ပြောရဦးမယ်

လူတိုင်းက အကြွေကိစ္စတွေပဲပြောနေလို့ ၅၀၀၀တန်လည်း ပြဿနာရှိတယ်ဆိုတာ ပြောရဦးမယ်

ဟိုတလောက Victoria မှာဈေးသွားဝယ်တာ
ကောင်တာမှာငွေရှင်းတော့ ၅၀၀၀တန်ပေးလိုက်တာ
အရမ်းနွမ်းနေတဲ့အရွက်လေးပေါ့

အရမ်းနွမ်းတယ်ဆိုပေသည့် ၁၀၀တန် ၂၀၀တန်အနေနဲ့ဆိုရင် ခပ်လတ်လတ်အစားထဲ ပါပါတယ်

ဒါပေမယ့် မယူဘူး၊ ပြန်လဲခိုင်းတယ်လေ
ကျွန်မလည်းမေးတာပေါ့၊ ဘာလို့မယူတာလဲ၊ဒါလည်းပိုက်ဆံပဲဟာ၊ ပြဲစုတ်ရာလည်းပါတာမဟုတ်၊ တိတ်ကပ်ရာလည်း ပါတာမဟုတ် ဆိုတော့

ကောင်တာက၀န်ထမ်းက ပြန်ပြောတယ်၊ သူတို့သူဌေးက မယူဘူးတဲ့၊ သူတို့လည်း အရင်က အဲလို၅၀၀၀တန်နွမ်းတာကို လက္ခံမိလို့ အိပ်ထဲကစိုက်ပေးလိုက်ရတယ်တဲ့၊ ၂ခါ၃ခါရှိပြီတဲ့၊ အဲဒါကြောင့်မယူတာတဲ့

ကောင်းပါလေရော….

အဲဒါနဲ့ ၅၀၀၀တန်အသစ်ကျပ်ချွတ်တစ်ရွက်နဲ့ ပြန်လဲပေးလိုက်ရတယ် (၁၀၀၀တန်ကုန်သွားလို့ :( )

အိမ်ရောက်တော့ အဖေ့ကိုပြန်ပြောပြလိုက်တယ်

အရမ်းနှမြောတယ်လို့၊ သုံးလို့မရရင် ဒုက္ခပဲလေ၊ ၅၀၀၀ကြီးများတောင်

အဖေက သုံးလို့ရပါတယ်ပြောလို့ အိမ်နားကဖုန်းဆိုင်မှာ အဲ့ပိုက်ဆံနဲ့ Pre-paid သွားဝယ်လိုက်တယ်

တော်သေးတယ်၊ရလို့  :D

နောက်နေ့ ရုံးမှာ သူငယ်ချင်းတွေကိုပြောပြတော့ သူတို့ပြန်ပြောမှ သူတို့ကြုံတာမှ ပိုဆိုးနေသေးတယ်

တစ်ယောက်ကဆို ၅၀၀၀တန်ပေးတာ ဆိုင်ရှင်က ပိုက်ဆံကို အပေါ်ထောင်ကြည့်လိုက်၊ ငုံကြည့်လိုက်နဲ့ အကြာကြီး စစ်ဆေးနေတာတဲ့၊ အတုများထင်နေလို့လားမသိဘူး

တချို့ဆို ခေါက်ထားရင်မယူချင်ကြဘူးတဲ့

အကြွေအပြဲအစုတ်တွေနဲ့ ယှဉ်ရင် “၅၀၀၀တန်ကိုသာ ပိုက်ဆံဟုခေါ်သည်” လို့ဆိုရမလောက်ပဲ

သူက ပိုက်ဆံပီသတာကိုး………  :D

အံ့ရော….အံ့ရော…….

 

About panpan

chit has written 61 post in this Website..