ကဗျာအတုများ

maung hninkharrJuly 13, 20112min723

“ဤကမာ္ဘမြေက စွန့်ခွာမသွားခင်”

ဤကမာ္ဘမြေက စွန့်ခွာသွားလျှင်

မင်းအတွက် . . . ငါ့ . . .

ကဗျာလို့ခေါ်တဲ့ အရာတွေနဲ့ မသေးဆုံးနိုင်တဲ့ အချစ်

ထားခဲ့ပေးဦးမှာပါ

မျက်ရည်တော့ မကျပါနဲ့ . . .

ကောင်မလေးရေ . . .

ဤကမာ္ဘမြေက စွန့်ခွာသွားလျှင်

ငါ့ကဗျာတွေကို ခံစားပါ

မင်းလောက် (ဘယ်သူမှ) ကဗျာတွေကို

နားလည်ပေးမှာ မဟုတ်ဘူးလေ

မဖြစ်နိုင်ခြင်း ကောင်းကင်မှာ

တီမ်ခိုးတွေ ဖုံးလို့ပေါ့ . . .

မြှုငွေ့တွေ ရဲ့ အိမ်လေးကို

ညတိုင်းရောက်ဖြစ်တယ်။

ငါ . . . သေမင်းရဲ့ ဓားသွားကို ရှုရှိုက်နေရပြီ

ကောင်မလေးရေ . . .

ဤကမာ္ဘမြေက စွန့်ခွာမသွားခင်

‘မင်းကို ချစ်တယ် . . .’ ဆိုတဲ့စကား

ပြောခွင့်ရသွားချင်တယ် . . . ။ ။

“အလံထူခွင့်မရတဲ့လက်”

မိုးစက်ရဲ့ နှလုံးသား

မိုးမစိုတဲ့ ကံကြမ္မာ

ဆောင်းမျက်ဝန်းမှာ

ခြေချောမိတော့ . . .

ငါဘာကောင်လဲ

စဉ်းစားမိပါရဲ့ . . . ။

မြွေဟောက်အပြုံး တမ်းမြတ်စွာ

အက္ခရာထဲ မွှေနှောက်လိုက်သေးတယ်

မသိသေးတဲ့ ငါ့ကိုယ်ငါ

Black Coffee ရဲ့ စာတစ်ရွက်မှာ

ငါသိလိုက်မိတာ

‘တာရာမင်းဝေ’ ရဲ့

‘အလံမထူခဲ့တဲ့လက်များ’ ထဲက

လက်တစ်ချောင်းလေ ။ ။

“ချစ်ရသူ . . .”

ချစ်ရသူ . . .

ကြယ်တစ်ရာခြံထားတဲ့နှင်းဆီ

ဘီလူးတစ်ထောင်စောင့်တဲ့ညမှာ

ဝှက်လို့ယူ သီမ်းထားတုန်းပဲ ။

မဖြစ်နိုင်တဲ့

အိပ်မက်ပန်းချီ ချယ်မှုန်းမိလို့

ငါ့ မျက်ဝန်းမှာ ရေငွေ့တွေသီးရောပေါ့

ချစ်ရသူ . . .

အပြစ်ရှိလျှင် ခွင့်လွှတ်ပေးပါ

ငါ မိုက်မဲမိတုန်းမို့

ဒီလိုပဲ ကောင်မလေးရေ

ကြယ်တစ်ရာခြံတဲ့နှင်းဆီနဲ့ အတူ

စောင့်နေတဲ့သူတစ်ယောက်

လောကထဲမှာရှိကြောင်း

မင်းသိနိုင်ပါစေ ။ ။

3 comments

  • R Ga

    July 13, 2011 at 3:24 pm

    ပေးထားတဲ့ခေါင်းစဉ်နဲ့ အောက်ကခေါင်းစဉ်ဘာကြောင့်မတူတာလဲဗျ..။ ကဗျာအတုဆိုလို စိတ်ဝင်စားလို့..။

  • Yin Nyine Nway

    July 13, 2011 at 3:36 pm

    ကဗျာတု= မော်ဒန်ကဗျာ ကိုဆိုလိုချင်တာလား

  • maung hninkharr

    July 13, 2011 at 6:42 pm

    ကဗျာတုများ ဆိုတာက title ပါ။ ဖတ်တဲ့သူ စိတ်ကြိုက် ပုံဖော်နိုင်ပါတယ်။ ဒါဟာ modern ရဲ့ သဘောသဘာဝ ပါပဲ။

Leave a Reply