆရာတစ်ယောက်နဲ ့ Channel 7 က အစီအစဉ်တင်ဆက်တဲ့သူ နှစ်ယောက် စုစုပေါင်း လူခြောက်ယောက်ရှိပါတယ်။ဆရာနဲ ့အမျိုးသမီး ကြားမှာတော့ ထိုင်ခံအလွတ်တစ်လုံး ရှိပါတယ်၊အဲ့ဒီထိုင်ခုံမှာတော့ မိန်းကလေးတစ်ယောက်ထိုင်နေတာကို ဆရာနဲ ့သားဖြစ်တဲ့သူ နှစ်ယောက်ပဲမြင်ပါတယ်။ ဆရာက ခင်ဗျားတို ့လင်မယားနှစ်ယောက် ကိုယ်ဝန်ဖျက်ချခဲ့ဘူးလားလို ့မေးတော့ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ် လောက်တုန်းက ဖျက်ချခဲ့ဘူးတယ်၊ ဘာဖြစ်လို ့ဖျက်ချပစ်တာလဲ လို ့ဆရာမေးတော့ အကြောင်းပြချက်က စီးပွါးရေးအဆင်မပြေသေးလို ့ ကျောင်းတက်နေတုန်းမို ့မိဘတွေသိရင် ဆူခံထိမှာစိုးလို ့နှစ်ဦးသားတိုင်ပင်ပြီးစိတ်တူကိုယ်တူ ကိုယ်ဝန်သွားဖျက်ချခဲ့တယ်။ နောက်တော့ ကျောင်းပြီးလို ့ အလုပ်ရတော့မှ သားသမီးယူလို ့အခုလက်ရှိသားကိုမွေးတာ။ အဲ့ဒီကတည်းက ဖျက်ချခံခဲ့ရတဲ့ မိန်းကလေးဟာ သူတို ့လင်မယားနဲ ့ပဲ မကျွတ်လွတ်တဲ့ဘဝနဲ ့အနှစ်နှစ်ဆယ်လုံးလုံးရှိနေခဲ့ပါတယ်။

လူ ့ဘဝ ကိုပြန်ရောက်ချင်လို ့အဲ့ဒီလင်မယားထံမှာ ပြန်ဝင်စားချင်ပေမယ့် သူမထက် အခုလက်ရှ်ိသားက အရင်ဦးသွားလို ့လူပြန်ဖြစ်ခွင့်မရပြန်ဘူး။ အဲ့ဒီသားကိုလည်းမနာလိုစိတ်နဲ ့ ဝင်ပူးပြီးဒုက္ခပေးတာတဲ့။သားကလဲပြန်ပြောပြတယ်၊ငယ်ငယ်တုန်းကဆို တစ်ခါတစ်လေ တစ်ယောက်ယောက်က အနောက်ကနေ တွန်းတာမျိုး ခဏခဏကြုံရတယ်၊မိန်းကလေးအရိပ်လဲ ခဏခဏမြင်ရတယ်တဲ့။အမျိုးသမီးကိုလည်း သူ ့ကို ရက်ရက်စက်စက်ဖျက်ချခဲ့တာ စိတ်နာလို ့ဝင်ပူးတာတဲ့။အဲ့ဒါနဲ ့ဆရာက အခု အမျိုးသမီးဘေးမှာ ရှိနေတဲ့ သူဟာ တစ်ချိန်တုန်းက ခင်ဗျားတို ့ဖျက်ချခဲ့ဖူးတဲ့ ခင်ဗျားတို ့ရဲ ့သမီးလေးမို ့သူ ့ကိုဘာပြောချင်လဲလို ့မေးတဲ့အခါ၊ အမျိုးသားကြီးက ငိုပြီး “ အဖေတို ့ပြုခဲ့မိတဲ့အပြစ်တွေအတွက် အဖေတို ့ကိုခွှင့်လွှတ်ပါသမီးရယ်” တဲ့။ အမျိုးသမီးကြီးကလဲ ဘာပြောလဲဆိုတော့ “မိဘတွေသိမှာစိုးလို ့ဆူခံထိမှာစိုးလို ့တစ်ချိန်တုန်းက လူမသိအောင် ကိုယ်ဝန်ဖျက်ချခဲ့ပေမယ့် အခုတော့ မိဘတွေတောင်မကဘူး တစ်နိုင်ငံလုံးကပါ သိသွားပါပြီတဲ့ သူတို ့လို နောင်မှ တတဲ့ နောင်တ တရားတွေ မရချင်ရင် ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အပြစ်မရှိတဲ့ သန္ဓေသားကိုတော့ မဖျက်ကြပါနဲ ့တော့တဲ့”

အဲ့ဒီအချိန်မှာ အစီအစဉ်တင်ဆက်တဲ့သူက ဆရာကို မေးခွန်းတစ်ခုမေးပါတယ်။ မိဘတွေကိုယ်တိုင်က မှားလို ့တောင်းပန်လိုက်ပြီမို ့တမလွန်က ကိုယ်ဝန်ဖျက်ချခံရတဲ့သူက ခွင့်လွှတ်နိုင်ပါ့မလားဆိုတော့ ခုနကအမျိုးသမီးကြီး ချက်ချင်း ပဲ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်နဲ ့ငိုယိုနေပါတယ်၊ဆရာက အမျိုးသမီးကြီးကို သရဲဝင်ပူးနေပြီးဆိုတာသိလိုက်ပါတယ်… “မိဘတွေက တောင်းပန်နေပြီမို ့ခွင့်လွှတ်လိုက်ပါ တစ်ကယ်လို ့ခွင့်မလွှတ်ပဲ ရန်ငြိုးဖွဲ ့ပြီး မုန်းနေရင် လူ ့ဘဝ လွယ်လွယ်နဲ ့ပြန်ရောက်နိုင်မှာ မဟုတ်တော့ဘူး၊မိဘပဲ ဖြစ်ဖြစ် သားသမီးပဲဖြစ်ဖြစ် အကုသိုလ်အလုပ်လုပ်ရင်တော့ လုပ်တဲ့သူပဲ ခံရမှာမို ့ လူ ့ဘဝမြန်မြန်ပြန်ရောက်ချင်ရင် နောက်ထပ် လာပြီးဒုက္ခမပေးပါနဲ ့တော့ အဟောသိကံ ပေးလိုက်ပါ ” လို ့ ပြောတော့မှ အမျိုးသမီးကြီိးငြိမ်ကျသွားတယ်။ ဆရာကဆက်ပြီးပြောပြပါတယ်။

..တို ့တွေ ဘယ်လောက်ပဲခွင့်လွှတ်ပါလို ့တောင်းပန် ပေမယ့် ခံစားခဲ့ရတဲ့ ကာယကံရှင် က လက်မခံရင် ခွင့်မလွှတ်ရင် ဘာမှမတတ်နိုင်ဘူးတဲ့။ ကိုယ့်ကိုသတ်ခဲ့တဲ့သူတစ်ယောက်ကို ခွင့်လွှတ်ပါလို ့တောင်းပန်တိုင်း လူတိုင်းခွင့်လွှတ်တတ်တဲ့စိတ် ရှိတာမဟုတ်ဘူးတဲ့ ရန်ငြိုးဖွဲ ့တတ်တဲ့သူလည်း ရှိတာပဲ၊ အခုမိန်းကလေးလဲ ခွင့်လွှတ်ပေးမယ်ဆိုရင်တော့ ကိုယ့်ကိုဒုက္ခဆက်မပေးတော့ဘဲနဲ ့သူ ့လမ်းသူသွားလိ်မ့်မည်။ရန်ငြိုးဖွဲ ့ပြီး နာကျည်းနေတုန်းပဲဆိုရင်တော့ ကိုယ့်ကို တစ်သက်လုံး စီးပွါးပျက်အောင် ရောဂါ ရအောင် သေတဲ့အထိဒုက္ခပေးတတ်တယ်။ဒါက ခံရတဲ့ ကာယကံရှင်က ပေးတဲ့အပြစ်၊ နောက်ထပ်ခံရမယ့်အပြစ်ကတော့ လောကဓမ္မတာ ကံ ကံရဲ ့အကျိုးက ပေးတဲ့အပြစ်ပဲ။ သေရင် သေချာပေါက် ငရဲကျပြီ။ငရဲကလွတ်ရင် နောက်ဘဝတွေမှာ ကိုယ်တိုင်မိခင်ဝမ်းထဲနေရတဲ့အခါ အခုလိုမျိုးပဲ ရက်စက်တဲ့မိဘရဲ ့ဗိုက်ထဲဝင်စားပြီး ပြန်လည်အဖျက်ဆီးခံရတာ ဖျက်ဆီးမခံခဲ့ရင်လည်း အသက်တိုပြီး သားအိမ်ကင်ဆာဖြစ်တတ်ပါတယ်။ တစ်ချို ့အမျိုးသမီးတွေ အပျိုဘဝကတည်းက ကိုယ်ဝန်ဖျက်ချခဲ့တာ များခဲ့ရင် လက်တွေ ့ဒီဘဝမှာပဲ သားအိမ်ကင်ဆာ ဖြစ်တတ်ပါတယ်။ဒီဆိုးကျိုးတွေ အားလုံးဟာ ကိုယ်တိုင်က အခုဘဝ ဒါမှမဟုတ် အတိတ်ဘဝတုန်းက အကုသိုလ်လုပ်ခဲ့မိလို ့ရတဲ့ အကျိုးတရားတွေပါပဲ။ လောကဓမ္မတာတရားဟာ ဘုရားမို ့လို ့ဘုရင်မို ့လို ့ ရာထူးကြီး သိက္ခာရှိလို ့ဆိုပြီး မျက်နှာမလိုက်တတ်ဘူး၊ ဘယ်သူပဲဖြစ်ဖြစ် အကုသိုလ် လုပ်ရင်တော့ လုပ်ခဲ့တဲ့ အကျိုးတိုင် ကိုယ်တိုင်ပြန်ခံရမှာပဲ။

 

(၃) နောက်ထပ် အမျိုးသမီးတစ်ယောက် ကတော့ အသက် ၄ဝကျော်ပါပဲ။ သူမမှာ မောင်နှမ ငါးယောက်ရှိပါတယ်။ အစ်ကို သုံးယောက်နဲ ့အစ်မ တစ်ယောက် သူမက အငယ်ဆုံးသမီးပါ။ သူမ ကိုယ်တိုင် ကတစ်ခါမှ ကိုယ်ဝန်မဖျက်ချခဲ့ဖူးပါဘူး။ အစ်ကိုအကြီးဆုံးက လဲတရားသမား အရမ်းအေးတယ်။သူမ နဲ ့အစ်ကိုအကြီးဆုံးကလွဲရင် သူမ မိခင် နဲ ့ကျန်တဲ့မောင်နှမ သုံးယောက် က ကိုယ်ဝန်ဖျက်ချတာနဲ ့ပက်သက်ပြီး အကုသိုလ်အလုပ်တွေ လုပ်ခဲ့ကြပါတယ်။သူမအမေကိုယ်တိုင်က အပျိုကတည်းက ကိုယ်ဝန်ဖျက်ချခဲ့ဖူးသလို အသက် ၆ဝ ကျော်တဲ့အထိ သူငယ်ချင်းတွေ မိတ်ဆွေတွေ ကိုယ်ဝန်ဖျက်ချမယ်ဆိုရင်လဲ လက်သည်အိမ် ကို ကိုယ်တိုင် လိုက်ပို ့တယ်။

 

ပထမဦးဆုံး ဒုတိယအစ်ကို က အမေ့ကို “သား ချစ်နဲ ့လွန်ကျုးမိလို ့ မိန်းကလေးမှာ ကိုယ်ဝန်ရှိနေပြီ ဘယ်လိုလုပ်ရမလဲ” လို ့မေးတော့ “မလိုချင်ရင် ဖျက်ချလိုက်ပေါ့” တဲ့။အစ်ကို ဖြစ်တဲ့သူကလဲ သူ ့ကောင်မလေးကို ကိုယ်ဝန်ဖျက်ချဖို ့အမေပြောတဲ့လက်သည်အိမ်သွားပို ့တယ်။နောက်တော့ လက်ထပ်ပြီး လို ့ကိုယ်ဝန်ထပ်ရတော့ အလုပ်တစ်ဖက်နဲ ့မလိုချင်သေးဘူးလို ့အမေ့ကိုပြန်ပြောပြတော့ “ဒါဆိုလဲ သွားဖျက် ပစ်လေတဲ့”။ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စကို ပေါ့ပေါ့ဆဆပဲ မိခင်ကိုယ်တိုင်က သဘောထားတယ်။သားသမီးကိုယ်တိုင် ဖျက်မယ်ဆိုတာတောင် မတားခဲ့ပါဘူး။ဒုတိယအစ်ကို ဆော်ဒီအာရေဗီးယား မှာ တာဝန်နဲ ့ပြောင်းသွားတော့ ဟိုမှာရှိတဲ့ တစ်ချို ့မိတ်ဆွေတွေတွေက သားသမီးမလိုချင်လို ့ဖျက်ချချင်တယ်ဆိုရင် ကိုယ်တိုင်ပဲ ဟိုနိုင်ငံက ကိုယ်ဝန်ဖျက်ချပေးတဲ့ အသိဆရာဝန် တွေဆီကို လိုက်ပို ့တယ်။ သုံးနှစ်လောက်နေပြီး ထိုင်းကို ပြန်လာတော့ ပိုက်ဆံလဲတော်တော်များများစုမိနေပြီမို ့ ကိုယ်ပိုင်စီးပွါးရေးတစ်ခုလုပ်ပြီး သားသမီးယူတော့မယ်လို ့ဆုံးဖြတ်တော့မှ အစ်ကိုရဲ ့ဇနီးက သားသမီးမရနိုင်တော့ပါဘူး။ ရှာထားတဲ့ပိုက်ဆံတွေနဲ ့စီးပွါးရေးလုပ်တော့လဲ ဝက်ဝက်ကွဲအောင်ရှူံးခဲ့တယ်။ နောက်တော့ စီးပွါးရေးကလဲအဆင်မပြေ စိတ်ထောင်းကိုယ်ကျေပြီး ငယ်ငယ်ရွယ်ရွယ်နဲ ့ဆုံးသွားခဲ့တယ်။

ဒုတ်ိယအစ်ကိုပြီးတော့ တတိယမြောက် အစ်မ ကိုယ်ဝန်ှရှိလာလို ့ မလိုချင်သေးဘူးဆိုပြီး အမေ့ ကိုပြောပြတော့ “မလိုချင်သေးရင် သွားဖျက်လိုက်လေ သမီး အမေလိုက်ပို ့ပေးမယ်” ဆိုပြီး မိခင်ကိုယ်တိုင်လိုက်ပို ့ပေးတယ်။ ဒုတိယအကြိမ် မှာတော့ မဖျက်ချပဲမွေးလို ့ သမီးလေးတစ်ယောက် ရပါတယ်။သမီးလေးမွေးပြီးတော့ ယောကျာ်းဖြစ်တဲ့သူက သူမနဲ ့သမီးလေးကို ပစ်ပြီးနောက်မိန်းမ ယူလိုက်ပါတယ်။ သူမမှာ ကလေးတာဝန်တစ်ဖက် အလုပ်က တစ်ဖက်နဲ ့မို ့ သမီးလေးကို ထိန်းမယ့်သူမရှိလို ့ ဆိုပြီး ဆွေမျိုးထဲက သားသမီးလိုချင်တဲ့သူက မွေးစားဖို ့ခေါ်းထားလိုက်ပါတယ်။ သမီးရှိပေမယ့် သမီးနဲ ့တောင် အသက် ၅ဝ အရွယ်ထိ အတူတူနေခွင့်မရခဲ့ပါဘူး။သမီးလေးကလဲ သူမ ကိုသံယောဇဉ်မရှိဘူး။ဒါပေမယ့်အခုချိန်ထိ သူမတစ်ယောက်ထဲအထီးကျန်စွာ အသက်ရှင်ရက်တော့ ရှိနေသေးတယ်။

တတိယအစ်မပြီးတော့ စတုတ္ထ မြောက် အစ်ကို က မိန်းမပွေပါတယ်။သူကြိုက်ပြီဆိုရင် မယားရှိတာလဲ မရှောင်ဘူး ရအောင်ယူတယ်။ယူပြီးလို ့ကိုယ်ဝန်ရလာခဲ့ရင် ပိုက်ဆံ ၃၀၀ဝ ပေးပြီးသွားဖျက်ခိုင်းတယ်။နောက်တော့ နောက်ထပ် ကောင်မလေးအသစ်လိုက်ရှာတယ် ကိုယ်ဝန်ထပ်ရလာရင် ပိုက်ဆံ ၃၀၀ဝ ပေးပြီး ထပ်ဖျက်ခိုင်းတယ်။ မိန်းမအတည်တကျမယူပဲနဲ ့အပျော်တွဲပြီး မိန်းကလေးတွေကို လိုက်ဖျက်ဆီးတာ တစ်နေ ့တော့ Accident တစ်ခုဖြစ်ပြီး ဦးနှောက်ထဲ သွေးဝင်လို ့ ဆရာဝန်တွေက ဦးခေါင်းခွံခွဲပြီး ကုသနေတဲ့အချိန်မှာ အစာအိမ်ဟောင်းကကြွက်သားတွေ အလုပ်မလုပ်တော့လို ့ဆိုပြီး ဆရာဝန်တွေက ဗိုက်ကိုထပ်ခွဲပြီး ဒီအတိုင်း ဗိုက်ပွင့်ရက်သားနဲ ့ ICU အခန်းထဲမှာ ထား ရတယ်။ တစ်ပါတ်အကြာ မှာ ပြန်ချုပ်တော့ ချုုပ်လို ့မပြီးခင်မှာဗိုက်ပွင့်ရက်သား သေသွားပါတယ်။ ငွေ ၃၀၀ဝ ပေးပြီး ဗိုက်ပြဿနာ ရှင်းခိုင်းတဲ့ အကုသိုလ်က ဒီဘဝမှာပဲ ကိုယ်တိုင်ဗိုက်ဖောက်ခံရပြီး ငယ်ငယ်ရွယ်ရွယ်ပဲအသေဆိုးနဲ ့သေခဲ့ရပါတယ်။

နောက်ဆုံးကတော့ အသက် ၆ဝ ကျော် အမေရဲ ့အလှည့်ပါ။အသက် ၆ဝကျော်အချိန်ထိ ကိုယ်တိုင်က ကိုယ်ဝန် ၂ ကြိမ် သုံးကြိမ်ဖျက်ချခဲ့ဘူးသလို ဝစီကံ ၊မနောကံ နဲ ့ ကိုယ်ဝန်ဖျက်တာကို အားပေးကူညီခဲ့တဲ့အတွက် တစ်နေ ့တော့ ချော်လဲပြီး သူမ ခြေလက်တွေ လေဖြတ်သလို လှုပ်လို ့မရတော့ပါဘူး။ကယောင်ကတမ်းနဲ ့ပါးစပ်ကလဲ “ငါ့လည်ပင်းကို လာညှစ်နေကြတယ် ကယ်ကြပါဦး ကြောက်ပါပြီဆိုပြီး ” ညညဘက်ထအော်နေတယ်၊သေခါနီးမှာတောင် လည်ပင်းကိုတစ်ယောက်ယောက်ကညှစ်လို ့သေရတဲ့အနေအထားနဲ ့ မချိမဆန် ့မျက်လုံးပြူးလျှာထွက်ပြီးမှ သေရရှာတယ်။ သူမမိသားစုမှာ အစ်ကိုနှစ်ယောက်နဲ ့အမေ က မချိမဆန် ့ဝေဒနာခံစားပြီး စိတ်ဆင်းရဲစွာသေသွားပေမယ့် အစ်ကိုအကြီးဆုံးကတော့ သေမယ့်မနက်မှာဘုန်းကြီးဆွမ်းလောင်း ပြီးတော့ အိပ်ရာထဲ ဝင်လှဲရင်းအေးအေးဆေးဆေးနဲ ့သေသွားတယ်။ဘဝမှာ သူများကိုဒုက္ခမပေးခဲ့လို ့သေတော့လဲဒုက္ခကင်းကင်းနဲ ့သေရတယ်။ မြွေပွေးကို ငယ်တယ်ဆိုပြီးတော့ အထင်သေးပြီး ကိုင်မိရင် အဆိပ်သင့်ပြီးသေနိုင်သလို အကုသိုလ်ကို လည်း ဒါလေးများဟု ယောင်မှားပြီး မပြုမိဖို ့သေချာသတိထားသင့်ပါတယ်။

(၄) နောက်ထပ်တစ်ယောက်ကတော့ တက္ကသိုလ်ကျောင်းသူလေးပါ။ ချစ်သူနဲ ့လွန်ကျုးမိလို ့ကိုယ်ဝန်ရလာတော့ ထုံးစံအတိုင်းကောင်လေးက တို ့တွေကျောင်းမှမပြီးသေးတာပဲ။ အလုပ်လဲမရှိသေးလို ့ယူလို ့မဖြစ်သေးဘူး။မိဘတွေသိရင်လည်း ဆူခံထိလိမ့်မယ်။ သွားဖျက်ချလိုက်ပါဆိုပြီးပြောတော့ ကိုယ်ဝန်ဖျက်ချပေးတဲ့နေရာကို သူမတစ်ယောက်တည်း ကြောက်ကြောက်နဲ ့ရောက်သွားခဲ့တယ်။သူမကိုယ်ဝန်သွားဖျက်တဲ့အချိန်မှာ မိန်းမပွေတဲ့ ချစ်သူက တခြားမိန်းကလေးတစ်ယောက်နဲ ့တွဲနေပါတယ်။ ဟိုရောက်တော့ သူမလိုပဲ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတွေ တွေ ့ရပါတယ်။ အတွင်းခန်းထဲကလည်း မချိမဆန် ့အော်သံတွေကြားရတော့ သူမတော်တော်ကြောက်သွားခဲ့တယ်။အိမ်ပဲထပြန်ရင်ကောင်းမလား ။အဖေနဲ ့အမေသိရင်လည်း ကျောင်းထုတ်ခံရဦးမယ်။ ချစ်သူကလဲငြိုငြင်ဦးမယ်။သူမမှာ ချွေးတွေတောင်ပျံနေပြီ။သူမအလှည့်လည်းရောက်တော့ “တစ်ကယ်ဖျက်ချမယ်လို ့ဆုံးဖြတ်ပြီးပြီးလား” လို ့အမျိုးသမီးကြီးကမေးပါတယ်။ သူမကလည်း “ဟုတ်ကဲ့ ”လို ့ဖြေလိုက်တော့ “အခုချက်ချင်းဖျက်လို ့မရဘူး ဒီဆေးကိုအရင်သောက် မနက်ကျမှ ပြန်လာခဲ့ ”လို ့ပြောပြီး သူမကိုဆေးအနီတစ်လုံးပေးပါတယ်။သူမလည်း ဆေးလုံးကို ယူပြီး အမျိုးသမီး အိမ်သာဘက်ထွက်လာခဲ့တော့ အမျိုးသမီးကြီးတစ်ယောက်အိမ်သာဘေးက အမှိုက်ပုံး ထဲကို အထုတ်လေး တစ်ထုပ်လာပစ်ပြီး အမှိုက်ပုံးနဲ ့ကပ်ရပ်နံရံမှာ ပန်းခွေသေးသေးလေးတင်ပြီး ကန်တော့နေတာတွေ ့တော့ သူမစိတ်ဝင်စားသွားတယ်။ဘာလဲလို ့သိချင်လာတော့ သူမသွားကြည့်တဲ့အခါမှာ နံရံပေါ်က ချိတ်မှာ ပန်းခွေသေးသေးလေးတွေ အများကြီးပဲ။ အမှိုက်ပုံးထဲမှာလည်း ပလပ်စတစ်အိတ်သေးသေးတွေထဲမှာ နီတာရဲ ကလေးပိစိကွေးလေးတွေ သွေးတွေ အလိမ်းလိမ်းနဲ ့အများကြီးတွေ ့ တော့ သူမရင်ထဲတအားဆို ့သွားခဲ့တယ်။ ခုနတုန်းက အမျိုးသမီးလာပစ်ချသွားတာ ဖျက်ချထားတဲ့ ကလေးအလောင်းတွေပဲ။ သူမ အမျိုးသမီးကြီးပေးထားတဲ့ ဆေးလုံးကိုလည်းလွှင့်ပစ်ပြီးဆက်မကြည့်တော့ပဲ ပြန်ထွက်လာခဲ့တယ်။

သူမချစ်သူဆီ ဖုန်းဆက်ပြီး “ငါ့ကလေးကို ငါမဖျက်ချရက်ဘူး” လို ့ပြောတော့ ချစ်သူက ဒေါသသံနဲ ့ “အဲ့ဒီကလေးကိုမွေးလို ့မဖြစ်ဘူးလို ့မင်းကိုပြောထားတယ်လေ” မင်းကိုငါကိုယ်တိုင်လိုက်ပို ့မယ်” ခဏစောင့် လို ့ပြောပြီးဖုန်းချသွားတော့ သူမ စိတ်ပျက်ပျက်နဲ ့မီးရထားလမ်းဘက်လျှောက်လာရင်း သံလမ်းပေါ်လဲရောက်ရော သူမအားပြတ်ပြီး မေ့လဲသွားပါတယ်။အဲ့ဒီအချိန်မှာ“မေမေ ထထ အိမ်ပြန်ရအောင်နော် ထပါမေမေ” လို ့အသံကြားတော့ အားယူပြီးမျက်လုံးကြည့် တာ အသက် ၆နှစ်အရွယ် ချစ်စရာ ကလေးမလေးတစ်ယောက်သူမလက်မောင်းလေးကိုကိုင်ပြီးပြုံးပြုံးလေးကြည့်နေတာမြင်ရပေမယ့် သူမကိုယ်တိုင် အားတော်တော်ပဲပျက်နေတာမို ့ပြန်မေ့သွားပါတယ်။အဲ့ဒီအချိန်မှာ လူလေးငါးယောက်ရောက်လာပြီးသူမကို ဆေးရုံပို ့ပေးလိုက်ကြပါတယ်။

သူမပြန်သတိရတော့ သူမဘေးနားမှာ မိဘနှစ်ပါးက စိုးရိမ်ပူပန်စိတ်တွေနဲ ့စောင့်နေကြပါတယ်။ သူမ မေမေက…“လူ ့ဘဝ ဆိုတာ အင်မတန်မှရခဲတယ်သမီးလေး။ ကလေးဖျက်ချတယ်ဆိုတာ ကလေးမွေးတာထက်ကို အန္တရာယ်ပိုများတယ်။အသက်နဲ ့လဲ လောင်းကြေးထပ်ရတယ်။မေမေ့မှာ ဒီသမီးလေးတစ်ယောက်ပဲရှိတာ သမီးသာတစ်ခုခုဖြစ်သွားရင် ဖေဖေမေမေတို ့ရင်ကွဲမှာ သမီးကြည့်ရက်တယ်ပေါ့။ တာဝန်မယူတတ်တဲ့ဖခင်စိတ်မရှိတဲ့သူကိုသမီးမေ့လိုက်ပါ။မြေးလေးကို တော့ မွေးဖြစ်အောင်မွေးပါ။ မြေးလေးနဲ ့အတူ မြင့်မြတ်တဲ့မိခင်ဘဝကိုခံယူပြီး ဖေဖေမေမေတို ့နဲ ့ဘဝကိုအသစ်ကပြန်စပါ။” သူမ မေမေရဲ ့စကားလေးတွေဟာ အနာဂတ်ကို ရင်ဆိုင်ဖို ့အကောင်းဆုံးခွန်အားတွေ ရလိုက်သလိုပဲ။ပြီးတော့ မမြင်ရသေးတဲ့ ကလေးလေး ကိုလည်း မေမေက ပေးတဲ့ခွန်အားတွေနဲ ့ကြိုဆိုလိုက်တော့မယ်။

အဲ့ဒီအချိန်မှာ ဆိုင်ကယ်တစ်စီးနဲ ့သူမကိုလိုက်ရှာနေတဲ့ သူမချစ်သူဟာ ရထားသံလမ်းပေါ်လဲဖြတ်မောင်းရော သံလမ်းပေါ်ရောက်တာနဲ ့ ဆိုင်ကယ် စက်ရပ်သွားပါတယ်။ ရထားဥဩသံကလဲနီးလာပြီး ဘယ်လိုမှ စက်နှိုးလို ့မရတော့ဘူး။ ဆိုင်ကယ်ပေါ်က ဆင်းပြီး ပြေးမယ်ကြံတုန်း အရှိန်နဲ ့လာတဲ့ရထားတိုက်ထည့်လိုုက်တာ လူတခြား ဆိုင်ကယ်တခြားလွင့်ပြီး ပွဲချင်းပြီးသေသွားတယ်။ မိန်းကလေးတွေကို ကျောရရုံကြံပြီင်္း ဖခင်စိတ်မရှိတဲ့ လူစ်ိတ်မရှိတဲ့သူ ခုတော့ ရုပ်ပျက်ဆင်းပျက်ဇာတ်သိမ်းသွားခဲ့တယ်။ အခုချိန်မှာ သူမကကိုယ်တိုင်ဘွဲ ့ရလို ့အလုပ်ဝင်နေပါပြီ။သူမသမီးလေးတောင် ၅နှစ်ကျော် ခြောက်နှစ် အရွယ်ရှိနေပြီ။ ထူးခြားတာတစ်ခုက လွန်ခဲ့တဲ့ခြောက်နှစ်ကျော် သူမ ရထားသံလမ်းပေါ်မှာ မေ့နေတုန်း သူမလက်ကိုလှုတ်ပြီး “မေမေထထ အိမ်ပြန်ရအောင်နော် မေမေ” လို ့နှိုးပြီးပြောတဲ့ သမီးလေးနဲ ့အခု သမီးလေးနဲ ့ရုပ်လေးက တစ်ထပ်တည်းပဲ။သူမအပေါ်လဲ အလိုက်သိပြီးလိမ်မာတယ်။ သမီးမျက်နှာလေးမြင်ရတိုင်း သူမအတွက် ဘဝအမောတွေပြေစေခဲ့တယ်။စိတ်ဓါတ်တွေလည်း ရင့်ကျက်စေခဲ့တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ ့မေးငေါ့မှုတွေ တော့ ခံခဲ့ရတာပေါ့။

။*****************************************။

ဒီပို ့လေးထဲက အကြောင်းအရာတွေဖတ်ပြီး ညီမလေးတို ့ဘယ်လိုသင်ခန်းစာရလိုက်ပါသလဲ။ တစ်ကယ့်အဖြစ်အပျက်နော်။ကာယကံရှင်ကိုယ်တိုင်က သူတို ့လို မမှားရအောင် သင်ခန်းစာပေးချင်လို ့တစ်နိုင်ငံလုံးသိအောင် ရင်ဖွင့်ပြထားတာ။ မြန်မာအမျိုးသမီးလေးတွေအတွက် မှတ်သားစရာ ထိုင်းစကားပုံတစ်ခုရှိတယ်.. “သမီးမိန်းကလေးမွေးထားတဲ့အိမ်ဟာ အိမ်ရှေ ့မှာ အိမ်သာဆောက်ထားသလိုပါပဲ” တဲ့။ကိုယ့်အိမ်က အိမ်သာကို အမြဲသန် ့ရှင်းအောင် တိုက်ပေးထားမှ ကိုယ့်အိမ်အပုတ်နံ ့ကင်းသလို ။သမီးမိန်းကလေးမွေးထားရင်လဲ အပြစ်ကင်းအောင်နေနိုင်မှကိုယ့်အိမ် သူတပါးရဲ ့ကဲ့ရဲ ့အပြစ်တင်ခြင်းကင်းပါလိမ့်မယ်။လူမှန်ရင် အမှားမကင်းဘူးဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် နှစ်မယ့် အမှားတော့ ကင်းသင့်တယ်။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ်တစ်ကယ်ချစ်ရင် ကိုယ့်ဘဝ ကို လေးလေးနက်နက် တွေးသင့်တယ်။ကိုယ့်ဘဝတန်ဖိုးရှိအောင်နေသင့်တယ်။ လူသေရင် ခန္ဓာကိုယ်ပုတ်သွားပေမယ့် ကိုယ့်မိသားစု ပတ်ဝန်းကျင် သူငယ်ချင်း အသိုင်းအဝိုင်းကြားမှာ နာမည်ကတော့ကျန်နေလိမ့်မယ် အဲ့ဒီကျန်ခဲ့တဲ့ ကိုယ့်နာမည် မပုတ် အောင် နေသင့်တယ်လို ့ထင်ပါတယ်။

နောက်တစ်ချက်က မိန်းကလေးတစ်ယောက်ဟာ “ဘဝကို များများတွေး ဝေးဝေးကြည့်” ပြီးမှ ဆုံးဖြတ်ချက်ချပါ။ များများတွေးဆိုတာက ကိုယ်လျှောက်တော့မယ့်လမ်း (ချစ်ခရီးလမ်း ဒါမှမဟုတ် ဘဝလမ်း )တစ်ခုခုနဲ ့ပက်သက်လို ့သင့်မသင့် မှန်မမှန် ကောင်းမကောင်း သေချာစဉ်းစားတွေးခေါ်တတ်အောင်ကြိုးစားပါ။ တွေးပြီးရင် အဆုံးထိမြင်အောင်လှမ်းကြည့်ပါ။.တစ်ခါတစ်လေ ကိုယ်လျှောက်လိုက်တဲ့လမ်းရဲ ့အဆုံးသတ်မှာ ထင်ထားသလို မဟုတ်ပဲ အမှားတွေဖြစ်နေရင် နောက်ပြန်လှည့်ဖို ့ခက်ပါတယ်။ အများဆုံးတွေ ့နေရတာကတော့ ချစ်သူကို ယုံကြည်မိလို ့ဘဝတစ်ခုလုံးပုံပေးပြီးမှ ချစ်သူကတာဝန်မယူလို ့ အဆိပ်သောက်သေတာ ။ ချစ်သူကိုအားကိုးမိလို ့ငယ်ငယ်ရွယ်ရွယ်နဲ ့အိမ်ထောင်ပြုပြီးမှ ဇနီးနဲ ့သားသမီးထက် အပြင်မှာ သာယာမှုရှာတဲ့ လင်ဆိုးမယား ဘဝရောက်နေကြတာ။ငယ်ငယ်ရွယ်ရွယ်နဲ ့ကိုယ်ဝန်ဖျက်ချတာ ဒီခေတ်မှာ တော်တော်များလာတယ်။ လူဆိုတာ တိရိစ္ဆာန်တွေထက် အသိတရားနဲ ့ညဏ်ပညာပိုရှိပါတယ်။ အရှက်တရားလဲ သိတတ်ပါတယ်။ ကိုယ်ကျင့်တရားလဲစောင့်ထိန်းတတ်ပါတယ်။

အရှင်ဇဝနက … ***********ခွေးလေးတွေ ၊ကြောင်လေးတွေတောင် ကာမဂုဏ်ခံစားပြီး သဘာဝအရ ရလာတဲ့သားသမီးလေးတွေကို မငြီးမငြူပဲကာကွယ်စောင့်ရှောက် ကြပါတယ်၊ခွေးတွေ၊ကြောင်တွေထက် အသိညဏ်ရင့်ကျက်တဲ့ လူသားအချို ့ဟာ ကာမဂုဏ်ခံစားပြီး သားသမီးမလိုချင် လို ့ အကြောင်းပြချက်အမျိုးမျိုးနဲ ့ကလေးဖျက်ချပစ်တာဟာ တိရိစ္ဆာန်တွေလောက်တောင် အသိစိတ်မရှိလို ့ ကိုယ်ချင်းစာစိတ် မရှိလို ့တဲ့၊ ငါးပါးသီလထဲက သူတစ်ပါးအသက် သတ်ဖြတ်မှုထဲမှာ လူ၏အသက်ကို သက်ဖြတ်မှုဟာ အပြစ်ပိုကြီးပါတယ်၊လူထဲမှာတောင်မှ သီလ၊ သမာဓိ၊ သိက္ခာ နဲ ့ပြည့်စုံတဲ့သူကိုသတ်ရင်ပိုပြီးအပြစ်ကြီးပါတယ်၊၊ပဋိသန္ဓေနေတဲ့ကလေးတွေဆိုတာ အကုသိုလ်ပြုလုပ်ရမှန်းမသိသေးလို ့ သူတို ့လေးတွေဟာ ငါးပါးသီလ လုံကြပါတယ်။ အဲ့ဒီကလေးလေးတွေသတ်ရင်လဲ ငရဲသေချာပေါက်ကျတာပဲ။ အတိတ်ဘဝ ကကိုယ်ဝန်ခဏခဏဖျက်ချခဲ့ဘူးရင် ဒါမှမဟုတ်ကိုယ်ဝန်ဖျက်ချတာကိုအားပေးကူညီခဲ့ရင် ဒီဘဝမှာ သားသမီးအရမ်းလိုချင်ပေမယ့် မရနိုင်တဲ့ အမြုံမ ဖြစ်တတ်ပါတယ်။

ချမ်းချမ်းတို ့မိန်းကလေးတော်တော်များများက ကိုယ့်သူငယ်ချင်း ကိုယ်ဝန်ရှိလာရင် ဆေးလိုက်ဝယ်ပေးတာ လက်သည်အိမ် အဖော်လိုက်ပို ့ပေးတာတွေကို သူငယ်ချင်းကောင်းပီသစွာနဲ ့အားပေးကူညီတတ်ကြပါတယ်။ကိုယ့်သူငယ်ချင်းအကြောင်း ပတ်ဝန်ကျင်ကသိရင် ကဲ့ရဲ ့ကြမှာကိုး.. ကံ ကံ ရဲ ့အကျိုး နဲ ့ပက်သက်ပြီိး ယုံကြည်ချက်တစ်ခု ပြောပြမယ်နော်.. ငါကောင်းရင်ပြီးရော သူများဘယ်လိုဖြစ်ဖြစ် ဆိုပြီး သူ ့ထိုက်နဲ ့သူ ့ကံ လို ့သဘောထားရင် ဒီဘဝမှာရော ဖြစ်လေရာဘဝမှာ ကိုယ် ဒုက္ခရောက်တဲ့အခါ ကူညီမယ့်သူ မရှိဘူး။အသက်ဘေးကြုံရင်တောင် လာကယ်မယ့်သူ မရှိဘူး။ဘာလို ့လဲဆိုတော့ တစ်ကိုယ်ကောင်းဆန်ထားလို ့။ သူတစ်ပါး ဒုက္ခမရောက်အောင် အကုသိုလ်မဖြစ်အောင် စေတနာနဲ ့တားရင် ဖြစ်လေရာဘဝမှာ အသိညဏ်ရှိတဲ့သူ ကိုယ်တိုင်က အမှားကျုးလွန် ချင်တာတောင် ကိုယ့်ကို ဆုံးမမယ့်သူ လမ်းပြမယ့်သူ တွေ ့ပြီး အမှားကိုရှောင်နိုင်တဲ့အကျိုးရပါတယ်။အသက်ဘေးကြုံလာရင်လဲကယ်မ မယ့်သူ တွေ ့ပါတယ်။ ကိုယ်တိုင်က ကိုယ်ဝန်မဖျက်ချရင်တောင် သူများဖျက်တာကို အားပေးကူညီရင်လည်း ဝစီကံ၊မနောကံ အကုသိုလ်ထိုက်ပြီး ဝဋ်ပြန်လည်တတ်တာကိုသတိပြုပါ။ ဖြစ်လေရာဘဝမှာ ကိုယ်အသက်အန္တရာယ် ကြုံတဲ့အခါ ကယ်မမယ့်သူ မတွေ ့ဘူးတဲ့ ဘာလို ့လဲဆိုတော့ သူများအသက်သတ်တုန်းက အားပေးကူညီထားလို ့ပါပဲ။ အဲ့ဒီလိုကူညီပေးရင် ကိုယ့်ထမင်းကိုယ်စားပြီး သူများခေါင်းပေါ်က ငရဲပန်း ကိုယ့်ခေါင်းပေါ်ပန်လိုက်တာနဲ ့အတူတူပဲ။ ကိုယ်လဲငရဲကြီးတာပဲ။

 

ကိုယ့်သူငယ်ချင်းကိုလည်း ကူညီချင်တယ် ငရဲလဲမကျချင်ဘူးဆိုရင် ကိုယ့်သူငယ်ချင်းမှာ ချစ်သူရှိတဲ့အခါ ချစ်သူဘဝမှာ အယုံမလွယ်ဖို ့အညှာမလွယ်ဖို ့ အပျိုဘဝကို တန်ဖိုးထားတတ်ဖို ့အမြဲသတိပေးပါ။ ပတ်ဝန်းကျင်က အမှားတွေ ကိုသင်ခန်းစာယူပါ။ ချစ်သူမထားခင် အိမ်ထောင်မပြုခင်မှာ ကိုယ့်ချစ်သူ ကိုယ့်အိမ်ထောင်ဘက်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ သေချာစုံစမ်းပါ။ ကိုယ့်ကို တစ်ကယ်မြတ်နိုးပြီး တန်ဖိုးထားတတ်သူ ဟုတ်မဟုတ် သေချာ လေ့လာပါ။ ချမ်းချမ်းတို ့မိန်းကလေးတွေအတွက်တော့ ကိုယ်ချစ်မိတဲ့ ကိုယ့်ချစ်သူဟာ ကိုယ့်ရဲ ့ အားကိုးရာ သူရဲကောင်းပါပဲ..ဒါပေမယ့် ကိုယ်ထင်ထားတဲ့သူရဲကောင်းဟာ တစ်ခါတစ်လေ ကိုယ့်အရှက်နဲ ့ ဘဝကို သတ်မယ့် ရက်စက်တဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ လူ ့စိတ်ဆိုတာ မြင်ရတာမှ မဟုတ်တာကိုး။ ဒါ့ကြောင့် ချစ်သူ သူရဲကောင်းကိုယုံပြီး ဘဝကို လွယ်လွယ်နဲ ့ပုံမပေးပါနဲ ့။ ကိုယ့်ချစ်သူကိုလဲလေးစားပါ။ ကိုယ့်ဘဝကိုလည်း ကိုယ်တန်ဖိုးထားပါ။ တစ်နေ ့ မိခင်ဘဝရောက်ခဲ့ရင်တောင် သိက္ခာရှိတဲ့ မိခင်တစ်ယောက်ဖြစ်ပါစေ။ အနေမတတ် အထိုင်မတတ်လို ့ဗိုက်တစ်လုံးနဲ ့ကျန်ခဲ့ ပြီးမှ ဖျက်ချရင်လည်း ငရဲကျမှာစိုးလို ့ မွေးပြီးမှ အမေဖြစ်ရင် မိဘဆွေမျိုးမောင်နှမနဲ ့ကိုယ့်သားသမီး ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရပါတယ်။ အမေဘဝရောက်တာချင်းတူတယ်။ပတ်ဝန်းကျင်က လေးစားတဲ့ အမေနဲ ့ပတ်ဝန်းကျင်က မေးငေါ့တဲ့အမေ။ညီမလေးတို ့ဘယ်လိုအမေ မျိုးဖြစ်ချင်ပါသလဲ။ ပုခက်လွှဲတဲ့ မိခင်ရဲ ့လက်ဟာ ကမ္ဘာကြီးတောင် လွှမ်းမိုးနိုင်တယ်တဲ့ ..အားလုံးလှပတဲ့ လက်ပိုင်ရှင်များဖြစ်ကြပါစေ။

(၁)ပညာညဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာ သူတစ်ပါးရဲ ့အမှားကို ကြည့်ပြီး ကိုယ်တိုင်က မမှားအောင် သင်ခန်းစာယူတတ် သံဝေဂယူတတ်တယ်။သူတို ့လိုမမှားအောင် ကို်ယ့်ကိုယ်ကို ဆင်ခြင်တယ်။

(၂) ပညာညဏ်နည်း တဲ့သူတွေကတော့ သူတစ်ပါးရဲ ့အမှားကို ကြည့်ပြီး သင်ခန်းစာမယူတတ်ဘူး။ကိုယ်တိုင်က အမှားကျုးလွန်တော့မှ မှားမှန်းသိပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်တယ်တဲ့။

(၃)ပညာညဏ် လုံးလုံးမရှိတဲ့သူတွေဟာ ကိုယ်တိုင်က မှားနေတာတောင် သင်ခန်းစာမယူတတ်ဘူး။ကိုယ့်ကိုယ်ကို ကောင်းအောင်မနေတတ်ဘူး မပြုပြင်တတ်ဘူးတဲ့။

ညီမလေးများ အားလုံးဒီပိုစ့်လေးကိုဖတ်ပြီးသင်ခန်းစာယူနိုင်ရင်တော့ ချမ်းချမ်းရေးရကျိုးနပ်ပါပြီ။

မိန်းမသားချင်း ကိုယ်ချင်းစာလို ့ ရင်ထဲရှိတာလေး သိတာလေး တွေမျှဝေပေးတာပါ။

အရေးအသား ရိုင်းသွားခဲ့ရင် အမှားများပါသွားခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါ။ Written…..By…. ချမ်းချမ်း(ရွာသူလေး) http://www.haymonchan.blogspot.com

17 comments

  • unclegyi1974

    July 11, 2011 at 9:57 pm

    ကဲချမ်းချမ်း ကမချမ်းနိုင်ပဲ
    စေတနာဗလပွနဲ့ကြော်ငြာမောင်းထုသွားပြီ
    အမျိုးသမီးထုတရပ်လုံးကောင်းစွာသုံးသပ်လေ

    အမှန်ကကိလေသာဆိုတာကလည်းအတော်ဆိုးတာကိုး
    ချစ်လို့ပဲချစ်သူသဘောကျပြောပြော
    ကိုယ်ကပဲမလွန်ဆန်နိုင်ဖြစ်ဖြစ်
    ဒါဖြစ်ရင်ဒါဖြစ်တယ်ဆိုတာပုံသေနိယာမကြီးကို

    ဒီခေတ်ကြီးမှာဒီလိုတွေမဖြစ်အောင်လုပ်လို့ရတာတွေကလည်းတပုံတပင်
    ဒီလိုအဖြစ်ခံပြီးငရဲတွင်းထဲခုန်ချနေကြတာက
    အတော်မိုက်ကြတယ်လို့ပဲပြောရတော့မယ်

    ဒါကြောင့်လည်းရှေးလူကြီးတွေကပြောတာနေမှာ
    ဘာပြောတာပါလိမ့်
    အသက်ကကြီးတော့မေ့တယ်ကွယ်

  • padonmar

    July 11, 2011 at 10:27 pm

    ကောင်းလိုက်တဲ့ Post ပါဘဲ။ချမ်းချမ်းရေ share ခွင့်ပြုပါ။

  • Foreign Resident

    July 12, 2011 at 6:49 am

    Correct
    ” ကောင်လေးက ဘာပြန်ပြောလဲဆိုတော့ သူနဲ ့မရခင် မုဆိုးမ တစ်ခုလပ် ကလေး၃ယောက်အမေ ဖြစ်ခဲ့ရင်တောင် လက်ခံလို ့ရသေးတယ် ။
    အခုက ဘယ်သူယ်ဝါနဲ ့ရမှန်းမသိတဲ့ ဗိုက်ကို အပျိုလို ့လိမ်ပြီး သူ ့ကို တမင်နဖားကြိုးထိုးခိုင်းတာတော့ လုံးဝခွင့်မလွှတ်ဘူး။အရင်က ချစ်သူရှိခဲ့ဖူးလား၊ အိမ်ထောင်ရှိခဲ့ဖူးလားလို ့မေးတုန်းက မရှိဘူးလို ့လိမ်ပြောခဲ့တာကို ခွင့်မလွှတ်တာတဲ့ ”

    ဒီခေတ်ကြီးမှာဒီလိုတွေမဖြစ်အောင်လုပ်လို့ရတာတွေကလည်းတပုံတပင်

  • chitpyae

    July 12, 2011 at 7:19 am

    အရမ်းကို ကောင်းပါတယ် ချမ်းချမ်းရေးထားတာ မိန်းကလေး တွေ တော်တော်ဆင်ခြင်နိုင်မှ တန်ရုံကျမဲ့ ခေတ်ရောက်နေပြီလေ ။ ယောကျင်္ားတွေကတော့ ယောကျင်္ားစိတ်ပဲ ရှိမှာပေါ့ ( ယောကျင်္ား တိုင်းကို မဆိုလိုပါ) ယောကျင်္ား ကောင်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်တာဝန် မယူနိုင်ဘူး ထင်ရင် အစထဲက အဲဒီ့ ဇာတ်လမ်းကို မစနဲ့ပေါ့။ တချို့ကျတော့လည်း တာဝန်ယူချင်စိတ်က လည်း မရှိ ၊ ကိုယ့်ဆန္ဒကို လည်း ကိုယ်မထိန်းနိုင်နဲ့ အဲလို လူတွေကလည်း ရှိသေးတယ် … ။
    အကောင်းဆုံးက တော့ မိန်းကလေး ရော ယောကျင်္ားလေးရော သေချာ စဉ်းစားနိုင်မှ အဆင်ပြေမှာပါ ။

  • မျိုးသိန်း

    July 12, 2011 at 7:24 am

    ကောင်းလိုက်တာ~~ ချမ်းချမ်းရေ ဒါပေမဲ့ တခုပြောချင်ပါတယ် ကျနော်တို ့ဆီမှာ sex education မရှိလိုဒီလိုကိစ္စတွေဖြစ်နေတာလိုယူဆပါတယ်။

  • chitpyae

    July 12, 2011 at 7:30 am

    စကားမစပ် မမတို့ရေ …. မိန်းကလေးတွေကို တာဝန်ယူစိတ်မရှိဘဲနဲ့ အပျော်ပဲကြံနေတတ်တဲ့ ယောကျင်္ားတွေ ရော ဘယ်လိုတွေများ ဝဍ်လည် တတ်ပါသလဲရှင် ….. ။
    ပထမတွဲခါစတုန်းကတော့ အတည်ပေါ့ … နည်းနည်းကြာသွားပြီး လို တာရသွားပြီးတော့ အကြောင်းအမျိုးမျိုး ပြပြီး ခွာချင်ကြတဲ့ ယောကျင်္ားတွေ ရော ဘယ်လို အကုသိုလ်တွေ ရတတ်ပါသလဲ။
    သူတို့ကတော့ ပြောကြမှာပဲ … ဒီကိစ္စက နှစ်ယောက်စလုံး စိတ်တူ လို့ဖြစ်ခဲ့တာ သူတို့အမှား မဟုတ်ပါဘူး လို့များ ပြောလာခဲ့ရင် …..

    • ကြောင်ကြီး

      July 12, 2011 at 7:39 am

      အဲသလိုလူမျိုးသေလို့ နတ်ဖြစ်ရင် နတ်သမီးတဖက်လေးငါးရာနဲ့ မလှုပ်နိုင်အောင် ဖြည့်ဆည်းပေးနေရတဲ့ နတ်သားဖြစ်၊ တိရစာ္ဆန်ဖြစ်ရင် နွားသိုး၊ဆိတ်သိုးဖြစ်တာပေါ့ကွယ်။ လူဖြစ်ရင်တော့ မိုက်ကယ်ဂျော်လကီအောင်ပုတွေများတဲ့ခေတ်မှာ လူမလေးများအတွက် လူထီးစစ်စစ်ဖြစ်ရပါသတဲ့… 😳

  • နီလေး

    July 12, 2011 at 10:53 am

    အမျိုးသမီးတွေအတွက် ပညာ၊ဗဟုသုတ ရတာပေါ့ ခုလိုမျိုးဗဟုသုတမရှိလု့ိ လူ့အသက်ဘယ်နှချောင်းဆုံးရှုံးခဲ့ရပြီလဲအမျိုးသမီးကော အမျိုးသားကော ဖတ်သင့်တဲ့ပို့စ်လေးပါ

  • moethidasoe

    July 12, 2011 at 10:57 am

    ဒါကြောင့် အခု မြန်မာပြည်မှာ Reproductive Health (RH) ဆိုပြီး မျိုးဆက်ပွား ကျန်းမာရေး အကြောင်းကို လူငယ်တိုင်း သိသင့်တယ်လို့ ယူဆပြီး peer education လို့ခေါ်တဲ့ လူငယ်အချင်းချင်း ဆက်သွယ် ပညာပေးတဲ့ အစီအစဉ်တွေ လုပ်နေကြပြီ .. တစ်နိုင်ငံလုံးကို ပျံ့နှံ့ဖို့တော့ လိုသေးတယ် ..
    HIV/AIDS ဆိုတာကိုတော့ ကျောင်းသင်ခန်းစာတွေမှာ ထည့်သွင်းလာပေမယ့် .. RH ကိုတော့ ပညာရေးဌာနတွေက ထည့်သွင်းပေးဖို့ လက်တွန့်နေတယ် .. သူတို့အမြင်က မြင်းကို ဂျိုတပ်ပေးသလို ဖြစ်နေမှာ စိုးလို့ တဲ့ ..
    ဒီလိုအတွေးအခေါ်တွေကြောင့် မြန်မာနိုင်ငံမှာ HIV သက်တမ်းရှည်ခဲ့ရတယ် .. condom ကိစ္စကို တီဗီမှာ အရုပ်ကလေး ပြဖို့ အဆင့်တောင်မှ အတော် ကြိုးစားခဲ့ရတာ .. လူတွေ ဘယ်လို အရွယ်ရောက်လာသလဲ .. ကိုယ်ဝန်ဆိုတာ ဘာကြောင့် ရသလဲ .. ကိုယ်ဝန်ကို ဘယ်အချိန်မျိုးမှာ မဆောင်သင့်ဘူးလဲ .. ဒါကြောင့် ကိုယ်ဝန် မရလေအောင် ဘယ်လို နေသင့်သလဲ ..
    ဘာမှ မလုပ်ရင် ဘာမှ မဖြစ်ဘူး ..
    မနေနိုင်လို့ ကျူးလွန်ကြမယ် ဆိုရင် ကိုယ်ဝန်မရအောင် ဘယ်လို နေမလဲ .. ဒါတွေက တကယ် အရေးကြီးပါတယ် .. အဲဒါတွေ မသိသေးရင် အမျိုးသမီးတွေ ရည်းစားထားဖို့တောင် မကောင်းသေးဘူးလို့ ဆိုပါရစေ

  • etone

    July 12, 2011 at 11:13 am

    အဲ့လို အလုပ်ခံရပြီး ငြိမ်နေတဲ့ ကောင်မလေးတွေ ရှိလို့ ဒီလို ကိစ္စတွေ ထပ်ဖြစ်ဖြစ်နေတာ …
    တစ်ယောက်ယောက်ကများ အဲ့ဒီကောင်ကို ကုန်းကုန်းဖြစ်အောင် ပြန်လုပ်ပါလား … တဘဝလုံး လူညွှန့်တုန်းမှာမို့ …. တဏှာရူးတွေ တဏှာထချင်တယ်ဆိုလျှင်တောင် သူ့စိတ်သူ ထိန်းကြလိမ့်မယ် … ။
    ပြောချင်တာက ငြိမ်ခံမနေနဲ့ … နားကိုက်လျှင် ပါးပြန်ရိုက်လိုက် ။ 🙄

  • windtalker

    July 12, 2011 at 12:29 pm

    အရမ်းကို ဖတ်လို ့ကောင်း ဗဟုသုတ လည်း ရတဲ့ ပို ့စ်လေးပါ ပဲ ခင်ဗျာ ။ ကျေးဇူးတင်ပါတယ် ချမ်းချမ်း ခင်ဗျာ

  • piti

    July 12, 2011 at 1:38 pm

    ကောင်းပါတယ်…
    စိတ်ထဲမှာ တကယ်ခံစားစာနာရပါတယ်…
    ယောက်ျားကောင်းတစ်ယောက်ဆိုတာ လိုတာထက် အခွင့်အရေးပို မယူသင့်တဲ့သူပါ…
    တကယ်လို့ စိတ်မထိန်းချုပ်နိုင်လို့ရှိရင်လည်း ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် ပြတ်သားစွာ တာဝန်ယူရဲတတ်သူ ဖြစ်ရပါမယ်…

    အရေးကြီးဆုံးကတော့ မိန်းကလေးတွေကိုယ်တိုင် ချစ်သူယောက်ျားလေးတွေကို အရမ်းအလိုမလိုက်မိဖို့ပါ…

    ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူက သေချာသိမှာမို့လဲလေ… အကြောင်းအမျိုးမျိုးကြောင့် ဆိုဆို ဗိုက်တစ်လုံးနဲ့ကျန်ခဲ့ရတာက မိန်းကလေးတွေလေ

  • AKKO

    July 12, 2011 at 3:08 pm

    ပညာပေး အစီစဉ်တွေကို ရှက်စရာလို့ မြင်နေတော့လည်း ဘယ်လိုလုပ်မလဲနော် ။
    သိသင့်သိထိုက်တာတော့ … မီဒီယာတွေက တဆင့် ထုတ်လွှင့်ရဲဖို့ လိုမယ် … ။ ဒါမှ ကြိုရှောင်လို့ ရမှာပေါ့ ။

  • nigimi77

    July 12, 2011 at 5:29 pm

    “…တတိယအစ်မပြီးတော့ စတုတ္ထ မြောက် အစ်ကို က မိန်းမပွေပါတယ်။သူကြိုက်ပြီဆိုရင် မယားရှိတာလဲ မရှောင်ဘူး ရအောင်ယူတယ်။….”

    မေးပရစေ ချမ်းချမ်းရေ။ 🙂 စတုတ္ထ မြောက် အစ်ကို က လိင်တူ ဆက်ဆံသူ လား။ 😛 မယားရှိတာလဲ မရှောင်ဘူးဆိုလို ့ပါ။

    အရင်တစ်ခေါက် ပို ့စ်မှာ တုန်းက “သားဦး စနေ” လို ့ သုံးထားလို ့ တစ်ခေါက်မေးဖူးတယ်နော်။

    ချမ်းချမ်းက ယောကျာင်္းလား မိန်းမလားလို ့။ 🙂

    ပေးချင်တို ့ Source ကတော့ ကောင်းပါတယ်။ ယိုးဒယားတွေက တခုခုကို ပညာပေးချင်ရင် ဘာသာရေးနဲ ့ ဝိဉာဏ် နာနာဘာဝ

    တွေနဲ ့ ကြောက်လန် ့အောင် ခြောက်ပြီးမှ ပညာပေးတတ်တယ်။ လူ လေးငါးယောက် လောက် ဝိုင်းမတာတောင် မလို ့မရတဲ့

    အလောင်းဆိုလို ့ ကြုံတုန်း ပြောပြချင်တယ်။ ခင်ဗျားတို ့လဲ ကြားဖူးမှာပါ။ များသောအားဖြင့် စက်မှုဇုံတွေမှာ အဖြစ်များတယ်။

    သရဲပူလို ့ တစ္ဆေပူးလို ့ ဘာညာတွေဆိုတာ။ မိန်းကလေးတွေမှာ အဖြစ်များတယ်။ သူတို ့တွေဟာ Uneducated တွေများတယ်။

    စက်ရုံ အလုပ်ဆိုတာလဲ သိပ်ပင်ပန်းတယ်လေ။ တခါတလေ သူတို ့က အမှားကြီး တခုခုကို သက်ဆိုင်ရာတာဝန်ခံတွေ မသိအောင်

    ကျူးလွန်ထားတဲ့ အခါ ဖြစ်စေ၊ ပင်ပန်းလွန်းလို ့ နားတော့နားချင်တယ် နားခွင့်လည်း မရှိတဲ့ အခါမျိုးကျရင် စိတ်ထွက်ပေါက်

    ရှာတတ်ကြတယ်။ အဲဒီထွက်ပေါက်ကတော့ ပညာမဲ့ စက်ရုံ လုပ်သား အသိုင်းအဝိုင်းကြားမှာ ငယ်စဉ်ကတည်းက ကြားဖူးနေကြ

    ဖြစ်တဲ့ မိမိကိုယ်ကို သရဲ တစ္ဆေ ပူးကပ်စေတဲ့ နည်းလမ်းပဲဖြစ်တယ်။ လူတွေမှာ ကိုယ့်ကိုယ်ကို လိမ်ညာတတ်တဲ့ မသိစိတ်

    ကလေး တခုရှိတယ်ဗျ။ ထွက်ပေါက်မရှိရင် အဲလို နည်းလမ်းမျိုးတွေကိုု မသိစိတ်က လှုံ ့ဆော်ပေးတယ်။

    ဆိုတော့…….ကျုပ်တာဝန်ယူရတဲ့ Section မှာ ကောင်မလေး တစ်ယောက် မျက်ဖြူကြီး လန်ပြီး သရဲ စီးနေပါတယ် ၊ ယောကျာင်္း

    အသံကြီးနဲ ့ လက်ညှိးတထိုးထိုး စကားတွေ ပြောနေပါတယ် ဆိုတဲ့ သတင်းကြောင့် ချက်ချင်း အခင်းဖြစ်နေတဲ့ နေရာကို

    ရောက်သွားပါတယ်။ သူ ့မျက်လုံးကို ကြည့်လိုက်တော့ ကျုပ်တို ့ငယ်ငယ်က ကလေးတွေကို ခြောက်သလိုမျိုး မျက်လုံးကြီးကို

    အပေါ်ကို အားစိုက်ပြီး လှန်ထားတဲ့ပုံပဲ။ အသံကတော့ ကွမ်းဝါးပြီး လေးဖြူ သီချင်း ဆိုနေသလိုပဲ။ လုပ်သံပေါ့။

    အားလုံးက ဝိုင်းပြီး ဖျောင်းဖြကျပါတယ်။ ဘုရားစင်က သောက်တော်ရေနဲ ့ လောင်းသူကလောင်း၊ ဘုရားစာတွေ တတွတ်တွတ်

    ရွတ်သူက ရွတ်ပေါ့။ လုပ်လေ ပိုဆိုးလာတယ်။ ကြမ်းပြင်ပေါ်မှာ လူးလိမ့်ပြီး “ငါ့ ကို လာမစမ်းနဲ ့ ဘာမှတ်နေလဲ” ဆိုပြီး အော်ဟစ်

    ပါလေရော။ ခြေထောက် နှစ်ဖက်ကလဲ အငြိမ် မနေဘူး ရုန်းကန်နေတော့ ဘေးက လူတွေက ခြေထောက်တွေကို ဝိုင်းဖိထားကြ

    တယ်။ ကောင်မလေးကတော့ ခုနက စကားစုကိုပဲ ထပ်ခါတလဲလဲ ပြောနေပါတယ်။ ဒါနဲ ့ ကျုပ်လဲ ရုန်းကန်နေတဲ့ အနားကို

    ကပ်သွားပြီး အခြေအနေကို မေးလိုက်တယ်။ ဘေးက တယောက်က ပြောပြနေတုန်း ကောင်မလေး က ကျုပ်ကို စိုက်ကြည့်ပြီး

    နားလည်ရခက်တဲ့ စကားတွေ ပြောပြန်ရော။ မျက်နှာ ကလဲ အမူအရာ အမျိုးမျိုး ပြောင်းလဲနေပါတယ်။ အားလုံးက သူ ့ရဲ ့မျက်နှာ

    ကို အာရုံစိုက်လိုက်တဲ့ အချိန်မှာ ကျုပ် ဆုံးဖြတ်ချက် တခုကို ချလိုက်ပါတယ်။

    ရုန်းကန်နေတဲ့ ပေါင်နှစ်လုံးကြားက သူ ့ရဲ ့ ငယ်ပါကို ပိုင်ပိုင်နိုင်နိုင် ကိုင်ထည့်လိုက်ပါတယ်။ (စာဖတ်သူတွေ ခွင့်လွတ်ပါ)

    အဲဒီမှာပဲ ကောင်မလေးဟာ ဝုန်းခနဲ ထထိုင်ပြီး အခန်း အပြင်ဖက်ကို ထွက်ပြေးသွားပါတော့တယ်။

    ကျုပ် အနောက်ကို ဆက်မလိုက်တော့ပဲ ရုံးခန်းကို ပြန်လာခဲ့ပါတယ်။

    နောက်ပိုင်းကြားရတဲ့ သတင်းကတော့ အဲဒီကောင်မလေး ချက်ချင်းပုံမှန် ပြန်ဖြစ်သွားပြီး သူ ဘာကိုမှ မမှတ်မိပါဘူးတဲ့….။

    ဟုတ်မှာပါလေ။ ဒါပေမဲ့လည်း ထူးထူးဆန်းဆန်း အဲဒီ ကောင်မလေးက အဲဒီနေ ့ကနေစပြီး ကျုပ်ကို မြင်လိုက်တာနဲ ့ နီးရာ

    ဘေးလမ်းထဲကို ချိုးဝင်ပြီး ရှောင်သွားတတ်သလို မလွဲသာလို ့ မျက်နှာချင်းဆိုင်တွေ ့ရင်တောင် ခေါင်းငုံ ့ထားပါတော့တယ်။

    သူနဲ ့ ကျုပ်နဲ ့ ၂ ယောက်ပဲ သိထားတဲ့ သရဲပြေးအောင် လုပ်တဲ့ နည်းလမ်းလေးပေါ့ဗျာ….။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 12, 2011 at 6:33 pm

    ဩော………..
    ်လက်စသပ်တော့
    ဘော့စ်က မိန်းခလုပ်ကို နှိပ်လိုက်တာကိုး

  • shwe ni

    July 13, 2011 at 12:56 am

    မနှစ်တုံးကနဲူ့တူုတယ် သတင်းတွေမှာပါဖူးတာ ။ ဘန်ကောက်မှာတင် ကလေးအသေ ၂၀၀ဝ ကျော် ကျန်ဒေသကြီးတွေမှာလဲ အဲလောက်နီးနီး ရှိတယ်လို့ ပြောကြတယ် .

Leave a Reply