အာဇာနည်နေ့ နှင့်နိုင်ငံ့အစိုးရရုံးများ၏ ဥပစာရုပ်ပုံ

kyawhan21July 13, 20111min1009

ကျွန်တော်ကျော်ဟန်ပါ  ပြီးခဲ့တဲ့လက အစိုးရရုံးတွေမှာ  တီးတိုးအမိန့်တွေကို နာခံဆောင်ရွက်တာတွေ တွေ့ရတယ် ပြည်သူတွေသိပြီးသားဖြစ်မှာပါ၊ နိုင်ငံပိုင်အစိုးရရုံးတွေမှာ ချိတ်ဆွဲထားတဲ့ ဗိုလ်သန်းရွှေ ရဲ့ ရုပ်ပုံကို ဖြုတ်သိမ်းခိုင်းတယ် ၊ဒါပေမယ့် ဒီအမိန့်ရဲ့ မပြည့်စုံမှုက ဘယ်သူ့ပုံနဲ့အစားထိုး မလဲဆိုတာပါ။အနီးစပ်ဆုံးက လက်ရှိပြည်ထောင်စု အစိုးရအဖွဲ့ရဲ့  အကြီးအမှူးဖြစ်သူသမ္မတဦးသိန်းစိန် ရဲ့ပုံဖြစ်နိုင်ချေရှိတာပေါ့၊ ဒါဆိုရင် ဒီသမိုင်းဟာ သိက္ခာရှိပြိး ပြည့်စုံတဲ့သမိုင်းဟုတ်ပါရဲ့လား၊တစ်ကယ်ပြည်သူ့ဆန္ဒ ဟုတ်ပါရဲ့လားဆို တာ ပြည်ထောင်စုအစိုးရအနေနဲ့ပြန်လည်ဆန်းစစ်ဘို့လိုအပ်မှာပါ။

                  တစ်ကယ်ပြည်သူ့ဆန္ဒကို စစ်တန်းလုပ်မယ်ဆိုရင်တော့  တစ်ခဲနက်သောပြည်သူ့ရဲ့ဆန္ဒ အဖြေကတော့ရှင်းပါတယ်၊မကြာခင်ကြရောက်တော့မယ့် အာဇာနည်နေ့အတူ ပြည်သူ့ရင်ကို မျိုးချစ်စိတ်တွေနဲ့ လှုပ်နှိုးစေမယ့် မြန်မာ့အာဇာနည် ဗိုလ်ချုုပ်အောင်ဆန်း ရဲ့ ရုပ်ပုံလို့ အဖြေထွက်လာမှာပါ။မြန်မာသာမက နိုင်ငံတကာခေါင်းဆောင်ပိုင်းကပါ စံထားလေးစားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲံသမိုင်းဟာ မြန်မာ့သမိုင်းတလျှောက် ဘယ်လိုမှအစားထိုးလို့မရပါဘူး။

                မြန်မာပြည်ကိုတကယ်စစ်မှန်တဲ့ ပြည်ထောင်စု နဲ့ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တစ်ပြည်အဖြစ် ပြန်လည်တည်ဆောက်လိုတယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ အနေနဲ့ အမည်ခံရုံသက်သက်နဲ့ မရပါဘူး၊တကယ်တမ်းပြည်တောင်စုကို အသက် သွေးချွေး စွန့်ပြီးတည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါဝင် မျိုးချစ်သူရဲကောင်းတွေရဲ့သမိုင်းတွေကိုအလေးအနက် ထားပြိး သမိုင်းတန်ဘိုးဖေါ်ထုတ်ရမှာပါ၊

                  တိုင်းပြည်ဋ္ဌစက္ခု သို့မဟုတ် စတုတ္ထ မဏ္ဍိုလ် ဖြစ်တဲ့  သတင်းမီဒီယာများဖြစ်သော ပြည်သူ့ခေတ်ဂျာနယ် မော်နိတာ ဂျာနယ်နှင့် မိဒီယာအသီးသီးက ပြည့်တာဝန်ကျေပွန်စွာ တမ်းရွက်ရင်း မြန်မာ့သမိုင်းတန်ဘိုးကို ဖေါ်ထုတ်နေစဉ် ခေတ်တစ်ခေတ်၏ ပြည်သူ့ဆန္ဒနဲ့ အညီ ပြုပြင်လိုပါက နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများသာမက နိုင်ငံ့အာဏာ အရပ်ရပ်ကို လက်ဝယ်ပိုင်ဆိုင် ထားသော ပြည်ထောင်စုအစိုးရအနေနှင့် မိမိတို့အရောင်ဆိုးခဲ့သည့်  မိမိတို့သမိုင်းမည်းကို ချေဖျက်လိုပါက  နိုင်ငံပိုပ်ရုပ်သံနှင့် သတင်းစာများ၏ မီဒီယာသိက္ခာကို မိမိ၏နိုင်ငံရေးပြိုင်ဘက်များကို တိုက်ခိုက်ရင်း ညစ်နွမ်းစေမည့်အစား ပြည်သူ့အတွက် တာဝန်ကျေသောပြည်သူ့ရင်နှစ် ဖြစ်လာစေရန် မကြာမီကြရောက်တော့မည့်အာနည်နေ့တွင်  အာနည်ခေါင်းဆောင်ကြီးတို့၏ ပြည်ထောင်စု သမိုင်းကောင်းကို ထုထ်လွှင့်ပြသကာ  ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံအား အစိုးရရုံးများတွင် အလေးထားချိတ်ဆွဲသင့်ကြောင်း ကိုပြည်သူ့ပြောသော ပြည်သူ့စကားအဖြစ် တင်ပြတိုက်တွန်းအပ်သည်ခင်ဗျား။

               ကွန်တော်ကျော်ဟန်ပါ

9 comments

  • moethidasoe

    July 13, 2011 at 3:43 pm

    ချိတ်သင့်တယ်လို့ ထင်ကြပေမယ့် မချိတ်ရဲကြဘူးလို့ ထင်ပါတယ် ..

  • bigbird

    July 13, 2011 at 7:05 pm

    အိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ အကြီးစား ၂ ပုံ ချိတ်ထားတယ်။ ရင်ထဲက လာတာ ….

    ချိန်းချောက်ပြီးမှ ချိတ်ခိုင်းထားတဲ့ လူတွေမနှစ်သက်တဲ့ပုံတွေကို မျောင်းထဲပစ်ဖို့ အချိန်တန်နေတာ ကြာပါပြီးးးးးးး

  • zaw min

    July 13, 2011 at 10:27 pm

    ဓါတ်ပုံချိတ်ဖို့ မပြောနဲ့ ဖြစ်နိုင်ရင်အဲဒီ အာဇာနည်နေ့ဆိုတာကို သမိုင်းထဲက အပြီးအပိုင်ဖျက်ထုတ်ထားချင်တာပါ။

  • nature

    July 13, 2011 at 11:24 pm

    ချိတ်ရမဲ့ပုံ မရှိရင် သူကြီးပုံချိတ်စေ။ (မှတ်ချက်- ကြွက်ခြောက်ရန်)
    ပုံ/ ရွာသန့်ရှင်းရေးနှင့် စည်းကမ်း ထိမ်းသိမ်းရေး ကော်မတီ

  • taicun

    July 14, 2011 at 6:44 am

    “ကိုယ့်ကိုယ်ကိုယ် ကျောက်တိုင်စိုက်ထူချင်သူတွေ၊ အပူဇော်ခံချင်သူတွေ၊ သမိုင်း တွင်ကျန်ချင်သူတွေလည်း ပေါ်ခဲ့တာပါပဲ။ သို့ပေမယ့် ကျောက်တိုင် စိုက်တယ်ဆိုတာ နောင်လာနောက်သား ပြည်သူတွေရဲ့ အလုပ်ပါ။ ဦးဥတ္တမ၊ ဦးဝိစာရ၊ ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ နှောင်းခေတ် ပြည်သူတွေရဲ့ ကျောက်တိုင်စိုက် ဂုဏ်ပြုခြင်းကို ခံခဲ့ကြရတာပါ။

    ဘယ်တိုင်း ဘယ်နိုင်ငံမှာမဆို ကိုယ့်ကျောက်တိုင် ကိုယ်စိုက် ခဲ့ရင် နှောင်းလူတွေက သည်ကျောက်တိုင် ဘာကြောင့်ရှိနေရတာလဲလို့ အမေးခံရတဲ့ အချိန်မှာ ကိုယ့်ဘက်က ခုခံကာကွယ်ပေးနိုင်သူ ရှိဖို့လိုပါလိမ့်မယ်။

    အဲသလို ဖြစ်ရတာထက် ကိုယ့်အထိမ်းအမှတ် ကျောက်တိုင် ဘာကြောင့် မရှိခဲ့တာလဲလို့ နောင်လာ နောက်သားတွေ က မေးခွန်းထုတ်ကာ သူတို့ဆန္ဒနဲ့ သူတို့ စိုက်ထူဂုဏ်ပြုတာကို ခံရခြင်းသာ အလိုလား အပ်ဆုံးလို့ ယူဆကြောင်း ပါဗျာ။”

    မောင်ဝံသ ရေးထားတဲ့ဆောင်းပါးထဲကတချို ့ကိုကူးယူဖေါ်ပြတာပါ။

  • ကြောင်ကြီး

    July 14, 2011 at 9:52 am

    လတ်တလော သတင်းတွေအရ သန်မတ ဦးသိန်းစိန်နဲ့ ဒူသန်မတ ဦးရှစ်လုံးတို့နှစ်ဦးမှာ ဘယ်သူပုံကို ချိတ်ရမလဲ ဝေခွဲမရ ဖြစ်နေပုံရတယ်။ အကောင်းဆုံးက ကြောင်ပုံချိတ်ထား၊ အနည်းဆုံးတော့ ကြွက်ပြေးလိမ့်မယ်။ :party:

  • etone

    July 14, 2011 at 10:32 am

    အရင်ကဆို အာဇာနည်နေ့တိုင်း အ စိုးရရုံးတချို့တွေမှာ ဘုန်းကြီးပင့်ပြီး အမျှဝေပေးတယ် … ပြီးခဲ့တဲ့ နှစ်ကစပြီး မလုပ်ဖြစ်တော့ဘူးတဲ့ … ဟုတ်မဟုတ်တော့ မသိပါ … ။
    ဘယ်သူ့ပုံချိတ်ချိတ် ရုပ်ဆိုးတာ အမှတ်ပဲ အဟဲ 😀

  • chitpyae

    July 14, 2011 at 1:03 pm

    ဟုတ်ပါ့ .. မမ etone ပြောသလို ပါပဲ ။ ဘယ်သူ့ပုံပဲ ချိတ်ချိတ် တို့ဗိုလ်ချုပ်ပုံ လောက်ကို ကျက်သရေ ရှိမှာ မဟုတ်ဘူး ။ သူတို့ ပုံတွေချိတ်ရင် လေ ကိုကြောင်ကြီးပုံချိတ်သလို ကြွက်တောင်ပြေးမှာ မဟုတ်ဘူး 🙂

  • kyawhan21

    August 2, 2011 at 9:16 pm

    ကျွန်တော်က ငယ်စဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းများနဲ့ ကြီးပြင်းရသူပါ၊ ဗိုလ်ချုုပ်ကို မြန်မာပြည်သူတွေ လောက်ပဲချီးမွှမ်းနေတယ်ဆိုရင်တော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကြတယ်လို့ဘဲ ပြောကြစေတော့ နိုင်ငံအများအပြားက အထင်ကရခေါင်းဆောင်တွေရဲ့ သမိုင်းဝင်မှတ်ချက်တွေထဲမှာ မဟတ္တမဂန္ဒီ ရဲ့မှတ်ချက်က “အောင်ဆန်းဟာခေတ်သစ်မြန်မာနိုင်ငံကိုမွေးဖွားခဲ့သူဖြစ်ပြီး အောင်ဆန်းကြဆုံးခြင်းက အာရှတိုက်ရဲ့ နိုင်ငံရေးဦးဆောင်မှုကြဆုံးခြင်းလို့”မှတ်ချက်ပြုခဲ့ပေမယ် မြန်မာ စစ်အာဏာရှင်တွေက dsa ကျောင်းဝမှာ ဘုရင့်နောင် အနော်ရထာ အလောင်းမင်းတရားတို့တည်ခဲ့သော တပ်မတော်နဲ့နိုင်ငံ ဆိုပြီးဝင့်ကြွားထားတာ သမိုင်းမှန်လားသမိုင်းမှားလားဆိုတာ ကမ္ဘာကသိပါတယ် သမိုင်းမှန်ကို အနာဂတ်မြန်မာ နိုင်ငံအတွက်တန်ဘိုး တားတယ်ဆိုရင် ပြည်ထောင်စု အစိုးရပြင်သင့်တဲ့ အချက်တွေထဲdsaကျောင်းဝမှရုပ်ထု နှင့် 1963 ခုနှစ် ဗိုလ်နေဝင်း နဲ့ ဗိုလ်အောင်ကြီးတို့ မလိမ့်တပတ်နဲ့မိုင်းခွဲဖြိုလိုက်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်ဦးကို ပြန်လည်တည်ဆောက်ရမယ့် သမိုင်းကြွေးတင်နေကြောင်းပါ ဗျာ ကျွန်တော် ကျော်ဟန် ပါ၊

Leave a Reply