Nargis Cyclone ဒဏ်ခံခဲ့ရတဲ့ ၂နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ရသန်းသော ဧရာဝတီသားတွေ အတွက် တာဝန်ကျေခဲ့တဲ့ Delta United

parparaziMay 5, 20101min704

Nargis Cyclone ဒဏ်ခံခဲ့ရတဲ့ ၂နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ရသန်းသော ဧရာဝတီသားတွေ အတွက် တာဝန်ကျေခဲ့တဲ့ Delta United

Delta 2-1 Yangon

မြန်မာ နေရှင်နယ်လိဂ် ကလပ် အသင်း တစ်သင်း ဖြစ်သည့် ရန်ကုန် ယူနိုက်တက် အသင်းသည် အသင်း၏ နည်းပြချုပ် ဖြစ်သူ ပီတာ ဘတ္တလာအား တာဝန်မှ ရပ်ဆဲ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အသင်း အနေဖြင့် အောင်မြင်မှုများ ရရှိစေရန် အဘက်ဘက်မှ ပံ့ပိုး ပေးမှုများ ပြုလုပ် ခဲ့သော်လည်း ဘတ္တလာမှာ ရလဒ်ကောင်းများ ရရှိစေရန် စွမ်းဆောင် နိုင်ခြင်း မရှိ၍ ယခုကဲ့သို့ နည်းပြ အဖြစ်မှ ထုတ်ပယ် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အသင်းပိုင် ဝက်ဘ်ဆိုက်၏ ဖော်ပြချက် အရ ပီတာ ဘတ္တလာ အနေဖြင့် လစာအဖြစ် အမေရိကန် ဒေါ်လာ ၈၀၀ဝ ခံစားခွင့် ရရှိထားသူ ဖြစ်ပြီး နေထိုင်ရန် အတွက် တစ်လ ဒေါ်လာ ၂၀၀ဝ တန် ဝန်ဆောင်မှု အပြည့် အခန်းတစ်ခန်း၊ သွားလာမှု လွယ်ကူစေရန် Land Cruiser ကားတစ်စီး၊ တစ်နှစ် ၂ကြိမ် အင်္ဂလန်သို့ သွားနိုင်ရန် လေယာဉ် ခရီးစရိတ်၊ ပြည်တွင်း ခရီးစဉ်များ အားလုံး၏ ခရီးစရိတ်များအား အသင်းဘက်မှ တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်ဟု သိရသည်။ ထို့ပြင် တစ်ပွဲ အနိုင်ရလျှင် အပိုဆုကြေး အဖြစ် ဒေါ်လာ ၁၈၀ဝခန့် ပေးခဲ့သည်ဟုလည်း သိရသည်။

အသင်းအနေဖြင့် ဘတ္တလာအား တာဝန်ရမှ ရပ်ဆဲလိုက်ပြီ ဖြစ်သော်လည်း ၎င်း၏ စာချုပ် သက်တမ်းအရ ကျန်ရှိ နေသေးသည့် လစာများအား ရှင်းလင်းပေးမည် ဖြစ်ကြောင်း သိရပြီး အသစ် ခေါ်ယူ ထားသည့် ဘရာဇီးလ် တိုက်စစ်မှူး ဂျူလီယို ကိုလည်း အသင်းမှ ထုတ်ပယ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ဂျူလီယိုသည် ရန်ကုန် အသင်းက ဈေးကြီးပေး ခေါ်ယူ ထားသည့် ကစားသမား ဖြစ်ပြီး အကြောင်း အမျိုးမျိုး ပြကာ ပွဲထွက် ကစားမှု မပြုသဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး အသင်း၏ လစာ အများဆုံး ခံစားခွင့် ရရှိနေသည့် တိုက်စစ်မှူး အဲရစ် ဆက်ကီကိုလည်း ယခုထက် ပိုမို ကြိုးစား ကစားရန် သတိပေး ခဲ့သည်ဟု သိရသည်။

ထို့ပြင် အသင်း တာဝန် ရှိသူများ အနေဖြင့် အသင်း၏ ဒုတိယ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် ကစားသမား များ အားလုံးအား ပရိသတ်များ အတွက် ပေးဆပ် ကစားကြရန်နှင့် နိုင်လိုစိတ် မပါဘဲ ကစားမည် ဆိုပါက မည်သူမဆို ရာသီဝက် အပြောင်းအရွှေ့ ကာလတွင် ထုတ်ပယ် ခံရမည် ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု သိရသည်။

တစ်ဆက်တည်းတွင် လက်ရှိ အသင်းခေါင်းဆောင် ဖြစ်သူ မျိုးမင်းထွန်း ကိုလည်း အသင်းအား မောင်းနှင် နိုင်ခြင်း မရှိသဖြင့် အသင်းခေါင်းဆောင် တာဝန်မှ ခေတ္တ ရပ်ဆဲထားပြီး အသင်းခေါင်းဆောင် အဖြစ် နောက်ခံလူ နိုင်ငံခြားသား ကစားသမား ဟန်ဆန်အား ယာယီ တာဝန် ပေးခဲ့သည်ဟု သိရသည်။ ဒုတိယ ခေါင်းဆောင် အဖြစ်မူ အခြား နောက်ခံလူ တစ်ဦးဖြစ်သူ ဌေးအောင်အား တာဝန် ပေးအပ် ထားသည်။

Source : Soccer Myanmar

4 comments

  • zinkokothant

    May 5, 2010 at 11:16 am

    ကောင်းလိုက်တဲ့သတင်းတွေဗျာ……..အဲဒါမျိုးဖြစ်သင့်တာကြာပြီ

  • laypyay

    May 5, 2010 at 3:18 pm

    ရန်ကုန်ကြီးကတော့ ဖြစ်ချင်ရာဖြစ်ပေ့ါဗျာ ဒယ်တာ နိုုင်တော့ ဝမ်းသာလိုက်တာ .. အဟိ။

  • snoopy88

    May 6, 2010 at 5:43 am

    ဘယ်သူနိူင်နိူင် ရန်ကုန်ရူံးရင်ကျေနပ်တယ် ။ပျော်တယ်။

  • susunosuki

    May 6, 2010 at 7:15 am

    ပြောင်းတာရွှေ့တာတွေများလိုက်တာနော်
    ကောင်းသောပြောင်းလဲမှု့ဖြစ်သင့်တယ်
    မပြိုင်အဆိုင်များလာတာကောင်းပါတယ်

Leave a Reply