မန်းရေတံခွန် တောင်ခြေ မှ သနိ ္တ သစ္စာရ ဘုရားကြီး၏ ထူးခြားဖြစ်ရပ်များ

mandalarthuJuly 19, 20115min633

  မန်းရေတံခွန် တောင်ခြေ မှ သနိ ္တ သစ္စာရ  ဘုရားကြီး၏  ထူးခြားဖြစ်ရပ်များ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၁) ထိုင်းဘုန်းကြီး၏  ထူးခြားအိပ်မက်

(၂၃-၁၂-၂၀၁၀)နေ ့က  ထိုင်းနိုင်ငံမှ  ဘုန်းကြီးတစ်ပါး  ဘုရားဖူးရန်  ရောက်လာခဲ့ပြီး  သူ၏  ထူးခြားသော အိမ်မက်အကြောင်းကို  ပြောပြခဲ့ပါတယ်။သူ၏ အိမ်မက်ထဲတွင်  မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော် မူပုံ ဘုရားနှစ်ဆူ ဖူးတွေ ့ခဲ့ရပါတယ်။ တစ်ဆူမှာ အိနိ္ဒယနိုင်ငံ  ဗုဒ္ဓဂါယာမှ  မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူ နေပုံဖြစ်ပြီး   သူဖူးတွေ ့ခဲ့ပြီးဖြစ်ပါတယ်။သို ့သော် အခြားဘုရား ပရိနိဗ္ဗာန်စံတော်မူနေပုံ တစ်ဆူကိုတော့  သူ လုံးဝမဖူးတွေ ့ခဲ့ဖူးပါ။ ဘယ်အရပ်, ဘယ်ဒေသမှာ  ရှိတယ်ဆိုတာလည်း မသိခဲ့ပါ။သို ့သော် မမျှော်လင့်ဘဲ  မြန်မာပြည် မန ္တလေးမြို ့ ့သို ့ စကျင်ကျောက်ဖြင့်  ဘုရားတစ်ဆူ ထုဆစ်ပူဇော်ရန် အကြောင်းကိစ္စဖြင့်   ရောက်ရှိ နေခိုက် ဒကာမတစ်ဦးဖြစ်သူ ဒေါ်နန်းဖောင်း (စိန်နှင်းဆီ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး- မန ္တလေးမြို ့)၏ ပင့်ဆောင် မှုကြောင့်  မန ္တလေးမြို ့ ရေတံခွန်တောင်ခြေ  သစ္စဝေဒဂူရိပ်သာရှိ  မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူဟန်  လျောင်းတော်မူ  “သနိ ္တသစ္စာရ” ဘုရားကြီးကို  ဖူးမြော်ရသောအခါတွင်မှ သူ၏အိမ်မက်ထဲမှ ကျန်ဘုရားတစ်ဆူ မှာ ဤ “သနိ ္တသစ္စာရ” ဘုရားကြီးနှင့်  တစ်ထေရာတည်း၊ထပ်တူထပ်မျှ  တူညီနေတာကိုတွေ ့ရှိခဲ့ရပါတယ်။ ဤ  ထူးဆန်းလှသောအိမ်မက်မှ ဖူးတွေ ့ခဲ့ရသောဘုရားကြီးကို ထိုင်းနိုင်ငံမှ အလွန်ဝေးလံလှသော  မြန်မာပြည် ် မန ္တလေးမြို ့အရှေ  ့ဘက်၊ ရေတံခွန်တောင်ခြေ  သစ္စဝေဒဂူ မိုးကုတ်ရိပ်သာရှိ  “နှစ်ဆန်ဗုဒ္ဓေ မြတ်ဘုရားကြီး” အဖြစ် မျက်မြင်ဖူးမြော်ခွင့်ရသည်မှာ အံ့ဩကြီးစွာဖြင့် ဝမ်းသာပီတိအတိုင်းမသိဖြစ်ရပါကြောင်း ပြောကြားသွား ခဲ့ပါတယ်။

ဧည့်သည်တော်မှတ်တမ်းမှာလည်း  ဤသို ့မှတ်တမ်းတင် ရေးသွားပေးခဲ့ပါတယ်။

(၂) ထူးဆန်းအံ့ဖွယ်  ဆံတော်ရှည်ထွက်လာခြင်း

ဤဆန်နှစ်ဆန် “သနိ ္တသစ္စာရ” ဘုရားကြီးထုလုပ်စဉ်က  ဦးခေါင်းတော်အတွင်းမှ  ထူးဆန်းစွာရရှိခဲ့ သောဆံတော်များမှ  ဆံတော်လက်တစ်ဆစ်လောက်ကို  ဆရာတော်ကြီးအရှင်ခေမာစာရမှ  ရန်ကုန်မြို  ့ရှိ ဒကာမကြီးတစ်ယောက်ကို စွန် ့ခဲ့ပါတယ်။ ထိုဒကာမကြီးက ဆံတော်ကို ပုလင်းထဲထည့်ပြီး ဖော့ဆို ့ဖြင့်ပိတ်ကာ  ဘုရားစင်တွင်  ပူဇော်ထားခဲ့ပါတယ်။ ထူးဆန်းစွာပင်  ရက်များစွာမကြာမီ ဆံတော်ကရှည်ထွက်လာကာ ပြန်လည်ဝိုက်ပြီး အောက်သို ့ကွေးÎတ်နေခဲ့ပါတယ်။ ထူးခြားလှသော ဤဖြစ်ရပ်ကြောင့် ဒကာမကြီးမှာ ဆရာတော်ထံလာရောက်လျှောက်ထားရာ ဆရာတော်က ဘုန်းကြီးနှစ်ပါးကိုစေလွှတ်၍ ဆံတော်ကို ပင့်ဆောင် စေခဲ့ပါတယ်။ယခုအခါ  ဤဆံတော်ကို ဆရာတော်၏ ဘုရားခန်းမှာ ကြည်ညိုပူဇော်နိုင်ပါတယ်။


ဆရာတော်အရှင်ခေမာစာရ နှင့်  ကြည်ညိုဖွယ်ဆရာတော်၏ဘုရားခန်း

                                            ထူးဆန်းစွာ ရှည်ထွက်လာ သောဆံတော်များ


(၃)လျောင်းတော်မူ ဘုရားငယ်တစ်ဆူမှ အံ့ဩဖွယ်လှည့်လာခြင်း

တစ်နေ ့သောအခါ ရန်ကုန်မြို  ့နေ ဒကာတစ်ဦးမှ “သနိ ္တသစ္စာရ” ဘုရားကြီးထံ လာရောက် ဖူးမြော် ရင်း လျောင်းတော်မူဘုရားငယ်တစ်ဆူကို သူ၏အိမ်၌ပူဇော်ရန် ပင့်ဆောင်သွားခဲ့ပါတယ်။ အိမ်၌ ဘုရားခန်းတွင် ရိုရိုသေသေ အဖြူရောင်တဘက်ခင်း၍ ပူဇော်ထားခဲ့ပါတယ်။ရက်များမကြာမီ မထင်မှတ်သော အံ့ဩဖွယ်ဖြစ်ရပ် များ ကြုံတွေ ့ခဲ့ရပါတယ်။ “သနိ ္တသစ္စာရ”  ဘုရားကြီးပုံစံတူ လျောင်းတော်မူဘုရားငယ်မှာ  မည်သူတစ်ဦးတစ် ယောက်မျှ ထိကိုင်ခြင်းမရှိဘဲ လှည့်ခဲ့ပါတယ်။ ထူးခြားချက်တစ်ခုမှာ အောက်တွင်ခင်းထားသော တဘက်အဖြူ ရောင်အစပင် တွန် ့ခြင်းစိုးစဉ်းမျှမရှိဘဲ  သိသိသာသာလှည့်လာခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ရက်ထက်တစ်ရက် တဖြည်းဖြည်းနှင့်  ထူးထူးခြားခြား  သိသိသာသာလှည့်လာခဲ့ခြင်းမှာလည်း အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။

                                                                                                            လျောင်းတော်မူ ဘုရားငယ်တစ်ဆူ

(၄) ဆရာတော် ရဝေနွယ်(အင်းမ)မှ လာရောက်ဖူးမြော်ခြင်း

(၁၃-၂-၂၀၁၁)ရက်နေ ့က ရန်ကုန်မြို  ့နေ ဆရာတော် ရဝေနွယ်(အင်းဝ)မှ နှစ်စဉ် သွားရောက် နေကြ  မုံရွာမိုးညှင်းသမ္ဗုဒ္ဓေဘုရားကို  သွားရောက်ဖူးမြော်ရင်းနှင့် ဒကာတစ်ဦးမှ မ¸လေးမြို  ့ရေတံခွန် တောင်ခြေတွင်လည်း   မုံရွာသမ္ဗုဒ္ဓေဘုရားကြီးပုံစံတူ “နှစ်ဆန်ဗုဒ္ဓေ” ဘုရားကြီးကို တည်ဆောက်ပူဇော်မှာ ဖြစ်ကြောင်း ကြားသိရခါ  ဤမန ္တလေးမြို ့ ရေတံခွန်တောင်ခြေရှိ ( မုံရွာသမ္ဗုဒ္ဓေဘုရားကြီးပုံစံတူ တည်ထားကိုးကွယ် မည်ဖြစ်သော) “နှစ်ဆန်ဗုဒ္ဓေ” ဘုရားကြီးကို   လာရောက်ဖူးမြော်သွားခဲ့ပါတယ်။

ဧည့်သည်တော်မှတ်တမ်းမှာလည်း  ဤသို ့မှတ်တမ်းတင် ရေးသွားပေးခဲ့ပါတယ်။

 

 

 

 

 

 

 

 

 

(၅) ဆရာတော်  အရှင်ဆန္ဒာဓိက(ခေတ္တ အင်္ဂလန်)မှ လျောင်းတော်မူ  ရုပ်ပွားတော်ငယ်တဆူကို     တဆင့် ပင့်ဆောင်ပူဇော်ခြင်း

၂၀၁၁ခုနှစ် မတ်လပိုင်းအကုန်ခန် ့တွင် ဆရာတော်အရှင်ဆန္ဒာဓိကသည် နိုင်ငံခြားခရီးစဉ်သွားရင်း အင်္ဂလန် တွင် ခေတ္တသီတင်းသုံးနေခိုက် အင်္ဂလန်ရှိ မြန်မာအမျိုးသား ဒကာများအိမ်ရှိ ဘုရားခန်းတွင် ပူဇော်ထားသော နှစ်ဆန်ဗုဒ္ဓေဘုရားကြီး၏ ပုံစံတူ လျောင်းတော်မူ သနိ ္တသစ္စာရဘုရားငယ်တဆူကို ဖူးတွေ ့ခဲ့ရသည်။ ထို ့ကြောင့် ဆရာတော်မှ ထူးခြားအံ့ဖွယ် နှစ်ဆန်ဗုဒ္ဓေဘုရားကြီးအကြောင်းကို  ကြားသိခဲ့ရပြီး  ပူဇော်လိုစိတ်များ  တဖွား ဖွားပေါ်ပေါက်လာသောကြောင့်   အင်္ဂလန်၌  သီတင်းသုံးနေချိန်မှာပင်  မန ္တလေးရှိ  ဒကာ၊ဒကာမများမှတဆင့် ဉာဏ်တော်ငယ်   သနိ ္တ သစ္စာရလျောင်းတော်မူ ဘုရားငယ်တဆူကို  ပင့်ဆောင်ပူဇော်ခဲ့ပါသည်။

 

 

 

 

 

 

 

 

 

 

                                                                                                                     မကြာမီတည်ဆောက်ပူဇော်မည့်မုံရွာမိုးညှင်းသမ္ဗုဒ္ဓေဘုရားပုံစံတူပုံစံငယ်

 

 

3 comments

  • True Answer

    July 23, 2011 at 8:05 pm

    ပိုစ်လေးအတွက် ကျေးဇူးအထူးပါပဲ။ အနည်းဆုံး တခေါက်လောက်တော့ သွားဖူးသင့်တဲ့ သွားရောက်လေ့လာသင့်တဲ့ နေရာလေးပါပဲ။

  • MaMa

    December 13, 2011 at 7:37 am

    မန္တလာသူရေ-
    ခုရက်ထဲမှာမှ MRTV-4 မှာ ပြနေတာတွေ့လို့ စိတ်ဝင်စားပြီး ဘယ်မှာရှိမှန်း မသိလိုက်တာကို သိချင်နေတာ။
    ခုလို ပြည့်ပြည့်စုံစုံ တင်ပေးထားတာရှိမှန်း ခုမှသိသွားတယ်။ 🙂

  • mandalarthu

    December 13, 2011 at 10:19 pm

    ဟုတ်ကဲ ့ပါ မမရေ
    အခါအခွင် ့သင် ့လို ့မန္တလေးရောက်ရင် လဲ ဝင်ပြီး ဖူးမြော်လေ ့လာလိုက်ပါဦးနော်။
    တရားစခန်းဝင်ဖြစ်ရင်လည်း သိပ်ကောင်းပါတယ်။ တနှစ်ပတ်လုံးရှိနေတာ ဆိုတော့လေ….
    ကိုယ်အားတဲ ့အချိန်နဲ ့တိုက်ဆိုင အဆင်ပြေရင်ပေါ ့။မိုးကုတ်နည်းပါ။ သိပ်ကောင်းပါတယ်။

Leave a Reply