အငြိမ်နဲ့အရွှေ့



လောကမှာတစ်ခါတစ်ရံ အများကောင်းကျုးိကို သယ်ပိုးလိုစိတ်ရှိသူ(စိတ်ထားမြင့်မြတ်သူပေါ့)တွေပေါ်ထွန်းလာတတ်ပါတယ်။
သူတို့တစ်တွေက လည်းတူရာလူတွေစုလို့ အများအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်တတ်ကြပါတယ်။
အပေါ်ကပုံလေးတွေက သံလျင်မြို့ က ကုသိုလ်ဖြစ်ဆေးခန်းလေးနဲ့ နာရေးအသင်းတိုက် အများအကျုးိကို တဖက်တစ်လမ်းက သယ်ပိုးပေးနေသူတွေစုဝေးရာ
နေရာလေးပေါ့။

ဒီတောရကျောင်းလေးကို လာရောက်တရားထိုင်သူများ သွားလာရေးအဆင်ပြေဘို့အတွက် ဆောက်လုပ်ပေးထားတဲ့မိုးလုံလေလုံ စင်္ကြန်လေးပါ။
ဒီလိုစင်္ကြန်လေးတွေက ယောဂီကျောင်းအသီးသီးကနေ ဖြာထွက်လာလိုက်တာ သံဃာတော်များအတွက်ဆွမ်းစားဆောင်၊ယောဂီများအတွက်တော့ ထမင်းစားတဲ့ခန်းမတွေ
တရားထိုင်ရတဲ့ခန်းမတွေကို ဆက်သွယ်ပေးထားပါတယ။်
မိုးများတဲ့ဒေသဖြစ်တဲ့အတွက် မိုးလုံလေလုံစင်္ကြန်လေးရှိတဲ့အခါ အဆင်ပြေပါတယ်။
နောက်ဒီစင်္ကြပေါ်မှာလျောက်သူအားလုံးဖိနပ်မစီးရပါဘူး။
ဒီတော့ စင်္ကြန်က သန့်ရှင်းလို့နေပါတယ်။
နောက်လမ်း ညာဘက်ကပ်လျှောက်ပါလို့ သတိပေးစာတန်းလေးတွေရေးထားပါတယ်။
ဒိပုံလေးတွေက ယောဂီများ စိတ်အနှောင့်အယှက်ကင်းစွာ တရားထိုင်နိုင်ဘို့အတွက် လေဝင်လေထွက်ကောင်းတဲ့ကျယ်ပြန့်တဲ့အခန်းကြီးထဲမှာ
မှက် ခြင် ယင် ဘေးက နေဝေးအောင် ခြင်ထောင်အသေးလေးတွေနဲ့စနစ်တကျ ။
အပေါ်ကပုံအားလုံးကတော့ နိုင်ငံအဝှမ်းမှာရှိနေတဲ့ဖားအောက်တောရ တရားစခန်းတွေထဲက တစ်ခုဖြစ်တဲ့ သံလျျင်(အရပ်အခေါ်တညင်)မြိုမှာရှိတဲ့ တရားစခန်းကပုံတွေဘဲဖြစ်ပါတယ်။
တည်ထောင်ထားတဲ့နှစ်ကလဲအတော်လေးရ ရိပ်သာအကျုးိကို သယ်ပိုးသူများရဲ့ စေတနာထက်သန်မူ့ကလဲ့အပြည့်၊
စည်းကမ်းကလဲ တိတိကျကျဆောင်ရွက်၊
ဂုဏ်သိက္ခာရှိစွာနဲ့ရပ်တည်ခဲ့တဲ့ရိပ်သာတစ်ခုဖြစ်တဲ့အတွက် သဒ္ဓါတရားထက်သန်စွာလှူဒါန်းသူများကလဲပေါများလေတော့
ဒီတရားစခန်းလေးရဲ့ ရပ်တည်မူ့က “တည်ငြိမ်”နေရုံမက ရှေ့ဒီထက်တိုးတက်ဘို့ဘဲရှိတယ်လို့ ယုံကြည်ပါတယ်။
ဒီပုံလေးကတော့ ကျိုက်ခေါက်စေတီဘေးကနေဖြတ်သွားတဲ့အခါ” ရွှေပေါ်ကျွန်း” ဆိုတဲ့မုဒ်ဦးကြီးထဲဝင်ပြီး အရှေ့ဘက်တည့်တည့်ဝင်သွားလို့လမ်းဆုံးတဲ့အခါ မြင်ရတဲ့
သစ်မြစ်ဆုံကြီးပါ။
ဒီနေရာလေးကိုတော့ “သဘာဝဓမ္မရိပ်သာ”လို့အမည်ပေးထားတယ်လို့သိရပါတယ်။
ကျနော်မှာရှိသောအားနည်းချက်က နေရဒေသတစ်ခုကို ရောက်ခဲ့ရင် ဘယ်တုန်းက ဘယ်သူက ဘယ်လို ဆိုတဲ့သတင်းတွေထက်မြင်တွေ့လိုက်ရတဲ့
အပေါ်မှာ ခံစားရတဲ့ စိတ်ခံစားမူ့ကိုဦးစားပေးတတ်တာပါဘဲ။
ဒီအမြစ်ဆုံကတော့ နာဂစ်တုန်းက ပြိုလဲသွားတဲ့ သစ်ပင်ကြီးရဲ့ အမွေလို့ သိရပါတယ်။
မြင်ရသူအပေါင်း သတိမမေ့မလျှော့အောင် ကြီးမားတဲ့ပင်စည်တွေမှာ သတိပေးထားတွေကိုရေးထားတာကတော့ ထူးထူးခြားခြား။
ဒီပုံလေးကတော့ အခုမှရိပ်သာက လူများအတွက် တည်ဆောက်ဆဲ ထမင်းဖိုပါဘဲ။
မီးဖိုခေါင်းတိုင်ကိုမြင်တာနဲ့ လူအရည်အတွက်ဘယ်လောက်ရှိမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
ဒီအခန်းလေးကတော့ တရားထိုင်တဲ့အခန်းလေးပါ။
တရားထိုင်ဘို့အတွက်ကတော့လောလောဆယ်အနေနဲ့ နာဂစ်ရဲ့ လက်ဆောင် သစ်ပင် ပင်စည်တွေကိုချောမွေ့အောင် ထိုင်လို့ကောင်းအောင်ပြုပြင်ပေးထားပါတယ်။
ဒါကလဲ ဒီတရားစခန်းနေရာလေးထဲကပုံတွေပါ။

တိုင်မှာချိတ်ထားတဲ့စာတန်းလေးက တစ်ခါတစ်ရံမှာ မလိုအပ်ဘဲ မာန်ကြီးတတ်သော ခေါင်းမာလွန်းသော ကျနော်ကို တရားပြနေသလိုပါဘဲ။
အနေအထားမတူညီတဲ့ ရိပ်သာလေးနှစ်ခုကို တစ်နေ့တည်းမြင်လိုက်ရတဲ့အခါ စိတ်ထဲမှာအတွေးတွေက ထပ်ညွန်းကိန်းတွေလို များများသွားပါတယ်။
ရိပ်သာတစ်ခုကတော့ အရှိန်အဟုတ်တစ်ခုနဲ့တည်ငြိမ်လို့နေပါပြီ။
စေတနာရှင်များ မသိကြသေးတဲ့အတွက် ကြုးိစားရုန်းကန်ပြီး ဓမ္မအလင်းတွေနဲ့ လူတွေကိုအေးငြိမ်းအောင် တရားတွေပြ၊
ဘဝအမောတွေနဲ့ထွက်ပေါက်ပိတ်နေသူများအတွက် အေးချမ်းတဲ့နားခိုစရာလေးဖြစ်အောင် ဖန်တီးနေတဲ့ ဒီရိပ်သာလေးမှာတော့
မတည်ငြိမ်နိုင်သေးသမျှရွှေ့ နေရမှာအမှန်ပါ။
ကဲ ဒီတော့ ဒီရိပ်သာလေး ရွှေ့နေရာကနေ ငြိမ် ငြိမ်ရာကနေ ငြိမ်းအောင်ကျနော်တို့တစ်တွေက တတ်အားသမျှလေး ဝိုင်းဖြည့်လိုက်ကြရအောင်လို့အလေးအနက်တိုက်တွန်းချင်ပါတယ်။
ဒီပုံလေးကတော့ မများပေမယ့် တတ်အားသမျှ (2-7-2011)နေ့မှာကံဆုံလို့ရောက်ခဲ့ကြတဲ့ မန်းလေးဂေဇက်က မောင်နှမတစုရဲ့ သေးငယ်သောကောင်းမူ့လေးပါ။
နောင်ဒီထက်မက များစွာ လှူဒါန်းနိုင်သောသူဖြစ်ချင်ပါတယ်။

18 comments

  • weiwei

    July 13, 2011 at 8:13 pm

    ဒီပို့စ်ထဲက ဓါတ်ပုံတွေက ကျွန်မတင်ခဲ့ဖူးတဲ့ ဓမ္မလေ့လာရေးခရီးစဉ် (၁) (၂) ပို့စ်တုန်းက မပြဖြစ်ခဲ့တဲ့ ဓါတ်ပုံများဖြစ်ပါတယ် …

  • padonmar

    July 13, 2011 at 8:55 pm

    ပြည့်စုံနေတဲ့နေရာ အတွက် မုဒိတာ၊ရုန်းကန်ဆဲနေရာအတွက် ကရုဏာ ပွားဖြစ်ပါတယ်။
    ကောင်းတာလုပ်နေတာချင်းတူပေမယ့် အကျိုးပေးချင်း အကျိုးပေးရာကာလချင်းကွာနေတာလေးကိုလည်း မှတ်သားရပါတယ်။
    အလှူအတွက်လည်း သာဓုခေါ်ပါတယ်။
    နောင် ကြုံကြိုက်ရင် ဒီလိုဘဲ မန်းဂေဇက် မောင်နှမတွေ ရေနည်းရာမှာ မိုးရွာခွင့်လေးရချင်ပါတယ်။
    (လေးပေါက်တူမ နောက်တစ်ယောက်နဲ့ ကြောင်ကြီး မင်္ဂလာဆောင်ရင်ဖြစ်ဖြစ်ပေါ့):D

  • ဆူး

    July 13, 2011 at 9:49 pm

    သစ်သား ကွပ်ပြစ် ခင်းထားတဲ့ နေရာမှာ.. အုတ်တုံးလေး တွေချထားတာ.. လေတိုက်ရင် အခင်းတွေ လွင့်မှာ စိုးလို့ အုတ်တုံးလေးနဲ့ ဖိထားတာ ဖြစ်ပါတယ်။ အမိုးအကာ လုံတယ် ဆိုရုံရှိတဲ့ ဓမ္မာရုံ ပြောရမလား ဇရပ်ပြောရမလားပဲ..

  • အရင့်အရင် ဓါတ်ပုံတွေတင်တုံးကတော့ လှပသောနေရာကလေးကို ကျနော်က မျှဝေလိုသောစိတ်သက်သက်နဲ့တင်ခဲ့ပါတယ်။
    အခုဒီပုံလေးတွေကတော့ မြင်ကြည့်လိုက်ရသူက
    ပြန်လည်မျှဝေပေးလိုစိတ်ဖြစ်ပေါ်စေလိုသောဆန္ဒနဲ့တင်ပေးပါတယ်။

  • ဒီခရီးက အပြန်မှာ ကျနော်ရင်ထဲ စိတ်ထဲမှာ တွေးတောဆင်ခြင်စရာတွေအများကြီးရသွားပါတယ်။

  • ဒီနေရာတွေရောက်ခဲ့ရတာ ကိုပေါက်အစွမ်းကြောင့်မဟုတ်ပါဘူး။
    ဒီနေရာတွေကို လမ်းပြပေးသူရယ် ရောက်အောင်ပို့ပေးသူတွေ ရဲ့ကျေးဇူးကြောင့်သာ ရောက်ပြီး
    အခုလို မိတ်ဆွေတွေကိုပြန်လည်မျှဝေပေးနိုင်တာပါဗျာ။

  • unclegyi1974

    July 13, 2011 at 10:38 pm

    ကိုပေါက်ဘာဆုတွေများတောင်းခဲ့သေးလည်း
    တွေးစရာတွေအများကြီးရခဲ့တယ်ဆိုလို့
    ဘာတွေမျာပါလိမ့်

  • မင်းပြည့်ရှိန်

    July 13, 2011 at 11:15 pm

    သံသာရာမှ လွတ်မြောက်ပါရခြင်း အကျိုးငှာ…

    သာဓု … သာဓု .. သာဓု..
    မာန်ချမှ ဟန်ကျမယ်..
    မာန်ကင်းမှ ဉာဏ်လင်းမယ်..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 13, 2011 at 11:24 pm

    ကျွန်တော်ကတော့
    အောက်ဆုံးက အလှူငွေထည့်တဲ့စာအိပ်ကိုကြည့်ပြီး
    မြန်မာပြည်မှာလုပ်တာလား
    တရုပ်ပြည်မှာလုပ်တာလားဆိုတာကို
    သံဝေဂရနေတာ

    • မင်းပြည့်ရှိန်

      July 14, 2011 at 8:53 am

      ဟုတ်ပါ့..ဟုတ်ပါ့..

    • evolution

      July 14, 2011 at 11:34 am

      မြန်မာပြည်ကလုပ်တာတွေကိုတွေ့ချင်သပဆိုရင် ကျတော်တို့လူငယ်တွေကစပြီးတော့ မြန်မာပြည်ဖြစ်ပစ္စည်းတွေကို နေရာပေးအသုံးပြုဘို့တော့
      လိုပြီထင်တယ်နော။ အဝတ်အစားကစလို့ပေါ့၊ ပြည်တွင်းဖြစ် အင်းကျီ၊ လုံချည်၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်၊ ဦးထုပ်၊ ကျောပိုးအိပ်၊ ဘေးလွယ်အိပ်၊ ပိုက်ဆံအိပ် စသဖြင့် 🙂
      မုန့်ဆိုရင်လည်း ပြည်တွင်းဖြစ်မုန့်တွေရှိနေတာပဲ ရွှေကျီး၊ သဲတော၊ မြို့တော်၊ ကောင်းမွန် စသဖြင့် 🙂
      လျှပ်စစ်ပစ္စည်းတွေထည်းမှာလဲ တစ်ချို့ပြည်တွင်းဖြစ်တွေပေါ်နေကြပါပြီ အတက်နိုင်ဆုံးကိုယ်ပြည်တွင်းဖြစ်ကို အားပေးမယ်ဆိုရင် ဝယ်လိုအားအရ ထုတ်လုပ်မှုတွေတက်လာမှာပါ။
      သူများမလုပ်ရင်ကိုယ်ကစရမှာပေါ့။ ဘာလို့ Gio မှ ဂျော်၊ အက်စတီလို၊ အဲရိုးဟတ်၊ လုပ်နေတော့မှာလဲ
      ပြည်တွင်းဖြစ်ပစ္စည်းသုံးရင် ငွေကပြည်တွင်းမှာပိုလည်မယ်၊ အလုပ်လုပ်ခွင့်တွေများလာမယ်၊ အလုပ်လက်မဲ့လျှော့ချနိုင်မယ်၊ နောက်ဆုံး ပြည်တွင်းဖြစ်ပစ္စည်းထုပ်လုပ်တဲ့ သူတွေသူဌေးဖြစ်လို့ ဘုရား၊ ကျောင်းကန် လှူရင်လည်းကိုယ့် နိုင်ငံ၊ ကိုယ့်ဘာသာအတွက်ပဲ၊
      နောက်ဆုံး ဘီယာသွားသောက်ရင်တောင်မှ ကိုယ့်နိုင်ငံသားစားပွဲထိုးလေးတွေ မုန့်ဖိုးရနိုင်သေးတယ်။
      ပြည်ပဖြစ်ပစ္စည်းတွေဝယ်သုံးလို့ ငွေကအပြင်ကိုထွက်သွားရင် ပြန်လည်လာဘို့ အခွင့်တော်တော်နဲသွားပြီ။ နောက်ဆုံးသူတို့ကြီးပွားလို့ စက်ရုံထပ်ချဲ့ရင် ကိုယ်နိုင်ငံသူ၊ နိုင်ငံသားတွေ သူတို့စက်ရုံမှာ အောက်ကျခံ အနှိမ်ခံဘဝနဲ့ အလုပ်သွားလုပ်ရမယ်။
      ဒါပဲ
      ကွာလတီ ကွာတာကတော့ရှိတာပေါ့။
      အတက်နိုင်ဆုံး ဆင်ခြင်ကြည့်ရင်တော့ ပည်ပဖြစ်ပစ္စည်းတွေကို လျှော့သုံးလို့ရတဲ့နေရာတွေကိုမြင်မှာပါ။
      ဂန္ဒီလက်သစ်လို့တော့ ဝိုင်းမပြောကြပါနဲ့ဗျာ ။ သူ့လိုထိပ်ကြီးပြောင်နေရမှာဆိုးလို့ပါ။ 😛

  • MaMa

    July 14, 2011 at 6:25 am

    အင်းးးးးးးးးးးး စာအိတ်တောင် မြန်မာပြည်တွင် ပြုလုပ်သည်ဆိုတာ ထည့်ဖို့လိုလာပြီ ထင်တယ်။ မြန်မာပြည်က ထွက်ကုန်တွေ များလွန်းလို့။
    🙁

  • ကြောင်ကြီး

    July 14, 2011 at 9:36 am

    အခုလို သဘာဝသစ္စာဓမ္မရိပ်သာရဲ့ အနေအထားကို ဓတ်ပုံများနဲ့ မြင်ရတော့ ကျေးဇူးအထူးတင်ရှိပါတယ်။ အဲဒီကို အစုလိုက် သွားလှူမယ့်သူများရှိရင် ရွာထဲမှာ ကြိုတင်ကြေငြာ မောင်းခတ်စေလိုပါတယ်။ မြို့ထဲ ၄၅လမ်းအောက်ဘလောက်မှာ ရိပ်သာဌာနခွဲရှိလို့ သန်လျင်ထိမသွားနိုင်ရင် အဲဒီကိုသွားရောက် လှူဒါန်းနိုင်ပါတယ်။

  • etone

    July 14, 2011 at 10:05 am

    အောက်ဆုံးက ရိပ်သာလေးမှာ အုတ်ခဲလေးတွေ ဖိထားတာ တွေ့ရတယ် … ။ နေရာဦးထားတာများလားလို့ … ။ လေးပေါက်ရေ … ကျေးဇူးပါ … မမြင်ဖူးတာလေးတွေ မြင်ခဲ့ရလို့ပါ ။

  • Shwe Tike Soe

    July 14, 2011 at 10:07 am

    ဘယ်တုန်းကများ အလှူငွေကောက်ပြီး သွားလှူကြတာလဲ..
    ကျွန်တော်တို.လဲ ပြောကြပါအုံးဗျာနော်…
    တခြားအကြောင်းမပြောချင်နေပါ … လှူမယ်ဆိုရင်တော့ ပြောပေးကြပါ..
    တစ်ယောက်ထဲ လှူတော့ အများကြီးမတပ်နိုင်တော့ စုလှူတာကို လှူချင်တာပါဗျာနော်…

    • weiwei

      July 14, 2011 at 10:36 am

      အလှူငွေကောက်ပြီး သွားလှူတာမဟုတ်ပါဘူး … အဲဒီကိုရောက်မှ စိတ်ကူးပေါက်ပြီး လှူဖြစ်ခဲ့တာပါ … အဲဒီနေ့က နာရေးကူညီမှုနဲ့ အခမဲ့ဆေးခန်း၊ ဖားအောက်တောရရိပ်သာတွေမှာလဲ လှူခဲ့ပါသေးတယ် …

  • pooch

    July 14, 2011 at 4:51 pm

    တက်ညီလက်ညီနဲ့ အားကျစရာကြီး ကိုယ်မပါပေမဲ့ သူများတွေ ရောက်တာ လှူတာတွေ့တော့ ဝမ်းသာရပါတယ်…

Leave a Reply