အရူးလုပ်ခံရခြင်း …

weiweiJuly 13, 20111min20120

တော်တော်အောင့်သီးအောင့်သက်ဖြင့် ခံပြင်းလှပါသည်။ ဥပဒေဘက်ကပဲကြည့်ကြည့်၊ လူမှုရေးရှုဒေါင့်ကပဲကြည့်ကြည့် ခွင့်လွှတ်ပေးရမည့်အနေအထားတစ်ခုဖြစ်အောင် ဖန်တီးနေပါသည်။ ဒါပေမယ့် ခံလိုက်ရသူများမှာတော့ ….

မည်မျှဆိုးဝါးသည့် ပြစ်မှုပင်ဖြစ်ပါစေ တရားခံက စိတ်မနှံ့လို့လုပ်တာပါဆိုလျှင်ဖြင့် ဥပဒေအရ အရေးယူလို့ မရနိုင်ပါ။ လမ်းမအလယ်မှာ အော်ဆဲနေပေမယ့် ရူးနေလို့ပါ ဆိုလျှင်ဖြင့် ဗွေယူလို့မရနိုင်ပါ။ သို့သော်လည်း တကယ်မရူးပဲ ရူးချင်ယောင်ဆောင်ပြီး ကလော်တုတ်သွားသည်ကတော့ ….

စိတ်မထိန်းနိုင်အောင် ဒေါသထွက်ပြီး ကတ်ကတ်လန်အောင် ရန်တွေ့နေကြသူများကို မြင်ဖူးပါသည်။ ဒေါသအလျှောက် စိတ်မထိန်းနိုင်ပဲ တစ်ယောက်တစ်ခွန်း အော်ကြီးဟစ်ကျယ် စကားများရန်ဖြစ်ကြသည်သာများပါသည်။ အခုရေးချင်တဲ့ အကြောင်းအရာက အကွက်ကျကျ အရူးလုပ်ခြင်းတစ်မျိုး …

မိန်းမပျိုလေးတစ်ယောက်က သူ့နဲ့လုပ်ဖော်ကိုင်ဖက် ကောင်မလေးတစ်ယောက်နဲ့ အရမ်းလဲခင်တယ်။ မကျေမနပ်လဲဖြစ်နေတယ်။ ခင်တဲ့စိတ်ကတစ်ဖက်၊ မကျေနပ်စိတ်ကတစ်ဖက်နဲ့ ရန်ဖြစ်လောက်အောင် လုံလောက်တဲ့အကြောင်းပြချက်လဲမရှိဘူး။ တခြားသူတွေကိုလဲ မကျေနပ်ချက်တွေရှိနေပေမယ့် ပြောရလောက်အောင်လဲ သူ့မှာ လုပ်ပိုင်ခွင့်အခွင့်အရေးမရှိဘူး။ အားလုံးက ရာထူးတန်းတူ အသက်တွေလဲ မတိမ်းမယိမ်းတွေဆိုတော့ …

သူမကျေနပ်ဖြစ်နေတာကိုလဲ တခြားသူတွေက လုံးဝမရိပ်မိကြဘူး။ ဒီလိုနဲ့ အချိန်ကြာလာတော့ သူဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပဲ ပေါက်ကွဲပါတော့တယ်။ ပေါက်ကွဲပုံက မိုးလင်းကနေစပြီး တစ်စတစ်စ သူမကျေနပ်တာတွေကို နဲနဲခြင်းစပြောပါတယ်။ ပြောရင်းပြောရင်း အရှိန်ရလာတော့ သူ့ကိုယ်သူ တခြားလူတစ်ယောက်အနေနဲ့ပြောင်းလိုက်တယ်။ သူတို့ဌာနရဲ့ အကြီးအကဲတစ်ယောက်လို့ သူ့ကိုယ်သူပြောတယ်။ ပြီးတော့ ရီသံအကျယ်ကြီးနဲ့ … ခါတိုင်းခေါ်နေကျ မ…. တွေ ကို….. တွေ တပ်မခေါ်တော့ပဲ နံမည်တွေကို တုံးတိတိခေါ်ပြီး စီမံခန့်ခွဲပြီး ဩဇာပေးပါတော့တယ်။ အားလုံးလန့်ဖြန့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ သူ့မိသားစုကို အကြောင်းကြားပြီး အမြန်လာခေါ်ခိုင်းရတယ်။ ပြီးတော့ အလုပ်ကနေ ခွင့်တစ်ပတ်ယူလိုက်ပါတော့တယ်။ စိတ်ရောဂါဆရာဝန်နဲ့လဲ သွားပြပြီး ဆေးသောက်ရတယ်။

ခံလိုက်ရတဲ့သူတွေက သူ့ကို သနားနေရတယ်။ သူပြန်ကောင်းလာပါစေ။ ဘာမှ မဖြစ်ပါစေနဲ့။ ငါတို့ဘာများသူ့ကို အမှားလုပ်မိလို့လဲ။ နောက်ကို ဘယ်လိုဆင်ခြင်ရင်ကောင်းမလဲနဲ့ တစ်ပတ်တိတိ ရူးကြောင်ကြောင်တွေ ဖြစ်ကုန်ပါတော့တယ်။ နေ့တိုင်းနေ့တိုင်း သူ့မိသားစုကို တိတ်တဆိတ်ဖုန်းဆက်ပြီး သတင်းမေးရတာလဲ အမောပါပဲ။ မေးလိုက်တိုင်းလဲ အိပ်နေတယ် .. သက်သာပါတယ် ဆိုတဲ့ အဖြေကိုသာ ရခဲ့ကြတယ်။

ဒီလိုနဲ့ တစ်ပတ်ပြည့်တော့ ဘာမှမဖြစ်သလို အလုပ်လာဆင်းပါတယ်။ အရာအားလုံးက ပုံမှန်အတိုင်းပဲ။ နဲနဲလေးမှတောင် မျက်နှာမပျက်ပါဘူး။ သူရူးသွားတဲ့တစ်နေ့တာအချိန်ကို မှတ်မိလား မမှတ်မိလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ သူကအကောင်းပကတိနဲ့ အားလုံးကို စကားပြောနေချိန်မှာ အပြောခံရတဲ့သူတွေ စိတ်ထဲမှာတော့ ဇဝေဇဝါ အတွေးတွေ ဝင်ကုန်ပါတယ်။ တကယ်မေ့သွားတာလား? မေ့ချင်ယောင်ဆောင်တာလား? ရူးချင်ယောင်ဆောင်တာလား?

သေချာတာတစ်ခုကတော့ အရူးလုပ်ခံလိုက်ရတာပဲ ….

20 comments

  • moethidasoe

    July 13, 2011 at 3:54 pm

    သူမှ တပါး အခြား မသိ

    ဖြစ်နိုင်ချေ hysteria
    နောက်တချက် personality changes သို့မဟုတ် တမင်သက်သက် အရူးလုပ်တာ

  • kai

    July 13, 2011 at 3:55 pm

    ဘာပဲဖြစြ်ဖစ်.. အဲဒီသူ…ဝမ်းတစ်ကက်ရတယ်ပေါ့ကွယ်…။ 🙂

    ယူအက်စ်အပါအဝင်.. ဖွံ ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင်တော့… သူ့ရဲ့ဆိုရှယ်မှတ်တမ်း..ဆေးမှတ်တမ်းထဲ.. တခါစိတ်ဂယောင်ခြောက်ခြားဖြစ်၍ ဆေးသောက် တပါတ်ခွင့်ယူဖူးပါသည် စာရင်းဝင်သွားမှာပေါ့..။

    တခြားအလုပ်ပြောင်းရင်ဖြစ်ဖြစ်.. ကလေးတွေနဲ့ ဆက်ဆံရတဲ့ ဆိုရှယ်အလုပ်တွေဖြစ်ဖြစ်.. ပရောဖက်ရှင်နယ်လိုင်စင်တွေဖြစ်ဖြစ်… ယူဖို့ခက်သွားတော့မှာပါ…။
    ခရက်ဒစ်ဟစ်စရီမှာလည်း… ဖျက်မရတာမို ့.. ငွေချေးမဲ့သူတွေအတွက်လည်း… ဒန်တန်တန်ပေါ့…။
    ကိုယ်ပိုင်စီးပွားရေးလုပ်ရင်လည်း … ပြသနာဖြစ်မှာပဲ…။
    အကျိုးဆက်တွေ အများကြီးနဲ့ လဲလိုက်ရတယ်ပဲ ဆိုပါတော့…
    ဆိုတော့…
    တမင်တကာ ရူးချင်ယောင်ဆောင်လုပ်တာဆိုရင်တော့ …ဘယ်တန်မလည်းနော…။

    ပြောရရင်..မြန်မာပြည်မှာ လူတွေရဲ့ရာဇဝင်ကို မှတ်တမ်းထားသင့်နေပြီ…။
    လူတိုင်း မတူညီတဲ့ မှတ်ပုံတင်နံပါတ်ရှိတာမို ့.. အလွယ်လေးထင်ပါတယ်..။

  • moethidasoe

    July 13, 2011 at 4:18 pm

    မှတ်တမ်းကို smart card မှာ ထည့်သိမ်းခိုင်းထားလို့ ရနေပါပြီ .. အစိုးရကလဲ လုပ်ချင်နေတယ် လို့ သိရတယ် .. မှတ်တမ်းကဒ်ပြားထဲမှာ ထည့်သွင်းရေးလို့ရတယ် .. ထည့်တာ ဖျက်တာကို လုပ်ပေးတဲ့လူ သမာသမတ် ရှိမှ ဖြစ်မှာ

    • kai

      July 13, 2011 at 4:28 pm

      ထည့်တာဖျက်တာကို လေ့ာဂ်ဖိုင်မှတ်တမ်းပြန်ထားပေါ့…။
      ယူအက်စ်မှာ.. အဲဒါမျိုးတွေက.. ပါ့ဗလစ်ကိုတောင်(အတိုင်အတာတခုအထိ) လုပ်ပစ်တယ်..။
      ငွေပေးပြီးရင်.. သူများမှတ်တမ်းကိုလည်းတောင်းကြည့်လို့ရတယ်..။
      ကိုယ့်မှတ်တမ်းမှာလည်း.. ဘယ်သူကြည့်သွားကြောင်း..ပြန်ပေါ်တယ်..။

      ဆိုတော့.. ကိုယ်မသိပဲ..ကိုယ့်မှတ်တမ်းထဲပါနေရင်..ဘယ်သူ တကယ်မဟုတ်ပဲ.. ထည့်သလည်း လိုက်ပြီး တရားစွဲနိုင်မျာပေါ့..။
      ဖျက်တာကလည်း.. ဒီလိုပဲ..။ ဖျက်တိုင်း လေ့ာဂ်ရှိနေတာမို့..ဖျက်တဲ့သူက.. တော်တော်အရင်းကြီးသွားတာပေါ့..။
      တရားရေးနဲ့.. လော့အင်ဖို့စ်မန့်ဌာနတွေကတော့ … အဆင့်မတူပဲ.. တမျိုးပေါ့လေ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 13, 2011 at 5:37 pm

    လုပ်ပြီ..လုပ်ပြီ
    သဂျီးလုပ်ပြီ
    သူဖေါက်လာပြီ
    သူဂျီးဂိုလည်းခွင့်တစ်ရက်ပေးပြီး ဆေးတိုက်ရမယ်
    ယနေ့မြန်မာပြည်မှာ မှတ်ပုံတင်ဆိုတာကို
    ဂတ်ထူကတ်မှာ ဓာတ်ပုံကပ်တဲ့စနစ်ကတောင်
    လိမ့်ပတ်မလည်သေးတာ
    ပြောရက်ပါပေ့အိုဘယ့် သဂျီးမင်းရဲ့
    …………………………….
    …………………………….
    …………………………….
    http://www.irrawaddyblog.com/2011/07/blog-post_6386.html
    နောက်တာ မဟုတ်ပါ။ မှတ်ပုံတင် တခါလုပ် ၆ ကျပ်ပါတဲ့။ ဧရာဝတီ သတင်းတိုမှာတော့ ဒီလို ဖော်ပြခဲ့ပါတယ်။
    အစိုးရသစ် လက်ထက်တွင် နိုင်ငံသား စိစစ်ရေးကတ်ကို ၆ ကျပ်နှုန်းဖြင့် ပြုလုပ်ပေးရန် သတ်မှတ်ထားကြောင်း
    ရှမ်းပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဝန်ထမ်းတဦးက ဧရာဝတီကို ပြောပြသည်။ ထိုသတ်မှတ် ဈေးနှုန်းမှာ မှတ်ပုံတင်ဟု လူသိများသည့် နိုင်ငံသား စိစစ်ရေးကတ်၊
    ရေးသား ဖြည့်စွက်ရသည့် လျှောက်လွှာတို့ အတွက် ဖြစ်သည်ဟု ဆိုသည်။
    နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ကုန် ကျငွေများမှာ
    စတင်လျှောက်ထားရာ၌ ခြောက်ကျပ်၊ လဲလှယ်ပါက သုံးကျပ်၊
    မိတ္တူလျှောက်ထားပါက ကျပ် ၁ဝ သာပေးသွင်းရမည်ဖြစ်ပြီး
    အိမ်ထောင်စုစာရင်း များပြုလုပ်ရာတွင် မည်သည့်ကိစ္စရပ်မဆို
    နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရားဝင်ထုတ် ပြန်ချက်များအရ သိရသည်။
    ဟုတ်မဟုတ်တော့ သွားလုပ်ကြည့်မှ သိမှာပါပဲ။ ဟုတ်တယ်ဆိုရင်လည်း ချီးကျူးရအောင် လက်တို့လိုက်ပါဦး။ တကယ်သာ ဟုတ်ခဲ့ရင် တစ်ကျပ်တန်၊ ငါးကျပ်တန် ငွေစက္ကူတွေလည်း တကြော့ ဈေးကောင်းနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ကျပ်တန်လို အကြွေက ရှားကရှားနဲ့။

    http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42/6826-2011-07-12-04-40-47
    အစိုးရသစ် လက်ထက်တွင် နိုင်ငံသား စိစစ်ရေးကတ်ကို ၆ ကျပ်နှုန်းဖြင့် ပြုလုပ်ပေးရန် သတ်မှတ်ထားကြောင်း ရှမ်းပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဝန်ထမ်းတဦးက ဧရာဝတီကို ယနေ့ ပြောပြသည်။ ထိုသတ်မှတ် ဈေးနှုန်းမှာ မှတ်ပုံတင်ဟု လူသိများသည့် နိုင်ငံသား စိစစ်ရေးကတ်၊ ရေးသား ဖြည့်စွက်ရသည့် လျှောက်လွှာတို့ အတွက် ဖြစ်သည်ဟု ဆိုသည်။
    …………………
    ၆ကျပ်ဆိုတာ ရွှေ ၆ ကျပ်သား ကိုပြောတာ ( ၉၉၉၉ )ရွှေနော်
    ……………………….
    ဒါမျို းတွေကို ကြို ဆိုပါတယ် ။ ရှေ ့ အစိုးရများ လက်
    ထက်က အမွေဆိုးေ တွ ဟာ ဒီခေတ် ဒီ အခါ ထဲ မှာ သယ် မလာ တာတော ့ဖြင် ့အင်မတန်မှ ဝမ်းသာကြို ဆိုရမှာပါ ။
    နောက် …. နိုင်ငံကူး လက်မှတ်တွေကို ယခင်က 30 ရက်လောက် ကြာမြင့် စွာစောင့် ဆိုင်းပီးမှ ရကြပါတယ် ။ အခု
    3 ပတ်နဲ ့တင် ရတော ့တဲ ့ ဘယ်လောက်ေ ကါင်း လိုက်သလဲ ပြ ည်သူတွေ အတွက် ပြည်ထဲေ ရး ဝန်ကြီးရဲ ့ကြို းပမ်း
    အားထုတ်မှု ့တစ်ခုကို မှတ်တိုင် ထူ လိုက်ပြန်ပါပီ ။ ဝမ်းသာ စရာ တွေပါ ။ ပြည်သူတွေ ဝမ်း သာကြပါတယ် ။

    တယ်လီ
    ဖုံးဆိုလဲ ကြည့် ဟိုး……… အရှေံ ့က အမွေ ဆိုးတွေကို ရင်ဆိုင်စ ရာမ လိုတော ့ပါ 15 သိန်းဆို သေ ချာတာက ဟမ်း
    ဆက် အပါအဝင် 2 လုံး ကိုင်လို ့ရပါ တယ်ခင်ဗျား ….. .နောက် bill ကို အချိန် ကုန်ခံ တန်းစီစရာ မလိုတော့အောင်
    prepaid card တွေကို စီစဉ်ပေ းထားတယ် ဒီထက်မက ကျယ်ကျယ်ပြ န် ့ပြန် ့လုပ်ဘို ့လဲ ပြင် ဆင်နေကြပီ ။ ပြည်သူ
    တွေကို တိုက်ရိုက် အကျိုး ဖြစ်ေ စပါတယ်။ ဘယ်လောက် ဝမ်း သာလ ိုက်ကြသလဲ ။

    နောက်ထပ် နောက်ထပ် ဝန်ကြီး
    ဌာနတွေ ပြည်သူ အတွက် ဘာတွေ ဘယ်လောက် လုပ်ကြ အုံးမလဲ ဆိုတာကိုလဲ မိမိတို ့ တင်မြော က်ထားသော
    သက်ဆိုင်ရာ ဝန်ကြီးးများ ထံမှ လဲ မျှော်လင့်ေ နကြပါတယ် ။ ဥပမာ အခွန ်ဆိုင ်ရာ ကစ္စ ။ တရားစီရ င်ရေး ကိစ္စ။
    ကားနဲ ့ပါတ်သ က်သောကိစ္စ ။ နိုင်ငံခြားေ ငွရေးကြေးရေ းလဲလှယ်ရေး ကိစ္စ စသည် စသည် ….. မျှော်လင့်နေကြ
    ပါပီ။ ပြည် သူတွေနဲ ့ ိုက်ရိုက်သ က်ဆိုင်နေ တဲ ့အတွက်ကြောင့် ြ ဖစ်ပါသည် ။

    ရှေ ့အစိုး ရများ လက်ထက်
    က အမွေ ဆိုးကြီး ကို တပ်တပ်မ က်မက် သယ်ဆောင်လ ာသော ဌာန တစ်ခ ုတော ့ရှိနေသေးရဲ ့ ….အခုပြ ်သ ူတွေ
    သွားရေး လာရေး သက ်သာစေေ သာငှါ ကားများကို ထုတ ်လုပ်ရောင်း ချနေသေ ာ စက်မှု ့ ( ၂ ) ဝန်ကြီးဌာနဖြစ်ပါ
    တယ် ။ အခုခ ျယ်ရီကားများကို ဈေးနုှန်းခ ျိုသာစွာဖြ င် ့ရောင်း နေလေရဲ ့ ။ ပြည်သူတွေ အတွက် . ပြည်သူတွေအ
    တွက် တဲ ့ ………. တ ကယ် ့ပြ ည်သူတွေ ကြားမှာတော ့ အဲလို ဟုတ် မဟု တ်တော ့ပြည် သူတွေက တော ့သိနေ
    ပါပီ ။ ဖစ် သင့်တာက များများ ရောင်းရလေ နိုင်ငံ အတွက် အခွန်များ များရလေ ဆိုတာ သာမှန်ရင် များမျာ းရောင်းရအောင် စီမံသင့် တယ်
    သင့်တယ်လို ့ မြင်လို ့ပါ ။ ဒီကုမ္မဏီ တစ်ခုထဲနဲ ့ ဝယ် လိုအားကို မဖြည့် ဆီးနိုင်ရင် နောက် ကုမ္မဏီ တစ်ခု ထပ်ကမ်း
    လှမ်းပေါ့ ။ ပြည်သူတေ ွဆီက
    အဲလို ဓါးမြ တိုက်ပီး ကိုယ်ကျိုး မရှာသင့် ဘူး။
    …………………………….
    ဦးဦး ကိုကို ၊မမတို့ရယ် မီးမီးကိုရှ င်းပြကြ ပါအုံး ၆ကျပ် ဆိုတာ ဘာကိုေ ခါ်တာလည်း ဟင်။။
    …………………………..
    တရားဝင်ကေ ပးရတာက ခြောက်ကျပ်၊ ဒါပေမယ့် တရားမဝင်ေ ပးရတာက သုံးသောင်းကျ ပ်…..ဘာမှ မထူးပါဘူးကွ
    ………………………………………
    ………………………………………
    ………………………………………..
    ………………………………………..
    အသက် ၁၈ နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံသား များအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက် ထားရာတွင် ခြောက်ကျပ်သာ ကုန်ကျမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီး ဌာနမှ တရားဝင်ထုတ်ပြန်ထားသည်။

    နိုင်ငံသား စိစစ်ရေး ကတ်လျှောက်ထားရာတွင် အသက် ၁၈ နှစ်ပြည့်မီကြောင်း၊ ကျောင်းထောက် ခံချက် သို့မဟုတ် မွေးစာရင်းမူရင်းနှင့်မိတ္တူ၊ ရပ် ကွက်/ ကျေးရွာအတွင်းနေထိုင်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူး၏ ထောက်ခံချက်၊ မိဘနှစ်ပါး၏ နိုင်ငံ သားစိစစ်ရေးကတ်အထောက်အထားလက်မှတ်မူရင်း သို့မဟုတ် မိတ္တူ၊ လျှောက်ထားသူ၏ သွေးစစ်လက် မှတ်မူရင်း စသည်တို့ပါရှိရမည်ဖြစ်ပြီး စတင်လျှောက် ထားသည့် အချိန်မှစ၍ ၂၈ ရက်အတွင်းထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    “အချက်အလက် အထောက်အထားတွေပြည့်စုံ ရင် နေ့ချင်းပြီးကနေ အကြာဆုံး ၂၈ ရက်ထက်ပို မကြာပါဘူး။ အခကြေးငွေကိုလည်း သတ်မှတ်ငွေ ထက်ပိုမပေးရပါဘူး။ နောက်ပြီး တချို့က ပွဲစားတွေနဲ့ ဆောင်ရွက်နေတာရှိတယ်။ ဝန်ထမ်းတွေနဲ့ထိတွေ့ရ မှာ မကြောက်ဖို့နဲ့ ပွဲစားတွေနဲ့မဆောင်ရွက်ကြဖို့ ပြောချင်တယ်”ဟု အဆိုပါဌာနမှတာဝန်ရှိသူတစ်ဦး က ပြောပါသည်။

    နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသည့် တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားလာသူများအနေ ဖြင့် ယခင်က ခရိုင်မှူးများမှ လက်မှတ်ရေးထိုးရသော် လည်း ယခုအချိန်တွင် မြို့နယ်မှူးများမှ လက်မှတ် ရေးထိုးရခြင်းကြောင့် ကတ်ပြားထုတ်ပေးရာတွင် ပိုမို မြန်ဆန်လာမည်ဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသား စစ်စစ်မဟုတ်သူများအနေဖြင့် ယခင်ပုံစံအတိုင်း ပြည် နယ်/တိုင်းဒေသကြီးဦးစီးမှူးများအထိ တင်ပြရခြင်း ကြောင့် အထောက်အထားပြည့်စုံသော်လည်း ခရီး အကွာအဝေးကြန့်ကြာမှုများရှိနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

    နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ကုန် ကျငွေများမှာ စတင်လျှောက်ထားရာ၌ ခြောက်ကျပ်၊ လဲလှယ်ပါက သုံးကျပ်၊ မိတ္တူလျှောက်ထားပါက ကျပ် ၁ဝ သာပေးသွင်းရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်း များပြုလုပ်ရာတွင် မည်သည့်ကိစ္စရပ်မဆို နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရားဝင်ထုတ် ပြန်ချက်များအရ သိရသည်။

    ဇော်မင်းနိုင်

    http://www.themyanmarpost.com/?p=8839

  • weiwei

    July 13, 2011 at 6:42 pm

    လက်မှတ်ယူလိုက်ပုံကတော့ အကယ်ဒမီတောင် ပေးချင်စိတ်ပေါက်မိပါတယ် … 😛

  • padonmar

    July 13, 2011 at 7:06 pm

    Hysteria ဘဲဖြစ်မယ်ထင်တယ်။သူတို့ခမျာလည်း သနားစရာကောင်းပါတယ်။
    မွန်းကျပ်တဲ့ စိတ်ကို ထွက်ပေါက်ရှာနည်း တစ်မျိုးပါဘဲ။
    ဒါပေမယ့် အဲဒီအခိုက်အတန့်မှာ နာမည်ပျက်ကျန်ခဲ့မှာတောင် မစဉ်းစားနိုင်အောင် self control လွတ်သွားတာပေါ့။

    • pan pan

      July 17, 2011 at 6:11 pm

      ချုပ်တည်းလွန်လို့ ပွင့်ထွက်တဲ့သဘောပေ့ါနော်
      နည်းနည်းစီစုပြီး ကြာတော့ မခံနိုင်တော့တဲ့ပုံပဲ
      ဒါတကယ်ဆို ပြန်ကောင်းလာလို့တော်သေးတာပေ့ါ
      မသိတာကတော့ သူပဲတကယ်ရူးမိသွားလား၊ တခြားလူကပဲ အရူးဖြစ်သွားလားမသိဘူး

  • ဆူး

    July 13, 2011 at 10:00 pm

    ဟိုနေ့က ကြားတော့ စိတ်မကောင်း ဖြစ်ပေးနေတာ.. တွေးတောင် တွေးမိနေသေးတယ် စိတ်ဖိစီးမှု များရင် ဒီလို ဖြစ်တတ်လား.. အဲလို ဖြစ်တတ်ရင် ၁ရက်လောက် မကျေနပ်တဲ့ လူတွေ သွားပြီး နရင်းရိုက်ချင်လိုက်တာလို့.. တွေးမိတာ ပြောပါတယ်။

    • MaMa

      July 14, 2011 at 6:39 am

      ဆူးကို ထောက်ခံပါတယ်။ ကိုယ်လည်း အဲလိုမျိုးကြုံဖူးပြီး ဘယ်လို တုန့်ပြန်ရမှန်း မသိလို့။

  • unclegyi1974

    July 13, 2011 at 10:12 pm

    တကယ်ဖြစ်တယ်လို့ထင်ပါတယ်
    စိတ်ရဲ့ထွက်ပေါက်ကိုမှန်ကန်စွာမရှာနိုင်တာမို့
    သနားစရာတောင်ကောင်းပါတယ်

  • zaw min

    July 13, 2011 at 10:52 pm

    အဲဒီ hysteria ရောဂါမျိုးဟာ အမျိုးသမီးတွေမှာပဲ ဖြစ်တတ်ပါသလား၊အမျိုးသားတွေမှာရော ဖြစ်တတ်ပါသလား။မိမိရဲ့ စိတ်ထွက်ပေါက်ပေါ်မှာပဲမူတည်နေပါသလား….တစ်ချို့သော အမျိုးသားတွေကိုအဲဒီပုံစံနဲ့ တွေခဲ့ဘူးလို့ပါ။

  • weiwei

    July 14, 2011 at 9:35 am

    မကျေနပ်ချက်တွေ၊ ခါးသီးတဲ့ခံစားချက်တွေကို ပေးတဲ့သူကပေးနေတာမဟုတ်ပဲ ကိုယ့်ဟာကိုယ် ယူနေတာ သနားစရာတော့ကောင်းတယ် ….
    အခုတော့ သူ့ရှေ့မှာ စကားတောင်ကျယ်ကျယ်မပြောဖြစ်ကြတော့ပါ … ပြောနေတာက ကိုးရီးယားဇာတ်လမ်းတွဲထဲကဖြစ်ပေမယ့် သူက သူ့ကိုစောင်းပြောင်းတယ်လို့ ထင်နေတတ်လို့ပါပဲ …
    🙁 🙁

    • MaMa

      July 14, 2011 at 2:41 pm

      အဲဒါ ကိုယ့်နေရာ ကိုယ်ရွေးတယ်လို့ပဲ ပြောရမယ်။ ကိုယ့်လုပ်ရပ်ကပဲ ကိုယ့်ကို ချောင်သွင်းလိုက်တာပေါ့။

  • etone

    July 14, 2011 at 10:17 am

    အလကားနေရင်း ဂေါက်နေတဲ့လူတွေနဲ့ အလုပ်လုပ်ရတာ စိတ်ညစ်ဖို့ ကောင်းတယ်… အဲ့ဒါ ရူးတာမဟုတ်ဘူး .. ရူးချင်ယောင်ဆောင်တာ … ။ အဲ့ဒီအချိန် အရူးလုပ်ခံရတဲ့ လူထဲက တစ်ယောက်ယောက် ပွဲထကြမ်းလျှင် အတော်ကြည့်ကောင်းမဲ့ပွဲပဲ … ။ 😀

  • Shwe Tike Soe

    July 14, 2011 at 11:25 am

    ရူးချင်ယောင်ဆောင်တာ တစ်ခါကြုံဘူးတယ်..
    သူ.ကို ရူးသွားပြီးဆိုပြီး သေချာအောင် အရူး တွေလုပ်သလို. ရှော့တိုက်ကုတာ..
    တကယ်ရူးသွားရောဗျာ….

    • moethidasoe

      July 14, 2011 at 12:34 pm

      ဟိုတလောကပဲ 5 movie မှာပြသွားတယ် .. ထောင်ကျတော့ အလုပ်စခန်း မသွားချင်လို့ ရူးချင်ယောင်ဆောင်ပြီး နေတာ .. ဆေးရုံကလဲ ထွက်ပြေးချင်နေတုန်း ဆူမူလို့ .. shock ရိုက်ခံရတယ် .. ပထမအကြိမ်မှာတော့ ဘာမှ မဖြစ်ပေမယ့် နောက်တကြိမ်မှာ တကယ်ရူးသွားတဲ့ ကား .. ထွက်တာတော့ အတော်ကြာခဲ့ပြီ .. ဗီဒီယို တိတ်ခွေခေတ်ကတည်းကပဲ

  • လင်းဝေကျော်

    July 14, 2011 at 11:36 am

    တကယ်တော့ လောကကြီးမှာ အဆင်မပြေမှုတွေက အများကြီး။
    နှလုံးမသွင်းတတ်ရင် မကျေနပ်စရာတွေချည်းပဲပေါ့။
    နှလုံးမသွင်းတတ်တဲ့သူကို သနားစရာ လိုသလား မလိုဘူးလား။

    • weiwei

      July 14, 2011 at 11:48 am

      နှလုံးမသွင်းတတ်တဲ့သူကိုမြင်ရတာ သနားဂရုဏာသက်စရာ ….
      လူဖြစ်ရဲ့သားနဲ့ အသိဉာဏ်ပါရဲ့သားနဲ့ စိတ်ထွက်ပေါက်ကို သိအောင်မလုပ်နိုင်တာ သနားစရာကောင်းတာပေါ့ …

Leave a Reply