ပြီးခဲ့တဲ့အပတ်က အင်တာနက် သတင်းစာမျက်နှာတွေမှာ ပြန် ့နှံ ့ခဲ့တဲ့ မောင်ထိပ်ကွက်ဆိုတဲ့ ၉ နှစ်အရွယ် ခလေးရဲ့ သတင်း ကို Dvb မှာတွေ ့လို ့ ရှဲ ပေးလိုက်ပါတယ်။ဒီအကြောင်း စကြားမိတုန်းက သိပ်စိတ်မဝင်စားခဲ့ပါ။ အင်တာနက်က ပြန် ့လာတဲ့ သာမန် သတင်းတစ်ခုလို ့ပဲ ထင်ခဲ့မိတယ်ဗျ။အဲ..ဒီနေ ့မှ  မောင်ထိပ်ကွက်ကို နှိပ်စက်သူ ထောင်ဒဏ် ချမှတ်ပြီဆိုတော့ မှ တစ်ကယ်ပါလားဆိုပြီး အင်တာပျက်ပေါ်လျှောက်ကြည့်၊အဲတော့ မှ ပုံတွေပါတွေ ့ရပြီး ဒီကလေး ဘယ်လောက်ခံရသလဲ ဆိုတာသိတော့တယ်။ ပုံတွေထဲမှာကြည့်ရတာတော့ ကျက်သီးထစရာ။ဒါကြောင့်လဲ ဒီသတင်းဟာ   တော်တော်ပြန် ့နှံ ့ခဲ့ပြီး ဝိုင်းဝန်း ကူညီခဲ့ကြတာပေါ့လေ။တော်ပါပြီ။လျှာမရှည်တော့ပါဘူး။
သတင်းနှင့်ပုံတွေကိုတော့ DVB,Eleven Media ,strawberrywine.ning.com and mgnaychi.org နှင့် သက်ဆိုင်သူအားလုံးကို Credit ပေးပါတယ်ခင်ဗျ။

မောင်ထိပ်ကွက်ကို နှိပ်စက်သူ ထောင်ဒဏ် ချမှတ်ပြီ

ဧရာဝတီတိုင်း​ ဟင်္သာတမြို့​က ၉ နှစ်အရွယ် မိဘမဲ့​က​လေး​ငယ် ​မောင်ထိပ်ကွက် (​ခေါ်) စိုး​ထက်​အောင်ကို အပြင်း​အထန်နှိပ်စက်သူ ကိုစနိုး​ကို ဟင်္သာတမြို့​နယ် တရား​ရုံး​က ​ထောင်ဒဏ် ရ နှစ်ချမှတ်လိုက်ပါတယ်။

ဒီ​နေ့​ ဇူလိုင်လ ၁၃ ရက်​နေ့​ မွန်း​လွဲမှာ အမိန့်​ချလိုက်တာလို့​ ​မောင်ထိပ် ကွက်ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ မြို့​နယ်ဥပ​ဒေအရာရှိ ဦး​မောင်​မောင်ကြည်ဝင်း​က ​ပြောပါတယ်။

“ကျ​နော်တို့​ဘက်က တရား​ရုံး​က​နေ ချနိုင်တဲ့​အတိုင်း​အတာက​နေ အာဏာအပြည့်​ချတာဖြစ်ပါတယ်။ နိုင်ငံ​တော်ဘက်က တရား​မျှတတယ်လို့​ ကျ​နော်တို့​ ​ပြောလို့​ရပါတယ်။ တရား​ခံဘက်က​တော့​ ပြစ်ဒဏ်များ​တယ်လို့​ ထင်ရင် အဆင့်​ဆင့်​ တရား​ရုံး​တွေမှာ အယူခံဝင်​ရောက်ဖို့​ သူ့​မှာ အခွင့်​အလမ်း​ ရှိပါတယ်။”

မောင်ထိပ်ကွက်

ပုဒ်မနှစ်ခုစလုံး​ပေါင်း​ ၈ နှစ်ကျခံရမှာဖြစ်​ပေမယ့်​ မြို့​နယ်တရား​ရုံး​အ​နေနဲ့​ စီရင်ပိုင်ခွင့်​အများ​ဆုံး​ ရ နှစ်ဖြစ်တာ​ကြောင့်​ ရ နှစ်ချမှတ်တာလို့​ ဦး​မောင်​မောင်ကြည်ဝင်း​က ​ပြောပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၃၂၆ အရ ​ထောင်ဒဏ် ရ နှစ်၊​ ပုဒ်မ ၃၄၂ အရ ​ထောင် ၁ နှစ်၊​ ပြစ်ဒဏ်များ​ကို တ​ပေါင်း​တည်း​ ကျပါ​စေလို့​ ချမှတ်ပါတယ်။ တ​ပေါင်း​တည်း​ ကျခံ​စေဆို​တော့​ အများ​ဆုံး​ကို ယူရပါတယ်။ ပြစ်မှုဥပ​ဒေအရ တရား​ခံ အပြစ်ရှိတယ်၊​ မရှိနဲ့​ အပြစ်​ပေး​ဖို့​ဟာကိုပဲ ဆုံး​ဖြတ်တာပါ။ ​လျော်​ကြေး​ပေး​တယ်ဆိုတာက တရား​မ​ကြောင်း​အရ စွဲဆိုမှ ရတာပါ။”

ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၃၂၆ ဟာ တသက်တကျွန်း​ဖြစ်​စေ၊​ ၁ဝ နှစ်အထိ ​ထောင်ဒက်တမျိုး​ ဖြစ်​စေ ချမှတ်နိုင်ပြီး​ ပုဒ်မ ၃၄၂ က​တော့​ တနှစ်အထိ ​ထောင်ဒဏ်ဖြစ်​စေ၊​ တ​ထောင်အထိ ​ငွေဒဏ်ဖြစ်​စေ၊​ နှစ်ရပ်စလုံး​ဖြစ်​စေ ချမှတ်ရမယ်လို့​ ဥပ​ဒေမှာ ပြဋ္ဌာန်း​ထား​ပါတယ်။

ဒါ​ပေမယ့်​ မြို့​နယ်တရား​ရုံး​မှာ အများ​ဆုံး​ပြစ်ဒဏ် ရ နှစ်သာ ချမှတ်ပိုင်ခွင့်​ရှိတာ ဖြစ်ပါတယ်။

you and me လက်ဖက်ရည်ဆိုင်မှာ စား​ပွဲထိုး​လုပ်​နေတဲ့​ ​မောင်ထိပ်ကွက်ကို ဆိုင်ရှင်သား​မက် ကိုစနိုး​က ကြိုး​တုပ်ရိုက်နှက်၊ မီး​ပူနဲ့​ကိုယ်လုံး​တွေကို ကပ်လို့​ ဒဏ်ရာအပြင်း​အထန်ရခဲ့​ပါတယ်။

ဒီကိစ္စမှာ ကိုစနိုး​ရဲ့​ ဇနီး​သည်ပါ ပါဝင်တယ်လို့​ ကာယကံရှင် က​လေး​ငယ် ​ပြော​ပေမယ့်​ တရား​ရုံး​ ထွက်ဆိုတဲ့​အချိန်မှာ ​ပြောဆိုတာမရှိတဲ့​အတွက် ကိုစနိုး​ရဲ့​အမျိုး​ သမီး​ကို တရား​မစွဲတာလို့​ ဦး​မောင်​မောင်ကြည်ဝင်း​က ​ပြောပါတယ်။

သူ့​အတွက် အမှတ် (၁) ရဲစခန်း​က တရား​လိုအဖြစ် အမှုဖွင့်​ဆောင်ရွက်ခဲ့​ဖြစ်ပြီး​ ကျူး​လွန်သူ ကိုစနိုး​ကို ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၃၂၆ အပြင်း​အထန်နာကျင်​စေမှုနဲ့​ ပုဒ်မ ၃၄၂ မတရား​ချုပ်​နှောင်မှု စတဲ့​ ပုဒ်မနှစ်ခုနဲ့​ တရား​စွဲဆိုထား​တာဖြစ်ပြီး​ ဒီက​နေ့​ အပြီး​သတ် အမိန့်​ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအမှုချမှတ်ထာနဲ့​ပတ်သက်ပြီး​ လူ့​အခွင့်​အ​ရေး​ ကာကွယ်မြှင့်​တင်သူများ​ ကွန်ရက်အဖွဲ့​ဝင်တဦး​က အခုလို ​ဝေဖန်ပါတယ်။

“ပြစ်ဒဏ်က တ​ပေါင်း​တည်း​ ကျခံတာက​တော့​ ကျ​နော်တို့​ မ​ကျေနပ်ဘူး​။ ဘာလို့​လဲဆို​တော့​ ကျ​နော်တို့​ လူအခွင့်​အ​ရေး​ဟော​ပြောပွဲကို လုပ်ခဲ့​တဲ့​ ၂၀၀၆ ခုနှစ်တုန်း​က ကိုမြင့်​နိုင် အရိုက်ခံရတုန်း​က အရိုက်ခံရတဲ့​ ကိုမြင့်​နိုင်ကလည်း​ ​ထောင်ကျတယ်။ အဲတုန်း​က​တော့​ ပြစ်ဒဏ်က တ​ပေါင်း​တည်း​ အကျမခံရဘူး​။ လူ့​အခွင့်​အ​ရေး​ဟော​ပြောပွဲက နှစ်ရွာလုပ်တယ်။ တရွာမှာလုပ်တဲ့​အမှုတမှုကို ​လေး​နှစ်၊​ ​လေး​နှစ်နဲ့​ တရပ်ကို ရှစ်နှစ်အကျခံရတယ်။ အခု ဒီလို လူ့​အခွင့်​အ​ရေး​ကို ချိုး​ဖောက်တဲ့​လူကို​တော့​ တ​ပေါင်း​တည်း​ ကျခံရပြီး​ လူ့​အခွင့်​အ​ရေး​ကို မချိုး​ဖောက်နိုင်​အောင် ပညာ​ပေး​ ​ဟော​ပြောတဲ့​လူကို​တော့​ တရပ်ဆီကျခံတယ်ဆိုတာက​တော့​ ကျ​နော် တရား​သူကြီး​ကိုလည်း​ မ​ကျေနပ်ဘူး​၊​ ဥပ​ဒေအရာရှိ ​မောင်​မောင်ကြည်ဝင်း​ကိုလည်း​ မ​ကျေနပ်ဘူး​။ အဲဒါက​တော့​ လူ့​အခွင့်​အ​ရေး​ ကာကွယ်မြှင့်​တင်သူတ​ယောက်အ​နေနဲ့​ ​ပြောတာပါ။”

DVB မှကူးယူဖေါ်ပြပါသည်။

ပြီးခဲ့တဲ့အပတ်က ခလေးနှိပ်စက်ခံရပုံကို Eleven Media မှာ ဖတ်ချင်ရင်

About ဂ်စ္စူ

has written 258 post in this Website..

စိတ္ဆတ္တယ္ အေၾကြးမဆပ္ဘူး