**အရိပ်စစ်**

အရိပ်စစ်

ကျမဒိပိုစ် ့ကိုရေးပြီးတာကြာပါပြိ..။ဒါပေမယ့်ကျမ..မတင်နိုင်သေးပါဘူး…
…..ဒါဖြစ်ရပ်မှန်ဖြစ်နေတဲ ့အတွက်…ကာယံကံရှင် ရဲ ့ခွင့်ပြုချက်မတောင်းရသေးလို ့ပါ။

တောင်းလို ့လည်းမရခဲ ့ပါဘူး။ဒါပေမဲ ့ရွှေသမိုင်းကလူတွေသိစေချင်လို ့….အမည်နာမကျမလွဲ ပြိးရေးလိုက်ပါတယ်။ကျမသူငယ်ချင်းရဲ ့ကိုယ်တွေ ့လေးပါ။ ကျမကစာပန်းချီရေးချယ်ပါတယ်……..။

စေတနာဖြင် ့အသိပေးခြင်းဆောင်းပါးဖြစ်တဲ ့အတွက်..တိုက်ဆိုင်မှုရှိခဲ ့ရင်..

စာရေးတဲ ့ကျမကိုသာအပစ်တင်ပါလို ့..ဥိးစွာတောင်းပန်ပါတယ်။

အပိုင်း-၁

လူငယ်လေး သူငယ်ချင်း နှစ်ယောက်မြင် ့ဥိးနဲ ့ကျော်ထူး ဟာ လမ်းလျှောက် ခရီး ထွက်လာကြတယ်။ တစ်နေရာအရောက်မှာ သူတို့နှစ်ယောက်ဟာ
စကားများပြီး ရန်စကျိစယ်ကြပြိးရန်စဖြစ်ကြတော့တယ်။ အဲဒီလိုဖြစ်ကြတဲ့အခါမှာ
သူငယ်ချင်းတစ်ယောက်က
ရှေ ့ကပြေးနောက် တစ်ယောက်က..နောက်ကလိုက်ပေါ့..။ ဒိလိုနဲ ့ပြေးရင်းလိုက်ရင်း….ကုန်ရထားတွဲ အလွတ်တခုပေါ်တက်ပြေးရင်းအော်မိတယ်..

သူငယ်ချင်းတစ်ယောက်နဲ ့တစ်ယောက်အံဩကြတယ်..သူတို ့အော်တဲ ့ပဲ ့တင်သံကိုပြန်ကြားနေရလို ့လေ။
သူတို ့အော်တဲ ့ပဲ ့တင်သံကို သူတို ့ဘာသာသူတို ့သဘောကျနေကြတယ်။သူတို ့အော်တဲ ့..ပဲ ့တင်သံကိုသိတ်ကိုနှစ်သက်ကြတယ် ကလေးဘဝကတော့သူတို ့သဘောကြတဲ ့ပဲ တင်သံကြားရတဲ ့နေရာကိုခဏခဏသွားလို ့ပေါ့။

ဒိလိုနဲ ့..သူတို ့နှစ်ယောက်လူငယ်ကလေးဘဝကစလို ့တွဲလာကြတာ…၁ဝတန်းရောက်တဲ ့အချိန်ထိပါဘဲ..။
သူတို ့နှစ်ဥိးလုံး၁ဝတန်း၂နှစ်ဖြေကြပေမဲ ့မအောင်မြင်ခဲ ့ပါဘူး။ သူတို ့နှစ်ဦးလုံးမင်္ဂလာဈေးမှာ
ဈေးရောင်းအကူအနေ နဲ ့အလုပ်တူတူဝင်ကြတယ်။ လူငယ်ပိပိဝတ်ခြင်စားချင်တော့တိုင်အကူဘဝနြ ့အဆင်မပြေနိုင်ဘူးဆိုတာသိကြတယ်။ခေတ်ကလည်းတိုးတက်နေတဲ ့အချိန်မှာတပြည်ခြား အလုပ်လုပ်ကြဘို ့တိုင်ပင်ကြတယ်။
နှစ်ဥိးစလုံးသိတ်မချမ်းသာတဲ ့မိသားစုကပါဘဲ…။သူငယ်ချင်းနှစ်ယောက်တိုင်ပင်ကြပြိးမလေးရှာ းနိုင်ငံကိုထွက်လာခဲ ့ကြတယ်။
သူတို ့နှစ်ဥိးကတော့…မြင် ့ဥိးနဲ ့ထူးကျော်ပါ။

အပိုင်း၂့

သူငယ်ချင်း နှစ်ယောက်အတူနေစီးပွားရှာကြပြိးရည်ရွယ်ချက်တွေနဲ ့ရွှေနိုင်ငံမှာနေကြတာပျော်စရာပါ။ မြင့်ဥိးကတော ့ပေါင်းသင်းဆက်ဆံရေးကောင်းတယ်..။
ပြိးတော့စိးပွားရေးအမြင်ကလည်းရှိတယ်..။ချွေတာသုံးစွဲ ပြိးငွေစုတယ်။ ထူးကျော်ကတော့…..တမြေခြားမှာပျော်ရွှင်နေပါတယ်။အပေါင်းသင်းကလည်းစမှားလာပြိပေါ့..
။မြင့်ဥိးကဖျောင်းဖျပေမဲ ့မရပါဘူး။ဒိလိုနဲ ့သူတို ့အတူတူမနေတော့ဘူး…
မြင့်ဥိးလည်းသူ ့သူငယ်ချင်းတူရာတွေနဲ ့ပဲစုနေတယ်…
ကျော်ထူးလည်းသူလို ပဲပျော်ပျော်ပါးပါးရွှေမင်းသားတွေနဲ ့သုံးလိုက်ရှာလိုက်ပျော်လိုက်ပါးလိုက်ပေါ.။

ဒိလိုနြ ့နေလာလိုက်တာ သူတို ့စိးပွားရှာဘို ့ထွက်လာတာ၅ နှစ်ကြာခဲ ့ပါပြိ..မြင့်ဥိးတစ်ယောက်မလေးရှားမှာအတောတန်စုမိနေပါပြိ..။
နဂိုကလည်းစိးပွားရေးအမြင်ကရှိလိမ်မာပါးနပ်မှုနဲ ့ရန်ကုန်ကလာသူတွေ..မလေးမှာအလုပ်အကိုင်ရှာပေးရင်းနဲ ့အသင့်အတင့်ကြိးပွားနေပါတယ်။

တနေ ့တော့ကျော်ထူးတစ်ယောက်ရောက်လာပါတယ်..။လက်မှာလည်းခေါက်ဆွဲကျော်နဲ ့သူငယ်ချင်းစားဖို ့အတွက်ပါ..။မလာတာကြာလို ့မြင့်ဥိးအံ့ဩမိပေမဲ ့..ငယ်ငယ်ထဲ ကသူငယ်ချင်းဆို ့တော့ ဝမ်းတသာနဲ ့ကြိုဆိုမိတယ်…ကျော်ထူးကလောင်းကစားပွဲတခုမှာ… ကြွေးကလည်းဆပ်ရမယ်..မဆပ်နိုင်ရင်သူအသတ်ခံရတော့မယ်…ပြိးတော့မြင့်ဥိးဆီကချေးမယ်ပေါ့… ။ငွေချေးဘို ့အချေအတင်စကားပြောြ့ရင်းနဲ ့. .ငွေချေးမရတြ ့အဆုံးကျော်ထူးပြန်လာတယ်။

ကျော်ထူးရဲ ့ရည်ရွယ်ချက်မအောင်မြင်ခဲ ့ဘူးကျော်ထူးမြင့်ဥိးပိုင်ဆိုင်တာလိုချင်လာမိပြီ…
လောဘကငယ်သူငယ်ချင်းဆိုတာကိုမေ ့သွားပြိ။
မြင့်ဥိးကိုသတ်လို ့ရမဲ ့နည်းလမ်းပဲတွေးနေပြိလေ။..
ဒိနေ ့တန်ဆောင်တိုင်လပြည့်နေ ့အလုပ်ကလည်းနားရက် ကလည်းတိုက်ဆိုင်.ရွှေညိအကိုတွေစုမယ်….သောက်မယ်စားမယ်ပျော်ကြမယ်။
ဒိလိုနဲ ့တနေ ့ကုန်သောက်ပွဲ ကျင်းပနေလိုက်တာ…ကျော်ထူးကတော့သိတ်မသောက်ဖြစ်ဘူးလေ…အရက်ကုန်လို ့နောက်ထပ်သွားဝယ်ဘို ့ကျော်ထူးတာဝန်ယူလိုက်တယ်…။

ကျော်ထူးကအကြံသမား…မြင့်ဥိးဆိခေါက်ဆွဲကြော်
ဝယ်သွားမယ်…မြင့်ဥိးငယ်ငယ်ထဲ ကဒိကောင်ခေါက်ဆွဲ ကြော်ကြိုက်တယ်…
အသင် ့ယူလာတဲ ့အဆိပ်ကိုခေါက်ဆွဲ ထဲ တဲ ့…မြင့်ဥိးစားဘို ့ပေးခဲ ့မယ်…
ပြိးတော့အရက်သောက်နေတဲ ့သူငယ်ချင်းဆိပြန်လာမယ်..။
သူငယ်ချင်းတွေမူးလို ့မှောက်မှမြင့်ဥိးဆိသွား…..…သိပ်အားစိုက်စရာမလိုပဲ မြင့်ဥိးတွန် ့လိမ်ပြိးသေနေပါပြိ။
ခေါက်ဆွဲကြော်ထုတ်ကိုပြန်သိမ်းလက်စအားလုံးဖျောက်..ပြိးတော့လိုချင်တာအားလုံးယူ။
မနက်မူးနေတဲ ့သူငယ်ချင်းနဲ ့အတူသူလည်းနိုးလာ…….………………….

လောကကြိးကလွယ်လိုက်တာ….ဒါပဲလေ..သိသူဖော်စားဆိုတာ…….. မြင့်ဥိးသေတာ…သက်သေမရှိဘူး…ကိုယ့်ကို ကိုယ်သေကြောင်းကြံစည်သလိုမျိုး……………ဒိကောင်စိတ်ကြောင်နေလို ့သတ်သေတာပေါ့….

ဒိလိုနဲ့ကျော်ထူးရန်ကုန်ပြန်လာတယ်…အရင်လိုမနေတော့ဘူးပုံစံပြောင်းပြိးနေတော့မယ်…
စိးပွားရေးဇောက်ချလုပ်တော့မယ်။ စိးပွားရေးကလည်းဒိရေအလားတက်လာပါပြိ။ကျော်ထူးရဲ ့ကံဇာတာတက်လာချိန်ပါ.. ဘာပဲလုပ်လုပ်အဆင်ပြေနေခဲ ့ပါတယ်။ဒိလိုနဲ ့အိမ်ထောင်ကျပြီး.. သားလေးတစ်ယောက်လည်းရလာပါတယ်….

အပိုင်း-၃

အရာအားလုံးဟာ..ကိုယ်ဖြစ်ချင်သလို တခါမှမဖြစ်ခဲ ့ပါဘူး။

ကျမက…ဘဝဟာဖြစ်ချင်တာတွေဖြစ်မလာတဲ
့အခါ…ဖြစ်သမျှအကောင်းပဲပေါ့….လို ့တွေးရင်းမနေ ့ကနိုက်ဂျူတိကျလို ့ခဏငိုက်မလို
့လုပ်နေတုံးမှာ….ကျမတာဝန်ကျရာအခန်းကကလေးလေးကိုကြည့်မိပါတယ်..။
သူကလေးဘဝကံကောင်းလိုက်တာ…တနေ ့တနေ ့သူကုန်ကျစရိတ်ကိုတွက်ရင် ငါ့လစာနီးပါးဘဲ…လို ့တွေးရင်းပြုံးပြိးကျမက

“ကလေးကံကောင်းတယ်နော်´´လို ့ကျမက ကလေးဖခင်ကိုပြောမိပါတယ်။
ကလေးလေးရဲ ့ဖခင်က

“ဟုတ်ပါတယ်ဆရာမရယ်..သားလေးကံကောင်းပါတယ်…
ဒါပေမယ့်လေ……..သားလေးမွေးကတည်းကငွေနဲ ့ဆက်ကုခဲ ့ရတယ်…။´´

“ခုထိလည်းသားကျန်းမာရေးကမကောင်းပါဘူး…။“

“စမ်းသပ်ပြိးထွက်လာတော့လည်းလာရောဂါမှအမည်တပ်လို ့မရဘူ…။´´

“သားရောဂါကအစုံဖြစ်နေတာလေ…..။´´

“ဒိရောဂါအမည်တပ်ပြိး..သွားပြတော့ဒိရောဂါမဟုတ်ပြန်ဘူ´´…

“…သားကိုမြန်မာပြည်တွင်မဟုတ်ဘူးတကမÇာလုံးအကျော်ဆုံးဆရာဝန်တွေနဲ ့ပြမယ်….´´

“ငွေဆိုတာအချိန်တန်ရင်ပြန်ရှာလို ့တွေးရင်းကုလာတာလိုက်တာအခုဆို6နှစ်တောင်ရှိပါပြိဗျာ…။´´

“ဒိလိုနကြုလာလိုက်တာ…တိုက်တာအဆောက်အဥိး….ကားရှိသမျှကုန်ပြိ..။´´

“အခုတော့ကျနော့မှာတိုက်ခန်းပဲကျန်တော့တယ်..။´´

“သားကလည်း…နေမကောင်းလို ့ဆေးကုဘို ့သွားရင်..ဆေးရုံရောက်တော့သားကအကောင်းပြန်ဖြစ်ပြန်ရော….။

“ဒိလိုနဲ ့ကျနော်က
အိမ်ပြန်ခေါ်လာ..အိမ်ရောက်ရင်သားကနေမကောင်းပြန်ဖြစ်ပြန်ရောဗျာ….။´´

“ဒါကြောင့်အိမ်မှာမနေ ရဲဘူးသားနေမကောင်းထပ်ဖြစ်မှာဆိုးလို
့….နာမည်ကြိးဆေးခန်းတွေမှာပဲသားကိုအခန်းဌားပြီးအထူးကုတွေ နဲ
့မပြတ်ထားရတယ်…။´´

လို ့ကလေးအဖေ ကနွမ်းလျစွာ စကားရှည်ကြိးပြောလာပါတယ်…။ ပြီးတော ့ဆက်ပြောပါသေးတယ်`

`ဒိလိုနဲ ့သားအသက် ၆ နှစ်အရွယ်ရောက်လာတဲ ့အထိအပြင်ဆေးခန်းတွေမှာပဲနေရတော့စရိတ်လည်း…. ရှာသလောက်ဆေးဘို
့နဲ ့တင်ကုန်နေပါပြိ…´´

“သားကိုအသက်မကကျနော်ချစ်ရတယ်ဗျာ…ပြောရင်ယုံမလား။´´

“မိဘတိုင်းသားသမိးကိုချစ်တတ်ကြတာမဆန်းကျယ်လှပါဘူး..။ဒါပေမဲ ့ကျနော့်ကလေ…ပိုချစ်တယ်ဗျာ…´´
“….ကျနော့ရဲ ့ရုပ်ရေကလည်းအသက်၃ရ နှစ်ကျော်ပဲရှိပါသေးတယ်….ဆံပင်တွေတခေါင်းလုံဖြူပြိးအဘိုးအိုပေါက်စရုပ်..တကယ်ပါ….သားစိတ်နဲ
့မအိပ်နိုင်မစားနိုင်ဖြစ်ခဲ ့တာ…၆ နှစ်ရှိနေပါပြိ။´´

“သူ ့အမေကိုရောတွေ ့တယ်မဟုတ်လားဆရာမ….။သူ ့အမေလေ..သားစိတ်ကြောင့်…အိုး……..

ကျမလည်း.ဘာစကားမှမနှစ်သိမ်ပေးနိုင်တော့.

.ဘုရားပေးတဲ ့ဆုလို ပဲပြောရမလား… အတိတ်ကကံပေါ့လို ့ပဲ ပြောရမလားဝေခွဲ မရဖြစ်မိပါတယ်။….ဒါကြောင့်ကိုယ့်ကိုကိုယ်ပဲ…..စကားရှည်မိလို ့အပစ်တင်မိပါတယ်။

အဲ ့ဒိကလေးဖခင်ဟာ…သူ ့သားကိုချပွေ ့လိုက်ပြိးအခန်းထဲ လမ်းလျှောက်ရင်းပြူတင်းပေါက်ကအပြင်ကိုကြည့်မိတယ်…
အဲဒိအချိန်မှာ..ကလေးလေးက

“..ဖေဖေ….မနက်ဖြန်ဘာနေ ့လည်း လို ့မေးပါတယ်။´´

သူလည်းရုတ်တရတ်မဖြေနိုင်ပဲကျမကိုစစ်ကူလှမ်းကြည့်လိုက်ပါတယ်။
ကျမ သူ ့ကိုကြည့်ရတာ နေ ့တွေရက်တွေကိုလည်းမေ ့နေတာကြာနေတဲ ့ပုံပေါက်ပြးိ…တွေးမရတဲ ့အဆုံး

“ဆရာမရေ..မနက်ဖြန်….. ့ဘာနေ ့လည်းခင်ဗျာ..။ကျနော်မှတ်ဉာဏ်တွေမေ ့ကုန်ပြိ´´

လို ့ရယ်သွေးပြိးပြောပါတယ်။….
ကျမက..“မနက်ဖြန်တန်ဆောင်တိုင်လပြည့်နေ ့လေသားရဲ ့……သားနေကောင်းရင်…လျှောက်လည်ကြမယ်လေ…..ရော ့ဆေးသောက်နော်သား“လို
့ပြောသံအကြားမှာသူ ့ဖခင်ဟာ….တုန်လှုပ်သွားတယ်လို ့ကျမတွေ
့မိလိုက်ပါတယ်…။
ကလေးရဲ ့ဖခင်ကိုကြည့်ရတာကြောက်ကြောက်ရွံ ့ရွံ ့နဲ ့သားကိုကုတင်ပေါ်ပြန်ချလိုက်ပါတယ်..။

ကုထင်ပေါ်သားကိုပြန်ချထားပြိး..မှာ….သားက…

“ဖေဖေရေ…..သားကိုဆရာဝန်ကြိးခေါ်ပေးပါ“တဲ ့……

“ဘာလို ့လည်းသားနေမကောင်းလို ့လား“…

“သားဘာဖြစ်နေလဲ..ပြော…ဖေဖေ…ကိုပြော…´´လို ့အဲ ့ဒိလူ လှမ်းပြောတာကြားလိုက်ပါတယ်..။
ကလေးလေးက….

“ဖေဖေရယ်သားရင်ပူပြိးနေရတြ ့အကြောင်း ့ဆရာဝန်ကြီးကိုပြောပြချင်နေတယ်´´
“…ဒိ နေ ့ပြောချင်နေတယ်´´….ဒိနေ ့ပြောမှဖြစ်မယ်ဖေဖေ….´´လို ့ပြောနေပါတယ်…။

ကလေးကို သူ ့ဖခင်တားမရပါဘူး..အနည်းငယ်ငိုစပြုပြိးအတင်းကိုပူဆာနေပြိးသိပ်တွေ ့ချင်တယ်လို ့
ကျမထင်ရတဲ ့ ့အတွက့်ကျမက…

.“ကောင်းပြိသား….ဆရာမဆရာကြိးကိုခေါ်ပေးပါမယ်´´

ဒါနဲ ့ကျမလည်းဆေးရုံအုပ်ကြိးကိုအကြောင်းကြားပြိး…ကလေးကိုကုသပေးတြ ့ဆရာဝန်ကြိး… တခြားဆေးခန်းကအပြန်ဝင်ကြည့်ပေးဘို ့တောင်းဆိုလိုက်ပါတယ်..။

“ဆရာမရယ်.အားနာလိုက်တာ..သားကရင်ပူနေတယ်ဆိုတဲ
့စကားကိုသားစကားစပြောတတ်ပြိး…
တဲ ့အရွယ်ကစလို ့အမြဲရင်ပူတယ်ဘဲပြောနေလို ့ကျနော့အဘို ့တော့မဆန်းလှပါဘူး။´´

သားတောင်းဆိုတဲ
့ဆရာဝန်ကြိးည၈နာရီမှာရောက်လာခဲ
့ပါတယ်.။
.ဆရာဝန်ကြီး..အခန်းလှည့်တော့ထုံးစံအတိုင်းတာဝန်ကျဆရာဝန်၂ဥိး..သူနာပြု၃ဥိးအပါဝင်ရောက်လာကြပါတယ်…။

ဆရာဝန်ကြိးက….

“ကဲ…သားတော်ရေ..မင်းကငါ့ကိုဘာလို ့တွေ့ ချင်နေတာတုံး…..´´လို

ရယ်သွေးပြိးသားခေါင်းကိုပွတ်သပ်ပေးပါတယ်…။
ကျမကလည်းသိချင်တယ်လေ……သားကလေးဆရာကြိးကိုဘာပြောချင်တာလည်းဆိုတာ….
သားကိုကြည့်ရှူ ့စမ်းသပ်ရင်းပါ…
သားကလေးက..အဲ ့ဒိ့ အချိန်မှာ….သူ
့အဖေဘက်ကိုလှည့်လိုက်ပါတယ်…..။

“ဖေဖေရေ….နင် ကငါ့ကိုချစ်ရဲ ့လား´´….လို ့မေးပါတယ်။
(သားကတခါတရံ သူ ့ဖခင်ကို…နင်..ငါလို ့သုံးတတ်တယ်။ဘယ်လိုပြောပြောမရပါဘူး…သားစိတ်ချမ်းသာအောင်သူ ့ဖခင်
့ကခွင့်ပြုထားပါတယ်ဆိုတာကျမတို ့က သိပြိးသားပါ)…

သူအဖေ..ကလည်း..သားနဖူးလေးကိုင်ပြိး…

“.ချစ်တာပေါ့သားရယ်..ဖေဖေမင်းကိုသိတ်ချစ်တာပေါ…….။´´ ဒိအခါသားက..

“ဖေဖေရယ်……နင်ကသာ ငါ့ကိုချစ်နေတာပါ…။ငါ့ကလေ…..နင်သတ်ခဲ ့တဲ
့မြင့်ဥိးပါ…….´´။

“ငါလေ………..ငါလည်းနင်နဲ ့ကြာကြာမနေနိုင်ပါဘူး……´´

“နင်ကြွေးခဲ ့တဲ ့ခေါက်ဆွဲ ..ထဲ ကအဆိပ်တွေကြောင်
့ငါ့ရင်တွေပူလောင်နေပါပြိ..။´´

“ဆရာဝန်ကြိးရေ…ကျနော်ပြောတာတွေ..ကြားပါတယ်နော်…။´´လို ့ပြောရင်းသားကမျက်စိမှတ်.. ထာဝရအနားယူသွားပါတော့တယ်။ …

…………..

ပဲ ့တင်သံ
ဆိုတာပြန်လာတတ်ပါတယ်…
ကိုယ်ပြုတဲ ့ကံပဲ ့တင်သံဟာ…..ကိုယ့်ဆီပဲ ပြန်လာတတ်ပါတယ်။ အရိပ်ကတော ့အစစ်ပဲလာတတ်တယ်လေ

ဲ..ပြိးပါပြိ

ခင်မင်လေးစားသော
ရွှေအိမ်စည်

ဤဆောင်းပါးကိုကြိုက်နှစ်သက်လျှင်စာရေးသူကျမအမည်ထိ ကူးပြီးဝေဌာနိုင်ပါသည်။

ချစ်သောစိတ်ဖြင် ့

14 comments

  • chitpyae

    July 13, 2011 at 3:09 pm

    အို …တကယ့် အဖြစ်အပျက်လေး လား …
    တော်တော်လေး စိတ်မကောင်းစရာပဲနော် ဖတ်ရတာ ….။
    အကုသိုလ်ကလေ ဒီခေတ်မှာ အကျိုးပေးတာမြန်တယ်နော် …. ဝဍ်လည်တာ လည်း အတူတူပဲ။

    • shweaeimsi

      July 13, 2011 at 3:14 pm

      မေးချင်တယ်..ဖြေပေးပါနော်…
      ကျမဒီမှာလာရေးတာမကြာသေးဘူးလေ….
      စာတင်ပြိးမှားရင်ကောဖျက်လို ့ရလာ..း
      ဥပမာ..tags မပါရင်ကော..ထဲ ့လို ့ရလား..ပြောပြပေး..
      နေရာရှာမတွေ ့ဘူး…
      ကျေးဇူးပါ…….

      ပိုစ် ့ကတော့….တကယ့်ဖြစ်သွားတာပါဘဲ….ကြားစက
      ကျမခေါင်းကြိးသွားတယ်…

      ကျမ လည်းပြောတတ်သလို..ကျနော်လို ့နမာမ်စားလည်းသုံးတတ်တယ်..
      လူကတော့..မိန်းခလေးပါ….

      ခင်မင်လျှက်

  • moethidasoe

    July 13, 2011 at 4:04 pm

    စာသားတွေကို spacing ဖြတ်ပေးဖို့ လိုမယ်ထင်တယ် .. စကားပြောရင် တလုံးနဲ့တလုံး ခွာသလို စာရိုက်ရင်လဲ ခွာရိုက်ပေးပါလား .. ဝဋ်လိုက်တဲ့အကြောင်းကတော့ .. ပြောမဆုံးပေါင်ပေါ့ ..

    ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတာတခုကတော့
    သူငယ်ချင်း နှစ်ယောက် ကြိုးစားမှုအပေါ် မူတည်ပြီး တယောက်က သူဌေးဖြစ် နောက်တယောက်က လက်သမားဖြစ် ..
    သူဌေးသူငယ်ချင်း လက်သမားဟာ အသုံးအဖြုန်း မဆင်ခြင်လို့ ဖြစ်တာကြောင့် .. ငွေကြေးအားဖြင့် ထောက်ပံ့မှု သိပ် မလုပ်ပဲ နောက်ဆုံး အိမ်တလုံး ဆောက်ဖို့ အပ်လိုက်တယ် ..
    လက်သမားက သူ့ အကျင့်အတိုင်း ရလာတဲ့ငွေ တဝက်လောက်ကို ဖြုန်းပစ်လိုက်ပြီး အိမ်ကို တော်၏လျော်၏ သစ်နဲ့ ဖြစ်သလို ဆောက်ပေးလိုက်တယ် .. အိမ်ကို သူဌေးသူငယ်ချင်းကို အပ်တဲ့ နေ့ကျတော့
    သူငယ်ချင်းသူဌေးက ဒီအိမ်ဟာ မင်းအတွက် ဆောက်ပေးတာလို့လဲ ပြောလိုက်ရော
    လက်သမား နောင်တတွေ တလှေကြီးနဲ့ ပြိုခါနီးအိမ်ထဲမှာ စိတ်ဆင်းရဲစွာနဲ့ နေသွားရတယ် ဆိုတဲ့ ပုံပြင်လေး ထက် နည်းနည်း ပိုဆိုးတာပေါ့

  • kai

    July 13, 2011 at 4:17 pm

    စာတွေနည်းနည်းဝင်ပြင်(စပေ့ခံ)လိုက်ပါတယ်..။
    အဓိကကတော့ .. စာရိုက်ရင်.. အသံထွက်ဖတ်သွားပြိး အသံရပ်တဲ့နေရာတိုင်းမှာ စပေ့ခံပေးပါ..။
    စာတင်ပြိးမှားရင်.. ပြန်ဖျက်လို့မရပါဘူး..။ (သူကြီးအနေနဲ့ ပြန်ဖျက်နိုင်လောက်တဲ့ အချိန်ရောက်ပြီထင်ရင်.. မန်ဘာအဆင့်မြှင့်ပေးပါမယ်..။ အဲဒီအချိန်ကျ ရပါမယ်..။)
    tags တွေ တတ်နိုင်ရင် တခု(အနည်းဆုံး)ရွေးထည့်ပေးပါ။ tag မပါတေ့ာ ပြန်ရှာရခက်တာပေါ့..။

    ဝဋ်လိုက်တယ်ဆိုတာ တကယ်ဖြစ်နိုင်-မနိုင်ဆိုတာထက်.. အဲဒီဝဋ်လိုက်တယ်ဆိုတာကြီးက.. လူတွေရဲ့ ပြန်လှန်တုံ ့ပြန်စိတ်တွေကို ကျဆင်းစေတယ်ထင်မိတယ်..။
    ကိုယ်ကခံလိုက်ရလည်း.. သူကဝဋ်လိုက်မှာပါဆိုပြီး ဖြေတွေးတဲ့စိတ်ကို (အထူး)အားပေးသွားစေတယ်ထင်မိတယ်..။

    ဆိုတော့..
    ဝဋ်ဆိုတာ… ဗုဒ္ဓဟောထားတဲ့တရားထဲက ထွက်လာတဲ့အတွေးအခေါ်မဖြစ်နိုင်ဘူး..။

  • shweaeimsi

    July 13, 2011 at 4:30 pm

    ကျေးဇူးတင်ပါတယ်..။

    ပဲ ့တင်သံလေ(Science) သဘောလေး..အနေနဲ ့ပါ..
    တကယ်တော့..ကျနော့်သူငယ်ချင်းလည်း..
    ခပ်ဆင်ဆင်တူတာကြုံဘူးတယ်ပြောတယ်…။
    ကျနောကတော့ကြားဘူးတာရေးတာပါ..။

    အမှားပြင်ပေးတာကျေးဇူးပါ။

    သူကြီးမကောင်းလည်း…သူကြိးကိုရေးမှာနော်

    • kai

      July 13, 2011 at 4:42 pm

      ရေးပါဗျာ…
      အတွေးအခေါ်ပိုင်းနဲ့ ပါတ်သက်ရင်..ကြိုက်သလို ငြင်းခုန်ဝေဖန် ရေးလို့ရပါတယ်..။
      အထောက်အထား..အချက်အလက်နဲ့ကိုးကားရေးရင်.. ကျေးဇူးတောင်တင်ပါတယ်..။ 🙂

    • nature

      July 13, 2011 at 9:49 pm

      ဟေ့ သူကြီးထိရင် ငါမခံဘူးနော်။ သူ့ဟာသူ ခံလိမ့်မယ်။ 🙂

      • shweaeimsi

        July 14, 2011 at 1:57 pm

        သူကြီးကိုမထိပါဘူး…..စိတ်ထားဘယ်လောက်ပြည့်လဲ မပြည့်လဲတိချင်လို ့ပါ…
        သူကြီးက…..ရွာမှာဆို…..နှစ်လုံးပြူးကိုင်တာ(သေနတ်)ပြောတာ
        ကြောက်တယ်တော်.

  • နွယ်ပင်

    July 13, 2011 at 5:02 pm

    ရေးထားရော ဇာတ်လမ်းရော ကောင်းပါတယ်
    တကယ့် အဖြစ်အပျက်ဆိုရင်တော့ စိတ်မကောင်းစရာပေါ့
    ဒါနဲ့ စာသားတွေက အပြင်ကိုထွက်နေတာ စာရိုက်ရင် စပေ့ခံပြီး ရိုက်ပါလား
    စာတွေပြင်ချင်တယ်ဆိုလဲ ကိုယ်တင်ထားတဲ့ပိုစ့်အောက်မှာ Edit this page
    ဆိုပြီး ပါတယ်လေ အဲတာလေးကိုပြန်နှိပ်ပြီး ကိုယ်ပြင်ချင်တာကိုပြန်ပြင်လို့ရပါတယ်

  • padonmar

    July 13, 2011 at 8:23 pm

    ဖတ်လို့ မှတ်ဖို့ကောင်းပါတယ်။အားပေးသွားပါတယ်။

  • ဆူး

    July 13, 2011 at 10:15 pm

    အဲလိုမျိုး ဇတ်လမ်းမျိုးတွေ ကြားဖူးတယ်။
    ရေးထားတာ သိပ်ကောင်းပါတယ်။

    • shweaeimsi

      July 14, 2011 at 1:53 pm

      ဆူးရေးတာလေ..ကြိုက်တာတစ်ပုဒ်ရှိတယ်..အကုန်မဖတ်အားသေးလို ့ပါ..ကျမကတာဝန်ယူထားတာများနေလို ့…..အကုန်ဖတ်ချင်ပါတယ်..
      မူကြိုကလေးဆိက..ထမင်းစားရင်ဦးချစားဆိုတာ…သူငယ်ချင်းတွေ ကိုတောင်ပြောပြမိတယ်

  • etone

    July 14, 2011 at 4:44 pm

    ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်တဲ့လေ … ။

Leave a Reply