အစိုးရဝန်ထမ်းတွေ လစာတကယ်တိုးမှာလား

panpanJuly 13, 20111min1098

အငြိမ်းစားဝန်ထမ်းတွေ ပင်စင်လစာတိုးပြီးပြီ

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေလည်း လစာတိုးမယ်လို့တော့ကြားတယ်

ဒါကလည်း အရင့်အရင်ကတည်းကလို ကြားကြားနေပြီး လစာမတိုးခင် ကုန်ဈေးနှုန်းတွေပဲတက်သွားမှာ ကြောက်နေရတယ်

ကြားတာပြောရရင် လစာ ၁၀၀၀၀ဝ တစ်သိန်းအောက် ရသူတွေက လစာတိုးမယ်တဲ့

၃၀၀၀ဝလောက်တိုးမယ်ကြားတယ်

တစ်သိန်းနဲ့ အထက်ဆိုရင်တော့ မတိုးဘူးဆိုလားပဲ

အဲလိုသာဆိုရင် လစာတစ်သိန်းအတိရတဲ့လူက ဒီတိုင်းကြီးဖြစ်နေပြီး ၉၀၀၀ဝသမားက ၁၂၀၀၀ဝဖြစ်သွားမှာပေ့ါနော်.. 😛

အတိအကျသိတဲ့လူတွေရှိရင်လည်း ပြောကြပါဦး…

8 comments

  • weRone

    July 13, 2011 at 1:38 pm

    စဉ်စားနေတယ် တယ် တိုးပေးရင် ကောင်းမလားလို့.. 😛

    • pan pan

      July 13, 2011 at 1:50 pm

      သူတို့ကတိုးပေးဖို့ စဉ်းစားနေ
      ကုန်ဈေးနှုန်းက မစဉ်းစားဘူး
      အသံကြားရင်တက်ပြီ
      ဘာသံပဲဖြစ်ဖြစ်

  • weRone

    July 13, 2011 at 1:58 pm

    တော်တော် နားပါးတဲ့ ကုန်ဈေးနှုန်း.. နေပါစေအုံး နောက်မှ နားရင် အုတ်ထည့်လိုက်မယ်.. နားကန်းသွားအောင်… 😀

    • pan pan

      July 13, 2011 at 2:21 pm

      နားရင်းအုပ်ချင်ရင် weRone အရပ်တော်တော်ရှည်မှရမယ်
      မမှီရင် ကုလားမခြေထောက်သုံး 😛
      ကုန်ဈေးနှုန်းက လောရှည်ကြီး
      သူ့ထက် ဘယ်သူမှမမြင့်ဘူး

      • နွယ်ပင်

        July 13, 2011 at 2:42 pm

        ဟုတ်ပ ပန်ပန်ရယ် တစ်ဖြည်းဖြည်းနဲ့ အရပ်ရှည်လာသော ကုန်ဈေးနှုန်းလို့ ပြောရမလားပဲ 🙂

  • nature

    July 13, 2011 at 1:59 pm

    အဆင်ပြေမဲ့ နည်းလမ်းလေးတွေ ပေါ်လာနိုင်ပါတယ်။

  • naywoonni

    July 13, 2011 at 10:04 pm

    မဟုတ်ပါဘူးတဲ့ ..။ ကုန်သည်ကြီးတွေ နှံ့ ကြောထတာပါတဲ့..။

  • ဆူး

    July 13, 2011 at 10:42 pm

    ကုန်သည်ကြီးတွေ နံ့ကြော ထတယ်လို့ တရားသေ ပြောလို့ မရဘူး
    ဟိုဟာတက် ဒီဟာတက်နဲ့.. တက်နေလိုက်တာ ဘယ်သူက စပြီး ဇတ်လမ်းထွင်မှန်းတောင် မသိလိုက်ဘူး။ နောက်ဆုံးတော့ ငွေဈေး မမာတာကိုပဲ စွပ်စွဲကြတော့တာပဲ..

Leave a Reply