လုပ်ဇါတ်မဟုတ်ရပါဘူး ပရိသတ်ကြီးရယ်

မောင် ပေJuly 13, 20111min23213

13.07.2011 နေ ့လည် ၁၂ နာရီထိုးပြီး အချိန် ၁ နာရီခန် ့ရသဖြင့် အင်တာနက် ဆိုင်သို ့ပြေးလာခဲ့ပါသည် ။ Mozilla Firefox ကို ပထမ ဆုံး ဖွင့်ပြီး အရင်ဆုံး ခေါ ်ဖြစ်သည်မှာ https://mail.google.com   .  မေးလ်ဘောက်စ် ကို ရလျှင်ရခြင်း inbox ကို ကြည့်လိုက်တော့ မနေ ့ည က ကျွန်တော် တင်ခဲ့သည့်   “ မရွယ်ပဲ ဆူး မင်းဖြစ် ” ပို ့စ်လေး အတွက် new comment များ ဝင်နေကြောင်း မေးလ် ကို တွေ ့ရှိရသည် ။ သို ့နှင့် ဘာများ အားပေးကြပါသလဲ လို ့ကြည့်လိုက်တော့ တော်တော်ကြီး စိတ်မကောင်း ဖြစ်ရသည် ။ ကိုယ့်ဘာသာ ကိုယ် ပြန် ဆန်းစစ် ကြည့်တော့ ကျွန်တော့်လိပ်ပြာ ကျွန်တော် လုံပါသည် ။ ကျွန်တော် လိပ်ပြာ သန် ့ပါသည် ။ သို ့သော် အများထင်နေသလို မဟုတ်ရကြောင်း ကို တော့ ပြန်ရှင်းမှ ဖြစ်တော့ မည် ဟု ဆုံးဖြတ် ကာ ဤ ပို ့စ် ကို ကျွန်တော် တင်ဖြစ်ပါသည် ။ 

ပထမ ဦးစွာ ပြောချင်သည် မှာ …. ဆူး နှင့် ကျွန်တော် သည် အပြင်မှာ မတွေ ့ဖူးသော်လည်း ဂျီတော့ တွင် ခင်ပါသည် ။ မိတ်ဆွေ များ ဖြစ်ပါသည် ။ ဆူး က ကျွန်တော့် ထက် လပိုင်း ငယ်ပါသည် ။ အွန်လိုင်း တွင် တွေ ့မိတိုင်း  ကျွန်တော် တတ်သလောက် မှတ်သလောက် စာပေအကြောင်းကို ဆွေးနွေး တိုင်ပင် ဖြစ်ခဲ့သည် ။ ကျွန်တော် ဖတ်ဖူးသော စာအုပ် များ အကြောင်း ဆူး နှင့် ပြောဆို ခဲ့ဖူးပါသည် ။  ကျွန်တော် ဟာ လူရမ်းကား ၊ မိုက်ရိုင်း တတ် သူ တစ်ယောက်  ဟုတ် / မဟုတ် ဆိုတာ ကို ဆူး သိပါသည် ။

ကျွန်တော် တင်ခဲ့သော “ မရွယ်ပဲ ဆူး မင်းဖြစ် ” ဆိုသည့်  ပို ့စ်လေး မှာ ကျွန်တော် ၁ဝ တန်း ကျောင်းသား ဘဝ က ကျွန်တော့် ရှေ  ့တွင် ဖြစ်ခဲ့သော သူငယ်ချင်း ၏ ဖြစ်ရပ်မှန် လေး ကို စာဖတ်သူများ အတွက် “ ဒါမျိုးတွေ လည်း ရှိပါလား ၊ ဒါမျိုးတွေ လည်း ဖြစ်တတ်ပါလား ” ဟု သိရှိစေလို သော ရည်ရွယ်ချက်ဖြင့် ၊ ဝတ္ထုတို တစ်ပုဒ် အနေဖြင့် စာဖတ်သူ များ  အပျင်းပြေ ဖတ်နိုင်စေရန် ဟူသော ရည်ရွယ်ချက်ဖြင့်  ရေးတင်ထားခြင်း ဖြစ်ပါသည် ။ ရွာထဲ ရှိ “ ဆူး နှင့် မမ ” တို ့ကို တိုက်ခိုက် ရေးသား ထားခြင်း မဟုတ်ပါ ။ တစ်ကယ် ဖြစ်ခဲ့သော ဖြစ်ရပ်မှန် တစ်ခု ကို  ၊ စာရေးရတာ ဝါသနာ ပါသော ကျွန်တော့်၏ တတ်သလောက် မှတ်သလောက် လေး ဖွဲ  ့ဆို ရေးသား ထားချင်း ဖြစ်ပါသည် ။

“ မရွယ်ပဲ ဆူး မင်းဖြစ် ” ဇါတ်လမ်းကို ဖတ်ကြည့် မည် ဆိုလျှင်  ဘာမှ ကြိုးစား အားမထုတ်ရပဲ  အချောင် နေရင်း ထီပေါက်သလို ( ရိုင်းရိုင်းပြောရရင် အချောင်စား လိုက်ရသလို ) ဖြစ်ခဲ့သော ၁ဝ တန်း ကျောင်းသား တစ်ယောက် နှင့်  ရင်ခုန်စရာ ဇါတ်လမ်းများ ကို ရှာဖွေလေ့ရှိသူ ကျောက်ပွဲစား အမျိုးသမီး တစ်ဦး ၏  နွေးထွေးစွာ တွေ ့ဆုံကြခြင်း ကို  စာဖွဲ  ့ရေးထားသား ခြင်း ဖြစ်ပါသည် ။

“ ခေါင်းစဉ် ကို ဆူးမင်းဖြစ် ” လို ့သုံးထားခြင်း မှာ “ မရွယ်ပဲ စော်ကဲ မင်းဖြစ် ” ဟူသော စကားကို ကြိုက်နှစ်သက် သဖြင့် ဖြစ်ပါသည် ။

“ ဆူး ” ဆိုသော စကားလုံး ကို သုံးထားခြင်းမှာ ၊ “ ဖက်ပေါ ် ဆူးကျ ဖက်ပေါက် ၊ ဆူးပေါ ်ဖက်ကျ ဖက်ပေါက် ” ဟူသော စကားမှ လာပါသည် ။ 

“ဆူး” က ယောက်ျား ကို ကိုယ်စားပြုသည် ။ “ဖက်” က မိန်းမ ကို ကိုယ်စားပြုသည် ။  ကျွန်တော် ရေးသည့် ဇါတ်လမ်းမှာ ယောက်ျားလေး ဇေါင်းပေး ဇါတ်လမ်း ဖြစ်သဖြင့်

“ ဆူး ” ဟု သုံးထားခြင်း ဖြစ်ပါသည် ။ စာရေးဆရာမ ဆူး နှင့် လုံးဝ မသက်ဆိုင်ပါ ။  နောက်တစ်ခု က

“ ကျွန်တော့် ကို စာဖတ်အားနည်း သည် ဟု အပြစ်တင်ကြပါ ။ gazette ရှိ senior စာရေးသူ မမ ၏ ပို ့စ် တိုင်း ကို အကုန် မဖတ် ဖူးသော်လည်း ဖတ်တော့ ဖတ်ဖူးပါသည် ။  ကျွန်တော် ၏ “ ဆူးမင်းဖြစ် ” ပို ့စ်ကို တိုက်ပင်းရိုက်နေချိန်တွင်  မမ ဆိုသော နာမည် ကို မသုံးသင့်ကြောင်း ကျွန်တော် လုံးဝ မေ့နေခဲ့ပါသည် ။ လုံးဝ သတိမထားမိခဲ့ပါ ။ သို ့သော် ကျွန်တော် ရေးသော ဇါတ်လမ်းပါ မမ မှာ gazette ရှိ မမ ကို စောင်းမြောင်း ရေးသားထားခြင်း မဟုတ်သည် ကို မူ ကျွန်တော် လုံးဝ ဝန်ခံ ပါသည် ။ လိပ်ပြာလည်း သန် ့ပါသည် ။ မမ ကို စောင်းမြောင်းရေးစရာ အကြောင်းလည်း မရှိပါ ။ ရှိခဲ့လျှင် လည်း  တည့်သာ ရေးပါမည် ။ ကျွန်တော် ယောက်ျား တစ်ယောက် ဖြစ်ပါသည် ။ ကိုယ် လုပ်ရင် ကိုယ်ခံ ရဲပါသည် ။ ကျွန်တော် “ ဆူးမင်းဖြစ် ” ပို ့စ် ကို တင်ပြီးချိန်တွင် ကိုယ့်စာကို ပြန်ဖတ်ပြီး စာဖတ်သူ များအနေဖြင့် အဆင်မပြေလောက်ဟု ယူဆ မိသဖြင့် တောင်းပန်စာ comment ပါရေးခဲ့ပါသည် ။ သို ့သော် ယခု ကဲ့သို ့ဖြစ်လာမည် ဟု မူ ကျွန်တော် မစဉ်းစားမိခဲ့ပါ ။ မစဉ်းစား ခဲ့ ခြင်း မှာ ကျွန်တော် တင်ထားသော ပို ့စ်သည် စာဖတ်သူ အတွက် အပျင်းပြေ ဖတ်စရာ အဖြစ်  ၊ ဒါမျိုးတွေ ရှိတတ်ပါလား ဟူသော အိုင်ဒီယာ  ကို ပေးလိုသော ရည်ရွယ်ချက် ဖြင့်သာ တင်ခဲ့သောကြောင့် ဖြစ်ပါသည် ။  gazette တွင် ကျွန်တော် ရေးခဲ့သမျှ ပို စ် တိုင်း ကို ပြန်ကြည့်မည် ဆိုလျှင် လည်း ခေါင်းစဉ် နှင့် စာကိုယ် တို ့သည် အမြဲ ဆက်စပ် လျှက် ရှိသည် ကို တွေ ့ရပါမည် ။ ပေးထားသော ခေါင်းစဉ် နှင့် ပါသော စာ ဇါတ်လမ်း မတူညီ သည် ကို ကျွန်တော် မရေးတတ်ပါ ။ ရေးလည်း မရေးလို ပါ ။

ကျွန်တော့် ၏ “ ဆူးမင်းဖြစ် ” ပို ့စ်ရှိ ကွန်မင့်များကို ဖတ်ပြီး တစ်ခုတော့ ကျွန်တော် ဝမ်းသာ မိပါသည် ။ ယခု ရက်ပိုင်းအတွင်း ယောက်ျားများ နှင့် ပတ်သက်ပြီး ဇါတ်လမ်းများ ကို ရေးတင်မိနေသော ကျွန်တော့် စာများကို အမျိုးသမီး များ မဖတ်လောက် ဟု ကျွန်တော် ထင်ခဲ့ပါသည် ။ ကျွန်တော့်  ကို ကွန်မင့်ပေးထားသည် ကို တွေ ့သော အခါ ကျွန်တော် ့ ပို ့စ်များကို အမျိုးသမီး များပါ ဖတ်ကြသည် ကို သိရသည့် အတွက်  ဝမ်းသာ မိပါသည် ။

ကျွန်တော် နှင့် ဆူး သည် ဂျီတော့ တွင် ဆုံမိသည့် အချိန်တိုင်း  စာဖတ်စရာ လင့်ခ်များ အပြန်အလှန် ပေးလေ့ရှိပါသည် ။ ကျွန်တော် ယခု ရက်ပိုင်း အတွင်း ရေးခဲ့သော ယောက်ျားလေး အသားပေး ပို ့စ် လင့်ခ် ကို မူ ဆူး အား ကျွန်တော် မပေးခဲ့ပါ ။ အားနာသောကြောင့် ဖြစ်ပါသည် ။

နောက်ဆုံး ပိတ် အနေဖြင့် ….. ကျွန်တော် တင်ခဲ့သော “ ဆူးမင်းဖြစ် ” ပို ့စ် ကို သေချာအောင် ဖတ်ကြည့်မည် ဆိုပါက ဖြစ်ရပ်မှန် တစ်ခု ကို နာမည်ပြောင်းရေးထားကြောင်း သိနိုင်ပါသည် ။ ပေးထားသော ခေါင်းစဉ် အတွက် အဘယ်ကြောင့် ဤ ခေါင်းစဉ် ပေးရပါသလဲ ဆိုတာ ကို အထက်တွင် ကျွန်တော် ရှင်းခဲ့ ပြီးပါပြီ ။ ဇါတ်လမ်းတွင် ပါ မမ ဟူသော ဇါတ်ကောင်နာမည် က မူ  ကျွန်တော် ၏ ညံ့ဖျင်းမှုကြောင့် မမ ဆိုသော နာမည် ကို သုံးမိခဲ့ခြင်း ဖြစ်သည် ဟု ကျွန်တော် ဝန်ခံ ပါသည် ။  ဂေဇက် ရှိ မမ ဆိုသော စာရေးသူ ကို လုံးဝ စောင်းမြောင်း ပြီး ရေးသားထားခြင်း မဟုတ်ကြောင်း ။ မမ ကို မိုက်ရိုင်းစော်ကား လို စိတ် နှင့် ရေးသား ထားခြင်း လုံးဝ မဟုတ်ရပါကြောင်း ဤ ပို ့စ် ဖြင့် ရှင်းလင်းချက် ပေးလိုက်ရပါသည် ။

ကျွန်တော့် ပို ့စ်လေး ကို သေချာ စွာ ဖတ်ပေးကြပါ ။ ကျွန်တော်ရေးသောစာ ကို ဖတ်ရှူ ပြီး  နောက်ဆုံး ကျွန်တော့်ကို မိုက်ရိုင်းသည် ဟု  ပြောလာမည် ဆိုခဲ့မည် ဆိုလျှင် လည်း ကျွန်တော် လက်ခံပါ့မည် ။ သို ့သော် ဆူးနှင့် မမ တို ့ကို တိုက်ခိုက်ရေးသားထားခြင်း ၊ စော်ကားထားခြင်း သဘောဖြင့် ရေးခဲ့သည် မဟုတ်သည် ကို မူ ကျွန်တော့် ဘာသာ ကျွှန်တော် လိပ်ပြာ လုံပါကြောင်း ၊ ကျွန်တော် လိပ်ပြာသန် ့ပါကြောင်း ဤ ပို ့စ်လေး ဖြင့် ဝန်ခံ လိုက်ပါသည် ။

( ကျွန်တော် ဂေဇက်ဝင် တစ်ဦး ဖြစ်လာရခြင်း မှာ အခြားဂေဇက် ဝင် များကို စော်ကား စောင်းမြောင်း မိုက်ရိုင်းလို စိတ် ဖြင့် ဝင်ထားခြင်း မဟုတ်ပါ ။

ဂေဇက် ထဲ ရှိ သတင်းထူး ၊ သတင်းဦး ၊ ဝတ္ထု ၊ ကဗျာ ၊ ဟာသ ပုံလေး များကို ဖတ်ရူ  ့လို သဖြင့်  ဝင်ထားခြင်း ဖြစ်ပါသည် ။ ကိုယ်သိသလောက် လေး ကို လည်း ကိုယတ် တတ်သလောက် မှတ်သလောက် ပြန်ရေးပြ ချင် သဖြင့် ဂေဇက်ဝင် တစ်ဦး အဖြစ် မှတ်ပုံတင်ခဲ့ ခြင်း ဖြစ်ပါကြောင်း  ထပ်မံ ဝန်ခံ စကား ဆိုလိုက်ပါသည် )

—————————————————————-         အားလုံး ကို ကျေးဇူးတင်ပါသည်           ———————————————————————-

 

13 comments

  • fatty

    July 13, 2011 at 1:56 pm

    ဘယ်ပေါ်ကျကျ ကျနော်ဘဲပေါက်မှာပေါ့နော် …..

    ဖက်။

    • pan pan

      July 13, 2011 at 2:06 pm

      “ဆူး” က ယောက်ျား ကို ကိုယ်စားပြုသည် ။ “ဖက်” က မိန်းမ ကို ကိုယ်စားပြုသည် ။ ဆိုတော့ ဘွားဆူးနဲ့ မမ နာမည်တင်မက လေးဖက်နာမည်ပါ ယူသုံးထားတာပဲ 😛

      • etone

        July 14, 2011 at 10:41 am

        အာ ဒုက္ခပါပဲ ဘာတွေ ဖြစ်ကုန်ပြီလဲ .. ။
        etone ရေးထားတဲ့ … ဆူး ကျိုး ဖက် ကလည်း … မဆူးနဲ့ လေးဘက်မဟုတ်ဘူးနော် … ။ ကြိုရှောင်ထားတာ အဟီး 😀 😀 😀

        ဒါနဲ့ စိတ်ဝင်စားစရာကောင်းတာက ဘယ်သူက ဘယ်သူ့ကို ဘယ်လိုgmail address သိပြီး ဆက်သွယ်လိုက်ပါလိမ့် ဟီးဟီး 😛 😛 😛

    • Members

      July 13, 2011 at 4:10 pm

      နဂို ပေါက် လေးဘဲ မဟုတ်လား။ ( ပေါက်မြောက်အောင်မြင်ခြင်း )
      နောက်ထပ်ကော ပေါက်ချင် သေးတာလား ။ ( ထီ )
      ငယ်ငယ် တုန်း ကပြောကြ တာကတော့ ဖက် နမ်း တာ ။ ( ဈေးထဲက နွား )
      အခု ဖက် နမ်း နေတာက ရော ။ ( သူလေးလား သားသားလေးလား )
      ဖက် လို့ ကတော့ တီး လိုက်မှာ နော် ၊ ( ခေါက်ထီး နဲ့ )
      ဆူး ဆိုတိုင်း ဖက် ဆိုတိုင်း ဒါဘဲ တော့ မဟုတ်တန်ရာပါဘူး။
      မြန်မာစာ အဖွဲ ့ အနွဲ ့ တွေမှာ မမတွေ မောင်မောင်တွေ ပေါလွန်းလို့ ။
      ရွာထဲက မမ နဲ့ ဆူး တွဲသွားတော့လဲ ကြက်သွန် နဲ့ ပေါင်းမိလို့ ရော အထောင်း ခံ ရကိန်း ဆိုက်သွားတာနေမှာပါ။ နောင် ဆင်ခြင် ကြပေါ့ဗျာ ။ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေ ဆိုတာ တစ်ခါတစ်ခါ ကြုံ တတ် ကြပါတယ်။ နားလည်မှုတွေ လိုပါတယ် ။

  • chitpyae

    July 13, 2011 at 2:21 pm

    လေးဖက်ရော ပန်ပန်ရောပြောလည်းပြောတတ်တယ် … 🙂
    ko talker ကြီးက တောင်းပန်နေပီနော် … ကျေနပ်လိုက်ကြပါ ။
    တိုက်ဆိုင်မှုလေးတွေ ရှိသွားတာပါ … စိတ်တွေမဆိုးကြပါနဲ့လို့ ထပ်ဆင့် တောင်းပန်ပေးပါတယ် ရှင် …

  • နွယ်ပင်

    July 13, 2011 at 2:38 pm

    တောင်းပန်တဲ့ သူကလဲတောင်းပန်နေတယ်
    ကြားထဲကလဲ တောင်းပန်နေတဲ့ သူကလဲရှိတော့
    လေးဖက်ရေ … မပေါက်ပါနဲ့တာ့နော် 😛

  • shweaeimsi

    July 13, 2011 at 4:36 pm

    ဟွင်းဟွင်းးးးး

    အမလေးဒါဆို..ဒို ့ရဲ ့စာဟောင်းလေးပြန်ရှာပြိးတင်ပစ်မယ်..
    ခေတ်ကပြောင်းနေပြိဆိုတာ…မသိဘူးလား…
    ဥပေါ်..ခဲ ကျလည်း..ဥဘဲ ကွဲတယ်ဆိုတာ………

  • Shwe Tike Soe

    July 13, 2011 at 5:28 pm

    အင်းလူတူမရှား နံမည်တူမရှားပဲလေ
    ကိုတော်ကာစိုင်းစိုင်း ကို သနားလို့ တိမ်တွေတောင်ငိုချလိုက်တယ်မိုးကိုသဲရော ဟဟဟ
    ကြေအေးပေးလိုက်ကြပါ

  • padonmar

    July 13, 2011 at 7:30 pm

    အလျှောက်ကောင်းလို့ အထောင်းသက်သာစေမည်။မောင်ပေ လွတ်စေသတည်း။
    ဆူးနဲ့ မမ ကိုယ်စား

  • nature

    July 13, 2011 at 11:36 pm

    အလျှောက်ကောင်းလို့ ခြေထောက်ညောင်းသွားတဲ့ မောင်ပေ အနှိပ်ခန်းသွားစေ။

    • king

      July 14, 2011 at 1:25 pm

      ဟိုတယ်မှာ ရှိတဲ့ အနှိပ်ခန်းလား
      ကျန်းမာရေး အနှိပ်ခန်းလား
      ရပ်ကွက်တွေထဲက အနှိပ်ခန်းလား
      (ရပ်ကွက်ထဲကဆိုရင်တော့ ပိတ်သလို မပိတ်သလိုလို ဘာလိုလို ညာလိုလိုနဲ့) 😛

  • Yan Shin

    July 14, 2011 at 11:12 am

    အော်…
    လူတွေ လူတွေ?

  • ကြောင်ကြီး

    July 15, 2011 at 10:10 am

    ပြောပြောက စောရောပေါ့ကွယ်….. 🙂

Leave a Reply