ငွေအကြွေ လွယ်ကူစွာ လဲလှယ်နိုင်ပြီ။

Ma MaJuly 12, 20111min31516

ငွေအကြွေ ပြဿနာ ဖြစ်နေသူတွေအတွက် သတင်းကောင်းလေးတစ်ပုဒ် မျှဝေလိုက်ပါတယ်။ ဗဟိုဘဏ်မှာ လုပ်ငန်းရှင်တွေအတွက် ငွေအကြွေတွေ လဲလှယ်ပေးနေပါပြီ။ အားလုံးကို စိတ်ဝင်စားစေမှာကတော့ လ္ဘက်ရည်ဖိုး လုံးဝပေးစရာမလိုပဲ လွယ်လွယ်ကူကူ လဲလှယ်ပေးနေတာဖြစ်ပါတယ်။ ဘဏ်ကို ငွေစက္ကူလဲလှယ်လိုကြောင်း လျှောက်လွှာနှင့် လုပ်ငန်းလိုင်စင်မိတ္တူ ပေးရပါတယ်။ လုပ်ငန်းရှင်ကိုယ်တိုင် မှတ်ပုံတင်နှင့် သွားရပါတယ်။ လုပ်ငန်းလိုင်စင်အလိုက် ဘဏ်က သင့်တော်သလောက် လဲလှယ်ပေးပါတယ်။ လုပ်ငန်းရှင်ကိုယ်တိုင် မသွားနိုင်ရင်တော့ ကိုယ်စားလှယ်လွှဲစာနှင့် လွှတ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်သွားသူနဲ့ ကိုယ်စားလှယ်လွှတ်သူကို လဲလှယ်ပေးတဲ့ ငွေပမာဏခြင်း မတူပါဘူး။ ကိုယ်တိုင်သွားသူကို ပမာဏပိုမို လဲလှယ်ပေးပါတယ်။ ပထမဦးဆုံးအကြိမ်မှာ လုပ်ငန်းလိုင်စင်မူရင်း ယူသွားပြဖို့ လိုပါတယ်။ နောက်အကြိမ်တွေကျရင်တော့ မလိုတော့ပါဘူး။ လက်လီဆိုင်လိုမျိုး၊ လ္ဘက်ရည်ဆိုင်လိုမျိုးဆိုရင် ပမာဏများများ လဲလှယ်ပေးပါတယ်။ တစ်လကို တစ်ခါ လဲလှယ်နိုင်ပါတယ်။ တံတားဖြတ်သန်းခ ကောက်ခံသူတွေထံမှ ပြန်အမ်းတဲ့ ငွေအကြွေတွေဟာ အရင်လို ဟောင်းနွမ်းစုတ်ပြတ်မနေပဲ အတော်အသင့် ကောင်းမွန်လာတာမို့ ထူးဆန်းနေရာက ခုလို ငွေအကြွေတွေကို ဗဟိုဘဏ်က လဲလှယ်ပေးနေကြောင်း ကြားသိရ၍ ရွာသူရွာသားတွေကို လက်တို့လိုက်ပါတယ်။ သမ္မတအသစ်လက်ထက်မှာ ပြည်သူလူထုရဲ့ အသံကို နားထောင်တယ်ဆိုတဲ့ သက်သေလည်း ဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ လူတိုင်းကြုံတွေ့နေကြရတဲ့ ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးတဲ့လုပ်ရပ်ဖြစ်ပြီး ကောင်းတဲ့ပြောင်းလဲခြင်းမို့ ကြိုဆိုလိုက်ပါတယ်။

16 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 12, 2011 at 9:41 pm

    ဒီသတင်းအမှန်ဆိုရင်တော့ကြိုဆိုပါတယ်ဗျာ
    ဒါကြောင့် ရွာသူရွာသားလိင်တူချစ်သူများအနေနဲ့
    အမြင်မတော်တာတွေကို
    မသင့်တော်တာတွေကို
    သတင်းသဘောအဖြစ်ဖြင့်
    အမှန်တိုင်း
    အရှိတိုင်း
    ဓာတ်ပုံလေးတွေရိုက်ပြီး အက်ဆေးလေးရေးပြီး
    ( သဂျီးအလုပ်များနေလို့ဝင်ဖောလ်းတာ အက်ဆေးဆိုတာဘာမှန်းတိဝူး )
    သတင်းတွေတင်ကြဘို့တိုက်တွန်းပါတယ်
    ပြီးရင် အကောင်းဆုံး သတင်းဓာတ်ပုံဆုတွေကိုလည်း
    ပေးဦးမှာပါ
    ( ဟုတ်တာမဟုတ်တာအသာထား မိုက်ကလိုဖုန်းရတုန်းလေးပြောရတာ )
    ဆုတွေပေးမှာနော်
    မှတ်ချက်။ ။ ပြောပြီး ထွက်ပြေးလေသတည်း

  • weiwei

    July 12, 2011 at 9:43 pm

    အခု စီးတီးမတ်မှာ ငွေအကြွေအစုတ်တွေကို လက်မခံတော့ဘူး … သူတို့ကလဲ အသစ်တွေပဲ အမ်းတယ် …

  • padonmar

    July 12, 2011 at 9:53 pm

    အကြွေသစ်လဲပေးတာက အမှတ်စဉ်၁
    ပင်စင်လစာတိုးတာက အမှတ်စဉ် ၂
    export tax 10% to 7% လျှော့ချပေးတာက အမှတ်စဉ် ၃
    အစိုးရသစ်ရဲ့ ပျားရည်စက်ကလေးများပါ
    များသထက်များလာပါစေ။မြန်သထက်မြန်လာပါစေ။
    ကြိုဆိုပါတယ်။
    ပြည်သူ့ အသံနားထောင်လာတဲ့ လက္ခဏာပါ။

  • ဆူး

    July 12, 2011 at 10:22 pm

    အခုတလော ပိုက်ဆံ အသစ် အလတ် ကလေးတွေ မြင်နေရတာ နည်းနည်း စိပ်လာတာတော့ အမှန်ပဲ.. ကောင်းလေစွ.. ကောင်းလေစွ.. ကောင်းလေစွ…

  • bigbird

    July 12, 2011 at 10:22 pm

    ဒီလောက်လေးရတာကိုပဲ ပျားရည်စက်လို့ထင်နေရတဲ့ကျနော်တို့လူမျိုးတွေရဲ့ဘဝက တစ်ခြားနိုင်ငံသားတွေသာသိရင် တော်တော်သနားစရာကောင်းနေမှာပဲနော်…

  • nature

    July 12, 2011 at 10:38 pm

    ပြည်သူတွေရဲ့ အခက်အခဲကို ယခင်လို လေနဲ့ သတင်းစာထဲကရှင်းတာမဟုတ်ပဲ လက်တွေ့ကျကျ ဖြေရှင်းပြလိုက်တာ ချီးကြူးလေးစားမိပါတယ်။ မြန်မာနိုင်ငံမှာ ၅ဝကျပ်၊၁၀ဝကျပ်ဆိုတာ အခြေခံလူတန်းစားအတွက် (neglectable amount)လစ်လျှူရှုလို့ မရတဲ့ အခက်အခဲတခု တခုပါ။ ဒါလေး ပြေလည်သွားတဲ့အတွက် ဝမ်းသာပါတယ်။

  • naywoonni

    July 12, 2011 at 10:47 pm

    တစ်ကယ်လား အဟုတ်ပဲလား ဗဟိုဘဏ်အထိ ကိုယ်တိုင်သွားရမယ်..။ လုပ်ငန်းလိုင်စင်ပြရမယ်ဆိုတော့ လိုင်စင်မရှိတဲ့ လုပ်ငန်းရှင်ပေါက်စ တွေ အခက်ပဲ..။ လိုင်စင်ရဖို့ အတွက် ဟင်းးးးးးးး။။ ပြီးတော့ လမ်းစရိတ် စားစရိတ်.. အင်း အဲဒါတွေတွက် ..။ ပြီးတော့ ဘယ်လောက်စောင့်ရမလဲ..။ ဟင်းးးး ဖြစ်သေးပါဘူး..။

    • MaMa

      July 13, 2011 at 8:18 am

      (လုပ်ငန်းလိုင်စင်ပြရမယ်ဆိုတော့ လိုင်စင်မရှိတဲ့ လုပ်ငန်းရှင်ပေါက်စ တွေ အခက်ပဲ..)
      ဆိုင်တစ်ဆိုင် ဖွင့်တော့မယ်ဆိုတာနဲ့ စည်ပင်လိုင်စင် မရှိလို့ကို မရပါဘူး။ အဲဒီလိုင်စင်နဲ့ သွားရင်ရပါတယ်။ နယ်မြို့တွေမှာတော့ ဘယ်လိုလဲ မသိပေမယ့် ရန်ကုန်မှာဆိုရင်တော့ ငွေလဲပေးတဲ့ ပမာဏက သွားရကျိုးနပ်ပါတယ်။ လမ်းဘေးဈေးသည်တွေကိုတော့ ဘယ်လို လုပ်ပေးသလဲ မသိပါဘူး။

      • pan pan

        July 13, 2011 at 9:25 am

        ဗဟိုဘဏ်ကြီးက ရန်ကင်းမှာမရှိတော့ဘူးဆို..??

  • ကြောင်ကြီး

    July 13, 2011 at 8:09 am

    ဒေါ်မမကို တိုးတက်တယ်ဆိုတော့ ဆရာအာ်ပီကျယ်ရဲ့ လက်ရာတပုဒ်ကို သွားသတိရမိတယ်။ လေးလွန်းတယ်ငြီးနေတဲ့ အထမ်းသမားကို လူကြီးတဦးက နောက်ထပ်အထုပ်ထပ်တင်ပေးလိုက်ပြီး နောက်မှ ပြန်လျော့ပေးလိုက်တော့ အဲဒီလူက အခုတော့ ပေါ့သွားပြီထင်သွားတဲ့ သရော်စာကာတွန်းလေးပါ။ ဘာပဲဖြစ်ဖြစ် မလုပ်တာထက်စာရင်တော့ ပိုကောင်းပါတယ်။ ရေရှည်လုပ်ရကောင်းမှန်းသိဖို့တော့ လိုပါတယ်။ ကျန်စာဖတ်သူများလည်း ဘတ်စ်ကားသမားကို ကားမောင်းလို့၊ စပယ်ယာကို ပိုက်ဆံကောက်လို့၊ ဆရာဝန်ကို ဆေးထိုးလို့၊ ဝန်ထမ်းကို ရုံးတက်လို့၊ စစ်သားကို သေနတ်ကိုင်လို့၊ မော်တော်ပီကယ်ကို ဝီစီမှုတ်လို့၊ ကျောင်းဆရာကို စာသင်လို့၊ စာရေးဆရာကို စာရေးလို့ ရုပ်ရှင်မင်းသားမင်းသမီးကို သရုပ်ဆောင်လို့၊ မော်ဒယ်ဂဲလ်ကို ဆတ်ကော့လတ်ကော့ လျောက်ပြလို့၊ အနှိပ်မယ်ကို နှိပ်ပေးလို့၊ ဖာခေါင်းကို ဖာရှာပေးလို့၊ တည်းခိုခန်းကို အခန်းငှားပေးလို့၊ လို့…လို့….လို့ (အေပေး နိုင်ငံရေးသမားတွေ နင်တို့ကြတော့ ကိုယ့်အလုပ်ကိုယ်မလုပ်ဘုး အော်ကျယ်အော်ကျယ်နဲ့) ဆိုပြီး ငါတို့အသံကို နားထောင်ပေးတဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးသူများကို ကျေးဇူးတင်ဦးညွှတ်ကြပါ။
    ဘဘကြီးတို့အစိုးရကို အားအားရှိမကောင်းပြောချင်တဲ့ တေဒင်းဂျိုး (ကိုအောင်ပုလေသံဖြင့်) တာလဏာတွေ သောက်ချက်ကို မရှိဘူး…..

    အင်္ဂါ, 12 ဇူလိုင် 2011
    မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းမှု ILO စိုးရိမ်

    By ဦးသားညွန့်ဦး

    http://www.voanews.com/burmese/news/ilo-myanmar-125421243.html
    မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်မှုမှာ အရပ်ဘက် ဒေသအာဏာပိုင်တွေဘက်က ဒီအပေါ်မှာ သတိပြု အလေးထားလာကြပေမဲ့ စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှု တိုးတက်လာတာ မတွေ့တဲ့အတွက် အလွန်အမင်း စိုးရိမ်စရာ ဖြစ်တယ်လို့ ILO ရန်ကုန်ရုံး တာဝန်ရှိသူက ပြောလိုက်ပါတယ်။ အထူးသဖြင့် အစိုးရ ထိပ်ပိုင်းရဲ့ ကတိကဝတ်တွေ၊ ဥပဒေ အကောင်အထည် ဖော်မှုတွေနဲ့ အောက်ခြေ လက်တွေ့ပိုင်း ဆောင်ရွက်မှု ကွာဟမှုတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

    ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး အနေနဲ့ မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေး ကိစ္စကို အဓိက ကိုင်တွယ်တဲ့ နေရာမှာ ကိုယ်တိုင် လိုက်လံ စုံစမ်းတာထက် တိုင်ကြားချက်တွေအပေါ် အဓိက အခြေခံရတာ ဖြစ်ပါတယ်။ အသက်မပြည့်တဲ့ ကလေးစစ်သား စုဆောင်းမှုတွေကိုလည်း ဒီခေါင်းစဉ်အောက်မှာပဲ ထည့်ပြီး ကိုင်တွယ် ဖြေရှင်းပေးနေပါတယ်။

    တိုင်ကြားချက်တွေကို အခြေခံကြည့်တဲ့အခါမှာ အရပ်ဘက်မှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လျော့ကျလာတာ တွေ့ရပေမဲ့လို့ စစ်ဘက်မှာတော့ ကလေးစစ်သား စုဆောင်းမှု လျော့လာတဲ့ လက္ခဏာ မတွေ့ရတာကြောင့် ဒီအခြေအနေကို စိုးရိမ်မိတယ်လို့ ILO ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိဗ် မာရှယ် (Steve Marshall) က ဗွီအိုအေကို ပြောပါတယ်။

    “မြန်မာပြည်အနှံ့က ကျနော်တို့နဲ့ ထိစပ်ထားတဲ့ ကွန်ရက်တွေကတဆင့် အဖြစ်အပျက် တိုင်ကြားမှုတွေ ရခဲ့ပါတယ်။ ဒီကွန်ရက်တွေကရတဲ့ သတင်းတွေအရ ဆိုရင်တော့ အရပ်သား အာဏာပိုင်တွေကနေ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လျော့ကျသွားပါတယ်။ ဒါပေမဲ့လို့ စစ်ဘက် အာဏာပိုင်တွေ အပိုင်းမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လျော့ပါးသွားတယ်ဆိုတဲ့ အရိပ်လက္ခဏာ မတွေ့ရတာကြောင့် ဒါဟာ အင်မတန်တော့ စိုးရိမ်စရာ ဖြစ်နေပါတယ်။”

    အစိုးရပိုင်း အနေနဲ့ကတော့ ဥပဒေတွေ ချမှတ်ပြီး ကလေးစစ်သား ပပျောက်ရေးအတွက် ကတိကဝတ် ပြုနေပေမဲ့လို့ အောက်ခြေပိုင်းမှာ ဖြစ်နေတာတွေနဲ့တော့ ကွာဟနေတယ်လို့ စတိဗ် မာရှယ်က ပြောပါတယ်။

    “အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ် မစုဆောင်းရဘူးဆိုတဲ့ ဥပဒေအတိုင်း ဖြစ်စေရမယ်လို့ အစိုးရ ထိပ်ပိုင်းက ကတိကဝတ် ပြုနေပေမဲ့လို့ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်ရှိနေတုန်းပဲ ဆိုတဲ့ တိုင်ကြားချက်တွေ ဆက်ရှိနေတာကြောင့် ကျနော်တို့ဘက်က အင်မတန် စိုးရိမ်စရာ ဖြစ်ရပါတယ်။ အစိုးရ ထိပ်ပိုင်းက ချထားတဲ့ ဥပဒေတွေနဲ့ လက်တွေ့ အောက်ခြေမှာ ဖြစ်နေတာတွေက ကွာဟနေပါတယ်။ ဒါကြောင့် ဒီလို ကွာခြားမှု ဖြစ်နေတဲ့ အပေါ်မှာ အစိုးရပိုင်းရော စစ်ဘက် အာဏာပိုင်တွေနဲ့ပါ ပူးပေါင်းကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။”

    တဘက်မှာတော့ ILO အနေနဲ့ ကလေးစစ်သား ပပျောက်ရေး အပါအဝင် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်ဆိုင်းရေးအတွက် အစိုးရဌာနတွေ၊ စစ်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပညာပေး အစီအစဉ်တွေ ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။ အခု လတ်တလောမှာပဲ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနဲ့ ပူးတွဲပြီး ရှမ်းဘာသာစကားနဲ့ ပညာပေး လက်ကမ်းစာစောင် ထုတ်ဝေဖို့ သဘောတူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

    “အစိုးရအနေနဲ့ မူအားဖြင့် သဘောတူလိုက်ပြီလို့ ဆိုရမှာပါ။ ရှမ်းဘာသာစကားနဲ့ အရင်ဆုံး ထုတ်ဝေဖို့ သဘောတူထားတာကြောင့် အခု ဘာသာပြန်နေပါပြီ။ ပြီးရင်တော့ အစိုးရဌာနတွေ၊ လူမှု အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်း အဆင့်ဆင့်က တဆင့် ဒီလက်ကမ်းစာစောင်တွေ ဖြန့်ချိသွားပါမယ်။ ရှမ်းဘာသာစကားနဲ့ ထုတ်ဝေပြီးရင်တော့ အခြား တိုင်းရင်းသား ဘာသာစကားတွေနဲ့လည်း ထုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာသာစကား ၆ မျိုးစလုံး တပြိုင်တည်း မထုတ်နိုင်ပေမဲ့လို့ တဖြည်းဖြည်းချင်း လုပ်သွားနိုင်မှာပါ။”

    မြန်မာစကား နားမလည်တဲ့ တိုင်းရင်းသားတွေအတွက် သူတို့ သက်ဆိုင်ရာ ဘာသာစကားတွေနဲ့ ပညာပေး လက်ကမ်းစာစောင် ထုတ်နိုင်ဖို့ ILO ဘက်က တောင်းဆိုခဲ့တာ ကြာပါပြီ။ မြန်မာဘာသာနဲ့တော့ မနှစ်ကစပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ ဒီလို ပညာပေး လုပ်ငန်းတွေကြောင့် အာဏာပိုင်တွေထက် သာမန်လူထုအကြား ပိုမို အသိကြွယ်လာပြီး မိမိရပိုင်ခွင့်အတွက် ကိုယ်တိုင် ကြိုးပမ်းမှုတွေ ရှိလာတယ်လို့ စတိဗ် မာရှယ်က ပြောပါတယ်။

    “ပြီးခဲ့တဲ့နှစ် မေလ လက်ကမ်းစာစောင်တွေ ဖြန့်ချိပြီးတဲ့နောက် ၂၀၁ဝ ခုနှစ်အတွင်း တိုင်ကြားမှုတွေရတဲ့ အရေအတွက်ဟာ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၃ နှစ်စာရတဲ့ တိုင်ကြားစာတွေနဲ့ အရေအတွက် အတူတူ ဖြစ်နေတာ စိတ်ဝင်စားစရာ တွေ့ရပါတယ်။ ဒါကြောင့် တိုင်ကြားစာ ရရှိမှုဟာ အတော်လေးကို များပြားလာပါတယ်။ ဒါဟာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု ပမာဏ ပိုပြီး တိုးများလာတဲ့သဘော မဟုတ်ပါဘူး။ အများပြည်သူ အကြားမှာ တိုင်ကြားလို့ ရတယ်ဆိုတဲ့ ဥပဒေဆိုင်ရာ အသိပညာ ပိုရလာတာကြောင့်ပါ။

    “နောက်ပြီး လူတွေကြားမှာ သူတို့အခွင့်အရေး၊ ရပိုင်ခွင့်ကို ဥပဒေနဲ့အညီ လုပ်ဆောင်လို့ ရတယ်ဆိုတာ ပိုပြီး ယုံကြည်မှုတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်တန့်အောင်၊ ILO အနေနဲ့ အစိုးရ အာဏာပိုင်တွေနဲ့အတူ ဥပဒေအတိုင်းဖြစ်အောင် ဆောင်ရွက်နိုင်တယ်လို့ ယုံကြည်လာတာနဲ့ အမျှ တိုင်ကြားမှုတွေ ပိုရလာတာ ဖြစ်ပါတယ်။”

    ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်နဲ့ မြန်မာအစိုးရရဲ့ သဘောတူညီချက်အရ နိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရှိလာရင် ILO ရန်ကုန်ရုံးကို လွတ်လွတ်လပ်လပ် တိုင်ကြားခွင့် မြန်မာအာဏာပိုင်တွေဘက်က ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ တိုင်ကြားသူအချို့ ခြိမ်းခြောက်ခံရတာ၊ တိုင်ကြားနိုင်အောင် ကူညီပေးသူ အချို့ကို အာဏာပိုင်တွေက အညှိုးထားပြီး ဖမ်းဆီးတာမျိုးတွေလည်း ရှိခဲ့တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

  • MaMa

    July 13, 2011 at 8:58 am

    မမြင်ဖူးတော့ မူးကို မြစ်ထင် ဆိုသလိုပေ့ါ ကိုကြောင်ကြီး ရယ်။

  • nature

    July 13, 2011 at 9:14 am

    ပံ့သကူကောက်သလိုပေါ့ ။ ကောင်းတဲ့ အကွက်လေးတွေကို ချီးကျူးအားပေး ရပါမယ်။ ဆိုးတာတွေရှိနိုင်သလို ကောင်းတာတွေလဲ ရှိနိုင်ပါတယ်။ ကောင်းတဲ့ အကွက်တွေကိုချည်း ကြည့်ရင် အကောင်းမြင်ဝါဒပေါ့။
    ကလေးစစ်သား ကိစ္စ ဟာလည်း အကြောင်းကြောင့် အကျိုးဖြစ်တာပါ။ ကျနော်ငယ်ငယ်တုန်းက ကြားဖူးတာ တိုင်းပြည်ကို ချစ်တယ်ဆိုပြီး စစ်ထဲဝင်တဲ့သူတွေများပါတယ်။ အခုတော့ တဖြေးဖြေးနဲ့ စစ်တပ်နဲ့ ပြည်သူကြား အမြင်စောင်းလာပြီး စစ်တပ်ထဲ ဝင်ရောက်သူတွေနဲပါးလာတယ်ထင်ပါတယ်။ စစ်သားတွေရဲ့လစာ မလောက်ငှတာလဲ ပါပါတယ်။

  • MaMa

    July 13, 2011 at 9:44 am

    ပြီးခဲ့တဲ့လက ငွေသွားလဲခဲ့တဲ့သူတွေကတော့ ရန်ကင်းဗဟိုဘဏ်မှာ လဲရတယ်လို့ ပြောပါတယ်။ ခုရက်ပိုင်းမှ ပြောင်းသွားလျှင်တော့ မသိပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 13, 2011 at 9:55 am

    အရမ်းအရေးကြီးတဲ့အကြောင်းလေးတစ်ခုကိုလည်းပြောပြကြပါဦးလား
    ငွေလဲပေးတယ်ဆိုတာကဘယ်လိုလဲသိဘူးနော
    ဥပမာ
    ငါးထောင်တန်တစ်သိန်းပေးပြီး
    ကိုယ်လိုတဲ့အကြွေအသစ်တွေကိုလဲတာလား
    သို့မဟုတ်
    ကေဂျာနူးတွေ
    ကေဂျာပြဲတွေ
    ရေစိုခံ တိတ်ကပ်ထားတဲ့အဟောင်းအစုတ်တွေကိုလည်းတာလား
    ဆိုလိုတာက
    အတန်ကြီးပေးပြီး အကြွေလဲတာလား
    အဟောင်းပေးပြီး အသစ်လဲတာလား
    ကျုပ်တို့ပြည်သူ့တပ်မတော်စကားနဲ့ပြောရရင်
    ကော်နိုင်းလဲတယ်လို့ခေါ်သပေါ့ဗျာ

  • MaMa

    July 13, 2011 at 10:10 am

    (ငါးထောင်တန်တစ်သိန်းပေးပြီး
    ကိုယ်လိုတဲ့ အကြွေအသစ်တွေကို လဲပေးတာပါ။) အတန်ကြီးပေးပြီး အကြွေ လဲပေးတာပါ။ ကေဂျာနူးတွေ၊ ကေဂျာပြဲ တွေကို ပေးတာ မဟုတ်ပါ။

  • padonmar

    July 13, 2011 at 9:41 pm

    မတ်တပ်စမ်းရပ်တဲ့ကလေးကို ရပ်နိုင်ပေ့ရပ်နိုင်ပေ့ လို့ အားပေးရသလိုပေါ့ ကိုကြောင်ကြီးရယ်။
    ဒါမှလည်း ရပ်ရာကနေလမ်းလျှောက် ၊လမ်းလျှောက်ရာကနေပြေးတဲ့ အဆင့်ရောက်လာပေမပေါ့။
    Down Syndrome ကလေးကို ဒီအရွယ်ကြီးရောက်မှ ရပ်တတ်ရသလား ပြောမရဘူးလေ။

Leave a Reply