gazette ဝင်တွေ အတွက် အပျင်းပြေ

မောင် ပေJuly 12, 20111min20913

ဒီရက်ပိုင်းအတွင်း ရွာထဲ မှာ “ ချမ်းချမ်း ရဲ  ့အမျိုးသမီးများ သတိပြုဆင်ခြင်စရာ ” ဆိုတဲ့ ပို ့စ်လေး ကို ဖတ်ရပါတယ် ။ အရမ်းကောင်းတဲ့ ပညာဗဟုသုတ အသိတရားတွေ ပေးတဲ့ ပို ့စ်လေးပါ ။ ချမ်းချမ်း ရဲ  ့ပို ့စ်လေးကို ဖတ်အပြီး မှာ အများကြီး စဉ်းစားမိပါတယ် ။အဲဒီ ပို ့စ်အောက်က ကွန်မင့် တွေ ထဲ မှာ တွေ ့မိတာလေး တစ်ခု ရှိတယ် “ sex education ”  တဲ့ ။ ဒီစကားလုံး လေး ကို တွေ ့မိလိုက်ရင် တော်တော်များများ စိတ်ဝင်စားကြမှာပါ ။ ဘာတွေ များ ရေးပြမှာပါလိမ့် ဆိုပြီး  ပေါ့နော် ။ ယနေ ့ခေတ် ကြီး ထဲ မှာ ကျွန်တော် တို ့အနေ နဲ ့ကိစ္စဝိစ အားလုံး ကို ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးသင့် နေပါပြီ မဟုတ်လား ။ ကျွန်တော် တို ့နိုင်ငံသား တော်တော် များများ ဟာ အခြားကိစ္စ တွေ မှာသာ ပွင့်ပွင့်လင်းလင်း ပြောဆို နေကြပေမယ့် ။ sex ကိစ္စ နဲ ့ပတ်သက်ရင် ဘယ်တော့မှ စ ပြီး ပြောဆို ဆွေးနွေးတယ် မရှိကြဘူး ဗျ ။ ရှိတော့ရှိတယ် ရှားတယ်ပေါ့ဗျာ ။ အဲဒါဟာ ဘာဖြစ်လို ့လဲ ဆိုရင် sex အကြောင်း ဆွေးနွေးဖို ့စတင် လိုက်သူ ကို တစ်ဘက်လူ က “ ဒီလူ (သို ့) ဒီမိန်းမ .. တော်တော် တဏှာကြီးတာပဲ ” လို ့ထင်သွားကြမှာ အထင်ခံ ရမှာ ကို ကြောက်ကြလို ့ပါ ။ အုံ ့ပုန်း လုပ်ပြီး ဘာမှ မသိ မတတ် နားမလည် တာ ထက် စာရင် ၊ တစ်ခုခု ကို သိထား နားလည်ထားတာက ပို ကောင်းမယ် လို ့ထင်ပါတယ် ။ ဒါကြောင့်လဲ လက်ရှိ ဖြစ်နေတာလေး တွေ ကို အငှား ခံစား ပြီး ဒီပို ့စ် ကို ရေးတင်လိုက်ရပါတယ် ။ ယောက်ျား လေး မို ့ယောက်ျားဗားရှင်း အနေ နဲ ့အဓိက ရေးမယ်နော် ။ ဆရာဝန် တစ်ဦး မဟုတ်သည့် အတွက် ဝေါဟာရ စာလုံး အသုံးနှုန်း လွဲနေခဲ့ရင် လည်း သည်းခံ ခွင့်လွှတ်ပေးတော်မူကြပါရန် မေတ္တာရပ်ခံ လိုက်ပါတယ်နော် ။ ကျွန်တော် စဉ်းစားမိတာတွေ ကို ပြန်ပြီး ရှဲ ပေးလိုက်ပြီ ဗျာ ။

ယောက်ျား တွေ ဟာ အသက် ၁၃ လောက် ဆို စပြီး ဆန် ့ကျင်ဘက် လိင် အကြောင်း ကို စိတ်ဝင်စားလေ့ ရှိပါတယ် ။ ဒီအသက်ထက် ငယ် ရင်လည်း ငယ်နိုင်မှာပါ ။ စိတ်ဝင်စား တယ်ဆိုတာ က အချို  ့ယောက်ျားလေး များ မှာ ၊ ငယ်ရွယ်စဉ်က ပင် အသက် ၁၈ နှစ်အောက် မကြည့်ရ မဖတ်ရ စာပေ ၊ ဓါတ်ပုံ ၊ ဗီဒီယို များကြောင့် ပါ ။ ဒါ့အပြင် ပေါင်းသင်းနေတဲ့ သူငယ်ချင်း များ ကြောင့်လဲ ဖြစ်နိုင်ပါတယ် ။ ၁၃ နှစ်လောက် က စပြီး ယောက်ျား လေး များ ဟာ ကိုယ့် ရဲ  ့လိင်အင်္ဂ ါ ကို ကိုယ် စတင် စိတ်ဝင်စားမိနေပါပြီ ။ ( အရမ်းကြီး နေလား ၊  သေး နေလား ဘယ်လို ပုံစံ မျိုးလဲ အစရှိသဖြင့် ) ။ နောက်ပြီး ဆေးပညာ သဘော အရ တော့ ဘယ်လို ရေးထားမလဲ တော့ မသိဘူး ။ ယောက်ျား တွေ ရဲ  ့လိင်အင်္ဂ ါ ထိပ်အရေပြား ဟာ တစ်ချို  ့မှာဆို ဖုံးနေပါတယ် ။ အမှန်ဆို ရင် အဲဒါကို ခွဲစိတ် ဖြတ်တောက်မှ သာ ကျန်းမာရေး နဲ ့ညီညွတ် မှာပါ ။ သို ့ပေသည့် ကလေး က မိဘ ကို မပြောရဲ ။ ၁၃ နှစ်လောက် ဆိုတော့ ရှက်တတ်နေပြီလေ ။ ဖခင် လုပ်သူ ဟာ စီးပွားရေး နဲ ့ပဲ အလုပ်များနေပြီး ကိုယ့်သား ကို ကိုယ် အသေးစိတ် ဂရု မစိုက် ဖြစ်ခဲ့ရင်တော့ ပြဿနာ အသေးစားလေး တစ်ခု ပါပဲ ။ ဒါပေမယ့် ဒီကိစ္စ ဟာ အရမ်းအရေး မကြီးပါဘူး ။ အချိန်မရွေး နီးစပ်ရာ အထူးကု ဆေးခန်း များတွင်သော် လည်းကောင်း ၊ ဆေးရုံ ကြီး တွင်သော် လည်းကောင်း သွားရောက် ခွဲစိတ် လို ့ရပါတယ် ။ တစ်ခု ရှိတာ က ၄ ရက် လောက်တော့ ဒဏ်ခံ ရမှာပေါ့ လေ ။  အချို  ့ဖခင်များ က တော့ ကိုယ့်သား ကို ကိုယ် အသေးစိတ် လိုက်လံ မျက်စိ ဒေါက်ထောက်ကြည့်နေတာ မျိုးဆိုရင်တော့ မလိုဘူးပေါ့ ။ ဖခင် ရဲ  ့အသေးစိတ် ဂရုစိုက်ခြင်း မခံ ရတဲ့ သားမျိုး ကြ ဗဟုသုတ ၊ အတွေ ့အကြုံ အသစ်များ ကို ဘော်ဒါ များ ထံ မှာ ရှာကြ လေ့လာ ကြ သင်ယူကြ ပါတယ် ။ အချို  ့ချာတိတ် တွေ ဆိုရင်  ကိုယ်မသိတဲ့ အကြောင်းအရာ ကို ပြောပြ လာတဲ့ အပေါင်းအသင်း ရဲ  ့စကားကို တစ်သက်လုံး အမှန်လို ့ထင်သွားကြသူ တွေ မနည်းပါဘူး ။ ၁၃ နှစ် အရွယ် လောက် ဟာ အရာရာ ကို စူးစမ်း ဆင်ခြင် တတ်တဲ့ အရွယ် မို ့ မကြည့်သင့်တာကို လည်း ကြည့်မိကြမှာပါပဲ ။ မကြည့်သင့်တာကို ကြည့်မိတဲ့ အခါ ထို ကြည့်မိတဲ့ အကြောင်းအရာ များ ကို အမှန်တရား လို ့ထင်ကြတယ် ။ လက်တွေ ့စမ်းသပ်ချင်ကြတယ် ။ သို ့သော် စမ်းဖို ့ကြတော့ လည်း ဘယ်လို မှ အဆင်မပြေ ၊ မဖြစ်နိုင် ။ သို ့နှင့် အပေါင်းအသင်း များ ပြောသော မာစတာဗေးရှင်း ဆိုတာကို စမ်းသပ်ကြပြန်တယ် ။ အချို  ့ဆို တော်တော်လေး ကို လမ်းလွဲ ကုန်တယ် ။ ဖန်ပုလင်း ဖင် ကို သွေးထားပြီး လုံးထားသော ဂေါ ်လီ ဟု ခေါ ်သော အလုံးလေး များ ကို လိင်တံ အရေပြားထဲ ထည့်ခြင်း မျိုး ၊ အပေါင်းအသင်း မြှောက်ပေးသဖြင့် စီလီကွန် များကို လိင်တံ ထဲ အထိ ထိုးသွင်းခြင်း စသဖြင့် လမ်းမှား တွေ လိုက်မိကုန်တယ် ။( အဆိုပါ ဂေါ ်လီ ၊ စီလီကွန် ကိစ္စများရဲ   ့ဆိုးကျိုးကို အသေးစိတ် နားလည်သူ ရွာသားများ က ဆက်လက် တင်ပေးကြမယ်လို ့မျှော်လင့်ပါတယ် )  ဒီလို နဲ ့၁၄ ၊ ၁၅ အရွယ်လောက် ကြ  ရည်းစားတွေ ဘာတွေ စထားပါလေရော ။ အဲဒီ အရွယ်ကြ ငယ်သူတွေ ရဲ  ့သတ်မှတ်ပုံ အရ ထားသင့်ပြီ ပေါ့ ။ အဲဒီမှာ ရည်းစား ထား တော့ လည်း ငယ်ရွယ်သူ မို ့ဘော်ဒါတွေ အကြား  ကြွားချင် လို ့သာ ထားလိုက်ပေမယ့် ။ ဘဝ ဆိုတာ နားမလည် ။ အချစ်ဆိုတာ နားမလည် တော့ မဖြစ်သင့်တာ တွေ ဖြစ်ပြန်ရော ။တစ်ချို  ့၁၄ ၊ ၁၅ အရွယ်လေးတွေ ကြ တော့ လည်း ပရော်ဖက်ရှင်နယ်( -ာ ) တွေ နဲ ့ဆက်ဆံ ပြီး ဖြစ်နေတာ ကို တွေ ့ ရပါတယ် ။ ငယ်ရွယ်စူးစမ်းတဲ့ အရွယ် ဆိုတော့ ရောဂါ ဖြစ်မှာ ကို လည်း မကြောက်ကြပါဘူး ။ အကာအကွယ်နဲ ့လိင်ဆက်ဆံ တာ ပဲ ဖြစ်ဖြစ် အေ မကိုက်တောင် အခြား sexually transmitted diseases (STD) များ ကူးစက်ခံနိုင်ရတယ် ဆိုတာ ကို မသိကြပါဘူး ။ ဆိုလို ချင်တာက ကွန်ဒုံး ကို အသုံးပြု ကာ ဆက်ဆံ တယ် ဆိုပေမယ့် နမ်းရှုပ်ခြင်းတို ့ဘာတို ့က နေ လည်း ကူးစက်နိုင်တာကို ချာတိတ်တွေ မသိကြတာကို ပါ ။   မိန်းကလေး များ အနေ နဲ ့ကော ။ သူတို ့လည်း ပတ်ဝန်းကျင် ကြောင့် ငယ်ငယ်ရွယ်ရွယ် နဲ ့ရည်းစားထားသူ တွေ ရှိမှာပါ ။ ပတ်ဝန်းကျင် ကြောင့် ဆိုတာ က အချစ်ဇါတ်ကားများ ကြည့်ပြီးသော် လည်းကောင်း ၊ ဝတ္ထု ကာတွန်းများ ဖတ်ပြီး သော် လည်းကောင်း ဖြစ်နိုင်ပါတယ် ။ ချစ်သူ ရည်းစား ရတဲ့ ချာတိတ်တွေ ဟာ သူတို ့ဘဝ အတွက် စမ်းသပ်မှုကြီး ကို လုပ်ဖို ့တာစူ နေကြပါတယ် ။ စမ်းသပ်မှုကြီး ဆိုတာ လိင်ဆက်ဆံ ခြင်း ကို ဆိုတာ ပါ ။ ဒါလုပ်လိုက်လို ့ ကိုယ်ဝန် ရှိသွားနိုင်တယ် ၊ လက်ထပ် ယူ ရနိုင်တယ် ဆိုတာ ကို ချာတိတ်တွေ မေ ့နေကြပါတယ် ။ မေ ့နေကြတယ် ဆိုတာလည်း ငယ်ရွယ်သူတွေ ကြား မှာ အဲဒီ အသိ က မရှိနေလို ့ပါ ။ ယခု ရွာထဲ က စီနီယာ ၊ ဂျူနီယာ များ ဝိုင်း ပြောသလို ပါပဲ ။ အတွေ ့အကြုံ ဗဟုသုတ အသိတရား မရှိကြလေ တော့ ဆန္ဒကို ပဲ ဦးစားပေးကြတော့ တစ်ကယ်တမ်း နစ်နာ ကြ ရတာ အမျိုးသမီး တွေ ပါ ။ မိဘ တွေ အနေ နဲ ့လည်း ၁၃ ၊ ၁၄ အရွယ် သားသမီး ကို ဒီလိုမလုပ်ဖို ့ဆုံးမ ဖြစ်ချင် မှ ဆုံးမ မိကြမှာပါ ။ အမှန်က ဖခင် ရဲ  ့တာဝန် လို ့ထင်မိပါတယ် ။ မိခင် အနေ နဲ ့က တော့ “ ငါ့သား မိန်းမ တစ်ယောက် ကို တာဝန် မယူနိုင်ပဲ နဲ ့ဘယ်မိန်းမ ကို မှ မကျူးလွန် နဲ  ့၊ နှမချင်း အမ ချင်း ကိုယ်ချင်းစာ ပါ ” လို ့ပြောသင့်တယ် လို ့မြင်မိပါတယ် ။ ( ကျွန်တော် ဆိုရင် အသက် ၁၃ နှစ်လောက် မှာ ဖခင် ဆုံးပါးသွားခဲ့ပါတယ် ။ မိခင် ရဲ  ့ကျွေးမွေး စောင့်ရှောက် သွန်သင် ဆုံးမ မှုနဲ ့ကြီးပြင်းလာခဲ့ရတာပါ ။ ကျွန်တော် တို ့ငယ်ငယ်တုန်းက ဆို ဘာမှ ကို မသိခဲ့ပါ ။ အိမ်မှာ လည်း အမေ နဲ  ့နေရတာ ဆိုတော့ အထက်ဖော်ပြပါ ကိစ္စ များကို မေ ့ထားခဲ့ပါတယ် ။ ပြောရရင် လူဖြစ်နောက်ကြပါတယ် ။ တစ်ကယ်တမ်း သိလာကြ ရတဲ့ အချိန်ကြတော့ လည်း အမှားအမှန် အကောင်းအဆိုး ကို ဝေဖန်ဆုံးဖြတ် နိုင်တဲ့ အရွယ် မှ ဆိုတော့ ကျွန်တော် ကံကောင်း ခဲ့ပါတယ် ။ ကျွန်တော် အသက် ၁၆ နှစ် ပြည့် မှာ အမေ က ဘာ ကို မှာ သလဲ ဆိုရင် စောန က ကျွန်တော် ရေးပြခဲ့တဲ့ ဆုံးမ စကားလေး ကို ဆိုလာပါတယ် ၊ ညီမရင်း အမရင်း မရှိပေမယ့် တဝမ်းကွဲ တွေ ရှိလို ့ကိုယ်ချင်းစာစိတ် နဲ ့ထားခဲ့သမျှ ရည်းစား တိုင်းကို အနေအထိုင် ထိန်းသိမ်း ဆင်ခြင် ခဲ့ပါတယ် ။ ဆန္ဒ တော့ ရှိတာပေါ့ ။ သို ့သော်လည်း မယူနိုင်သေးတာ ကို စဉ်းစား မိတာနဲ ့ ။ ဒါကြောင့် လဲ လူပျိုကြီး ဖြစ်နေတာပါ ။ စကားချပ် )

ယောက်ျားလေးများ ဟာ တက္ကသိုလ် ကျောင်းသား အရွယ် ၊ တက္ကသိုလ် ကျောင်း တက် ပြီ ဆိုတာနဲ ့ တော်တော် များများ ဟာ အပျော်ပဲ ဖြစ်ဖြစ် အတည်ပဲ ဖြစ်ဖြစ် ချစ်သူ ရည်းစား ကို အသည်းအသန် ရှာတတ်ကြပါတယ် ။ တစ်ချို  ့များ ဆိုရင် တက္ကသိုလ် တက်တာ နဲ ့ရည်းစားထားရမယ် ဆိုတဲ့ အတွေး ပါ စွဲနေတာကို တွေ ့ကြ ရမှာပါ ။ ဒါဟာ ဘာလို ့လဲ ဆိုရင် ၉ တန်း ၊ ၁ဝ တန်း အရွယ်လေး တွေ မှာ ထိန်းသိမ်း သင်ကြားပေးတဲ့ ဆရာ ဆရာမ များရဲ  ့ ကိုယ့်လက် က လွတ် ဗြွတ် ၊ ပြီးပြီးရော အလွယ်ဆိုတဲ့ ဆုံးမ စကား ကြောင့် ဖြစ်ပါတယ် ။ ၉ တန်း ၊ ၁ဝ တန်း အရွယ် လေးတွေ ကို ဆရာ ၊ ဆရာမ တော်တော်များများ က အခုချိန် မှာ ရည်းစား ထားဖို ့စိတ်မကူးကြဖို ့ဆုံးမ ကြပါတယ် ။ “ ဘယ်အချိန် ဘယ်အရွယ်ကြ မှ ထားရမှာလဲ ” လို ့ပြန်အတွန် ့တက်တဲ့ အခါ  တက္ကသိုလ် ရောက်မှ ထားကြ လို ့ပြီး ပြီးရော ပြောကြတာ ကို လည်း တွေ ့ဖူး ကြုံဖူးကြမယ် ထင်ပါတယ် ။ တစ်ကယ်တမ်း ထားလို ့ပြဿနာ တစ်စုံတစ်ရာ များ ဖြစ်လာခဲ့ ရင် ကိုယ်တိုင် လိုက်မရှင်းပေးနိုင်ပဲ နဲ  ့စကားကို လွယ်လွယ်ကူကူ လက်လွတ်စပယ် ပြောတာပါ ။ အဆိုပါ ဆုံးမ စကား ကို ကျောင်းသူလေး များ ကို ပို နားထောင် ကြပါတယ် ။ တက္ကသိုလ် ရောက်လို ့ ရည်းစား စကား အပြောခံ ရရင် ကို (ငါတော့ တက္ကသိုလ် ကျောင်းသူ ကြီး ဖြစ်ပြီ ) ရည်းစားထားလို ့ရပြီ ဆိုပြီး ထားကြတာ ကို တွေ ့ကြ ရမှာပါ ။ယောက်ျားလေးတွေ နဲ ့ မိန်းမ တစ်ယောက် ကို ကိုယ်တစ်ကယ် ချစ်မှ သေချာမှ ရည်းစား အဖြစ်တွဲ ချစ်သူအဖြစ်တွဲ တာ အကောင်းဆုံးပါပဲ ။ ဘာလို ့ဒီစကား ဆိုရသလဲ ဆိုရင် ကျွန်တော် တို  ့  ယောက်ျားတွေ ဟာ နာမည်ကြီး မိန်းမ တော်တော် များများ ကို ပတ်ဝန်းကျင်မှာ တွေ ့ဖူးကြမှာပါ ။ ပွေတယ် ရှုပ်တယ် ဆိုတဲ့ မိန်းကလေး မျိုးတွေ ကို ပေါ့နော် ။ အဲဒီလိုမျိုးကို ဘယ်ယောက်ျားလေး မှ အတည်မယူချင် လက်မထပ်ချင်ကြပါ ။ အပျော်သဘော နဲ ့တွဲ တာ မျိုး ၊ လက်တဲ့ စမ်းတာမျိုး ပဲ ရှိကြပါတယ် ။ ထို ့အတူ ပွေတယ် ရှုပ်တယ် ဆိုတဲ့ ယောက်ျားမျိုး ကို ကော ဘယ်မိန်းကလေး က အတည်ချစ်ချင်မှာ မဟုတ်ပါဘူး ။ ( ကိုယ်ချင်းစာ စရာလေး ပါ )  တစ်ခုရှိတာက တစ်ကယ်ချစ်မိသွားကြလို ့သည်းခံ ခွင့်လွှတ်ပေးနိုင်ရင်တော့ တစ်မျိုးပေါ့ ။ နောက်ပြီး ယောက်ျားတွေ ရဲ  ့အတွေး မှာ ရှိနေတာ တစ်ခု က

“ ကိုယ် က လုပ်ကိုင်ကျွေးနိုင်ရင် ဖြစ်တယ် ” ဆို တဲ့ ဟာပါပဲ ။ အချို  ့ဆို ရင် ဝင်ငွေ တော်တော်ကောင်း ကြပါတယ် ။ ချမ်းသာကြွယ်ဝ စားနိုင်သောက်နိုင် ကြပါတယ် ။ ထိုအခါ ကံဆိုးရသူ မှာ အဆိုပါ ယောက်ျားများ ရဲ  ့စကားကို ယုံမိသူ မိန်းကလေး တွေ ပါ ပဲ ။ ( ကေတီဗီ တို ့မာဆတ် တို ့က မိန်းကလေး များ ကို မဆိုလို ပါ ) ။ ဒီနေ ရာ မှာ ကေတီဗီ တို ့မာဆတ် တို ့က မိန်းကလေး များကို မဆိုလို ပါ လို ့ဆိုရတာက သူတို ့ကို ပရော်ဖက်ရှင်နယ် အဖြစ် သဘောထားလို ့ပါ ။ သဘောထားချင်လောက်အောင် လည်း ၁၀ဝ မှာ ၉၅ လောက် က ဖြစ်နေတာပါပဲ ။

ယောက်ျားတွေ ချစ်သူရည်းစား ရပြီ ဆိုရင် ဘာဆက်လုပ်ကြမလဲ ။( ကုလားကား တွေ ထဲ မှာ တော့ ချစ်သူတွေ ဖြစ်ပြီ ဆိုရင် သီချင်းတွေ ဖွင့်ပြီး ကကြတော့တာပါပဲ )  ချစ်စကား ကြိုက်စကား ပြောရုံတင် မက တော့ပါဘူး ။ နဲနဲ အခန်းကဏ္ဍလေးတွေ ကျယ်ပြန် ့လာပါပြီ ။ ရပိုင်ခွင့် လုပ်ပိုင်ခွင့် လို ့အထင်မှတ် မှား နေတဲ့ ကိစ္စတွေ ပါလာပါပြီ ။ ပထမ ဦးစွာ ဘုရား အတူ သွားဖူးရင် ဖူးကြမယ် ။ ရုပ်ရှင်ရုံ မှာ ၂ ယောက် အတူ ကြည့်ကြမယ် ။ ပန်းခြံ တွေ ကစားကွင်း တွေ သွားကြမယ် ။ ပန်းခြံ တို ့ကစားကွင်းတို ့ရောက်ပါပြီ တဲ့ ။ လူစည်ကား တဲ့ နေရာမျိုးမှာ ဘယ်ယောက်ျားလေး မှ ဘယ်မိန်းကလေး မှ အတူ တွဲ ထိုင်ချင် ကြ မှာ မဟုတ်ပါဘူး ။ လူရှင်းတဲ့ လူပြတ်တဲ့ ချောင်ကောင်းတဲ့ နေရာမျိုးမှာ သွားထိုင်ဖြစ်ကြမှာပါ ။ အဲဒါ က နေ ဆက်ဖြစ်လာမှာ က လက်ကလေး ကိုင်ပြီး ချစ်စကားလေးတွေ ၊ ဘယ်လိုချစ်ကြောင်း ၊ ဘယ်လောက်ချစ်ကြောင်း တီတီတာတာ တိုးတိုးတိတ်တိတ် ပြောကြမှာပါ ။ အင်း အဲဒါ က နေ kissing တို ့ဘာတို ့ပါလာ မှာပေါ့နော် ။ kissing ဟာ ၊ စ သူ ယောက်ျား ကိုရော လက်ခံသူ မိန်းမ ကိုပါ လိင်စိတ်များ နိုးကြား တက်ကြွ လာစေ တယ် လို ့သိရပါတယ် ( ဟုတ်မဟုတ် ကို အသေးစိတ် သိရှိသူ ရွာသူ ရွာသား အပေါင်းမှ ဆက်လက် တင်ဆက်ပေးမယ်လို ့မျှော်လင့်မိပါတယ် ) kissing အပြီး မှာ စိတ်ထိန်း နိုင်သူ ယောက်ျား များ က တော့ ပြန်ကြ ၊ လမ်းခွဲ ကြ တာပေါ့ ။ စိတ်မထိန်းနိုင်သူ ယောက်ျားများ က တော့ နေရာ ရွှေ  ့ပါပြီ ။

( သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် အလုပ် ရှိပါသေးသဖြင့် ဒီမှာတင် ရပ်နားပြီး ပြန်ပါပြီ ။ စိတ်ဝင်စား သူများရှိပါက ကျွန်တော် သိထားသော အကြောင်းအရာ များကို အငှားခံစားပြီး ဆက်လက် ရေးတင်ပါဦးမယ် ။ အားလုံးကို ကျေးဇူးတင်ပါတယ် )

 

13 comments

  • kai

    July 12, 2011 at 2:47 pm

    အနောက်တိုင်းမှာ ထိပ်ဆုံးပြေးနေတဲ့ယူအက်စ်မှာ ..အာရှမှာထိပ်ဆုံးပြေးနေတဲ့ ဂျပန်မှာ… လိင်ကိစ္စကို ကလေးအရွယ်ကထဲက ကျောင်းမှာသင်ပေးနေပြီ..။
    လူ့သဘာဝကို ဆန့်ကျင်ခိုင်းပြီး.. ရည်းစားမထားရ..။ လိင်ကိစ္စမလုပ်ရ.. တကိုယ်ရေလည်း မဖျော်ဖြေရ မဟုတ်ပါဘူး..
    လုပ်ကြ..လုပ်ကြ..
    ဒါတွေလုပ်ရင်..ဒါတွေဒီလိုဖြစ်တယ်..။ ဒါတွေမဖြစ်အောင် ဒီလိုကာကွယ်ရတယ်..။ ဖြစ်လာပြီဆိုရင်လည်း ဒီလိုလုပ်ရတယ်… ဆိုတာမျိူးပဲ..။

    မြန်မာပြည်က… ဘာသာရေးအနှောင်အဖွဲ ့တွေနဲ့.. အရမ်းကွန်ဆာဗေးတစ်ဖြစ်လွန်းနေတယ် ယူဆမိတယ်..။
    ဘုရားဟောနဲ့ မညီဘူး..။ အစွန်းရောက်လွန်းနေတယ်..။

    ဆိုတော့….

  • nozomi

    July 12, 2011 at 3:43 pm

    ကိုရီးယားကားထက်တောင် ကြော်ငြာဝင်နေပါလား ကျော်အောင်ညာတာလား တကယ်ကိုအတွေ့အကြုံမရှိတာလား 🙂

    sex education ကတော့ လူငယ် ဘဝကတဲက လူတိုင်းသိသင့်တဲ့ကိစ္စပါ စာအုပ်တွေလဲ ဖတ်ဖြစ်တယ် သား သမီးတွေကိုရှင်းပြဘို့ ဝယ်လဲသိမ်းထားတယ် ဒါပေမဲ့ တကယ်ရှင်းပြမယ်ဆိုတော့ တော်တော်ကို ခက်တဲ့ကိစ္စပဲ စကားလုံးရွေးရတာ အဓိကပြသနာ

    လူတွေကြားမှာ ပြောပါ ရေးပါများလာရင်တော့ လူတွေနဲ့သိပ်မစိမ်းတော့ဘဲ ပညာပေးဘို့ကိစ္စအများစုကလက်ခံလာမယ်ထင်တယ် နောက်လဲ များများရေးပေးပါ ငါတွေ့ပဲဖြစ်ဖြစ် စာတွေ့ပဲဖြစ်ဖြစ်ပေ့ါ

  • mzm

    July 12, 2011 at 4:00 pm

    ဘာတွေရေးထားတာလဲမသိဘူး……..သားသားကရှက်တတ်တယ်နော်

  • naywoonni

    July 12, 2011 at 4:24 pm

    မြန်မာပြည်က… ဘာသာရေးအနှောင်အဖွဲ ့တွေနဲ့.. အရမ်းကွန်ဆာဗေးတစ်ဖြစ်လွန်းနေတယ် ယူဆမိတယ်..။ ) အဲဒိလိုကြောင့် မဟုတ်ရပါဘူး..။ တို့ဗမာ အယူအဆက ” ငါလုပ်တာအမှန်..။ ငါကအကြီး ငါပြောတာနာခံ ငါပြောသလိုပဲလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ အမိန့်နဲ့..။ တံခါးပိတ်ထားခဲ့တဲ့ တံခါးပိတ်ဝါဒ ကြောင့်သာဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်..။ ခုမှရာသီဥတုလေး ပွင့်လာတာနှစ်ပိုင်းလေးပဲ ရှိပါသေးတယ်..။ ကျွွန်တော်ကတော့ သင်စရာရှိတာတွေ အရက်သမားဘဝ ဆယ့်လေးငါး နှစ်အတွင်း သင်ယူခဲ့ပြီးပါပြီ..။ ဒါကြောင့် မဆုံးတဲ့သီချင်း ဆိုပြီး ဖြန့်ဝေပေးနေတာပါ..။

  • forever

    July 12, 2011 at 7:38 pm

    ကောင်းတယ် ကိုတော်ကာရယ်
    ဒီခေတ်မှာ ဒါမျိုးတွေ ကိုပွင်.ပွင်.လင်းလင်း
    သားအဖချင်းသားအမိချင်း တိုးတိုးတိတ်တိ်တ် ဆွေးနွေးသင်.တဲ.အခါဘဲ
    အဲဒီလိုဆွေးနွေးနိင်ဘို. ဖခင်တွေ မိခင်တွေ အရင်သိထား နားလည်သဘောပေါက်အောင်
    များများဆွေးနွေးသင်.ပါတယ်
    ရှက်စရာမဟုတ်တဲ.ကိစ္စကိုရှက်ရင်း ဒုက္ခနဲ.ဇတ်သိမ်းရတာ ကျွန်တော်တို.ခေတ်မှာမရှိရအောင်
    ကိုတော်ကာရေ ဆက်ရေးပါအုံးတောင်းဆိုပါတယ်

  • ရွှေဘိုသား

    July 12, 2011 at 8:19 pm

    ဒီကစ္စတွေကို ရှက်စရာအဖြစ်ထင်နေရင် ကိုယ်ပဲဒုက္ခရောက်မှာ သေချာပါတယ်

  • padonmar

    July 12, 2011 at 9:15 pm

    ကိုပေရေးမှ မိန်းကလေးတွေကိုသာမက ယောကျင်္ားလေးတွေကိုလည်း ပညာပေးဘို့ နောက်မကျသင့်တာမြင်လာပါတယ်။
    ဒေါ်မိုးသီတာစိုးရေးသလို ကျောင်းတွေမှာ sex education ကို ၅တန်းလောက်ကစ သင်ပေးသင့်ပါပြီ။
    တားမရတော့တဲ့ အတူတူ စံနစ်တကျ ပွင့်ပွင့်လင်းလင်း မသင်ဘဲ ထားလေ စိတ်ထင်နဲ့ လက်တဲ့စမ်းကြလေဖြစ်မှာပါဘဲ။

  • မင်းပြည့်ရှိန်

    July 12, 2011 at 10:10 pm

    ဒါဟာ..ဒါဟာ… လူ့စိတ်ခံစားမှု…. မျိုးဆက်ပြန့်ပွါးမှု…. ဘဝတည်ငြိမ်မှု…. စတာတွေ အတွက်
    အရေးကြီးလှပေသမို့…
    ဟုတ်ပါတယ်ဗျာ.. ကျန်းမာရေး…လူမှုရေး… ဘဝတိုးတက်ရေးတို့အတွက်… အရေးပါသော ကိစ္စဖြစ်တာမို့လည်း… ပညာပေးသင့်လှပါတယ်.. ဒါကြောင့်
    ခုပဲ…
    သားငယ်တို့ နားလည်ဖို့…
    သမီးငယ်တို့ အသိကြွယ်ဖို့….. ဆိုပြီးတော့ပဲ…. လုပ်လိုက်ပါတော့ဗျာ…

    ရွာသူ….ရွာသားတို့… အတွက်….. ချစ်ခြင်းအနုပညာ…ပညာပေး ဆိုလည်း ကောင်းပါလေရဲ့…

    အဲ..ရွာသူား တွေ ပါလာရင်တော့…ကိုယ့်ဟာကိုယ် ကြည့်ရှင်းကြပေါ့နော်….

  • ကောင်းမြတ်သူ

    July 13, 2011 at 1:08 am

    ၁၃နှစ်၊ ၁၄နှစ်အရွယ်ဆို sex နဲ့ပတ်သက်လို့ ဆရာမိဘများက သွန်သင်သင့်တယ်။ အချိန်မပေးနိုင်လို့ သင်မပေးဖြစ်ရင် မဖြစ်မနေကျမှ အချိန်နဲ့ သိက္ခာပါပေးရနိုင်တယ်….
    တစ်ချို့ သားရှင်များက ငါကသားမွေးထားတာ ကိစ္စမရှိဘူးလို့ ထင်တတ်ကြတယ်………..
    အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ့်သားက ယူမိလို့ပြသနာဖြစ်ရင် ဖြေရှင်းဖို့မလွယ်ဘူး ဆိုတာ မသိကြဘူး။
    အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများကို sex education လုပ်ပေးသင့်တယ်။
    sex education တွင် ဥပဒေပညာရှင်များနှင့်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကြီးမှူး၍ ကျောင်းများတွင် ဟောပြောပွဲများ ပြုလုပ်ပေးသင့်တယ်……….

  • ကြောင်ကြီး

    July 13, 2011 at 7:49 am

    ဆယ်ကျော်သက်တွေကို လိင်ပညာပေးလုပ်တာ ထောက်ခံပါတယ်။ ပူးတွဲလုပ်သင့်တာ အရွယ်မတိုင်ခင် (ဥပမာ အထက်တန်းမအောင်ခင်) လူကြီးများကို အတုသင်အတတ်သင် လိုက်လုပ်ခြင်းအားဖြင့် ဘဝတိုးတက်မှု၊ စိတ်ပိုင်းရုပ်ပိုင်း ကြီးထွားဖွံ့ဖြိုးမှုများ နှောင့်နှေးရပ်တန့်သွားနိုင်ခြင်းကိုပါ ထိထိရောက်ရောက် သင်ကြားသင့်ပါတယ်။ ကိုယ်ဝန်မရှိသိတိုင်အောင် စိတ်ပိုင်းဆိုင်ရာအရ ခလေးကိုယ်နဲ့လူကြီးစိတ်ဝင်သွားတဲ့ မနိုင်ဝန်ထမ်းခြင်း ဆိုးကျိုးမျိုးပါ။ ကျနော်စိတ်စွဲနေတာ အရွယ်မတိုင်ခင် ဥပမာ ဂျူနီယာ ဆယ်ကျော်သက် ၁၃-၁၆ နှစ်လောက်မှာ လိင်ဆက်ဆံခဲ့ရင် ကြီးလာတဲ့အခါ ညှက်သွာတာများလားလို့။ အသိတွေထဲမှာ အမျာအပြား တွေ့ဖူးလို့ပါ။ ဆရာဝန်များ သိရင် ဟုတ်မဟုတ် ပြောပေးပါအုံး… ချမ်းသာတဲ့တိုင်းပြည်တွေမှာတော့ အစား၊ ဆေးဝါး၊ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် မသိသာဘူးနဲ့တူတယ်။
    လိင်ကိစ္စပွင့်လင်းလာတာ ရုပ်ဝတ္ထုများတိုးတက်လာခြင်း သင်္ကေတဖြစ်ပါတယ်။မြန်မာပြည်လည်း ချမ်းသာတိုးတက်လာတဲ့တချိန်ကျ ဒီကိစ္စများ တားမရ ဖြစ်ကိုလာမှာပါ။ တခုသတိပြုရမှာ ဝမရှိဘဲဝိမလုပ်ရန် ဖြစ်ပါတယ်။ အနောက်နိုင်ငံများ၊ ဂျပန်စတာတွေမှာ ဆယ်ကျော်သက် လိင်ဆက်ဆံခြင်း သိသိသာသာမြင့်တက်လာပေမဲ့ သူတို့ဆီမှာလို လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အခွင့်အလမ်းများ မရှိဘဲ လိုက်မတုဖို့ပါ။ သူတို့တွေရဲ့ ကြိုးစားခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ တရာဥပဒေစိုးမိုးခြင်း၊ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်း စတာတွေကြောင့် ရုပ်ဝတ္ထုတိုးတက်လာခြင်းမရှိဘဲ ဝယ်ယူသုံးစွဲ၊ ရုပ်မြင်သံကြား၊ ဗွီဒီယိုတွေကတဆင့် မြင်ကြားသိပြီး လိုက်တုတာမျိုးဆိုရင်တော့ ဗိုလ်ချုပ်ပြောတဲ့ဖာတိုင်းပြည် ဖြစ်သွားပါလိမ့်မယ်။

  • photwenty

    July 13, 2011 at 11:19 am

    အခုနောက်ပိုင်း ဆယ်ကျော်သက်အများစု က အတုမြင်အတတ်သင် ဆိုတဲ.နေရာမှာ ကောင်းတဲ.အပိုင်းကလွဲရင် မကောင်းတဲ.အပိုင်းတော်တော်များများမှာ တုလွယ်တတ်လွယ်ကြပါတယ်။ ကြီးတဲ.သူကသင်ပေးရင်တောင် မကောင်းတဲ.အပိုင်းဆိုပိုပြီးသင်ချင်ကြပါတယ် ဒီနေရာမှာ ဆေးပညာသဘောအရ သိချင်တာလေးမေးချင်လို.ပါ။ တကယ်လို. ဆယ်ကျော်သက်အရွယ်မှာ လိင်ဆက်ဆံရင် အဲ အများစုက မိန်းခလေးဘက်ကပေါ. သူတို.တွေမှာ ခန္ဓာကိုယ် ဖွင်.ဖြိုးမှုအားနည်းသွားတယ် ဆိုတာဟုတ်ပါသလား ခင်ဗျာ
    ဒေါက်တာ မိုးသီတာစိုးများရှိခဲ.မယ်ဆိုရင်ဖြေကြားပေးပါလို. တောင်းပန်အပ်ပါတယ်။။။။

  • Shwe Tike Soe

    July 13, 2011 at 11:26 am

    လူကြီးပဲ ဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် စမ်းတာပဲဖြစ်ဖြစ် တကယ်လုပ်တာပဲဖြစ်ဖြစ်
    ကိုယ်လုပ်ချင်တာလုပ်လို.ရတယ် ဒါပေမယ့် ကိုယ်ဖြစ်ကိုခံ ကိုယ့်တာဝန်ကိုယ်ယူရင် အားလုံးအိုကေတယ်…

  • fatty

    July 13, 2011 at 1:39 pm

    သူငယ်ချင်းထဲကတစ်ယောက် … ဆွေမျိုးထဲကတစ်ယောက် ဂျပန်ကပြန်လာပြီး
    ဖြုတ်ကနဲဖြုတ်ကနဲ အေ ကိုက်ပြီး သေကုန်ကြတာတွေ့ရပါတယ်။ ဒီလောက်တိုးတက်နေတဲ့ဂျပန်မှာ
    ဘယ်လိုနေရာတွေကိုများသွားခဲ့ကြလို့လဲ ………..။

Leave a Reply