ကွန်ပျူတာကို keyboard မသုံး mouse မသုံးပဲ microphone နဲ့ အိပ်နေရင်း ကွန်ပျူတာကို ကိုင်တွယ်အသုံးပြုနိုင်…

lu ta loneMay 5, 20101min16310
window 7 မှာ ပါတဲ့ အထဲက ကျွန်တော်သဘောကျတဲ့ တစ်ချက်ကတော့ ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် .

အသုံးပြုနည်း

  • (၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ .
  • (၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ .
  • (၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင်
  • Headset microphone , Desktop microphone, other ဆိုပြီးတော့ သုံးခုရှိတဲ့အထဲက ကိုအသုံးပြုတဲ့ microphone ကို ရွေးလိုက်ပါ ပြီးတော့ Next ပေါ့ .
  • (၄) Next ကို ဆက်နှိပ်လိုက်ပါ . အဝါ၊ အစိမ်း၊ အပြာ သုံးရောင်ခြည်ထားတဲ့ အတန်းတစ်တန်းကို တွေ့ရင် မိုက်ကနေ စမ်းပြီးတော့ပြောလိုက်တာနဲ့ mic ကောင်းရင် next ကိုနှိပ်ဖို့ပေါ်လာပေးပါတယ် . နောက်တစ်ခါ next ကို ထပ်နှိပ်လိုက်ပါ . အသံပြောလိုက်ပြီးရင် အဆင်ပြေသွားပြီဆိုတာနဲ့ finish ပေါ်လာပါလိမ့်မယ် .

Microphone ကိုတော့ စမ်းပြီးတော့ အိုကေသွားပြီထင်ပါတယ် အခုလောက်ဆို

ဒုတိယအဆင့်အသံစမ်းမယ် .

  • (၁) ဒုတိယအဆင့်က ကိုယ့်အသံကို စမ်းစစ်မယ် . နားကြပ်တပ်ထားလိုက်ပါ .
  • (၂) start >> control panel >> Ease of Access >> start speech recognition ကိုရွေးလိုက်ပါ .
  • (၃) ပေါ်လာတဲ့ box ကို on ထားလိုက်ပါ . ပြီးတာနဲ့ မိုက်နဲ့စမ်းပြီးတော့ အမိန့်ပေးပြီး အဖွင့်အပိတ် အမိန့်ပေးလို့ ရသွားပါပြီ . အဲ ကိုယ့်အသံက အသံနေအသံထား မှန်မမှန်ဆိုတာကို အရင်ဆုံး စမ်းစစ်လိုက်ပါ .
  • (၄) start >> control panel >> Ease of Access >> speech recognition ကိုရွေးလိုက်ပါ
  • (၅) train your computer to better understand you ဆိုတာကို နှိပ်လိုက်ပါ . နောက်တစ်ခုက take speech tutorial ကို ရွေးပြီးတော့လဲ ကျင့်လို့ရပါတယ် . သူပြောခိုင်းတဲ့ စကားလုံးတွေကို ကိုယ့်ပါးစပ်ကနေ လိုက်ပြောကြည့်ပါ မှန်တယ်ဆိုရင် နောက်ထပ်တစ်လုံး အလိုလိုတိုးသွားပါလိမ့်မယ် . ကဲ
  • (၆) အားလုံး အိုကေပြီ ကိုယ့်အသံကလဲ အသံနေအသံထားမှန်ပြီဆိုရင်တော့ ဖြင့် အပေါ်က ပထမနည်းအတိုင်း အသံကို On ထားလိုက်ပါ . ပြီးတာနဲ့ အားလုံးကို ပိတ်လိုက်ပြီး မိုက်ပုံစံလေးကို နှိပ်လိုက်တာနဲ့ Off ကနေ On ဖြစ်သွားပါလိမ့်မယ် . ကဲစပြီးတော့ လက်တွေ့စမ်းကြည့်လိုက်ပါ . မနက်ကျရင် ကျွန်တော် movie နဲ့ပြန်ရှင်းပြပါ့မယ် . ဒါပေမယ့်လွယ်ပါတယ် . စမ်းကြည့်လိုက်ပါ . အရင်ဦးဆုံး start ဆိုပြီးတော့ မိုက်နဲ့ ပြောကြည့်လိုက်ပါ . start menu bar တက်လာရင်တော့ အဲ့ဒါ အဆင်ပြေသွားပါပြီ ကျန်တာတွေကိုတော့ ကိုယ့်ဟာကိုပဲ အသံမှန်အောင် လေ့ကျင့်ပြီး ကွန်ပျူတာကို ခိုင်းလို့ရသွားပါပြီ .

From: Nyi Nay Min

10 comments

  • susunosuki

    May 6, 2010 at 7:12 am

    ကောင်းတာပေါ့
    အသံထွက်တောင့်ကျင့်လို့ရတယ်
    ကျေးဇူးပါ

  • kopainglay

    May 6, 2010 at 7:56 am

    စမ်းလိုက်အုန်းမယ်ဗျာ

  • Kyawmonkhant

    May 6, 2010 at 1:24 pm

    ကွန်ပျူတာကို ပိတ်လို့တော့ရတယ်၊ ဖွင့်လို့တော့မရသေးဘူး၊ ဂျီတော့မှာ အင်္ဂလိပ်လိုပြောရင်တော့ မဆိုးဘူးခင်ဗျ စာရိုက်စရာမလိုဘူး၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • kopainglay

    May 7, 2010 at 1:33 am

    Nyi Nay Min အကိုရေကျေးဇုူးပါပဲရတယ်ဗျအဲလောက်ရတယ်ဆိုတော့မဆိုးဘူးပြောရမယ် အသံထွက်မှန်မှရတယ်နော် ကောင်းတယ်ဗျာ window 7 administrator ပဲအကိုက နောက်လဲထူးထူးစမ်းစမ်းလေး စမ်းစရာလေးတွေလိုချင်တယ်ဗျာ မေးထဲထည့်ပေးရင်ပိုကောင်းမယ်ထင်တယ် ကျေးဇူးအထူတင်ပါတယ် အကိုညီနေမင်း အကို့ဆိုက်ထဲလဲကြည့်ဘူးပါတယ် ထက်စမ်းလိုက်အုန်းမယ်ဗျာ

  • poeaung6

    May 9, 2010 at 2:20 pm

    ကျွန်တော်လည်းစမ်းကြည့်လိုက်ပါဦးမယ် ကျေးဇူးပါအစ်ကိုရေ

  • yelwinsoe

    May 23, 2010 at 9:45 am

    အဲမိုက်တယ်ဗျာ ကျွန်တော်လည်းစမ်းကြည့်မယ်..

  • kaung htet aung

    May 25, 2010 at 6:09 am

    ကျေးဇူးတင်ပါတယ်

  • sithuphyo

    June 3, 2010 at 1:23 pm

    ကျနော်လဲစမ်းကြည့်အုံးမယ်ဗျို့။ ဒါပေမယ့်english စာကိုပီမှရမယ်ထင်တယ်။ဟဲဟဲ။ညအိပ်ခါနီးမှကလိကြည့်အုံးမယ်။ကျေးဇူးဘဲကိုညီနေမင်းရေ။

  • wy

    August 11, 2010 at 7:10 pm

    ooh….I got it.Th-ks a lot.I am typing with command now.

Leave a Reply