စည်းကမ်းနှင့် လူ

Ma MaJuly 13, 20111min16412

ရန်ကုန်က ဘုရင့်နောင်ပွဲရုံတန်း (ကားပစ္စည်းဝင်း နဲ့ မှားတတ်လွန်းလို့)မှာ ကားကြပ်တာ၊ ကားလမ်းပိတ်တာ ထုံးစံလို ဖြစ်နေတော့ တစ်ခါတစ်လေ အလုပ်ကိစ္စရှိလို့ သွားချင်ရင် တက္ကစီသမားတွေက မလိုက်ချင်ကြပါဘူး။ မြို့ထဲကို အပြန်ကားငှားရင်လည်း ဈေးကြီးနေတတ်ပါတယ်။
တစ်ခါတော့ ဘုရင့်နောင်ကို ကားငှားသွားတဲ့အခါ ဝင်ကြေးကောက်တဲ့ အနားမှာတင် လမ်းပိတ်နေလို့ လမ်းမကြီးအတိုင်း မဝင်ပဲ နီးရာလမ်းသွယ်ကနေ ကားသမားကို ဝင်ခိုင်းရပါတယ်။ အဲလိုမှ မဟုတ်ရင် ကားသမားက လမ်းပေါ်မှာ ချထားခဲ့တတ်ပါတယ်။
လမ်းသွယ်ကမို့လို့ ကားချောင်မလားလို့ ဝင်ခိုင်းလိုက်ကာမှ နှစ်လမ်းမောင်းလမ်းကို လမ်းပြောင်းပြန်ရပ်ထားတဲ့ ကုန်ကားကြီးတစ်စီးက လမ်းပိတ်လို့ နေပါတယ်။ တစ်ဖက်က ကားကလည်း လာနေပြီး အဲဒီမှာတင် လမ်းပိတ်ဆို့ပြီး ကားတွေတန်းစီပြီး ရပ်နေကြရပါတယ်။
လမ်းပိတ်ထားတဲ့ကားကို မောင်းသူမရှိဘူးထင်လို့ ကြည့်လိုက်တော့ ဒရိုင်ဘာက လက်နှစ်ဖက် နောက်ပစ်ပြီး ကားပေါ်မှာ မှေးနေပါတယ်။ (လူကျင့်ဝတ်ဆိုတာ ဘာလဲ သိကြရဲ့လား မေးချင်မိပါတယ်။)
ဘေးကားတွေက ဝိုင်းအော်ကြတော့မှ သူ့ကားဂိတ်က လူတွေထွက်လာကြ ဝိုင်းကြည့်ပေးကြပြီး လမ်းရှင်းအောင် လုပ်ကြပါတယ်။
ဒါပေမယ့် နှစ်ဖက်စလုံးက ကားတွေစီနေတော့ ရှေ့တိုးလို့မရ၊ နောက်ဆုတ်လို့မရ ဖြစ်နေတဲ့ အခြေအနေမှာ ရှေ့ဆုံးက ကားကို နောက်ဆုတ်ခိုင်းပါတယ်။
နောက်ကားတွေနဲ့မို့ ရှေ့ဆုံးကားကလည်း မလွတ်လို့ မရွှေ့နိုင်။ နောက်ကားတွေကလည်း စည်းမဲ့ကမ်းမဲ့ လမ်းပြောင်းပြန်ပိတ်ရပ်ထားပြီး လမ်းပိတ်တော့မှ အခြားကားတွေကို လိုက်ရွှေ့ခိုင်းလို့ မြည်တွန်တောက်တီးကြပါတယ်။
အဲဒီမှာ လမ်းရှင်းသမားတွေ ရောက်လာကြတော့ ရှေ့ဆုံးကားကလူက စည်းကမ်းမဲ့တဲ့ကားကို ဖုံးဆက်တိုင်ဖို့ ရုံးဖုံး မေးတဲ့အခါမှာ အဲဒီ ကားဂိတ်ပိုင်ရှင်က လမ်းရှင်းအဖွဲ့မှာ နာယက လို့ ပြောပါတယ်။
ကဲ …………… ဘာပြောချင်ကြသေးလဲ။ စည်းကမ်းရှိဖို့ လိုပါ့မလား။

12 comments

  • ogre

    July 13, 2011 at 10:54 am

    တော်သေးတာပေါ့
    ကားဂိတ်က လမ်းရှင်းအဖွဲ့မှာ နာယက မို့လို့
    တော်ကြာ””အဘ””” ဂိတ်နဲ့တွေ့နေမှ..ပြသနာတက်နေဦးမယ်

    ။။။။။။။။။။။နောက်ဆို ”” နာယက””’ကြီးတွေခေတ်စားတော့မှာ မြင်ယောင်သေးတယ်။။။။။။။။

  • pan pan

    July 13, 2011 at 11:08 am

    ဆရာချစ်ဦးညိုပြောသလိုပေ့ါ
    “မြို့တော်တဝိုက် သန့်မှကြိုက်၊ အမှိုက်မပစ်ရ” ဆိုတဲ့ ဆိုင်းဘုတ်က အမှိုက်ပုံထဲက ထွက်လာသလိုပေ့ါ

  • manawphyulay

    July 13, 2011 at 11:27 am

    ခုနောက်ပိုင်း ပိုပိုဆိုးလာပါတယ်။ မနက်လည်း ကားလမ်းပိတ်လို့ အလုပ်နောက်ကျ၊ ညနေပြန်တော့လည်း အိမ်ကို ကားကြောပိတ်နေလို့ နောက်ကျနဲ့ လမ်းတွေပဲ ထပ်ချဲ့ပေးရမလိုဖြစ်နေပြီ။ ထပ်ချဲ့လည်း ထပ်ပိတ်မှာပဲဆိုတော့ ဘယ်လိုစည်းကမ်းနဲ့ ဘယ်လိုလုပ်နေကြသလဲဆိုတာ စဉ်းစားသာကြည့်တော့

  • နွယ်ပင်

    July 13, 2011 at 12:15 pm

    ကားလမ်းက မပိတ်တောင် ပိတ်အောင် လိုင်းကားတွေက လုပ်နေကြသလိုပဲ
    မှတ်တိုင်တစ်ခုမှာ ရပ်လိုက်ရင် အကြာကြီး အဲ နောက်ကားပါလာရင်တော့ မောင်းလိုက်တာ
    ဂျက်လေယာဉ်အတိုင်းပဲ ….

  • MaMa

    July 13, 2011 at 12:36 pm

    တစ်ခါက ကမာ္ဘလှည့်ခရီးသည်တစ်ယောက် နိုင်ငံတစ်နိုင်ငံရောက်ရင် အဲဒီနိုင်ငံရဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေကို မှတ်တမ်းတင်တတ်တဲ့အကျင့်ရှိတယ်တဲ့။ မြန်မာပြည်မှာ သူတွေ့ခဲ့ရတဲ့ ထူးဆန်းမှုကတော့ သူတံတားတစ်ခုပေါ်ကနေ ရိုက်ထားတဲ့ ကားတွေ တစ်စီးနဲ့ တစ်စီး စည်းမရှိ ကမ်းမရှိ လမ်းလုပြီး တိုးခွေ့ ကျော်တက်နေကြတာတဲ့လေ။ အဲဒီပုံကို facebook မှာတင်လိုက်တာ လူတွေ တော်တော် ဝင်ကြည့်ကြတယ်ဆိုပဲ။

  • ဆူး

    July 13, 2011 at 10:49 pm

    နားရွက်ကားက တော်တော် အလုပ်ဖြစ်တာပဲနော်..

  • naywoonni

    July 13, 2011 at 11:22 pm

    စည်းကမ်း စည်းကမ်း ……….. အင်းးး
    စည်းကမ်းသည် လူ၏တန်ဘိုး….
    စည်းကမ်းရှိမှတိုးတက်မည်…..
    အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက……
    စည်းကမ်းလို်က်နာ ဘေးကင်းကွာ…….
    စည်းကမ်းရှိပါ…။ စည်းကမ်းရှိပါ…။ စည်းကမ်းရှိကြစမ်းဘာ….။
    စာအုပ်ထဲတင်..။ ဆိုင်းဘုတ်ပေါ်တင်ရှိနေတာ စည်းကမ်းမဟုတ်ပါဘူး..။
    (မှတ်ချက်…။ အင်တာနက်ဆိုင်ထဲတွင် ဆေးလိပ်သောက်ရင်း ဤစာကိုရို်က်လိုက်သည်…။ )

  • MaMa

    July 14, 2011 at 6:41 am

    အင်းးးးးးးးးးး နေဝန်းနီ ရဲ့ စည်းကမ်းလည်း ဆေးလိပ်ပြာကြားက ထွက်လာတာပေ့ါ။
    🙁

  • Yan Shin

    July 14, 2011 at 11:26 am

    ထွက်နေတဲ့ သမင်တွေဟာ
    မင်းကြီးတာကပါ ဘုရားလို့………

    ပြော ပြော ပြော………………………..ကိန်

  • kosharshi

    July 14, 2011 at 2:00 pm

    ဒါမျိုးတွေ မတွေ့ရလျှင် S’pore နဲ့မှားသွားမှာစိုးလို့ပါ..

  • mzm

    July 17, 2011 at 1:49 pm

    လုပ်ကြပေါ့ ရှင်တို့က နာယက တွေပဲ

  • mzm

    July 17, 2011 at 2:01 pm

    စည်းကမ်းနဲ့လူ အတူမနေ လို့ပြောရင်ပိုမှန်မယ်ထင်တယ်

Leave a Reply