မြေကြီးရွှေသီး

unclegyi1974August 13, 20111min62

လယ်ယာလုပ်ငန်းအောင်မြင်ဖြစ်ထွန်းရန်လယ်ယာလုပ်ကိုင်နေသူများအဓိကအရေးကြီးပါ
တယ် လယ်ယာလုပ်ငန်းအောင်မြင်ဖြစ်ထွန်းရန်အဓိကရာသီဥတုမှန်ရပါမယ်
လုပ်ကိုင်သူတောင်သူငွေကြေးပြည့်စုံရပါမယ် မိမိလုပ်ငန်းခွင်အကြောင်းကောင်းကောင်း
သိရပါမယ် အပင်ရေလိုသလား မြေဩဇာလိုသလား ပိုးကျနေသလား ပိုးကျရင်
ဘာပိုးသတ်ဆေးသုံးရမယ်စသဖြင့်လုပ်ငန်းနှင့်စပ်သမျှသိရှိနေရပါမယ်
ဒီအချက်တွေကမြန်မာနိုင်ငံစိုက်ပျိုးရေးမှာမမှားတဲ့အချက်တွေလို့ပြောလို့ရပါမယ်

ဒါကသမားရိုးကျစိုက်ပျိုးရေးလုပ်နေတဲ့နိုင်ငံတွေအတွက်မှန်ပါမယ်
သို့သော်ခေတ်ကြီးကအပြောင်းလဲကြီးပြောင်းလဲပြီးဂြိုလ်တုခေတ်ဖြစ်နေပါပြီ
ဒါတွေသိရုံလောက်နဲ့ဒီနေ့ခေတ်စိုက်ပျိုးရေးလောကကြီးထဲမဝင်နိုင်တော့ပါဖူး
ဒီနေ့ခေတ်မှာနိုင်ငံတော်ရဲ့အခန်းကစိုက်ပျိုးရေးမှာအရေးကြီးလာပါပြီ
မြန်မာနိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်ပါသည်ဟုအစိုးရအဆက်ဆက်ကပြောကြား
ခဲ့သော်လည်းယနေ့ခေတ်မှီစိုက်ပျိုးရေးနိုင်ငံအဖြစ်ရောက်အောင်မည်သို့မှလုပ်ဆောင်
နိုင်မှုမရှိသည်ကိုတွေ့ရှိရပါသည်

စိုက်ပျိုးရေးအတွက်ရေသည်အဓိကကျသော်လည်းရေတမျိုးတည်းဖြင့်သီးနှံအောင်မြင်
ဖြစ်ထွန်နိုင်သည်မဟုတ် လက်မှုလယ်ယာမှသည်စက်မှုလယ်ယာသို့ဆိုပြီးအော်နေယုံ
တဧကငွေသောင်းကဏန်းထုတ်ချေးပေးယုံ တလုံးထိုးထွန်စက်စက်များဖြင့်ထွန်ယက်
နိုင်ကြယုံဖြင့်စက်မှုလယ်ယာကြီးမဖြစ်လာနိုင် စက်မှုလယ်ယာလုပ်ငန်းသို့ကူးပြောင်းရာ
တွင်နိုင်ငံတော်အပိုင်းမှကူညီပံ့ပိုးပေးမှုကလွန်စွာအရေးကြီးကြောင်းအထူးပြောရန်မလို

တနေ့ကဗီအိုအေအသံလွှင့်သွားသည်ကိုနားထောင်ဖြစ်ရာမောင်ဘချစ်၏
အသံလွှင့်ချက်ကိုနားထောင်လိုက်ရသည်ကိုမှတ်မိသမျှအနည်းငယ်ပြောလိုပါသည်
သူကအမေရိကန်အိုင်အိုဝါးပြည်နယ်လယ်ယာလုပ်ငန်းခွင်တခုအကြောင်းဥပမာပေးသွား
ပါသည် အမေရိကန်ပြည်တွင်လယ်ယာလုပ်ငန်းလုပ်ကိုင်အသက်မွေးသူသည်နိုင်ငံလူ
ဦးရေ၏ ၂ဝ ရာခိုင်နှုံးသာရှိသော်လည်းတနိုင်ငံလုံး၏စားရေးဖုံလုံသည့်အပြင်နိုင်ငံရ့ပ်
ခြားသို့ပင်ပိုလျှံသည်မျာ