ဘဝအမောပြေ။။။။(ဟာသ)

မေးလ်ထဲမှာ..စုထားသမျှဟာသလေးတွေထဲက

ကောင်းနိုးရာရာလေးများစုစည်းတင်ပြခြင်းပါ

တင်ပြီးသူများရှိပါကလည်း ခွင်လွတ်တော်မူကြပါ

တစ်ခဏ ဘဝအမောပြေစေခြင်းငှာ Copy/Paste လိုက်ပါတယ်။။။။။။။

 

 

 

မှားတဲ့အခါလည်း မှားပေမပေါ့

ဆရာဝန်တစ်ဦးနဲ့ ရှေ့နေတစ်ဦးဟာ အရေးကြီးတဲ့အမှုတစ်ခုအတွက်သက်သေခံဖို့ရောက်ရှိလာကြပါတယ် ။

ရုံးမှာ အတူဆုံကြရင်း စကားလက်ဆုံကျကြပါတယ်။

ရှေ့နေ   –  “ ဆရာဝန်တွေလည်း တစ်ခါတစ်ရံမှားတတ်ကြပါတယ် ။ ဟုတ်တယ် မဟုတ်လား ။ ”

ဆရာဝန် –  “ ရှေ့နေတွေလည်း မှားတတ်ကြတာပါပဲ ဗျာ ….။ ”

ရှေ့နေ   –  “ ဒါပေမဲ့ ဆရာဝန်တစ်ယောက်မှားသွားရင် အဲဒီအမှားဟာ မြေကြီးအောက် ခြောက်ပေလောက်ထိရောက်သွားနိုင်တယ်နော ။ ”

ဆရာဝန် –  “ ဟုတ်ပါတယ် …။ဒါပေမဲ့ ရှေ့နေတစ်ယောက် မှားသွားခဲ့ရင် လေထဲမှာ ခြောက်ပေလောက်တွဲလောင်းကြီးဖြစ်သွားနိုင်တယ်ဗျာ … ။ ”

*********************************************************************************************************
ခေါ်လိုက်စမ်းပါ…

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည
“ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ် ခင်ဗျ”
“အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်” ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။
ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

“ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား”
“အေး ခွဲသွားတယ်ကွ”
“အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်”
*******************************************************************************************************

ပြင်ဆင်မှု

“သမီး…..မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း”

“ဘာလုပ်ဖို့လဲ မေမေ”

“သမီးဖေဖေနဲ့ စကားပြောစရာရှိလို့”

*****************************************************************************************************

မဟာ့မဟာ ပြဿနာ

“ပီတာ မင်းအဖေက ဘယ်သူလဲ” ဆရာမက ပီတာလေးကို မေးသည်

“ဟာ ဆရာမလဲ လုပ်ပြီ…..ဒီကိစ္စနဲ့ပဲ အိမ်မှာ အဖေနဲ့အမေ အမြဲ ရန်ဖြစ်နေကျဗျ…”
****************************************************************************************************

ဖြစ်မှဖြစ်ရလေ

တစ်ခါက သစ်ပင်ကိုင်းဖျားကနေ ပြုတ်ကျလာတဲ့ကြောင်ကို မြင်လိုက်ရတဲ့ ပိုင်ရှင်က

“ အို .. သေတော့မှာပဲ … ကယ်ကြပါဦးရှင် “

ဆိုပြီး အကူအညီတောင်းလိုက်တယ် .. အဲဒီအချိန် အပြေးလေ့ကျင့်ရင်း
ဖြတ်လာတုန်းဆုံမိတဲ့လူက

“ ကျွန်တော်ဖမ်းလိုက်မယ် “

ဆိုပြီး အောက်မကျခင် လေထဲဝဲပျံပြီး ဖမ်းလိုက်တယ် .. ဒါပေမယ့်
ကျေးဇူးတင်စကားမပြောနိုင်ခင်မှာပဲ ကြောင်ကိုလွှဲကန်လိုက်သတဲ့

“ ဟာ … ဘယ်လိုလုပ်လိုက်တာလဲ ရှင့် “

“ တောင်းပန်ပါတယ်ဗျာ … အကျင့်ပါနေလို့ပါ … ကျွန်တော်က ဂိုးသမားပါ “

*****************************************************************************************************

*ဆိတ်တစ်ကောင်မတွေ.မိဘူးလား*

သူငယ်ချင်းနှစ်ယောက် တောင်ကုန်းတစ်ခုပေါ်ရောက်လာရာ
သတ္တုတွင်းတစ်ခုကိုသွားတွေ.ကြသည် ။
ထိုတွင်းဟောင်းကိုကြည့်ပြီး တစ်ယောက်က မေးသည် ။
” ဒီတွင်းကြီး ဘယ်လောက်နက်သလဲ ၊ မင်းသိလား ”
” ဟ ၊ ငါ ဘယ်လိုလုပ်သိမှာလဲ ၊ မင်းသိချင်ရင်
ခဲတစ်လုံး ပစ်ချပြီးတွင်းအောက်ခြေကို ထိတဲ့အထိအသံနားထောင်ကြည့်ပေါ့ကွ ”
ထိုနောက် သူတို.နှစ်ယောက်သည် ခဲတစ်လုံးပစ်ချပြီးအသံကိုနားထောင်ကြသော်လည်း
အချိန်အတော်ကြာသည်ထိ မည်သည့်အသံမှ မကြားရပေ။ ထို.ကြောင့် ခုနကထက်ကြီးသော
ခဲကြီးကြီးတစ်လုံးကိုရှာပြီး ပစ်ချကြပြန်သည် ။ ဒီတစ်ခါလည်း ဘာအသံမှမကြားရပြန်ပေ။
ဘေးအနီးအနားတွင်ပစ်ချစရာတစ်ခုခုရှာရာ ခပ်လှမ်းလှမ်းတွင် ရထားသံလမ်းပိုင်းတစ်ခုကို
သွားတွေ့ကြသည် ။
သူတို.နှစ်ယောက် ထိုရထားသံလမ်းပိုင်းကိုမနိုင်တနိုင်နှင့် တွင်းဆီသို. မ လာကြပြီး
ပစ်ချလိုက်သည် ။ထိုအခါတွင်လည်း မည်သည့်အသံမျှ မကြားရ ။ သို.သော် ခဏအကြာတွင်
သူတို.နှစ်ယောက်ကြားမှဆိတ်တစ်ကောင်ဖြတ်ပြေးပြီး တွင်းထဲ ခုန်ဆင်းသွားသည် ကိုတွေ့ရသည် ။
နှစ်ယောက်သည် နားမလည်နိုင်သည့် အမူအရာဖြင့်
တစ်ယောက်ကို တစ်ယောက် ကြည့်နေစဉ် လူတစ်ယောက် ရောက်လာပြီးမေးသည် ။
” ဆိတ်တစ်ကောင် တွေ.မိလိုက်သလား ဗျာ ”

လူတစ်ယောက်က ပြန်ဖြေလိုက်သည် ။
” တွေ.လိုက်တယ်ဗျ ၊ ခုနကပဲ ဆိတ်တစ်ကောင်
ကျနော်တို.နှစ်ယောက်ကြားက
ဖြတ်ပြေးပြီး တွင်းထဲ ခုန်ချသွားတယ် ”
*
” ဟာ … ဒါဆို ကျနော့် ဆိတ် မဟုတ်နိုင်ဘူး ၊
ကျနော့်ဆိတ်ကို *
*                              မီးရထား သံလမ်းပိုင်းနဲ့ ချည်ထားတာဗျ ”

*******************************************************************************************************
အသစ်တော့အသစ်ပဲ

ခေတ်ဆန်သော၊ အလှအပ ကြိုက်တတ်သော၊ ရဲတင်း ပွင့်လင်းသော မိန်းမပျို တဦးသည် လေယာဉ်
ခရီးစဉ် တခုတွင် ဘုန်းတော်ကြီး တဦးနှင့် ဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။

သူမသည် ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း အထဲမှာ
ပါလာသော ပစ္စည်းတခုကို မကြာခဏ ထုတ် ထုတ်ကြည့် နေမိ လေ၏။ သူ၏ မျက်နှာ ပေါ်တွင်လည်း
ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ
အထင်းသား ပေါ်လွင်လျှက်ရှိသည်။

ထိုသို့ဖြင့် လိုက်ပါလာယင်း မကြာမီတွင် ရုတ်တရက် အကြံတခုရကာ နံဘေးမှ ပတီးစိပ်၍
လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍…

“တပည့်တော်ကို တခုလောက် ကူညီနိုင်မလား ဘုရာ့” ဟု ပြောလိုက်လေသည်။

ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော
ဖာသာကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း…

“ပြောလေ ဒကာမလေး။ ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့”

“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့်
တတောင့်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့်။ အသစ် စက်စက်မို့ လေဆိပ်က
အကောက်ခွန်မှာ အခွန်တွေ အများကြီး ဆောင်ရမှာ ကြောက်လို့… အဲဒါ ဖာသာကြီးရဲ့
ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး ယူသွားပေးဖို့  အကူအညီ တောင်းကြည့် တာပါ
ရှင့်။”

“အင်း… ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက
လိမ်ပြောလို့ မရဘူးကွဲ့။ လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင်
ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ… ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့…”

“မှန်ပါ” အမျိုးသမီးမှာ တချက် စဉ်းစားယင်း…

“ဟုတ်တော့ ဟုတ်တယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင်
မဖြစ်နိုင်ဘူးလား”ဟုဆိုကာ ဘုန်းတော်ကြီးနား နားသို့ တိုးတိုးကပ်ပြော
လိုက်သည်။

ထို့နောက် “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို
အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။

… … …
လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား
အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက
အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း…

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။

ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ…

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့… ခါးအောက်ပိုင်းမှာတော့… ဘုန်းဘုန်းမှာ… အမျိုးသမီးတွေ အတွက်
ဟို.. ဟိုဒင်း… ပစ္စည်းတခုတော့ ပါတယ်ကွဲ့… ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ
တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော်
ထုတ်ပြမယ်လေ…”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ
ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့်
ပြုလိုက် လေတော့သတည်း။

******************************************************************************************************
ငတုံး ငအ

ငတုံး နှင့် ငအတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲစားထွက်လာကြသည်။
လမ်းမတစ်နေရာ သစ်ပင်ကြီးတစ်ပင်အနီးသို့ရောက်သောအခါ ထိုအနီးတဝိုက်တွင်ပင်
ပျော်ပွဲစားကြရန် နှစ်ဦးသဘောတူ ဆုံးဖြတ်လိုက်ကြသည်။
ငတုုံးက “ငါတို့ရဲ့ပွဲလေးကို ဟိုသစ်ပင်ကြီးအောက်မှာကျင်းပကြရအောင်” ဟု ပြောရာ….
ငအက “ဟာမင်းကလဲ ဒီလမ်းမကြီးပေါ်က ပိုကောင်းပါတယ်ကွာ။ ဒီလမ်းမကြီးပေါ် မှာပဲကျင်းပရအောင်”။
နှစ်ယောက်သားအတန်ကြာ ငြင်းခုန်ကြပြီး နောက်ဆုံးတွင် ကားလမ်းမကြီးပေါ်၌ ပျော်ပွဲစားကြရန် ဆုံးဖြတ်လိုက်ကြသည်။
မကြာမီ အရှိန်ဖြင့်မောင်းနှင်လာသော ကားတစ်စီးလမ်းမအတိုင်း မောင်းနှင်လာရာ ၎င်းတို့နှစ်ဦးအားရှောင်ရင်း
လမ်းဘေးမှ သစ်ပင်ကြီးအားတိုက်မိသွားလေသည်။
ထိုအခါ ငအပြောလိုက်သည်မှာကား
“တွေ့လားဟေ့ကောင် မင်းပြောသလိုသာ အဲဒီသစ်ပင်ကြီးအောက်မှာ ပျော်ပွဲစားကျင်းပကြရင်
အခုချိန်ဆို ငါတို့နှစ်ယောက် လျှောပြီကွ”။

*****************************************************************************************************************
(ခိုင်းနည်းသစ်)

ယောကျင်္ားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်
ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။
သို့သော် တော်တော်နဲ့ခို်င်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက……
`ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊ဪအင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။
အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´
မကြာမီ သူ၏ယောကျင်္ားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

***************************************************************************************************

(ကြိုက်နေလို့ပါ)

ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ” တရားခံကို တရားသူကြီးကမေးသည်..။
“သူ့ကို ကျနော်ကြိုက်လို့ပါ”ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
“ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ “ဟုတရားသူကြီးကထပ်မေးသည်..။
“သူ့ကိုကျနော်ကြိုက်လို့ပါ “ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
‘ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း ”
“တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။”

******************************************************************************************************

(နောင်တ)

ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိူးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ
မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ ့လိုက်ရလေသည်။

ဇနီး ။ မောင်…ဘာဖြစ်လို ့ငိုနေတာလဲ
ကျား ။ တို ့တတွေ သမီးရည်းစားဘဝချိန်းတွေ တုန်းက မင်းအဖေကြီးနဲ ့မိသွားတော ့မင်းအဖေကြီးပြောတဲ ့စကားကို
မင်းမှတ်မိသေးရဲ ့လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော ့ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..

ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို ့လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ ့ရင် ဒီနေ ့လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

********************************************************************************************************

(သတင်း၃ခု)

ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
“ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ ့သတင်း၊ နောက်တစ်ခုက ကောင်းတဲ ့သတင်း၊
အဲ နောက်ဆုံးတစ်ခုကတော ့ အကောင်းဆုံးပဲ၊ မကောင်းတဲ ့သတင်းက စပြောမယ်၊ မဖြတ်ရမဲ ့ခင်များခြေထောက်ကို
ကျွန်တော်တို ့မှားဖြတ်မိတယ်၊
ကောင်းတဲ ့သတင်းကတော ့ဖြတ်ရမယ် ့ခြေထောက်ကို ကျွန်တော်တို ့ထပ်ဖြတ်ပေးမယ်…. အဲ …..
အကောင်းဆုံး သတင်းကတော ့ ဘေးခန်းက လူနာက ခင်းဗျားရဲ ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ ့”

*********************************************************************************************************

(အထီးအမခွဲခြားနည်း)

“မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ” ဟု ငါးနှစ်သား
လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
“ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။”
“အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ”

************************************************************************************************************

ဒါကတော့ မှတ်သားလောက်တယ်

သူငယ်ချင်း မင်း…..ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား။
အေး…ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့ သူက သူဘာမယ်ဆိုတာ
ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ….” ဘာမယ်တဲ့တုန်း ”

” ပါးကျိုးမယ် ” တဲ့

*************************************************************************************************************
မောင်အလုပ်နဲ့မအလုပ်

အချက်အပြုတ် မောင့် အလုပ်
အပြေးအလွှား မောင် ဈေးသွား
ဖွတ်အလျှော် မောင် ပဲနော်
ကလေးထိန်းကျောင်း မောင် ပဲကောင်း
ကျောင်းကြိုကျောင်းပို့ မောင် အဖို့
ထင်းမီးသွေးဝယ် မောင် ပဲကွယ်
ဆန်ဆီရှာလည်း မောင် ပါပဲ
ဖျားနာပြုစု မောင် ပဲကု
သို့သော်………….သို့သော်
အကျင်္ ီဝယ်ချုပ် မောင် မဟုတ်
လက်ဝတ်ရတနာ မ အတွက်ပါ
ဆလင်းဘက်အသစ် မ အတွက်ဖြစ်
ဗိုလ်ချုပ်ဈေးသွား မောင် မတား
အလှပြင်ဆိုင် မ ပဲထိုင်
အသစ်အဆန်းအထည် မ ပဲဝယ်
ဘာပဲပြောပြော မ သဘော……… မ သဘော

*******************************************************************************************************

အရူး

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ
ပြီး ဆင်းလာဖို ့ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
“ဟေ့ကောင်…….မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူး….ဆရာ ပစ်ချင်လဲပစ်လိုက်..”
“မင်းတကယ်မဆင်းဘူးလား…. ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူးဆရာ…မဆင်းဘူး”
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။
ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
“ဟေ့ကောင်…. မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်..”
“ဟုတ်…ဟုတ်..ဆင်းလာပါပြီ…မပစ်ပါနဲ ့…ဆင်းပါပြီ..”
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။
ဆရာဝန်က……
“မင်းက ငါပြောတုံးကတော့ မဆင်းဘူး…ဘာလိုသူပြောမှဆင်းတာလဲ..”
“ဟာ..ဆရာကလူကောင်းဆရာရဲ
့..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရူးနေတာ..တကယ်ပစ်မှာ..”
“ဟေ…”

*****************************************************************************************************
မင်းအမေကိုချက်စားကြတာပေါ့

တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့
အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ်။
တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။ ဒီလိုနဲ့
လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက်
ဖြတ်လာတယ်။
သားကမေးတယ်။
အဖေ ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလားဆိုတော့ အဖေက –
နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။
နောက်မိန်းမဝဝတစ်ယောက်ဖြတ်လာတော
့ သားကမေးတယ်။
အဖေ ၊ ဒီတစ်ယောက်က ဝဝတုတ်တုတ်ကြီး စားလို့ကောင်းမယ်။ ဖမ်းသွားရအောင်။
အဖေကလည်း – ဒီတစ်ယောက်က ဝလွန်းတယ်။ ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့။
ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း – အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ။ ပိန်လည်းမပိန် ဝလည်းမဝဘူး။
ဖမ်းသွားရအောင် လို့မေးတယ်။
အဖေကလည်း – ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်
မင်းအမေကိုချက်စားကြတာပေါ့ သားရယ်။ တဲ့ …

******************************************************************************************************
မွေးလာပုံ

ကလေး      ၊    ဖေဖေ၊ သားကို ဘယ်လိုမွေးလာတာလဲဟင်
ဖခင်          ၊    အေး၊ ငါ.သား။ မင်းတစ်နေ.နေ.မှာသည်လိုမေးမှာပဲ လို.
ငါတွက်ထားတာကွ၊ ဒီလိုကွာ။ မင်းအမေနဲ.ဖေဖေ chat room မှာ chatting လုပ်ရင်းသိခဲ့ကြတယ်။
နောက် cyber cafe ဆိုင်တွေကနေ email တွေအပြန်အလှန်ပို.ကြတယ်၊
ဒီလိုနဲ.နောက်ဆုံးမင်းအမေက ဖေဖေ.ကို download လုပ်နုိုင်တယ်လို.ခွင့်ပြူတယ်။ သူကလည်းဖေဖေ.ကို uploaded ပြန်လုပ်တယ်၊
ဖေဖေတို.နှစ်ယောက်လုံး firewall ချမထားမိဖူး၊ ပြီးတော့ delete  button ကိုလည်းမနှိပ်မိဖူး၊
နောက် ကိုးလကြာတော. မင်းကိုရလာတာပေါ.၊
အဲသည်အချိန်ကvirous အကိုက်မခံလိုက်ရတာလည်းပါတာပေါ.၊ currentကလည်း လုံးဝမှန်နေခဲ.တာ၊မင်းကံကောင်းတယ်ငါ.သား၊။။

**********************************************************************************************************

အလှူခံ. .

ရေကူးကန်ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံသူများရောက်လာရာ

ယောကျာ်းလုပ်သူက မိန်းမကို လှမ်းအော်ပြီးမေးသည် ။

“မိန်းမရေ…သူတို့ကိုဘယ်လောက်ပေးလိုက်ရမလဲဟေ့ ”

“ရေ ၃ ပုံးပေးလိုက် ”

**************************************************************************************************************
ဘာကောင်လဲ. .

“ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ ”
“မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ၊ ဖေဖေက မေမေ့ကို
ကြက်မကြီးလို့ ပြန်ပြောတယ်”
“အဲဒါနဲ့ ငိုရရောလား ကလေးရဲ့”
“စဉ်းစားကြည့်လေ ၊ ကျွန်တော်က ဘာကောင်ဖြစ်မလဲ ”

***************************************************************************************************************
အမေးအဖြေ

အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ
လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။

***************************************************************************************************************
နှစ်ပါတ်လည်

ဇနီး… မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်?
ခင်ပွန်း. . . (၂)မိနစ်လောက် (ဝမ်းနည်းခြင်း အထိန်းအမှတ်နဲ့)ငြိမ်သက်နေကြတာပေါ့ကွာ။

****************************************************************************************************************

5 comments

  • pan pan

    July 13, 2011 at 11:05 am

    တချို့ဟာတွေတော့ မဖတ်ရသေးဘူး
    ရယ်ရပါတယ်ရှင့်
    ဂိုးသမားကယ်လိုက်တဲ့ကြောင်လေးတော့ သနားစရာ..
    သူဟာသူပြုတ်ကျရင်တောင် ဒီလောက်နာမှာမဟုတ်ဘူး

  • moethidasoe

    July 13, 2011 at 11:21 am

    ခိုင်းနည်း သစ်ကို သဘောကျတယ် .. မဖတ်ဖူးသေးဘူး
    အမေ့ကို ချက်စားဖို့ ပြောတာမျိုး မဖြစ်အောင်တော့ နေရတော့မှာပေါ့
    အသစ်တွေအတွက် ကျေးဇူးတင်တယ်

  • နွယ်ပင်

    July 13, 2011 at 12:02 pm

    မဖတ်ဖူးသေးတဲ့ ဟာသလေးတွေဖတ်လိုက်ရတဲ့ အတွက်ကျေးဇူးပါ
    မင်းအမေကိုချက်စားကြတာပေါ့နဲ့ အလှူခံ. .ဟာသလေးတွေကို သဘောကျတယ်

  • photwenty

    July 13, 2011 at 1:36 pm

    ့ပါးကျိုးမယ်ဗျို. ပါးကျိုးမယ် ဟီးဟီး

  • manawphyulay

    July 13, 2011 at 3:01 pm

    ဘဝအမောတော့ မပြေပေမယ့် ခုခဏတာ စိတ်ပျော်ရွှင်မှုကို တစ်ရက်အသက်ရှည်ဖို့အတွက် ရယ်မောမိပါတယ်ရှင်။

Leave a Reply